တ႐ုတ္ထုတ္ လွ်ပ္စစ္ကားအစီး ၄၀ ကို ရန္ကုန္နဲ႔ေနျပည္ေတာ္မွာ Taxiအျဖစ္ အစမ္းေျပးဆြဲသြားမည္

တ႐ုတ္ထုတ္ လွ်ပ္စစ္ကားအစီး ၄၀ ကို ရန္ကုန္နဲ႔ေနျပည္ေတာ္မွာ Taxiအျဖစ္ အစမ္းေျပးဆြဲသြားမည္

လွ်ပ္စစ္ကားေတြ Taxiအျဖစ္ေျပးဆြဲမယ့္အေပၚ အငွားယာဥ္ေမာင္းသမားအခ်ိဳ႕ ဘာေတြသုံးသပ္ၾကလဲ
ဇန္နဝါရီ ၂၆ – ၂၀၂၃
GG(VOM)

ျပည္ပကေန တင္သြင္းလာတဲ့ တ႐ုတ္ေမာ္ေတာ္ယာဥ္ကုမၸဏီ BYD Auto က ထုတ္လုပ္တဲ့ E2 အမ်ိဳးအစား လွ်ပ္စစ္ကားအစီး ၄၀ ကို ရန္ကုန္နဲ႔ေနျပည္ေတာ္မွာ Taxiအျဖစ္ အစမ္းေျပးဆြဲသြားမယ္လို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းက ထုတ္ျပန္ထားတာကို ေတြ႕ရပါတယ္။

“အစီး ၄၀ ေလာက္နဲ႔ဘာမွမျဖစ္ေသးဘူး ၊ ေနာက္ၿပီးေစ်းက ၇၀၀ ဆိုေတာ့ ဝယ္ဖို႔မလြယ္ဘူး ဒီမွာက သိန္း ၆၀၀ ေက်ာ္ ၇၀၀ နီးပါး ကားဝယ္စီးႏိုင္တဲ့သူက အေတာ္အသင့္ ခ်မ္းသာတဲ့ သူေဌးစာရင္းဝင္ေနၿပီ ။အဲ့ဒီ​ေတာ့ သိန္း ၆၀၀ ေက်ာ္နဲ႔ ကားဝယ္ႏိုင္တဲ့လူက Taxi ေမာင္းမွာမဟုတ္သလို သိန္း ၆၀၀ ေက်ာ္တန္ကားကို အုံနာ‌ေၾကး ယူၿပီး Taxi အျဖစ္ေပးထားမွာလည္း မဟုတ္ဘူး”လို႔ အငွားယာဥ္ေမာင္းတဦးကေျပာပါတယ္။

ေနာက္ထပ္ အငွားယာဥ္ေမာင္တဦးကလည္း “အငွား ကားေမာင္းမယ့္သူေတြက ဝယ္တာထက္ အုံနာေၾကးေပးၿပီးေမာင္းရမယ့္သူက မ်ားတယ္။ဒီေတာ့ ကားတင္သြင္းတဲ့ကုမၸဏီအေနနဲ႔ ျပန္ငွားမွ ဒီလွ်ပ္စစ္ကားေတြက တြင္က်ယ္လာမယ္၊ငွားတဲ့ေနရာမွာလည္း ေစ်းႏူန္းကရွိေသးတယ္၊ ဂက္စ္နဲ႔ ဆီကားထက္ အုံနာေၾကး အမ်ားႀကီးပိုေနရင္လည္း အလုပ္မျဖစ္ဘူး၊ မရွိလို႔ အငွားကားေမာင္းၾကတာပါ ” လို႔ ေျပာပါတယ္။

ဒါေၾကာင့္ လက္ရွိေျပးဆြဲေနတဲ့ ဂက္စ္၊ ဆီကား Taxi အေရအတြက္နဲ႔အညီ လွ်ပ္စစ္ကားေတကို အငွားစနစ္နဲ႔ ခ်ေပးၿပီး ေျပးဆြဲေပးႏိုင္မွသာ အတိုင္းအတာ တခုအထိ ေျပာင္းလဲမႈရွိႏိုင္မွာျဖစ္တယ္လို႔ Taxi သမားအခ်ိဳ႕ရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

လွ်ပ္စစ္ကားေတြကို လက္ရွိ ဆီကားေတြ အငွားေစ်းႏူန္းအတိုင္းသာ ငွားရမ္းေမာင္းႏွင္ခြင့္ရမယ္ဆိုရင္ အငွားယာဥ္ေမာင္းေတြအတြက္ အဆင္ေျပသလို စီးနင္းမယ့္ခရီးသည္ေတြအတြက္လည္း သင့္တင့္တဲ့ေစ်းႏူန္း နဲ႔ သက္ေတာင့္သက္သာ စီးနင္းႏိုင္မွာျဖစ္တယ္လို႔ ေျပာပါတယ္။

“လွ်ပ္စစ္ကားကို ဇိမ္နဲ႔စီးရလို႔ဆိုၿပီး ၃၀၀၀ တန္ ခရီးကို ၅၀၀၀ ဘယ္သူမွမေပးပါဘူး၊ကားက အရင္းအႏွီးႀကီးတာဆိုေတာ့ အသင္းအဖြဲ႕ေတြ စုေပါင္းဖြဲ႕စည္းလုပ္ရင္ေတာ့ တမ်ိဳးေပါ့။မဟုတ္ရင္ေတာ့ အဆင္မေျပပါဘူး ၊ လွ်ပ္စစ္မီးကလည္း မမွန္ဘူး”လို႔ ေနာက္ထပ္ Taxi အငွားယာဥ္ေမာင္းသူတဦးက သုံးသပ္ပါတယ္။

လွ်ပ္စစ္ကားေတြအတြက္ အားသြင္းစခန္း(Charging station)ေတြ အမ်ားႀကီးလိုအပ္သလို ၊ အဖြဲ႕အစည္းေတြနဲ႔ အစိုးရဌာနေတြ ပူးေပါင္းေဆာင္႐ြက္ဖို႔လည္း လိုအပ္တယ္လို႔ သုံးသပ္ၾကပါတယ္။

” အုံနာကလည္း သိန္း ၇၀၀နီးနီး ရင္းရမယ္ဆိုေတာ့ ေန႔တြက္ေၾကး ဘယ္ေလာက္ေလာက္ျဖစ္မလဲ ၊ ဘဏ္တိုး ထားရင္ေတာင္ တလ ၄ သိန္းေလာက္ရေနမယ္၊အဲ့ဒီလိုမဟုတ္ဘဲ တစ္က်ပ္တိုးနဲ႔ အျပင္ကိုေပးထားရင္ေတာင္ တစ္လ ၇သိန္းရမယ္၊ အုံနာအေနနဲ႔ သိန္း ၇၀၀ရင္းၿပီး ကားဆြဲ၊ ျပန္ေရာင္းတဲ့အခါက်ရင္ေရာ အရင္းျပန္ရႏိုင္ပါ့မလား၊ ဘယ္သူက ျပန္ဝယ္ေပးမွာလဲ”လို႔ ေနာက္ထပ္ အငွားယာဥ္ေမာင္းကေျပာပါတယ္။

အမ်ိဳးသားအဆင့္ ဦးေဆာင္ေကာ္မတီကေတာ့ လွ်ပ္စစ္ကားေတြကို ရန္ကုန္ေလဆိပ္အေျချပဳနဲ႔ NPK Motors တင္သြင္းတဲ့ (၁၀)စီးကို သေျပကုန္ေဈး(ေနျပည္ေတာ္)အေျချပဳ တကၠစီယာဥ္ေတြအျဖစ္ ေျပးဆြဲမွာျဖစ္ၿပီး ကနဦးေရွ႕ေျပးစီမံကိန္းကာလကို ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္အထိ သတ္မွတ္ထားတယ္လို႔သိရပါတယ္။

လက္ရွိမွာေတာ့ ကုမၸဏီေတြအေနနဲ႔ လွ်ပ္စစ္ကားေတြ တင္သြင္းထုတ္လုပ္ႏိုင္ေရး၊ Charging Station ေတြ တည္ေဆာက္ႏိုင္ေရးနဲ႔ After Sale Services လုပ္ငန္းေတြ ေဆာင္႐ြက္ႏိုင္ေရးတို႔ကို ညႇိႏႈိင္းေဆြးေႏြးၿပီး ခြင့္ျပဳေပးေနတယ္လို႔ သိရပါတယ္။

CRD
#voiceofmyanmar #VOM #လွ်ပ္စစ္ကား #Taxi #အငွားယာဥ္ေမာင္းသမားေတြသုံးသပ္ခ်က္

Unicode
တရုတ်ထုတ် လျှပ်စစ်ကားအစီး ၄၀ ကို ရန်ကုန်နဲ့နေပြည်တော်မှာ Taxiအဖြစ် အစမ်းပြေးဆွဲသွားမည်

လျှပ်စစ်ကားတွေ Taxiအဖြစ်ပြေးဆွဲမယ့်အပေါ် အငှားယာဥ်မောင်းသမားအချို့ ဘာတွေသုံးသပ်ကြလဲ
ဇန်နဝါရီ ၂၆ – ၂၀၂၃
GG(VOM)

ပြည်ပကနေ တင်သွင်းလာတဲ့ တရုတ်မော်တော်ယာဉ်ကုမ္ပဏီ BYD Auto က ထုတ်လုပ်တဲ့ E2 အမျိုးအစား လျှပ်စစ်ကားအစီး ၄၀ ကို ရန်ကုန်နဲ့နေပြည်တော်မှာ Taxiအဖြစ် အစမ်းပြေးဆွဲသွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

“အစီး ၄၀ လောက်နဲ့ဘာမှမဖြစ်သေးဘူး ၊ နောက်ပြီးစျေးက ၇၀၀ ဆိုတော့ ဝယ်ဖို့မလွယ်ဘူး ဒီမှာက သိန်း ၆၀၀ ကျော် ၇၀၀ နီးပါး ကားဝယ်စီးနိုင်တဲ့သူက အတော်အသင့် ချမ်းသာတဲ့ သူဌေးစာရင်းဝင်နေပြီ ။အဲ့ဒီ​တော့ သိန်း ၆၀၀ ကျော်နဲ့ ကားဝယ်နိုင်တဲ့လူက Taxi မောင်းမှာမဟုတ်သလို သိန်း ၆၀၀ ကျော်တန်ကားကို အုံနာ‌ကြေး ယူပြီး Taxi အဖြစ်ပေးထားမှာလည်း မဟုတ်ဘူး”လို့ အငှားယာဥ်မောင်းတဦးကပြောပါတယ်။

နောက်ထပ် အငှားယာဥ်မောင်တဦးကလည်း “အငှား ကားမောင်းမယ့်သူတွေက ဝယ်တာထက် အုံနာကြေးပေးပြီးမောင်းရမယ့်သူက များတယ်။ဒီတော့ ကားတင်သွင်းတဲ့ကုမ္ပဏီအနေနဲ့ ပြန်ငှားမှ ဒီလျှပ်စစ်ကားတွေက တွင်ကျယ်လာမယ်၊ငှားတဲ့နေရာမှာလည်း စျေးနူန်းကရှိသေးတယ်၊ ဂက်စ်နဲ့ ဆီကားထက် အုံနာကြေး အများကြီးပိုနေရင်လည်း အလုပ်မဖြစ်ဘူး၊ မရှိလို့ အငှားကားမောင်းကြတာပါ ” လို့ ပြောပါတယ်။

ဒါကြောင့် လက်ရှိပြေးဆွဲနေတဲ့ ဂက်စ်၊ ဆီကား Taxi အရေအတွက်နဲ့အညီ လျှပ်စစ်ကားတေကို အငှားစနစ်နဲ့ ချပေးပြီး ပြေးဆွဲပေးနိုင်မှသာ အတိုင်းအတာ တခုအထိ ပြောင်းလဲမှုရှိနိုင်မှာဖြစ်တယ်လို့ Taxi သမားအချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

လျှပ်စစ်ကားတွေကို လက်ရှိ ဆီကားတွေ အငှားစျေးနူန်းအတိုင်းသာ ငှားရမ်းမောင်းနှင်ခွင့်ရမယ်ဆိုရင် အငှားယာဥ်မောင်းတွေအတွက် အဆင်ပြေသလို စီးနင်းမယ့်ခရီးသည်တွေအတွက်လည်း သင့်တင့်တဲ့စျေးနူန်း နဲ့ သက်တောင့်သက်သာ စီးနင်းနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

“လျှပ်စစ်ကားကို ဇိမ်နဲ့စီးရလို့ဆိုပြီး ၃၀၀၀ တန် ခရီးကို ၅၀၀၀ ဘယ်သူမှမပေးပါဘူး၊ကားက အရင်းအနှီးကြီးတာဆိုတော့ အသင်းအဖွဲ့တွေ စုပေါင်းဖွဲ့စည်းလုပ်ရင်တော့ တမျိုးပေါ့။မဟုတ်ရင်တော့ အဆင်မပြေပါဘူး ၊ လျှပ်စစ်မီးကလည်း မမှန်ဘူး”လို့ နောက်ထပ် Taxi အငှားယာဥ်မောင်းသူတဦးက သုံးသပ်ပါတယ်။

လျှပ်စစ်ကားတွေအတွက် အားသွင်းစခန်း(Charging station)တွေ အများကြီးလိုအပ်သလို ၊ အဖွဲ့အစည်းတွေနဲ့ အစိုးရဌာနတွေ ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ သုံးသပ်ကြပါတယ်။

” အုံနာကလည်း သိန်း ၇၀၀နီးနီး ရင်းရမယ်ဆိုတော့ နေ့တွက်ကြေး ဘယ်လောက်လောက်ဖြစ်မလဲ ၊ ဘဏ်တိုး ထားရင်တောင် တလ ၄ သိန်းလောက်ရနေမယ်၊အဲ့ဒီလိုမဟုတ်ဘဲ တစ်ကျပ်တိုးနဲ့ အပြင်ကိုပေးထားရင်တောင် တစ်လ ၇သိန်းရမယ်၊ အုံနာအနေနဲ့ သိန်း ၇၀၀ရင်းပြီး ကားဆွဲ၊ ပြန်ရောင်းတဲ့အခါကျရင်ရော အရင်းပြန်ရနိုင်ပါ့မလား၊ ဘယ်သူက ပြန်ဝယ်ပေးမှာလဲ”လို့ နောက်ထပ် အငှားယာဥ်မောင်းကပြောပါတယ်။

အမျိုးသားအဆင့် ဦးဆောင်ကော်မတီကတော့ လျှပ်စစ်ကားတွေကို ရန်ကုန်လေဆိပ်အခြေပြုနဲ့ NPK Motors တင်သွင်းတဲ့ (၁၀)စီးကို သပြေကုန်ဈေး(နေပြည်တော်)အခြေပြု တက္ကစီယာဉ်တွေအဖြစ် ပြေးဆွဲမှာဖြစ်ပြီး ကနဦးရှေ့ပြေးစီမံကိန်းကာလကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ သတ်မှတ်ထားတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ကုမ္ပဏီတွေအနေနဲ့ လျှပ်စစ်ကားတွေ တင်သွင်းထုတ်လုပ်နိုင်ရေး၊ Charging Station တွေ တည်ဆောက်နိုင်ရေးနဲ့ After Sale Services လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးပြီး ခွင့်ပြုပေးနေတယ်လို့ သိရပါတယ်။

CRD
#voiceofmyanmar #VOM #လျှပ်စစ်ကား #Taxi #အငှားယာဥ်မောင်းသမားတွေသုံးသပ်ချက်

Be the first to comment

Leave a Reply

Your email address will not be published.


*