
သာသနာ့ပုံရိပ္ကို ဆြဲခ်လိုက္ေသာ ရဟန္း ႐ိုက္လိုက္တဲ့ ဓာတ္ပုံ တပုံ (သာသနာက ဒီလိုေတြေတာင္ ႐ုပ္ပ်က္ေနၾကၿပီလား)
ဆြမ္းဆန္ထဲႂကြက္ေခ်းပါစၿမဲ တဲ့၊ ထိုႂကြက္ေခ်းေတြမ်ားလာရင္ ဆြမ္းဆန္ေကာင္းေတြလည္း ႂကြက္ေခ်း နံ႔ နံေနေတာ့မေပါ့။ ပ်က္ေတာ့မေပါ့။ ဆြမ္းဆန္ လို႔သာ အမည္ရွိတာ မည္သူတဦးတေယာက္မွ စားဖို႔ေနေနသာသာ ထိ ခ်င္မယ္ေတာင္မထင္ပါ။
ဒါ့ေၾကာင့္ ႂကြက္ေခ်း မရွိဖို႔ ႂကြက္မရွိေအာင္၊ ႂကြက္မလာႏိုင္ေအာင္ နည္းလမ္းကို ႀကိဳးစား စဥ္းစား ကာကြယ္ၾကရတယ္။ ႂကြက္ေခ်း ထပ္ မပါေအာင္ က်န္ဆြမ္းဆန္သစ္ေတြ မပ်က္ေအာင္ အထားအသိုကအစ ဂ႐ုစိုက္ ဖုံးအုပ္ ထိန္းသိမ္း ေစာင့္ေရွာက္ၾကရတယ္။
ထို႔အတူ သာသနာေတာ္ႀကီးထဲလဲ ႂကြက္ေခ်း ေတြမ်ားမလာဖို႔ ဘယ္သူေတြမွာ တာဝန္ရွိသလဲ၊ ဆြမ္းဆန္သစ္ လို ဝိနည္းက်င့္ႀကံ ၿပီး ပရိယတ္၊ ပဋိပတ္ကို ႀကိဳးစားအားထုတ္ေနၾကေသာ သံဃာ မ်ား ထပ္ မပ်က္ဆီး ရေအာင္ ဘယ္သူေတြမွာ တာဝန္ရွိတာပါလဲ၊
သကၤန္းဝတ္ကို မေျပာနဲ႔ ငရဲႀကီးမယ္ သကၤန္းဝတ္ကို မေျပာနဲ႔ သူ႔ကံနဲ႔သူ စေသာ အေတြးအေခၚ၊ အယူအဆ ေတြ ပိုက္ထားသူေတြ မ်ားလာရင္ သာသနာထဲ သကၤန္းဝတ္ ဆိုရင္ ဒီပုံထဲကလို ေတြ မ်ားလာေတာ့မွာေပါ့။ ခုေတာင္ လူအုပ္ထဲ လူေတြနဲ႔အတူ တိုးဝင္ ၿပီး ပုံ ႐ိုက္တာ ကို ျမင္ေနၾကရၿပီ မဟုတ္ပါလား။
ဘယ္မွာလဲ ရဟန္း တပါးရဲ႕ ဣေျႏၵသိကၡာ၊ လူေတြ ေဝဖန္တာ မခံႏိုင္ရင္ လူေတြလိုမေနပါနဲ႔ အရွင္ဘုရားတို႔ ျမတ္ေသာ သာသနာထဲ ရပ္တည္ေနၿပီးမွ လူေတြက ေထာက္ျပေနၾကရတာ အင္မတန္ ရွက္စရာေကာင္းလွပါတယ္ ဘုရား၊
တန္ဖိုးရွိလွတဲ့ ဘဝ ေလးကို ျဖဴျဖဴစင္စင္နဲ႔ ျပဳျပင္ ေနထိုင္ေတာ္မူၾကပါဘုရား မယဥ္ေက်းရင္ အထင္ေသးခံရမယ္။ ဆရာေတာ္အရွင္ဇနကာဘိဝံသ က ဒကာ ဒကာမေတြေရွ႕မွာ ဣေျႏၵ မရ လွ်ပ္ေပၚေလာ္လီ တဲ့ အမူအရာေတြနဲ႔ အငန္းမရစားၾက ေသာက္ၾက တာကို ေအာက္တန္းစား အမူအက်င့္ ေတြ လို႔ မိန္႔ၾကားခဲ့တယ္ ။
ဒီလို ရဟန္းေတြေၾကာင့္ သာသနာကို လူေတြ အထင္ေသးသြာရမွာ သိပ္စိုးရိမ္ခဲ့ရွာတယ္။ ဒါေတာင္ လူေတြေရွ႕ပရမ္းပတာ စားၾက ေသာက္ၾကတာကို ေအာက္တန္းစား အမူအက်င့္လို႔ မိန္႔ခဲ့တာေနာ္။ ပုံထဲကလို အျပဳအမူ ကိုဆို ဘယ္လို မိန္႔လိုက္မလဲ မသိ။
ဣေျႏၵ မေစာင့္စည္းမႈ၊ စည္းကမ္းပရမ္းပတာ ျဖစ္မူ႔ေတြဟာ သာသနာအတြက္ ဘယ္ေလာက္ နစ္နာ သလဲ။ စဥ္းစားၾကပါ။ ခုလို လူေတာထဲ မင္းသမီးျမင္တာနဲ႔ တိုးေဝွ႔ ဓါတ္ပုံ႐ိုက္႐ုံတင္မက၊ လက္ေမာင္းကိုပါ ထိကာ ကိုင္ကာ ျပဳမူ တာသည္ သိပ္တန္းက်သလို သာသနာကို လည္း ထိခိုက္ေနတာ မသိတာ အဆိုးဆုံးပါပဲ။ ဒါမ်ိဳးကမွ သာသနာ့ပုံရိပ္ကို ဆြဲခ် ေနတာေတြထဲက တခုပဲ။
လူေတြရဲ႕ အထင္အျမင္ေသးခံရ တဲ့အျပင္ အျမင့္ျမတ္ဆုံး ၊ အယဥ္ေက်းဆုံး၊ အႀကီးက်ယ္ဆုံးေသာ ပါရမီသခင္ ဘုရားရွင္ ရဲ႕ သာသနာကို ထိုပုဂၢိဳလ္ မ်ိဳးေတြရဲ႕ အမူအက်င့္ က တျဖည္းျဖည္းနဲ႔ ဝါးမ်ိဳ ေမွးမွိန္ ေစတာကို ေၾကာင့္ၾကမဲ့၊ ၾကည့္ေနၾကေတာ့မွာလား။
မေနသင့္ပါဘူး ႂကြက္ေခ်းေတြ မ်ားမလာဖို႔ သာသနာ့ ဝန္ထမ္း တိုင္းမွာ လူ ပုဂၢိဳလ္တိုင္းမွာ တာဝန္ကိုယ္စီရွိပါတယ္။ သာသနာ့အက်ိဳး၊ ထို ပုဂၢိဳလ္အတြက္ ေကာင္းက်ိဳး ေမွ်ာ္ကိုးၿပီး၊ ျပဳျပင္ ကာကြယ္ၾကရမွာပါ။ ျပဳျပင္ကာကြယ္ ေစာင့္ေရွာက္ၾကပါရွင္။
အရွင္ဇနကာဘိဝံသ တစ္ဘဝသာသနာ ( စာ ၄၆၅- ၄၆၆ – ၄၆၇) မွ စာသားတခ်ိဳ႕ အား မွီျငမ္း ကူးယူ ျဖည့္စြက္ ေရးသားပါသည္။ မေအးပု။ (မူရင္းေရးသားသူအား ေလးစားမႈျဖင့္)
Unicode
သာသနာ့ပုံရိပ်ကို ဆွဲချလိုက်သော ရဟန်း ရိုက်လိုက်တဲ့ ဓာတ်ပုံ တပုံ (သာသနာက ဒီလိုတွေတောင် ရုပ်ပျက်နေကြပြီလား)
ဆွမ်းဆန်ထဲကြွက်ချေးပါစမြဲ တဲ့၊ ထိုကြွက်ချေးတွေများလာရင် ဆွမ်းဆန်ကောင်းတွေလည်း ကြွက်ချေး နံ့ နံနေတော့မပေါ့။ ပျက်တော့မပေါ့။ ဆွမ်းဆန် လို့သာ အမည်ရှိတာ မည်သူတဦးတယောက်မှ စားဖို့နေနေသာသာ ထိ ချင်မယ်တောင်မထင်ပါ။
ဒါ့ကြောင့် ကြွက်ချေး မရှိဖို့ ကြွက်မရှိအောင်၊ ကြွက်မလာနိုင်အောင် နည်းလမ်းကို ကြိုးစား စဉ်းစား ကာကွယ်ကြရတယ်။ ကြွက်ချေး ထပ် မပါအောင် ကျန်ဆွမ်းဆန်သစ်တွေ မပျက်အောင် အထားအသိုကအစ ဂရုစိုက် ဖုံးအုပ် ထိန်းသိမ်း စောင့်ရှောက်ကြရတယ်။
ထို့အတူ သာသနာတော်ကြီးထဲလဲ ကြွက်ချေး တွေများမလာဖို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲ၊ ဆွမ်းဆန်သစ် လို ဝိနည်းကျင့်ကြံ ပြီး ပရိယတ်၊ ပဋိပတ်ကို ကြိုးစားအားထုတ်နေကြသော သံဃာ များ ထပ် မပျက်ဆီး ရအောင် ဘယ်သူတွေမှာ တာဝန်ရှိတာပါလဲ၊
သင်္ကန်းဝတ်ကို မပြောနဲ့ ငရဲကြီးမယ် သင်္ကန်းဝတ်ကို မပြောနဲ့ သူ့ကံနဲ့သူ စသော အတွေးအခေါ်၊ အယူအဆ တွေ ပိုက်ထားသူတွေ များလာရင် သာသနာထဲ သင်္ကန်းဝတ် ဆိုရင် ဒီပုံထဲကလို တွေ များလာတော့မှာပေါ့။ ခုတောင် လူအုပ်ထဲ လူတွေနဲ့အတူ တိုးဝင် ပြီး ပုံ ရိုက်တာ ကို မြင်နေကြရပြီ မဟုတ်ပါလား။
ဘယ်မှာလဲ ရဟန်း တပါးရဲ့ ဣန္ဒြေသိက္ခာ၊ လူတွေ ဝေဖန်တာ မခံနိုင်ရင် လူတွေလိုမနေပါနဲ့ အရှင်ဘုရားတို့ မြတ်သော သာသနာထဲ ရပ်တည်နေပြီးမှ လူတွေက ထောက်ပြနေကြရတာ အင်မတန် ရှက်စရာကောင်းလှပါတယ် ဘုရား၊
တန်ဖိုးရှိလှတဲ့ ဘဝ လေးကို ဖြူဖြူစင်စင်နဲ့ ပြုပြင် နေထိုင်တော်မူကြပါဘုရား မယဉ်ကျေးရင် အထင်သေးခံရမယ်။ ဆရာတော်အရှင်ဇနကာဘိဝံသ က ဒကာ ဒကာမတွေရှေ့မှာ ဣန္ဒြေ မရ လျှပ်ပေါ်လော်လီ တဲ့ အမူအရာတွေနဲ့ အငန်းမရစားကြ သောက်ကြ တာကို အောက်တန်းစား အမူအကျင့် တွေ လို့ မိန့်ကြားခဲ့တယ် ။
ဒီလို ရဟန်းတွေကြောင့် သာသနာကို လူတွေ အထင်သေးသွာရမှာ သိပ်စိုးရိမ်ခဲ့ရှာတယ်။ ဒါတောင် လူတွေရှေ့ပရမ်းပတာ စားကြ သောက်ကြတာကို အောက်တန်းစား အမူအကျင့်လို့ မိန့်ခဲ့တာနော်။ ပုံထဲကလို အပြုအမူ ကိုဆို ဘယ်လို မိန့်လိုက်မလဲ မသိ။
ဣန္ဒြေ မစောင့်စည်းမှု၊ စည်းကမ်းပရမ်းပတာ ဖြစ်မူ့တွေဟာ သာသနာအတွက် ဘယ်လောက် နစ်နာ သလဲ။ စဉ်းစားကြပါ။ ခုလို လူတောထဲ မင်းသမီးမြင်တာနဲ့ တိုးဝှေ့ ဓါတ်ပုံရိုက်ရုံတင်မက၊ လက်မောင်းကိုပါ ထိကာ ကိုင်ကာ ပြုမူ တာသည် သိပ်တန်းကျသလို သာသနာကို လည်း ထိခိုက်နေတာ မသိတာ အဆိုးဆုံးပါပဲ။ ဒါမျိုးကမှ သာသနာ့ပုံရိပ်ကို ဆွဲချ နေတာတွေထဲက တခုပဲ။
လူတွေရဲ့ အထင်အမြင်သေးခံရ တဲ့အပြင် အမြင့်မြတ်ဆုံး ၊ အယဉ်ကျေးဆုံး၊ အကြီးကျယ်ဆုံးသော ပါရမီသခင် ဘုရားရှင် ရဲ့ သာသနာကို ထိုပုဂ္ဂိုလ် မျိုးတွေရဲ့ အမူအကျင့် က တဖြည်းဖြည်းနဲ့ ဝါးမျို မှေးမှိန် စေတာကို ကြောင့်ကြမဲ့၊ ကြည့်နေကြတော့မှာလား။
မနေသင့်ပါဘူး ကြွက်ချေးတွေ များမလာဖို့ သာသနာ့ ဝန်ထမ်း တိုင်းမှာ လူ ပုဂ္ဂိုလ်တိုင်းမှာ တာဝန်ကိုယ်စီရှိပါတယ်။ သာသနာ့အကျိုး၊ ထို ပုဂ္ဂိုလ်အတွက် ကောင်းကျိုး မျှော်ကိုးပြီး၊ ပြုပြင် ကာကွယ်ကြရမှာပါ။ ပြုပြင်ကာကွယ် စောင့်ရှောက်ကြပါရှင်။
အရှင်ဇနကာဘိဝံသ တစ်ဘဝသာသနာ ( စာ ၄၆၅- ၄၆၆ – ၄၆၇) မှ စာသားတချို့ အား မှီငြမ်း ကူးယူ ဖြည့်စွက် ရေးသားပါသည်။ မအေးပု။ (မူရင်းရေးသားသူအား လေးစားမှုဖြင့်)
Leave a Reply