
စကၤာပူေဆး႐ုံက ဆရာဝန္ေတြပါ ေၾကာက္ရတဲ့ ျမန္မာတိုင္းရင္းေဆးအမည္ခံေဆးအခ်ိဳ႕ရဲ႕ အေမွာင္ဘက္ျခမ္း…
တိုင္းရင္းေဆး အမည္ခံေဆးအခ်ိဳ႕ေၾကာင့္ စကၤာပူေဆး႐ုံက ဆရာဝန္ေတြပါ မွတ္ခ်က္ျပဳထားၾကရတဲ့ ျမန္မာတိုင္းရင္းေဆး သတိျပဳဖြယ္
တိုင္းရင္းေဆး အမည္ခံေဆးအခ်ိဳ႕ေၾကာင့္ စကၤာပူေဆး႐ုံက ဆရာဝန္ေတြပါ မွတ္ခ်က္ျပဳထားၾကရတဲ့ ျမန္မာတိုင္းရင္းေဆး သတိျပဳဖြယ္
ျမန္မာ တိုင္းရင္းေဆး အမည္ခံေဆးအခ်ိဳ႕ေၾကာင့္ စင္ကာပူေဆး႐ုံက ဆရာဝန္ေတြပါ မွတ္ခ်က္ျပဳထားရတဲ့ ျမန္မာတိုင္းရင္းေဆးအေၾကာင္းကို စကၤာပူေဆး႐ုံမွာ ေဆးသြားကုေနရင္း ကိုယ္ေတြ႕ျဖစ္ရပ္ေလးကို ခုလိုေျပာျပထားတာျဖစ္ပါတယ္။
” က်ေနာ္ 23 Jan မွာ တစ္ခါ၊ 1 Feb to 4 Feb ထိ တစ္ခါ၊ စင္ကာပူ Ng Teng Fong general hospital မွာေဆး႐ုံတက္ခဲ့ရပါတယ္။
အဲ့ကာလေတြမွာ ဆရာဝန္ေပါင္း အနည္းဆုံး ၁၀ ေယာက္ ေလာက္ရဲ႕ ေမးခြန္းေတြကို ေျဖခဲ့ရပါတယ္။
ေမးတဲ့ ဆရာဝန္ေတြထဲမွာ
အထူးကုဆရာဝန္ႀကီးေတြပါတယ္
consultant ဆရာဝန္ေတြပါတယ္
တာဝန္က် ႐ိုး႐ိုး ဆရာဝန္ေတြပါတယ္
ေက်ာင္းဆင္းစ (ေဟာက္ဆာဂ်င္ ေခၚမလားမသိ) ဆရာဝန္ေလးေတြ ပါတယ္
ေနာက္ ထူးထူးျခားျခား ျမန္မာဆရာဝန္မေလးတစ္ေယာက္ပါ ပါတယ္။
ေသြးစစ္အေျဖအရ’Acute liver injury brob hepatitis’လို႔ မွတ္ခ်က္ျပဳပါတယ္။ ဆိုေတာ့ အသည္းျပသနာေပါ့ (MRI အေျဖမထြက္ခင္ထိ)
လိုရင္းေျပာရရင္ ဆရာဝန္ေတြ တစ္ေယာက္ပီးတစ္ေယာက္သာ ေျပာင္းသြားတယ္ ေမးတဲ့ေမးခြန္းေတြက တပုံစံထဲပဲ။
၁။ အရက္ေသာက္တတ္လား
၂။ မိသားစုထဲ အသဲနဲ႔ပတ္သက္တဲ့ေရာဂါျဖစ္ဖူးသူ ရွိသလား
၃။ အိမ္ေထာင္ရွိလား၊ ရည္းစားရွိလား
၄။ ျမန္မာတိုင္းရင္းေဆးေတြ စားသလား တဲ့။
က်န္တဲ့ေမးခြန္းေတြကို မေျပာလိုေပမယ့္ နံပါတ္ ၄ အခ်က္ျဖစ္တဲ့ ‘ျမန္မာတိုင္းရင္းေဆးေတြ စားသလား’ ဆိုတာႀကီးကတမ်ိဳးႀကီး ျဖစ္ေနတယ္။
ဒါနဲ႔နည္းနည္း သေဘာေကာင္းဟန္၊ ေဖာ္ေ႐ြဟန္ရွိတဲ့ တာဝန္က် ဆရာဝန္ေလး၊ အနားလာတုန္း ေမးၾကည့္မိတယ္။
“ဆရာ ခု က်ေနာ္ျဖစ္ေနတာနဲ႔ ျမန္မာတိုင္းရင္းေဆးနဲ႔က ဘယ္လိုဆက္စပ္ေနလို႔လဲ ဆရာ”
“ဒီလို၊ ခု ခမ်ားျဖစ္ေနတာကအသဲမွာ chemical injury ျဖစ္ေနတာလို႔ ပဏာမယူဆထားၾကတယ္။ဒီေတာ့ ဒီလိုျဖစ္ႏိုင္တဲ့ျဖစ္ႏိုင္စရာ အေၾကာင္းအခ်က္ေတြဘာျဖစ္ႏိုင္လဲလို႔ က်ေနာ္တို႔ေမးျမန္းတဲ့ သေဘာပါ”
“ဆိုေတာ့ ျမန္မာတိုင္းရင္းေဆးေတြက အဲ့လို အသဲကို ဒဏ္ရာရေစႏိုင္တာလားဆရာ”
“ဟုတ္တယ္၊အဲ့ ျပသနာနဲ႔ ေဆး႐ုံကိုေရာက္လာဖူးတဲ့ရာဇဝင္ေတြရွိေနတယ္၊ က်ေနာ္ကိုယ္တိုင္ မႀကဳံဖူးေပမယ့္ ေရွ႕ကဆရာဝန္ေတြဆရာဝန္ႀကီးေတြ ႀကဳံဖူးခဲ့ၾကေတာ့၊ဒီေမးခြန္းကို ထည့္ေမးဖို႔ အေၾကာင္းကရွိလာတယ္၊ ဒါ့ေၾကာင့္ေမးတာပါ” တဲ့။
ေကာင္းၾကေသးရဲ႕လား? ဆရာဝန္ေလးကိုဒီေလာက္ပဲေမးလို႔ေကာင္းတာမို႔၊ သူ႔ကို ဆက္မေမးေတာ့ပဲ ကိုယ့္ဘာသာကိုယ္အေတြးနယ္ခ်ဲ႕မိတယ္။
ျမန္မာတိုင္းရင္းေဆး နဲ႔ အသဲဒဏ္
ကိုယ္ေတြႏိုင္ငံမွာကဒီျမန္မာတိုင္းရင္းေဆးကို စနစ္တက်၊နည္းမွန္လမ္းမွန္နဲ႔အႏၲရာယ္ကင္းေအာင္ ထုတ္လုပ္ေရာင္းခ်သူရွိေတာ့ရွိတယ္။ အလြန္ပဲနည္းပါတယ္။
အိမ္တြင္းမႈ လုပ္ငန္းသေဘာမ်ိဳးနဲ႔လက္ဆင့္ကမ္း ပညာအေမြေပးရင္း ရမ္းခ် မွန္းခ်ေတြမ်ားတယ္။
ဒီၾကားထဲအဆိုးဆုံးက တားျမစ္ဓာ.တုေဆးေတြကို ျမန္မာတိုင္းရင္းေဆးထဲေရာထည့္တာ။
နာမည္ႀကီး အမွတ္တံဆိပ္ တိုင္းရင္းေဆးေတြမွာကိုက တားျမစ္ဓာ.တုေဆးေတြ ဘုံးေဗာလေအာပါေနတယ္၊ ဒါေတြကိုလည္း က်ေနာ္တို႔ ျမန္မာေတြက ၿမိန္ရည္ယွက္ရည္သုံးစြဲေနၾကတယ္။
(ဒီေနရာမွာကိုယ္တိုင္စားသုံးဖူးတဲ့ ျမန္မာတိုင္းရင္းခ်က္ေဆးတစ္ခုအေၾကာင္း ေျပာခ်င္မိတယ္၊ အဲ့ေဆးက အစာစားခ်င္စိတ္ကို ျဖစ္ေစတယ္၊ ညဘက္အိပ္လို႔ေကာင္းတယ္၊ က်ေနာ္ေတာ္ေတာ္ေလး စားမိခဲ့တယ္၊ တခါတေလသမီးေလးကိုေတာင္ခြံ႕မိတတ္ေသးတယ္၊ေနာက္မွသိတဲ့တတ္တဲ့ ဆရာတေယာက္ကသတိေပးမွရပ္လိုက္တာ၊
အဲ့ေဆးထဲမွာ စတီး႐ြိဳက္ေဟာ္မုန္းေဆးေတြပါတယ္ဆိုလား၊ေရရွည္စားရင္ အ႐ိုးပြေရာဂါျဖစ္ၿပီးလူၫႊ႕န္တုံးမယ္တဲ့၊ ဒါဆိုဒီေဆးကို ဘာလို႔ထုတ္ခြင့္ျပဳေနရတာလဲ၊ အဲ့ေဆးက FDA ထုတ္လုပ္ခြင့္ရနာမည္ႀကီးတံဆိပ္ႀကီး၊ ကဲ)
အလြန္ေၾကာက္စရာေကာင္းတဲ့ ျမန္မာေတြရဲ႕ ဘဝပါ။တကယ္ကတိုင္းရင္းေဆးမွမဟုတ္ပါဘူး၊ စားေသာက္ကုန္အမ်ားစုမွာ လူမစားသင့္တဲ့ဓာတုေဆးေတြပါေနတယ္။
လူကို အႏၲရာယ္ျဖစ္ေစတဲ့ဓာတုပစၥည္းေတြဟာ က်ေနာ္တို႔ ျမန္မာ့လူမႈဘဝပတ္ဝန္းက်င္မွာလက္ညိဳးထိုးမလြဲဘူး။
အသီးအ႐ြက္၊ အသားငါး၊ ငပိ ငပိရည္ႀကိဳ၊ ငါးေျခာက္ငါးျခမ္း၊ ပုဇြန္ေျခာက္၊ ေခါက္ဆြဲေျခာက္ကိတ္မုန႔္၊ ေပါင္မုန႔္၊ င႐ုတ္သီးေဆာ့၊ င႐ုပ္သီးမႈန႔္၊ ပဲမႈန႔္၊ အခ်ိဳရည္ သံဘူး၊ အီၾကာေကြး၊ စမူဆာ၊ လဘက္၊မုန႔္ဟင္းခါး မုန႔္တီဖတ္၊ တာရွည္ခံအစားအစာအမ်ိဳးမ်ိဳး၊ ေရးရင္ကုန္ႏိုင္ဖြယ္မရွိ။
ဒါေတြကို တားျမစ္မယ့္သူ မရွိေတာ့ဘူးလား၊ အေရးယူမယ့္သူ မရွိေတာ့ဘူးလား၊ စစ္ေဆးၾကပ္မတ္မယ့္သူ မရွိေတာ့ဘူလား၊ က်ေနာ္တို႔က ဘယ္သူ႔ အားကိုးရမွာလဲ
ဒီအႏၲရာယ္ရွိ အစားအစာေတြစားရင္း ျမန္မာေတြခမ်ာ လူၫႊန႔္တုံးၾက၊ကင္ဆာေတြျဖစ္ၾက၊ ေရာဂါဘယေတြ ထူေျပာၾကဉာဏ္ရည္မမီၾက အခ်ိန္မတိုင္ခင္ အသက္ဆုံးရႈံးၾကရတယ္။
နိဂ်ဳံးခုတ္အေနနဲ႔ ေျပာရရင္ ျမန္မာတိုင္းရင္းေဆးေတြကို က်ေနာ္တို႔ျမန္မာေတြသာ မေၾကာက္တာစင္ကာပူေဆး႐ုံႀကီးကေတာ့ ေၾကာက္ပါတယ္ ဆိုတာပါပဲ။
(က်ေနာ္ေျပာတဲ့ တိုင္းရင္းေဆးဆိုတာက စနစ္တက်သုေတသနျပဳၿပီး ထုတ္ထားတဲ့ ေဆးေတြမပါပါ။ ရမ္းခ်မွန္းခ် ကိုယ့္အက်ိဳးစီးပြားတခုသာၾကည့္တဲ့ ဝိသမစီးပြားေရးသမားမ်ားရဲ႕တိုင္းရင္းေဆးမ်ားကိုသာဆိုလိုပါတယ္) Than Tun Oo” ဆိုၿပီး အျခားသူေတြ သတိထားဆင္ျခင္ႏိုင္ေစဖို႔ ေစတနာျဖင့္ ျပန္လည္မွ်ေဝထားတာျဖစ္ပါတယ္။
Unicode
စင်္ကာပူဆေးရုံက ဆရာဝန်တွေပါ ကြောက်ရတဲ့ မြန်မာတိုင်းရင်းဆေးအမည်ခံဆေးအချို့ရဲ့ အမှောင်ဘက်ခြမ်း…
တိုင်းရင်းဆေး အမည်ခံဆေးအချို့ကြောင့် စင်္ကာပူဆေးရုံက ဆရာဝန်တွေပါ မှတ်ချက်ပြုထားကြရတဲ့ မြန်မာတိုင်းရင်းဆေး သတိပြုဖွယ်
တိုင်းရင်းဆေး အမည်ခံဆေးအချို့ကြောင့် စင်္ကာပူဆေးရုံက ဆရာဝန်တွေပါ မှတ်ချက်ပြုထားကြရတဲ့ မြန်မာတိုင်းရင်းဆေး သတိပြုဖွယ်
မြန်မာ တိုင်းရင်းဆေး အမည်ခံဆေးအချို့ကြောင့် စင်ကာပူဆေးရုံက ဆရာဝန်တွေပါ မှတ်ချက်ပြုထားရတဲ့ မြန်မာတိုင်းရင်းဆေးအကြောင်းကို စင်္ကာပူဆေးရုံမှာ ဆေးသွားကုနေရင်း ကိုယ်တွေ့ဖြစ်ရပ်လေးကို ခုလိုပြောပြထားတာဖြစ်ပါတယ်။
” ကျနော် 23 Jan မှာ တစ်ခါ၊ 1 Feb to 4 Feb ထိ တစ်ခါ၊ စင်ကာပူ Ng Teng Fong general hospital မှာဆေးရုံတက်ခဲ့ရပါတယ်။
အဲ့ကာလတွေမှာ ဆရာဝန်ပေါင်း အနည်းဆုံး ၁၀ ယောက် လောက်ရဲ့ မေးခွန်းတွေကို ဖြေခဲ့ရပါတယ်။
မေးတဲ့ ဆရာဝန်တွေထဲမှာ
အထူးကုဆရာဝန်ကြီးတွေပါတယ်
consultant ဆရာဝန်တွေပါတယ်
တာဝန်ကျ ရိုးရိုး ဆရာဝန်တွေပါတယ်
ကျောင်းဆင်းစ (ဟောက်ဆာဂျင် ခေါ်မလားမသိ) ဆရာဝန်လေးတွေ ပါတယ်
နောက် ထူးထူးခြားခြား မြန်မာဆရာဝန်မလေးတစ်ယောက်ပါ ပါတယ်။
သွေးစစ်အဖြေအရ’Acute liver injury brob hepatitis’လို့ မှတ်ချက်ပြုပါတယ်။ ဆိုတော့ အသည်းပြသနာပေါ့ (MRI အဖြေမထွက်ခင်ထိ)
လိုရင်းပြောရရင် ဆရာဝန်တွေ တစ်ယောက်ပီးတစ်ယောက်သာ ပြောင်းသွားတယ် မေးတဲ့မေးခွန်းတွေက တပုံစံထဲပဲ။
၁။ အရက်သောက်တတ်လား
၂။ မိသားစုထဲ အသဲနဲ့ပတ်သက်တဲ့ရောဂါဖြစ်ဖူးသူ ရှိသလား
၃။ အိမ်ထောင်ရှိလား၊ ရည်းစားရှိလား
၄။ မြန်မာတိုင်းရင်းဆေးတွေ စားသလား တဲ့။
ကျန်တဲ့မေးခွန်းတွေကို မပြောလိုပေမယ့် နံပါတ် ၄ အချက်ဖြစ်တဲ့ ‘မြန်မာတိုင်းရင်းဆေးတွေ စားသလား’ ဆိုတာကြီးကတမျိုးကြီး ဖြစ်နေတယ်။
ဒါနဲ့နည်းနည်း သဘောကောင်းဟန်၊ ဖော်ရွေဟန်ရှိတဲ့ တာဝန်ကျ ဆရာဝန်လေး၊ အနားလာတုန်း မေးကြည့်မိတယ်။
“ဆရာ ခု ကျနော်ဖြစ်နေတာနဲ့ မြန်မာတိုင်းရင်းဆေးနဲ့က ဘယ်လိုဆက်စပ်နေလို့လဲ ဆရာ”
“ဒီလို၊ ခု ခများဖြစ်နေတာကအသဲမှာ chemical injury ဖြစ်နေတာလို့ ပဏာမယူဆထားကြတယ်။ဒီတော့ ဒီလိုဖြစ်နိုင်တဲ့ဖြစ်နိုင်စရာ အကြောင်းအချက်တွေဘာဖြစ်နိုင်လဲလို့ ကျနော်တို့မေးမြန်းတဲ့ သဘောပါ”
“ဆိုတော့ မြန်မာတိုင်းရင်းဆေးတွေက အဲ့လို အသဲကို ဒဏ်ရာရစေနိုင်တာလားဆရာ”
“ဟုတ်တယ်၊အဲ့ ပြသနာနဲ့ ဆေးရုံကိုရောက်လာဖူးတဲ့ရာဇဝင်တွေရှိနေတယ်၊ ကျနော်ကိုယ်တိုင် မကြုံဖူးပေမယ့် ရှေ့ကဆရာဝန်တွေဆရာဝန်ကြီးတွေ ကြုံဖူးခဲ့ကြတော့၊ဒီမေးခွန်းကို ထည့်မေးဖို့ အကြောင်းကရှိလာတယ်၊ ဒါ့ကြောင့်မေးတာပါ” တဲ့။
ကောင်းကြသေးရဲ့လား? ဆရာဝန်လေးကိုဒီလောက်ပဲမေးလို့ကောင်းတာမို့၊ သူ့ကို ဆက်မမေးတော့ပဲ ကိုယ့်ဘာသာကိုယ်အတွေးနယ်ချဲ့မိတယ်။
မြန်မာတိုင်းရင်းဆေး နဲ့ အသဲဒဏ်
ကိုယ်တွေနိုင်ငံမှာကဒီမြန်မာတိုင်းရင်းဆေးကို စနစ်တကျ၊နည်းမှန်လမ်းမှန်နဲ့အန္တရာယ်ကင်းအောင် ထုတ်လုပ်ရောင်းချသူရှိတော့ရှိတယ်။ အလွန်ပဲနည်းပါတယ်။
အိမ်တွင်းမှု လုပ်ငန်းသဘောမျိုးနဲ့လက်ဆင့်ကမ်း ပညာအမွေပေးရင်း ရမ်းချ မှန်းချတွေများတယ်။
ဒီကြားထဲအဆိုးဆုံးက တားမြစ်ဓာ.တုဆေးတွေကို မြန်မာတိုင်းရင်းဆေးထဲရောထည့်တာ။
နာမည်ကြီး အမှတ်တံဆိပ် တိုင်းရင်းဆေးတွေမှာကိုက တားမြစ်ဓာ.တုဆေးတွေ ဘုံးဗောလအောပါနေတယ်၊ ဒါတွေကိုလည်း ကျနော်တို့ မြန်မာတွေက မြိန်ရည်ယှက်ရည်သုံးစွဲနေကြတယ်။
(ဒီနေရာမှာကိုယ်တိုင်စားသုံးဖူးတဲ့ မြန်မာတိုင်းရင်းချက်ဆေးတစ်ခုအကြောင်း ပြောချင်မိတယ်၊ အဲ့ဆေးက အစာစားချင်စိတ်ကို ဖြစ်စေတယ်၊ ညဘက်အိပ်လို့ကောင်းတယ်၊ ကျနော်တော်တော်လေး စားမိခဲ့တယ်၊ တခါတလေသမီးလေးကိုတောင်ခွံ့မိတတ်သေးတယ်၊နောက်မှသိတဲ့တတ်တဲ့ ဆရာတယောက်ကသတိပေးမှရပ်လိုက်တာ၊
အဲ့ဆေးထဲမှာ စတီးရွိုက်ဟော်မုန်းဆေးတွေပါတယ်ဆိုလား၊ရေရှည်စားရင် အရိုးပွရောဂါဖြစ်ပြီးလူညွှ့န်တုံးမယ်တဲ့၊ ဒါဆိုဒီဆေးကို ဘာလို့ထုတ်ခွင့်ပြုနေရတာလဲ၊ အဲ့ဆေးက FDA ထုတ်လုပ်ခွင့်ရနာမည်ကြီးတံဆိပ်ကြီး၊ ကဲ)
အလွန်ကြောက်စရာကောင်းတဲ့ မြန်မာတွေရဲ့ ဘဝပါ။တကယ်ကတိုင်းရင်းဆေးမှမဟုတ်ပါဘူး၊ စားသောက်ကုန်အများစုမှာ လူမစားသင့်တဲ့ဓာတုဆေးတွေပါနေတယ်။
လူကို အန္တရာယ်ဖြစ်စေတဲ့ဓာတုပစ္စည်းတွေဟာ ကျနော်တို့ မြန်မာ့လူမှုဘဝပတ်ဝန်းကျင်မှာလက်ညိုးထိုးမလွဲဘူး။
အသီးအရွက်၊ အသားငါး၊ ငပိ ငပိရည်ကြို၊ ငါးခြောက်ငါးခြမ်း၊ ပုဇွန်ခြောက်၊ ခေါက်ဆွဲခြောက်ကိတ်မုန့်၊ ပေါင်မုန့်၊ ငရုတ်သီးဆော့၊ ငရုပ်သီးမှုန့်၊ ပဲမှုန့်၊ အချိုရည် သံဘူး၊ အီကြာကွေး၊ စမူဆာ၊ လဘက်၊မုန့်ဟင်းခါး မုန့်တီဖတ်၊ တာရှည်ခံအစားအစာအမျိုးမျိုး၊ ရေးရင်ကုန်နိုင်ဖွယ်မရှိ။
ဒါတွေကို တားမြစ်မယ့်သူ မရှိတော့ဘူးလား၊ အရေးယူမယ့်သူ မရှိတော့ဘူးလား၊ စစ်ဆေးကြပ်မတ်မယ့်သူ မရှိတော့ဘူလား၊ ကျနော်တို့က ဘယ်သူ့ အားကိုးရမှာလဲ
ဒီအန္တရာယ်ရှိ အစားအစာတွေစားရင်း မြန်မာတွေခမျာ လူညွှန့်တုံးကြ၊ကင်ဆာတွေဖြစ်ကြ၊ ရောဂါဘယတွေ ထူပြောကြဉာဏ်ရည်မမီကြ အချိန်မတိုင်ခင် အသက်ဆုံးရှုံးကြရတယ်။
နိဂျုံးခုတ်အနေနဲ့ ပြောရရင် မြန်မာတိုင်းရင်းဆေးတွေကို ကျနော်တို့မြန်မာတွေသာ မကြောက်တာစင်ကာပူဆေးရုံကြီးကတော့ ကြောက်ပါတယ် ဆိုတာပါပဲ။
(ကျနော်ပြောတဲ့ တိုင်းရင်းဆေးဆိုတာက စနစ်တကျသုတေသနပြုပြီး ထုတ်ထားတဲ့ ဆေးတွေမပါပါ။ ရမ်းချမှန်းချ ကိုယ့်အကျိုးစီးပွားတခုသာကြည့်တဲ့ ဝိသမစီးပွားရေးသမားများရဲ့တိုင်းရင်းဆေးများကိုသာဆိုလိုပါတယ်) Than Tun Oo” ဆိုပြီး အခြားသူတွေ သတိထားဆင်ခြင်နိုင်စေဖို့ စေတနာဖြင့် ပြန်လည်မျှဝေထားတာဖြစ်ပါတယ်။
Leave a Reply