ကိုရီးယားသြားၾကမယ့္ ေ႐ႊျမန္မာက လုပ္သားေတြနဲ႔ ေက်ာင္းသားေတြ ေလဆိပ္မွာ ‌အေရးယူမခံရေစဖို႔ သတိထားရမယ့္ အေရးႀကီးအေၾကာင္းအရာတစ္ခု

ကိုရီးယားသြားၾကမယ့္ ေ႐ႊျမန္မာက လုပ္သားေတြနဲ႔ ေက်ာင္းသားေတြ ေလဆိပ္မွာ ‌အေရးယူမခံရေစဖို႔ သတိထားရမယ့္ အေရးႀကီးအေၾကာင္းအရာတစ္ခု
တားျမစ္စားစရာသယ္လာေသာ ျမန္မာလုပ္သားတစ္ဦး ကိုရီးယားအဝင္၌ အေရးယူခံရ

ေတာင္ကိုရီးယားအစိုးရက သယ္လာခြင့္မျပဳထားသည့္ ပစၥည္းမ်ားအနက္တစ္ခုျဖစ္ေသာ ဝက္ေပါင္ေျခာက္သယ္လာသည့္ ျမန္မာလုပ္သားတစ္ဦး အင္ခြၽန္းေလဆိပ္၌ အေရးယူခံလိုက္ရေၾကာင္း စစ္ေကာင္စီလက္ေအာက္ခံ အလုပ္သမားသံအရာရွိ႐ုံးက ယေန႔ထုတ္ျပန္သည္။

ယေန႔ ဧၿပီ (၆) ရက္၌ ျမန္မာႏိုင္ငံမွ လာေရာက္သည့္ လုပ္သားေဟာင္း (Re-entry) တစ္ဦးထံမွ ဝက္ေပါင္ေျခာက္ (၄)ကီလိုကို ေတြ႕ရွိခဲ့ျခင္းေၾကာင့္ သိမ္းဆည္းၿပီး ဝမ္ ၈၀၀၀၀ ဒဏ္႐ိုက္လိုက္ျခင္းျဖစ္သည္။
“အခုေနာက္ပိုင္း တားျမစ္ပစၥည္းေတြသယ္လာလို႔အေရးယူခံရတာေတြမၾကာခဏၾကားေနရတယ္။ အခန္႔မသင့္ရင္ႀကီးေလးတဲ့ ျပစ္ဒဏ္ပါ ထိႏိုင္တယ္” ဟု ကိုရီးယားေရာက္ျမန္မာလုပ္သားအေရးေဆာင္႐ြက္ေနသူတစ္ဦးက လူငယ့္ေခတ္သို႔ ေျပာသည္။

ေတာင္ကိုရီးယားအစိုးရအေနျဖင့္ ေဂဟစနစ္မပ်က္စီးေစရန္ႏွင့္ အာဖရိကဝက္တုပ္ေကြးေရာဂါႏွင့္ ၾကက္ငွက္တုပ္ေကြးေရာဂါကဲ့သို႔ ေရာဂါသစ္/ ေရာဂါဆန္းမ်ား ဝင္ေရာက္လာျခင္းမရွိေစရန္ ေရာဂါပိုးမႊားကင္းရွင္းေၾကာင္း စစ္ေဆးထားျခင္းမရွိသည့္ အပင္၊ သစ္သီးႏွင့္ တိရစာၦန္ထြက္ပစၥည္းမ်ားအား ၎တို႔ႏိုင္ငံအတြင္း သယ္ယူခြင့္ကို တင္းၾကပ္စြာတားျမစ္ထားသည္။

ယင္းတားျမစ္ခ်က္ကို ခ်ိဳးေဖာက္လွ်င္ ပထမအႀကိမ္ ဝမ္ (၁၀) သိန္း၊ ဒုတိယအႀကိမ္ ဝမ္ (၃၀) သိန္း၊ တတိယအႀကိမ္ ဝမ္ (၅၀) သိန္းႏွင့္ ျပည္ဝင္ခြင့္ပိတ္ပင္ျခင္း ျပစ္ဒဏ္ပါခ်မွတ္မည္ဟု ကိုရီးယားအစိုးရက အသိေပးထားသည္။
သို႔ေသာ္ ယေန႔ဖမ္းဆီးရမိမႈတြင္ ျမန္မာႏိုင္ငံမွ EPS လုပ္သားျဖစ္ေန၍ ေလွ်ာ့ေလွ်ာ့ေပါ့ေပါ့အေရးယူျခင္းျဖစ္ကာ ေနာက္လာမည့္ အလုပ္သမားမ်ားအေနျဖင့္ တားျမစ္ခ်က္မ်ားကိုအတိအက်လိုက္နာရန္လိုေၾကာင္း စစ္ေကာင္စီ၏ အလုပ္သမားသံအရာရွိ႐ုံးက ဆိုသည္။

ကိုရီးယားႏိုင္ငံသို႔ ေရာက္ႏွင့္ၿပီးျဖစ္ေသာ ယခင္ EPS လုပ္သားမ်ား၏ ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ ႀကိဳးစားအားထုတ္မႈတို႔ေၾကာင့္ ကိုရီးယားႏိုင္ငံသို႔ ျမန္မာႏိုင္ငံမွ လုပ္သားေစလႊတ္ခြင့္ဦးေရ ပိုမိုရရွိ‌ေနသည္။

သို႔ေသာ္ ယခုေနာက္ပိုင္း ဝင္ေရာက္လာသည့္ ျမန္မာလုပ္သားမ်ားထံမွ တားျမစ္စားေသာက္ကုန္ပစၥည္းမ်ားကို ေလဆိပ္၌ မၾကာခဏ သိမ္းဆည္းရမိ‌ေနျခင္းေၾကာင့္ လုပ္သားဦးေရခြဲတမ္းရရွိမႈ ထိခိုက္လာမည္ဟု အလုပ္ရွင္ကိုယ္စားျပဳအလုပ္သမားေခၚယူေရးတာဝန္ယူထားသည့္ HRD Korea အဖြဲ႕က အသိေပးေျပာၾကားမႈမ်ားရွိေနသည္ဟုလည္း သိရသည္။

ၿပီးခဲ့သည့္ မတ္လ (၂၉) ရက္ကလည္း ျမန္မာႏိုင္ငံမွလာသည့္ အလုပ္သမားအခ်ိဳ႕ထံမွ တားျမစ္ထားသည့္ စားေသာက္စရာမ်ားသိမ္းဆည္းရမိခဲ့ၿပီး ထိုစဥ္ကမည္ကဲ့သို႔အေရးယူခဲ့သည္ကိုမူ မသိရေသးေပ။
crd
ရန္ကုန္၊ ဧၿပီ (၆)
လူငယ့္ေခတ္

Unicode
ကိုရီးယားသွားကြမယ့် ရွှေမြန်မာက လုပ်သားတွေနဲ့ ကျောင်းသားတွေ လေဆိပ်မှာ ‌အရေးယူမခံရစေဖို့ သတိထားရမယ့် အရေးကြီးအကြောင်းအရာတစ်ခု
တားမြစ်စားစရာသယ်လာသော မြန်မာလုပ်သားတစ်ဦး ကိုရီးယားအဝင်၌ အရေးယူခံရ

တောင်ကိုရီးယားအစိုးရက သယ်လာခွင့်မပြုထားသည့် ပစ္စည်းများအနက်တစ်ခုဖြစ်သော ဝက်ပေါင်ခြောက်သယ်လာသည့် မြန်မာလုပ်သားတစ်ဦး အင်ချွန်းလေဆိပ်၌ အရေးယူခံလိုက်ရကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားသံအရာရှိရုံးက ယနေ့ထုတ်ပြန်သည်။

ယနေ့ ဧပြီ (၆) ရက်၌ မြန်မာနိုင်ငံမှ လာရောက်သည့် လုပ်သားဟောင်း (Re-entry) တစ်ဦးထံမှ ဝက်ပေါင်ခြောက် (၄)ကီလိုကို တွေ့ရှိခဲ့ခြင်းကြောင့် သိမ်းဆည်းပြီး ဝမ် ၈၀၀၀၀ ဒဏ်ရိုက်လိုက်ခြင်းဖြစ်သည်။
“အခုနောက်ပိုင်း တားမြစ်ပစ္စည်းတွေသယ်လာလို့အရေးယူခံရတာတွေမကြာခဏကြားနေရတယ်။ အခန့်မသင့်ရင်ကြီးလေးတဲ့ ပြစ်ဒဏ်ပါ ထိနိုင်တယ်” ဟု ကိုရီးယားရောက်မြန်မာလုပ်သားအရေးဆောင်ရွက်နေသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

တောင်ကိုရီးယားအစိုးရအနေဖြင့် ဂေဟစနစ်မပျက်စီးစေရန်နှင့် အာဖရိကဝက်တုပ်ကွေးရောဂါနှင့် ကြက်ငှက်တုပ်ကွေးရောဂါကဲ့သို့ ရောဂါသစ်/ ရောဂါဆန်းများ ဝင်ရောက်လာခြင်းမရှိစေရန် ရောဂါပိုးမွှားကင်းရှင်းကြောင်း စစ်ဆေးထားခြင်းမရှိသည့် အပင်၊ သစ်သီးနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများအား ၎င်းတို့နိုင်ငံအတွင်း သယ်ယူခွင့်ကို တင်းကြပ်စွာတားမြစ်ထားသည်။

ယင်းတားမြစ်ချက်ကို ချိုးဖောက်လျှင် ပထမအကြိမ် ဝမ် (၁၀) သိန်း၊ ဒုတိယအကြိမ် ဝမ် (၃၀) သိန်း၊ တတိယအကြိမ် ဝမ် (၅၀) သိန်းနှင့် ပြည်ဝင်ခွင့်ပိတ်ပင်ခြင်း ပြစ်ဒဏ်ပါချမှတ်မည်ဟု ကိုရီးယားအစိုးရက အသိပေးထားသည်။
သို့သော် ယနေ့ဖမ်းဆီးရမိမှုတွင် မြန်မာနိုင်ငံမှ EPS လုပ်သားဖြစ်နေ၍ လျှော့လျှော့ပေါ့ပေါ့အရေးယူခြင်းဖြစ်ကာ နောက်လာမည့် အလုပ်သမားများအနေဖြင့် တားမြစ်ချက်များကိုအတိအကျလိုက်နာရန်လိုကြောင်း စစ်ကောင်စီ၏ အလုပ်သမားသံအရာရှိရုံးက ဆိုသည်။

ကိုရီးယားနိုင်ငံသို့ ရောက်နှင့်ပြီးဖြစ်သော ယခင် EPS လုပ်သားများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ကြိုးစားအားထုတ်မှုတို့ကြောင့် ကိုရီးယားနိုင်ငံသို့ မြန်မာနိုင်ငံမှ လုပ်သားစေလွှတ်ခွင့်ဦးရေ ပိုမိုရရှိ‌နေသည်။

သို့သော် ယခုနောက်ပိုင်း ဝင်ရောက်လာသည့် မြန်မာလုပ်သားများထံမှ တားမြစ်စားသောက်ကုန်ပစ္စည်းများကို လေဆိပ်၌ မကြာခဏ သိမ်းဆည်းရမိ‌နေခြင်းကြောင့် လုပ်သားဦးရေခွဲတမ်းရရှိမှု ထိခိုက်လာမည်ဟု အလုပ်ရှင်ကိုယ်စားပြုအလုပ်သမားခေါ်ယူရေးတာဝန်ယူထားသည့် HRD Korea အဖွဲ့က အသိပေးပြောကြားမှုများရှိနေသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၂၉) ရက်ကလည်း မြန်မာနိုင်ငံမှလာသည့် အလုပ်သမားအချို့ထံမှ တားမြစ်ထားသည့် စားသောက်စရာများသိမ်းဆည်းရမိခဲ့ပြီး ထိုစဥ်ကမည်ကဲ့သို့အရေးယူခဲ့သည်ကိုမူ မသိရသေးပေ။
crd
ရန်ကုန်၊ ဧပြီ (၆)
လူငယ့်ခေတ်

Be the first to comment

Leave a Reply

Your email address will not be published.


*