တစ္ႏိုင္ငံလုံး မီးပုံမွန္ မလာေသာ္လည္း ေနျပည္ေတာ္မွာေတာ့ လွ်ပ္စစ္ကားေတြအတြက္ အားသြင္းစခန္း တည္ေဆာက္ေန ဆီဆိုင္ေတြမွာလည္း Chargerမ်ားတပ္ဆင္ရန္ ၫႊန္ၾကားထား
ဇန္နဝါရီ ၂၅
ေနျပည္ေတာ္မွာ လွ်ပ္စစ္ကားေတြအတြက္ အားသြင္းစခန္း တစ္ခု တည္ေဆာက္ေနၿပီး စက္သုံးဆီ အေရာင္းဆိုင္ေတြ အကုန္လုံးမွာလည္း လွ်ပ္စစ္ကား အားသြင္းစနစ္ (Charger)မ်ားတပ္ဆင္ရန္ေရနံထြက္ပစၥည္းႀကီးၾကပ္စစ္ေဆးေရးဦးစီးဌာန(PPRD) က အေၾကာင္းၾကားတယ္လို႔ သိရပါတယ္။
ေနျပည္ေတာ္ သေျပကုန္းေဈး ေရွ႕ရွိ ယခင္က ဘတ္စ္ကားမွတ္တိုင္အျဖစ္ လ်ာထားသတ္မွတ္ခဲ့တဲ့ေနရာကို MG ကားကုမၸဏီက လွ်ပ္စစ္ကားအားသြင္းစရာ ေနရာအျဖစ္ စတင္ေဆာက္လုပ္ေနတာပါ။
လက္ရွိမွာ ရန္ကုန္ၿမိဳ႕တြင္းက စက္သုံးဆီဆိုင္ေတြနဲ႔ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးေပၚက ဆီဆိုင္တခ်ိဳ႕မွာ လွ်ပ္စစ္ကား အားသြင္းစနစ္ (Charger)တပ္ဆင္ဖို႔ ၫႊန္ၾကားထားပါတယ္။
ၿပီးခဲ့တဲ့ဇန္နဝါရီ ၂၀ ရက္က ထုတ္ျပန္ခ်က္မွာေတာ့ 60 kW Charger မ်ားကို သင့္ေတာ္သည့္ စက္သုံးဆီအေရာင္းဆိုင္မ်ားတြင္ ထားရွိရမယ္လို႔ ေဖာ္ျပပါရွိပါတယ္။
crd
Unicode
တစ်နိုင်ငံလုံး မီးပုံမှန် မလာသော်လည်း နေပြည်တော်မှာတော့ လျှပ်စစ်ကားတွေအတွက် အားသွင်းစခန်း တည်ဆောက်နေ ဆီဆိုင်တွေမှာလည်း Chargerများတပ်ဆင်ရန် ညွှန်ကြားထား
ဇန်နဝါရီ ၂၅
နေပြည်တော်မှာ လျှပ်စစ်ကားတွေအတွက် အားသွင်းစခန်း တစ်ခု တည်ဆောက်နေပြီး စက်သုံးဆီ အရောင်းဆိုင်တွေ အကုန်လုံးမှာလည်း လျှပ်စစ်ကား အားသွင်းစနစ် (Charger)များတပ်ဆင်ရန်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန(PPRD) က အကြောင်းကြားတယ်လို့ သိရပါတယ်။
နေပြည်တော် သပြေကုန်းဈေး ရှေ့ရှိ ယခင်က ဘတ်စ်ကားမှတ်တိုင်အဖြစ် လျာထားသတ်မှတ်ခဲ့တဲ့နေရာကို MG ကားကုမ္ပဏီက လျှပ်စစ်ကားအားသွင်းစရာ နေရာအဖြစ် စတင်ဆောက်လုပ်နေတာပါ။
လက်ရှိမှာ ရန်ကုန်မြို့တွင်းက စက်သုံးဆီဆိုင်တွေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်က ဆီဆိုင်တချို့မှာ လျှပ်စစ်ကား အားသွင်းစနစ် (Charger)တပ်ဆင်ဖို့ ညွှန်ကြားထားပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ချက်မှာတော့ 60 kW Charger များကို သင့်တော်သည့် စက်သုံးဆီအရောင်းဆိုင်များတွင် ထားရှိရမယ်လို့ ဖော်ပြပါရှိပါတယ်။

Leave a Reply