
ကမာၻတစ္ဝန္းရွိ တ႐ုတ္လွ်ိဳ႕ဝွက္ရဲစခန္းမ်ားကို ႏွိမ္နင္းရန္ အေမရိကန္ အရွိန္ျမႇင့္တင္လာ
26-January-2023
ေၾကာက္မက္ဖြယ္ သံတမန္မ်ားႏွင့္ေထာက္လွမ္းေရးမ်ားအျဖစ္ေဆာင္႐ြက္ေနသည့္ ကမာၻတြင္ ပ်ံ႕ႏွံ႔ေနေသာ ရာႏွင့္ခ်ီသည့္ တ႐ုတ္လွ်ိဳ႕ဝွက္ရဲစခန္းမ်ားကို တိုက္ဖ်က္ေရးအတြက္ အေမရိကန္က အရွိန္ျမႇင့္လိုက္ေၾကာင္း The New York Times က ေဖာ္ျပသည္။
ဘ႐ြတ္ကလင္းရွိ အေမရိကန္ေရွ႕ေန႐ုံးက ျပဳလုပ္သည့္ ရာဇဝတ္မႈဆိုင္ရာ စုံစမ္းစစ္ေဆးမႈ တစ္စိတ္တစ္ပိုင္းအျဖစ္ အေမရိကန္ ဗဟိုေထာက္လွမ္းေရးအဖြဲ႕ (အက္ဖ္ဘီအိုင္) မွ တန္ျပန္ေထာက္လွမ္းေရးေအးဂ်င့္မ်ားသည္ ၿပီးခဲ့သည့္ေဆာင္းဦးရာသီက နယူးေယာက္ၿမိဳ႕ တ႐ုတ္တန္း လူစည္ကားေသာလမ္းေပၚရွိ ၆ ထပ္ ႐ုံးခန္းအေဆာက္အအုံကို ရွာေဖြခဲ့ေၾကာင္း NYT က ယင္းစုံစမ္းေရးမႈႏွင့္ နီးစပ္သူမ်ားကို ကိုးကားေဖာ္ျပခဲ့သည္။
တ႐ုတ္နယ္နိမိတ္ကို ေက်ာ္လြန္၍ ပင္လယ္ရပ္ျခားတ႐ုတ္ႏိုင္ငံသားမ်ားကို ထိန္းသိမ္းၾကပ္မတ္ရန္ တ႐ုတ္၏ ႀကိဳးပမ္းမႈႏွင့္ ပတ္သက္ၿပီး အျငင္းပြားမႈ ပိုမိုျပင္းထန္လာေၾကာင္းကို ယင္းစီးနင္းမႈက ေဖာ္ျပေနသည္။
အက္ဖ္ဘီအိုင္ စီးနင္းမႈသည္ တ႐ုတ္လွ်ိဳ႕ဝွက္ရဲစခန္းတစ္ခုမွ ပစၥည္းမ်ားကို ပထမဆုံးအႀကိမ္ တရားဝင္သိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း The US daily က ေဖာ္ျပခဲ့သည္။
မက္ဒရစ္အေျခစိုက္ လူ႔အခြင့္အေရးအဖြဲ႕ Safeguard Defenders က ၂၀၂၂ ခုႏွစ္ စက္တင္ဘာလတြင္ ႏိုင္ငံျဖတ္ေက်ာ္ တ႐ုတ္ရဲစခန္းမ်ား၏ အဆင္ျခင္မဲ့ေဆာင္႐ြက္ခ်က္ဆိုင္ရာ အစီရင္ခံစာကို ထုတ္ျပန္ခဲ့ၿပီး ယင္းရဲစခန္းမ်ားက စပိန္ႏွင့္ ဆားဘီးယားတြင္ စည္း႐ုံးဆြဲေဆာင္မႈမ်ားျပဳလုပ္ေနပုံကိုလည္း ထပ္မံေလ့လာခဲ့သည္။
တရားခံလႊဲေျပာင္းေပးေရး သေဘာတူခ်က္ရွိထားသည့္ ႏိုင္ငံမ်ားတြင္ စည္း႐ုံးဆြဲေဆာင္မႈမ်ားမႈမ်ားကို ျပဳလုပ္ ေနေၾကာင္း ဝန္ခံပုံရသည့္ တ႐ုတ္ႏိုငံျခားေရးဝန္ႀကီးဌာနမွ ေၾကညာခ်က္ထုတ္ျပန္ၿပီးေနာက္ပိုင္း Safeguard Defenders ၏ အစီရင္ခံစာ ထြက္ေပၚလာျခင္းျဖစ္သည္။
ႏိုင္ငံရပ္ျခား ရဲစခန္းဝန္ေဆာင္မႈစင္တာမ်ားတည္ေထာင္ျခင္းႏွင့္ ပတ္သက္၍ အစီရင္ခံစာထုတ္ျပန္ကာ ကမာၻ႔မီဒီယာအသီးသီးက သတင္းေဖာ္ျပၿပီးေနာက္ အစိုးရအသီးသီးက အေရးယူေဆာင္႐ြက္မႈမ်ားကို ေၾကညာခဲ့ သည္။
ယခင္က အစီရင္ခံထားသည့္ လွ်ိဳ႕ဝွက္ရဲစခန္း ၅၄ ခုအျပင္၊ ေဒသအဆင့္ ျပည္သူ႔လုံၿခဳံေရးဗ်ဴ႐ိုမ်ားမွ အနည္းဆုံး ေနာက္ထပ္ တ႐ုတ္ျပည္ပရဲစခန္း ၄၈ ခုကို တ႐ုတ္အာဏာပိုင္မ်ားက တည္ေထာင္ထားေၾကာင္းႏွင့္ ႏိုင္ငံေပါင္း ၅၃ ႏိုင္ငံထက္မနည္းတြင္ ရဲစခန္းေပါင္း ၁၀၂ ဌာနရွိေၾကာင္း Safeguard Defenders က ထုတ္ျပန္ေၾကညာခဲ့သည္။
crd
By ANI 26 January 2023
#ကမာၻတစ္ဝန္းရွိ #တ႐ုတ္လွ်ိဳ႕ဝွက္ရဲစခန္းမ်ားကို #ႏွိမ္နင္းရန္ #အေမရိကန္ #အရွိန္ျမႇင့္တင္လာ
Unicode
ကမ္ဘာတစ်ဝန်းရှိ တရုတ်လျှို့ဝှက်ရဲစခန်းများကို နှိမ်နင်းရန် အမေရိကန် အရှိန်မြှင့်တင်လာ
26-January-2023
ကြောက်မက်ဖွယ် သံတမန်များနှင့်ထောက်လှမ်းရေးများအဖြစ်ဆောင်ရွက်နေသည့် ကမ္ဘာတွင် ပျံ့နှံ့နေသော ရာနှင့်ချီသည့် တရုတ်လျှို့ဝှက်ရဲစခန်းများကို တိုက်ဖျက်ရေးအတွက် အမေရိကန်က အရှိန်မြှင့်လိုက်ကြောင်း The New York Times က ဖော်ပြသည်။
ဘရွတ်ကလင်းရှိ အမေရိကန်ရှေ့နေရုံးက ပြုလုပ်သည့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (အက်ဖ်ဘီအိုင်) မှ တန်ပြန်ထောက်လှမ်းရေးအေးဂျင့်များသည် ပြီးခဲ့သည့်ဆောင်းဦးရာသီက နယူးယောက်မြို့ တရုတ်တန်း လူစည်ကားသောလမ်းပေါ်ရှိ ၆ ထပ် ရုံးခန်းအဆောက်အအုံကို ရှာဖွေခဲ့ကြောင်း NYT က ယင်းစုံစမ်းရေးမှုနှင့် နီးစပ်သူများကို ကိုးကားဖော်ပြခဲ့သည်။
တရုတ်နယ်နိမိတ်ကို ကျော်လွန်၍ ပင်လယ်ရပ်ခြားတရုတ်နိုင်ငံသားများကို ထိန်းသိမ်းကြပ်မတ်ရန် တရုတ်၏ ကြိုးပမ်းမှုနှင့် ပတ်သက်ပြီး အငြင်းပွားမှု ပိုမိုပြင်းထန်လာကြောင်းကို ယင်းစီးနင်းမှုက ဖော်ပြနေသည်။
အက်ဖ်ဘီအိုင် စီးနင်းမှုသည် တရုတ်လျှို့ဝှက်ရဲစခန်းတစ်ခုမှ ပစ္စည်းများကို ပထမဆုံးအကြိမ် တရားဝင်သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း The US daily က ဖော်ပြခဲ့သည်။
မက်ဒရစ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Safeguard Defenders က ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံဖြတ်ကျော် တရုတ်ရဲစခန်းများ၏ အဆင်ခြင်မဲ့ဆောင်ရွက်ချက်ဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ယင်းရဲစခန်းများက စပိန်နှင့် ဆားဘီးယားတွင် စည်းရုံးဆွဲဆောင်မှုများပြုလုပ်နေပုံကိုလည်း ထပ်မံလေ့လာခဲ့သည်။
တရားခံလွှဲပြောင်းပေးရေး သဘောတူချက်ရှိထားသည့် နိုင်ငံများတွင် စည်းရုံးဆွဲဆောင်မှုများမှုများကို ပြုလုပ် နေကြောင်း ဝန်ခံပုံရသည့် တရုတ်နိုငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း Safeguard Defenders ၏ အစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။
နိုင်ငံရပ်ခြား ရဲစခန်းဝန်ဆောင်မှုစင်တာများတည်ထောင်ခြင်းနှင့် ပတ်သက်၍ အစီရင်ခံစာထုတ်ပြန်ကာ ကမ္ဘာ့မီဒီယာအသီးသီးက သတင်းဖော်ပြပြီးနောက် အစိုးရအသီးသီးက အရေးယူဆောင်ရွက်မှုများကို ကြေညာခဲ့ သည်။
ယခင်က အစီရင်ခံထားသည့် လျှို့ဝှက်ရဲစခန်း ၅၄ ခုအပြင်၊ ဒေသအဆင့် ပြည်သူ့လုံခြုံရေးဗျူရိုများမှ အနည်းဆုံး နောက်ထပ် တရုတ်ပြည်ပရဲစခန်း ၄၈ ခုကို တရုတ်အာဏာပိုင်များက တည်ထောင်ထားကြောင်းနှင့် နိုင်ငံပေါင်း ၅၃ နိုင်ငံထက်မနည်းတွင် ရဲစခန်းပေါင်း ၁၀၂ ဌာနရှိကြောင်း Safeguard Defenders က ထုတ်ပြန်ကြေညာခဲ့သည်။
crd
By ANI 26 January 2023
#ကမ္ဘာတစ်ဝန်းရှိ #တရုတ်လျှို့ဝှက်ရဲစခန်းများကို #နှိမ်နင်းရန် #အမေရိကန် #အရှိန်မြှင့်တင်လာ
Leave a Reply