ဆမ္ေဆာင္းကုမၸဏီအား ပိုင္တံခြန္၊ G Fatt တို႔ႏွင့္ လက္တြဲျဖဳတ္ရန္ ေတာင္းဆိုမႈမ်ား ရွိလာ

ဆမ္ေဆာင္းကုမၸဏီအား ပိုင္တံခြန္၊ G Fatt တို႔ႏွင့္ လက္တြဲျဖဳတ္ရန္ ေတာင္းဆိုမႈမ်ား ရွိလာ

စစ္ေကာင္စီ၏ ေလေၾကာင္းတိုက္ခိုက္မႈမ်ားေၾကာင့္ အရပ္သားျပည္သူမ်ား ေသေၾကပ်က္စီးမႈမ်ားျဖစ္ေပၚေနခ်ိန္တြင္ စစ္တပ္မ႑ပ္၌ သြားေရာက္ေဖ်ာ္ေျဖခဲ့သည့္ သ႐ုပ္ေဆာင္ ပိုင္တံခြန္၊ အဆိုေတာ္ G Fatt တို႔ႏွင့္ လက္ တြဲ၍ အလုပ္ဆက္မလုပ္ရန္ Samsung ကုမၸဏီအား ျပည္သူမ်ားက လူမႈကြန္ရက္တြင္ ဝိုင္းဝန္းေတာင္းဆိုလ်က္ရွိသည္။

သၾကၤန္အႀကိဳေန႔တြင္ ေနျပည္ေတာ္ စစ္႐ုံးခ်ဳပ္မ႑ပ္၌ ပိုင္တံခြန္ႏွင့္ G Fatt တို႔ သြားေရာက္ ေဖ်ာ္ေျဖခဲ့ၾကသျဖင့္ စစ္အာဏာရွင္ကို မလိုလားသည့္ ျပည္သူမ်ားၾကား ေဝ ဖန္ရႈတ္ခ်မႈမ်ား ျဖစ္ေပၚလာခဲ့ျခင္း ျဖစ္သည္။

ေတာင္းဆိုၾကသူမ်ား Samsung ကုန္ပစၥည္းေၾကညာသည့္ ပို႔စ္မ်ား​ေအာက္တြင္ မွတ္ခ်က္ေပးထားၾကၿပီး လိုက္ေလ်ာျခင္းမရွိပါက Samsung ထုတ္ကုန္မ်ားကို သပိတ္ေမွာက္ (Boycott) မည္ ျဖစ္ေၾကာင္း ေျပာဆိုထားၾကသည္။

သုံးစြဲသူတဦးက “Samsung ထုတ္ကုန္မ်ားကို အၿမဲ သုံးစြဲသူျဖစ္ပါတယ္။ သုံးစြဲသူေတြဘက္က ရပ္တည္ေပးတဲ့အေနနဲ႔ ေက်းဇူးျပဳ၍ လက္တြဲျဖဳတ္ေပးပါ။ မဟုတ္ရင္ Boycott လုပ္ရပါလိမ့္မယ္။ ျပည္သူ႔ဆႏၵကို လိုက္ေလ်ာေပးပါ” ဟု မွတ္ခ်က္ေပးထားသည္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဒီမိုကေရစီလိုလားသူ မ်ားက စစ္တပ္ ဝင္ေငြမရေစေရး စစ္တပ္ပိုင္ ထုတ္ကုန္မ်ားကို မသုံးစြဲရန္၊ စစ္တပ္ထုတ္ကုန္ပစၥည္းမ်ားကို ေၾက ညာေပးသည့္ အႏုပညာရွင္မ်ား၊ ျပည္သူဘက္မွ မရပ္ တည္သည့္ အႏုပညာရွင္မ်ားကိုပါ သပိတ္ေမွာက္မႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

ျပည္သူႏွင့္အတူ မရပ္တည္သည့္ အႏုပညာရွင္မ်ားကိုသပိတ္ေမွာက္ၾကရာ၌ စိုင္းစိုင္းခမ္းလႈိင္ သည္လည္း Boycott ျပဳလုပ္ခံရၿပီး G-SHOCK, NESCAFE, Decolgen တို႔က Brand Ambassador အျဖစ္မွ ရပ္နားေၾကာင္း ထုတ္ျပန္ေၾကညာသည္အထိ ျဖစ္ေပၚခဲ့သည္။

ယခင္ကလည္း ျဖဴျဖဴေထြးသည္ ျပည္သူႏွင့္အတူ ရပ္ တည္ရန္ ပ်က္ကြက္မႈေၾကာင့္ သပိတ္ေမွာက္ ေတာင္းဆိုခဲ့ သျဖင့္ ဆမ္ေဆာင္းအပါအဝင္ လုပ္ငန္းေပါင္း၂၀ ေက်ာ္က ျဖဴျဖဴေထြးႏွင့္ လက္တြဲျဖဳတ္ခဲ့ၾကသည္။
crd

Unicode
ဆမ်ဆောင်းကုမ္ပဏီအား ပိုင်တံခွန်၊ G Fatt တို့နှင့် လက်တွဲဖြုတ်ရန် တောင်းဆိုမှုများ ရှိလာ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ သေကြေပျက်စီးမှုများဖြစ်ပေါ်နေချိန်တွင် စစ်တပ်မဏ္ဍပ်၌ သွားရောက်ဖျော်ဖြေခဲ့သည့် သရုပ်ဆောင် ပိုင်တံခွန်၊ အဆိုတော် G Fatt တို့နှင့် လက် တွဲ၍ အလုပ်ဆက်မလုပ်ရန် Samsung ကုမ္ပဏီအား ပြည်သူများက လူမှုကွန်ရက်တွင် ဝိုင်းဝန်းတောင်းဆိုလျက်ရှိသည်။

သင်္ကြန်အကြိုနေ့တွင် နေပြည်တော် စစ်ရုံးချုပ်မဏ္ဍပ်၌ ပိုင်တံခွန်နှင့် G Fatt တို့ သွားရောက် ဖျော်ဖြေခဲ့ကြသဖြင့် စစ်အာဏာရှင်ကို မလိုလားသည့် ပြည်သူများကြား ဝေ ဖန်ရှုတ်ချမှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

တောင်းဆိုကြသူများ Samsung ကုန်ပစ္စည်းကြေညာသည့် ပို့စ်များ​အောက်တွင် မှတ်ချက်ပေးထားကြပြီး လိုက်လျောခြင်းမရှိပါက Samsung ထုတ်ကုန်များကို သပိတ်မှောက် (Boycott) မည် ဖြစ်ကြောင်း ပြောဆိုထားကြသည်။

သုံးစွဲသူတဦးက “Samsung ထုတ်ကုန်များကို အမြဲ သုံးစွဲသူဖြစ်ပါတယ်။ သုံးစွဲသူတွေဘက်က ရပ်တည်ပေးတဲ့အနေနဲ့ ကျေးဇူးပြု၍ လက်တွဲဖြုတ်ပေးပါ။ မဟုတ်ရင် Boycott လုပ်ရပါလိမ့်မယ်။ ပြည်သူ့ဆန္ဒကို လိုက်လျောပေးပါ” ဟု မှတ်ချက်ပေးထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီလိုလားသူ များက စစ်တပ် ဝင်ငွေမရစေရေး စစ်တပ်ပိုင် ထုတ်ကုန်များကို မသုံးစွဲရန်၊ စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ကြေ ညာပေးသည့် အနုပညာရှင်များ၊ ပြည်သူဘက်မှ မရပ် တည်သည့် အနုပညာရှင်များကိုပါ သပိတ်မှောက်မှုများ ပြုလုပ်ခဲ့ကြသည်။

ပြည်သူနှင့်အတူ မရပ်တည်သည့် အနုပညာရှင်များကိုသပိတ်မှောက်ကြရာ၌ စိုင်းစိုင်းခမ်းလှိုင် သည်လည်း Boycott ပြုလုပ်ခံရပြီး G-SHOCK, NESCAFE, Decolgen တို့က Brand Ambassador အဖြစ်မှ ရပ်နားကြောင်း ထုတ်ပြန်ကြေညာသည်အထိ ဖြစ်ပေါ်ခဲ့သည်။

ယခင်ကလည်း ဖြူဖြူထွေးသည် ပြည်သူနှင့်အတူ ရပ် တည်ရန် ပျက်ကွက်မှုကြောင့် သပိတ်မှောက် တောင်းဆိုခဲ့ သဖြင့် ဆမ်ဆောင်းအပါအဝင် လုပ်ငန်းပေါင်း၂၀ ကျော်က ဖြူဖြူထွေးနှင့် လက်တွဲဖြုတ်ခဲ့ကြသည်။
crd

Be the first to comment

Leave a Reply

Your email address will not be published.


*