
ထိုင္းသၾကၤန္ပြဲေတာ္ကို ကမာၻ႔အေမြအႏွစ္စာရင္းတင္ရန္ ကနဦးအဆိုျပဳခ်က္ ေအာင္ျမင္
ဗန္ေကာက္၊ ဇန္နဝါရီ ၂၅ ရက္၊ ၂၀၂၃
စုန္ကရန္(Songkran)လို႔ လူသိမ်ားတဲ့ ထိုင္းေရသဘင္ပြဲေတာ္ကို ကမာၻ႔အေမြအႏွစ္စာရင္းတင္ဖို႔အတြက္ ကနဦးအဆိုျပဳခ်က္ကို ယူနက္စကို (UNSECO) က လက္ခံလိုက္ၿပီလို႔ ထိုင္းသတင္းေတြမွာ ေဝေဝဆာဆာ ေဖာ္ျပထားပါတယ္။
ထိုင္းေရသဘင္ပြဲေတာ္ကို ႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္ (Intangible Cultural Heritage – ICH) အျဖစ္ စားရင္းသြင္းဖို႔အတြက္ Songkran in Thailand, traditional Thai New Year festival နာမည္နဲ႔ အဆိုျပဳခဲ့တာျဖစ္ၿပီး ICH ဟာ ကမာၻ႔အေမြအႏွစ္မဟုတ္ေပမဲ့ ကမာၻ႔အေမြအႏွစ္ (World Heritage site) နဲ႔ ထပ္တူဂုဏ္သိကၡာႀကီးမားတယ္လို႔ ေဖာ္ျပၾကပါတယ္။
Khon အပါအဝင္ Thai Massage နဲ႔ ထိုင္းေတာင္ပိုင္းက ႏိုရာအက တို႔ကို ယူနက္စကိုမွာ ႐ိုးရာယဥ္ေက်း မႈအေမြအႏွစ္အျဖစ္အသိအမွတ္ျပဳခံထားရၿပီျဖစ္တဲ့အတြက္ ထိုင္းေရသဘင္ပြဲေတာ္ဟာ ထိုင္းႏိုင္ငံရဲ႕ ေလးခုေျမာက္ ႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္ ျဖစ္လာႏိုင္ေျခ မ်ားပါတယ္။
ဒါ့အျပင္ ေမြထိုင္း၊ ထိုင္းေဆးေျခာက္၊ ထိုင္းဟင္းလ်ာ၊ သရက္ေကာက္ညင္းအုန္းႏို႔ဆမ္း (Mango Sticky Rice)၊ Phi Ta Khon စတဲ့ ထိုင္း႐ိုးရာယဥ္ေက်းမႈေတြကို ICH စာရင္းတင္သြင္းဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။
ကမာၻ႔အေမြအႏွစ္စာရင္းကေန ၂၀၀၃ ခုႏွစ္မွာ ခြဲထြက္ခဲ့တဲ့ ႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္ကို ထိုင္းႏိုင္ငံ အေနနဲ႔ ၂၀၁၆ ခုႏွစ္မွာ အဖြဲ႕ဝင္ခဲ့တယ္လို႔ သိရပါတယ္။
crd
Photo : Thai News
ပလာတူး
Unicode
ထိုင်းသင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်ရန် ကနဦးအဆိုပြုချက် အောင်မြင်
ဗန်ကောက်၊ ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၃
စုန်ကရန်(Songkran)လို့ လူသိများတဲ့ ထိုင်းရေသဘင်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်ဖို့အတွက် ကနဦးအဆိုပြုချက်ကို ယူနက်စကို (UNSECO) က လက်ခံလိုက်ပြီလို့ ထိုင်းသတင်းတွေမှာ ဝေဝေဆာဆာ ဖော်ပြထားပါတယ်။
ထိုင်းရေသဘင်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage – ICH) အဖြစ် စားရင်းသွင်းဖို့အတွက် Songkran in Thailand, traditional Thai New Year festival နာမည်နဲ့ အဆိုပြုခဲ့တာဖြစ်ပြီး ICH ဟာ ကမ္ဘာ့အမွေအနှစ်မဟုတ်ပေမဲ့ ကမ္ဘာ့အမွေအနှစ် (World Heritage site) နဲ့ ထပ်တူဂုဏ်သိက္ခာကြီးမားတယ်လို့ ဖော်ပြကြပါတယ်။
Khon အပါအဝင် Thai Massage နဲ့ ထိုင်းတောင်ပိုင်းက နိုရာအက တို့ကို ယူနက်စကိုမှာ ရိုးရာယဉ်ကျေး မှုအမွေအနှစ်အဖြစ်အသိအမှတ်ပြုခံထားရပြီဖြစ်တဲ့အတွက် ထိုင်းရေသဘင်ပွဲတော်ဟာ ထိုင်းနိုင်ငံရဲ့ လေးခုမြောက် ရိုးရာယဉ်ကျေးမှုအမွေအနှစ် ဖြစ်လာနိုင်ခြေ များပါတယ်။
ဒါ့အပြင် မွေထိုင်း၊ ထိုင်းဆေးခြောက်၊ ထိုင်းဟင်းလျာ၊ သရက်ကောက်ညင်းအုန်းနို့ဆမ်း (Mango Sticky Rice)၊ Phi Ta Khon စတဲ့ ထိုင်းရိုးရာယဉ်ကျေးမှုတွေကို ICH စာရင်းတင်သွင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ကမ္ဘာ့အမွေအနှစ်စာရင်းကနေ ၂၀၀၃ ခုနှစ်မှာ ခွဲထွက်ခဲ့တဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိုင်းနိုင်ငံ အနေနဲ့ ၂၀၁၆ ခုနှစ်မှာ အဖွဲ့ဝင်ခဲ့တယ်လို့ သိရပါတယ်။
crd
Photo : Thai News
ပလာတူး
Leave a Reply