
“င႐ုတ္ဆီထုတ္ၿပီး အေမရိကန္ႏိုင္ငံ၏ သန္းႂကြယ္သူေဌး ျဖစ္လာတဲ့ ဗီယက္နမ္ဒုကၡသည္တစ္ဦး အေၾကာင္း”
အေမရိကန္ႏိုင္ငံမွာ သန္းႂကြယ္သူေဌး တေယာက္ ျဖစ္လာဖို႔ သူက ပညာတတ္၊ ဘြဲ႕ရလဲ မဟုတ္ဘူး၊ သူ႔မွာ အေရာင္းျမႇင့္တင္ေရး marketing or sales team ေတြလဲ မရွိခဲ့ဘူး။
သူဘယ္လိုလုပ္ခဲ့လဲ? သူရဲ႕ အစပ္ပုံျပင္ေလးကေတာ့ ဒီလိုပါ…..
David Tran က ကြန္ျမဴနစ္အာဏာသိမ္းၿပီးေနာက္ 1979 ခုႏွစ္တြင္ ဗီယက္နမ္မွ ထြက္ေျပးၿပီး အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္ ေလာ့စ္အိန္ဂ်ယ္လိစ္ကို ေရာက္ခဲ့တယ္။ အစပ္ အရမ္းႀကိဳက္တဲ့ Tran က Hot Sauce င႐ုတ္ဆီ တပုံးကို လုပ္ၿပီး သူ႔ ဗင္ကားနဲ႔ ေလွ်ာက္ပတ္ေရာင္းတယ္။ သူအဲ Hot Sauce င႐ုတ္ဆီကို စႀကိဳက္ခဲ့ဖူးတဲ့ ထိုင္းေရလႊာေလွ်ာစီးၿမိဳ႕ကို အမွတ္တရ အေနနဲ႔ “Si Racha” လို႔ အမည္ေပးခဲ့ပါတယ္။
Tran က Branding ေတြ၊ ေၾကာ္ျငာတာေတြကို ဂ႐ုမစိုက္တတ္ပါ။ အတတ္ႏိုင္ဆုံး Hot Sauce င႐ုတ္ဆီ ေကာင္းေကာင္း လုပ္ဖို႔ပဲ အာ႐ုံစိုက္ခဲ့တယ္။ အေျခာက္လွန္းတဲ့ င႐ုတ္သီးအစား လတ္လတ္ဆတ္ဆတ္ jalapeños င႐ုတ္သီးကို အသုံးျပဳခဲ့သည္။ အရသာပိုေကာင္းဖို႔ အတြက္ ၾကက္သြန္ျဖဴကိုထည့္တယ္။ သူက ပါဝင္ပစၥည္းမ်ားကို ႐ိုး႐ိုးရွင္းရွင္း၊ င႐ုတ္သီး၊ သၾကား၊ ဆား၊ ရွာလကာရည္၊ ၾကက္သြန္ျဖဴေတြ အသုံးျပဳတယ္။
Tran ၏ Hot Sauce င႐ုတ္ဆီသည္ အလြန္ေကာင္းလို႔ တေယာက္စကား တေယာက္နား ျဖင့္ ပ်ံ႕ႏွံ႔သြားသည္။ လူေတြက သူ႔ရဲ႕ အရသာ၊ အပ်စ္အက်ဲ နဲ႔ အစပ္အေနအထား ကို ႏွစ္သက္ၾကတယ္။ ပီဇာ၊ ၾကက္ဥ၊ ေခါက္ဆြဲ၊ ဘာဂါေတြထဲ ထည့္စားၾကတယ္။
Tran ရဲ႕ Hot Sauce င႐ုတ္ဆီကိုျဖန္႔ဖို႔ ေစ်းကြက္ရွာေဖြေရးေတြ၊ အေရာင္းအဖြဲ႕ေတြ အပ္ဖို႔ မလိုအပ္ခဲ့ဘူး။ သူက ေဒသအတြင္းအာရွ စားေသာက္ဆိုင္မ်ားႏွင့္ ကုန္စုံဆိုင္မ်ားႏွင့္ ပူးေပါင္းခဲ့သည္။ သူတို႔က သူ႔ရဲ႕ Hot Sauce င႐ုတ္ဆီတင္ဖို႔ စင္ေနရာနဲ႔ ေပးခဲ့လို႔ ေဖာက္သည္အသစ္ေတြနဲ႔ ထိေတြ႕ခြင့္ရခဲ့တယ္။
အေစာပိုင္းတြင္၊ Tran ရဲ႕ စီးပြါးဖက္ တစ္ဦးက သူ၏ Hot Sauce င႐ုတ္ဆီက “စပ္လြန္းသည္” နဲနဲခ်ိဳလာဖို႔ ခရမ္းခ်ဥ္သီးအႏွစ္ ထည့္ရန္ အႀကံျပဳၾကသည္။ သူငယ္ခ်င္းမ်ားက ၾကက္သားႏွင့္ တြဲစားလွ်င္ ပိုေကာင္းမည္ဟု ေျပာၾကသည္။ Tran က တင္းတင္းၾကပ္ၾကပ္ ျငင္းဆိုၿပီး “Hot Sauce င႐ုတ္ဆီ ဆိုတာ စပ္ရမယ္” မာ႐ိုနိစ့္လို အခ်ိဳလုပ္ေနတာ မဟုတ္ဘူးလို႔ ေျပာခဲ့တယ္။
Tran ၏ Hot Sauce င႐ုတ္ဆီ သည္ အစားအေသာက္ႏွင့္ စားဖိုမႉးမ်ားၾကားတြင္ စံနမူနာအေနနဲ႔ နာမည္ႀကီး လာခဲ့သည္။ Bon Appétit ကဲ့သို႔ေသာ မဂၢဇင္းမ်ားတြင္ ေဖာ္ျပခံရခဲ့သည္။ အိုဘားမားကဲ့သို႔ celebrities ထင္ရွားေက်ာ္ၾကားသူမ်ား၏ ခ်ီးက်ဴးျခင္းကို ခံရသည္။
Tran ၏ Hot Sauce င႐ုတ္ဆီ သည္ အေမရိကန္ႏိုင္ငံတြင္ ယဥ္ေက်းမႈေပါင္းစုံႏွင့္ မတူကြဲျပားမႈ၏ ျပယုဂ္တစ္ခုျဖစ္လာသည္။ မိမိႏိုင္ငံမဟုတ္လို႔ ခက္ခဲ႐ုန္းကန္ရေပမယ့္ ေအာင္ျမင္ေအာင္ လုပ္ႏိုင္သည့္ အေမရိကန္ကို ေျပာင္းေ႐ႊ႕ေနထိုင္သည့္ immigrant တစ္ဦးရဲ႕ အိပ္မက္တစ္ခုလဲျဖစ္သည္။ စပ္ေသာအစားအစာကို ႏွစ္သက္ေသာ လူအမ်ိဳးမ်ိဳးကို ကိုယ္စားျပဳသည့္ အေနျဖင့္ “Made in USA” လို႔ တံဆိပ္တပ္ထားသည္။
ယေန႔တြင္ Sriracha သည္ ကမာၻေပၚတြင္ ေရပန္းအစားဆုံး Hot Sauce င႐ုတ္ဆီ မ်ားထဲမွ တစ္ခုျဖစ္သည္။ တစ္ႏွစ္လွ်င္ ပုလင္းေပါင္း သန္း 20 ေက်ာ္ ေရာင္းခ်ေနရသည္။ ႏွစ္စဥ္ ဝင္ေငြ ေဒၚလာ သန္း ၁၅၀ ေက်ာ္ ရရွိသည္။
Tran သည္ သူ၏ပါဝင္ပစၥည္းမ်ားကို အေကာင္းဆုံးရရွိရန္ အာ႐ုံစိုက္သည္။ Jalapeños င႐ုတ္သီး မွည့္ဖို႔ အတြက္ တိုေတာင္းေသာ အခ်ိန္ကာလရွိသည္။ တစ္ရက္လွ်င္ 16 နာရီျဖင့္ 10 ပတ္အတြင္း တစ္ႏွစ္စာ အတြက္ ကုန္ၾကမ္းထုတ္လုပ္ႏိုင္သည္။
Forbes ၏ အဆိုအရ Tran ၏ အသားတင္ပိုင္ဆိုင္မႈသည္ ေဒၚလာ ၁.၂ ဘီလီယံျဖစ္သည္။ သူသည္ သူ၏ကုမၸဏီ Huy Fong Foods လို႔ နာမည္ေပးထားသည္။ သူ႔ကို ဗီယက္နမ္မွ ေဟာင္ေကာင္၊ အေမရိကန္ႏိုင္ငံကို ပို႔ေဆာင္ေပးသည့္ သေဘၤာကိုအစြဲျပဳ၍ အမည္ေပးထားသည့္ နာမည္ျဖစ္သည္။ Tran သည္ ယခုထိ ကုမၸဏီ၏ 100% အလုံးစုံကို ပိုင္ဆိုင္ဆဲျဖစ္သည္။ ကယ္လီဖိုးနီးယားျပည္နယ္၊ Irwindale မွာရွိတဲ့ သူ႔စက္႐ုံမွာ အျပာေရာင္ ရွပ္အက်ႌနဲ႔ ဦးထုပ္ကိုပဲ ေန႔စဥ္ ဝတ္ၿပီး အလုပ္လုပ္ေနတုန္းပါပဲ။
Tran ၏ ေအာင္ျမင္မႈလွ်ိဳ႕ဝွက္ခ်က္သည္ ႐ိုးရွင္းပါသည္။ လူေတြ အၿမဲတမ္္း စြဲလမ္းႏွစ္သက္ေသာ ပစၥည္းတခုကို စမ္းသပ္တီထြင္ ထုတ္လုပ္ခဲ့တယ္။ သူသည္ ေခတ္ေရစီးေၾကာင္းမ်ား၊ ၿပိဳင္ဘက္မ်ားကို ဂ႐ုမစိုက္တတ္ပါ။ သူသည္ တိုးတက္မႈ၊ အျမတ္ေနာက္ကို လိုက္တတ္သူမဟုတ္ပါ။ သူသည္ သူ႔ဝါသနာေနာက္ကို လိုက္ခဲ့သူသက္သက္သာျဖစ္ပါသည္။
“သူက ပိုက္ဆံအတြက္ Hot Sauce င႐ုတ္ဆီ ထုတ္ခဲ့တာ မဟုတ္ဘူး၊ ပိုက္ဆံရွာၿပီး သူႀကိဳက္တဲ့ င႐ုတ္ဆီလုပ္ခဲ့တာပါ” လို႔ေျပာတယ္။
အလုပ္တခုကို ေန႔စဥ္နဲ႔ အမွ် အာ႐ုံစူးစိုက္ ဇြဲရွိရွိနဲ႔ မပ်င္းမရိလုပ္ဖို႔ဆိုတာ ကိုယ္တိုင္ တကယ္ဝါသနာပါမွ ျဖစ္မယ္။
When we pursue it passionately, truly amazing things happen.
ဘာလုပ္ဖို႔ ဝါသနာပါၾကလဲ ေျပာျပေပးပါဦး
crd
ခ်စ္ျခင္းမ်ားစြာျဖင့္
#MoefromAmerica ❤️
Your Daily Dose of Brain Power
Unicode
“ငရုတ်ဆီထုတ်ပြီး အမေရိကန်နိုင်ငံ၏ သန်းကြွယ်သူဌေး ဖြစ်လာတဲ့ ဗီယက်နမ်ဒုက္ခသည်တစ်ဦး အကြောင်း”
အမေရိကန်နိုင်ငံမှာ သန်းကြွယ်သူဌေး တယောက် ဖြစ်လာဖို့ သူက ပညာတတ်၊ ဘွဲ့ရလဲ မဟုတ်ဘူး၊ သူ့မှာ အရောင်းမြှင့်တင်ရေး marketing or sales team တွေလဲ မရှိခဲ့ဘူး။
သူဘယ်လိုလုပ်ခဲ့လဲ? သူရဲ့ အစပ်ပုံပြင်လေးကတော့ ဒီလိုပါ…..
David Tran က ကွန်မြူနစ်အာဏာသိမ်းပြီးနောက် 1979 ခုနှစ်တွင် ဗီယက်နမ်မှ ထွက်ပြေးပြီး အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်ကို ရောက်ခဲ့တယ်။ အစပ် အရမ်းကြိုက်တဲ့ Tran က Hot Sauce ငရုတ်ဆီ တပုံးကို လုပ်ပြီး သူ့ ဗင်ကားနဲ့ လျှောက်ပတ်ရောင်းတယ်။ သူအဲ Hot Sauce ငရုတ်ဆီကို စကြိုက်ခဲ့ဖူးတဲ့ ထိုင်းရေလွှာလျှောစီးမြို့ကို အမှတ်တရ အနေနဲ့ “Si Racha” လို့ အမည်ပေးခဲ့ပါတယ်။
Tran က Branding တွေ၊ ကြော်ငြာတာတွေကို ဂရုမစိုက်တတ်ပါ။ အတတ်နိုင်ဆုံး Hot Sauce ငရုတ်ဆီ ကောင်းကောင်း လုပ်ဖို့ပဲ အာရုံစိုက်ခဲ့တယ်။ အခြောက်လှန်းတဲ့ ငရုတ်သီးအစား လတ်လတ်ဆတ်ဆတ် jalapeños ငရုတ်သီးကို အသုံးပြုခဲ့သည်။ အရသာပိုကောင်းဖို့ အတွက် ကြက်သွန်ဖြူကိုထည့်တယ်။ သူက ပါဝင်ပစ္စည်းများကို ရိုးရိုးရှင်းရှင်း၊ ငရုတ်သီး၊ သကြား၊ ဆား၊ ရှာလကာရည်၊ ကြက်သွန်ဖြူတွေ အသုံးပြုတယ်။
Tran ၏ Hot Sauce ငရုတ်ဆီသည် အလွန်ကောင်းလို့ တယောက်စကား တယောက်နား ဖြင့် ပျံ့နှံ့သွားသည်။ လူတွေက သူ့ရဲ့ အရသာ၊ အပျစ်အကျဲ နဲ့ အစပ်အနေအထား ကို နှစ်သက်ကြတယ်။ ပီဇာ၊ ကြက်ဥ၊ ခေါက်ဆွဲ၊ ဘာဂါတွေထဲ ထည့်စားကြတယ်။
Tran ရဲ့ Hot Sauce ငရုတ်ဆီကိုဖြန့်ဖို့ စျေးကွက်ရှာဖွေရေးတွေ၊ အရောင်းအဖွဲ့တွေ အပ်ဖို့ မလိုအပ်ခဲ့ဘူး။ သူက ဒေသအတွင်းအာရှ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များနှင့် ပူးပေါင်းခဲ့သည်။ သူတို့က သူ့ရဲ့ Hot Sauce ငရုတ်ဆီတင်ဖို့ စင်နေရာနဲ့ ပေးခဲ့လို့ ဖောက်သည်အသစ်တွေနဲ့ ထိတွေ့ခွင့်ရခဲ့တယ်။
အစောပိုင်းတွင်၊ Tran ရဲ့ စီးပွါးဖက် တစ်ဦးက သူ၏ Hot Sauce ငရုတ်ဆီက “စပ်လွန်းသည်” နဲနဲချိုလာဖို့ ခရမ်းချဉ်သီးအနှစ် ထည့်ရန် အကြံပြုကြသည်။ သူငယ်ချင်းများက ကြက်သားနှင့် တွဲစားလျှင် ပိုကောင်းမည်ဟု ပြောကြသည်။ Tran က တင်းတင်းကြပ်ကြပ် ငြင်းဆိုပြီး “Hot Sauce ငရုတ်ဆီ ဆိုတာ စပ်ရမယ်” မာရိုနိစ့်လို အချိုလုပ်နေတာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။
Tran ၏ Hot Sauce ငရုတ်ဆီ သည် အစားအသောက်နှင့် စားဖိုမှူးများကြားတွင် စံနမူနာအနေနဲ့ နာမည်ကြီး လာခဲ့သည်။ Bon Appétit ကဲ့သို့သော မဂ္ဂဇင်းများတွင် ဖော်ပြခံရခဲ့သည်။ အိုဘားမားကဲ့သို့ celebrities ထင်ရှားကျော်ကြားသူများ၏ ချီးကျူးခြင်းကို ခံရသည်။
Tran ၏ Hot Sauce ငရုတ်ဆီ သည် အမေရိကန်နိုင်ငံတွင် ယဉ်ကျေးမှုပေါင်းစုံနှင့် မတူကွဲပြားမှု၏ ပြယုဂ်တစ်ခုဖြစ်လာသည်။ မိမိနိုင်ငံမဟုတ်လို့ ခက်ခဲရုန်းကန်ရပေမယ့် အောင်မြင်အောင် လုပ်နိုင်သည့် အမေရိကန်ကို ပြောင်းရွှေ့နေထိုင်သည့် immigrant တစ်ဦးရဲ့ အိပ်မက်တစ်ခုလဲဖြစ်သည်။ စပ်သောအစားအစာကို နှစ်သက်သော လူအမျိုးမျိုးကို ကိုယ်စားပြုသည့် အနေဖြင့် “Made in USA” လို့ တံဆိပ်တပ်ထားသည်။
ယနေ့တွင် Sriracha သည် ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံး Hot Sauce ငရုတ်ဆီ များထဲမှ တစ်ခုဖြစ်သည်။ တစ်နှစ်လျှင် ပုလင်းပေါင်း သန်း 20 ကျော် ရောင်းချနေရသည်။ နှစ်စဉ် ဝင်ငွေ ဒေါ်လာ သန်း ၁၅၀ ကျော် ရရှိသည်။
Tran သည် သူ၏ပါဝင်ပစ္စည်းများကို အကောင်းဆုံးရရှိရန် အာရုံစိုက်သည်။ Jalapeños ငရုတ်သီး မှည့်ဖို့ အတွက် တိုတောင်းသော အချိန်ကာလရှိသည်။ တစ်ရက်လျှင် 16 နာရီဖြင့် 10 ပတ်အတွင်း တစ်နှစ်စာ အတွက် ကုန်ကြမ်းထုတ်လုပ်နိုင်သည်။
Forbes ၏ အဆိုအရ Tran ၏ အသားတင်ပိုင်ဆိုင်မှုသည် ဒေါ်လာ ၁.၂ ဘီလီယံဖြစ်သည်။ သူသည် သူ၏ကုမ္ပဏီ Huy Fong Foods လို့ နာမည်ပေးထားသည်။ သူ့ကို ဗီယက်နမ်မှ ဟောင်ကောင်၊ အမေရိကန်နိုင်ငံကို ပို့ဆောင်ပေးသည့် သင်္ဘောကိုအစွဲပြု၍ အမည်ပေးထားသည့် နာမည်ဖြစ်သည်။ Tran သည် ယခုထိ ကုမ္ပဏီ၏ 100% အလုံးစုံကို ပိုင်ဆိုင်ဆဲဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်၊ Irwindale မှာရှိတဲ့ သူ့စက်ရုံမှာ အပြာရောင် ရှပ်အင်္ကျီနဲ့ ဦးထုပ်ကိုပဲ နေ့စဉ် ဝတ်ပြီး အလုပ်လုပ်နေတုန်းပါပဲ။
Tran ၏ အောင်မြင်မှုလျှို့ဝှက်ချက်သည် ရိုးရှင်းပါသည်။ လူတွေ အမြဲတမ််း စွဲလမ်းနှစ်သက်သော ပစ္စည်းတခုကို စမ်းသပ်တီထွင် ထုတ်လုပ်ခဲ့တယ်။ သူသည် ခေတ်ရေစီးကြောင်းများ၊ ပြိုင်ဘက်များကို ဂရုမစိုက်တတ်ပါ။ သူသည် တိုးတက်မှု၊ အမြတ်နောက်ကို လိုက်တတ်သူမဟုတ်ပါ။ သူသည် သူ့ဝါသနာနောက်ကို လိုက်ခဲ့သူသက်သက်သာဖြစ်ပါသည်။
“သူက ပိုက်ဆံအတွက် Hot Sauce ငရုတ်ဆီ ထုတ်ခဲ့တာ မဟုတ်ဘူး၊ ပိုက်ဆံရှာပြီး သူကြိုက်တဲ့ ငရုတ်ဆီလုပ်ခဲ့တာပါ” လို့ပြောတယ်။
အလုပ်တခုကို နေ့စဉ်နဲ့ အမျှ အာရုံစူးစိုက် ဇွဲရှိရှိနဲ့ မပျင်းမရိလုပ်ဖို့ဆိုတာ ကိုယ်တိုင် တကယ်ဝါသနာပါမှ ဖြစ်မယ်။
When we pursue it passionately, truly amazing things happen.
ဘာလုပ်ဖို့ ဝါသနာပါကြလဲ ပြောပြပေးပါဦး
crd
ချစ်ခြင်းများစွာဖြင့်
#MoefromAmerica ❤️
Your Daily Dose of Brain Power
Leave a Reply