
ဘာသာသာသနာအတြက္ဆိုရင္ ငါဆင္းေပးမယ္လို႔ ရဲရဲႀကီးမိန႔္ေတာ္မူခဲ့တဲ့ မစိုးရိမ္တိုက္သစ္ဆရာေတာ္ႀကီးရဲ႕ သမိုင္းဝင္စကား….
#ငါဆင္းေပးမယ္ ……
(မစိုးရိမ္တိုက္သစ္ဆရာေတာ္ႀကီး
မိန္႔တာေနာ္ 🤔🤔🤔🤔🤔🤔)
“ဒို႔ မစိုးရိမ္တိုက္ႀကီး ႏွစ္တိုက္က စည္ကမ္းသတ္မွတ္ခ်က္ ျပဳထားတာ တစ္ခု ရွိတယ္ ။ မႏၲေလး သက်သီဟစာေမးပြဲမွာ… စာသင္တန္း စာခ်တန္း ၿပီးသြားရင္… ဒို႔ မစိုးရိမ္မွာ ေက်ာင္းတစ္ေက်ာင္းရဲ႕ နာယကအျဖစ္ အပ္ႏွင္းၿပီးစာခ်ခြင့္ / အုပ္ခ်ဳပ္ခြင့္ ေပးတယ္ေပါ့ကြာ ။
ဒီေတာ့ ဒို႔မစိုးရိမ္မွာ နာယကျဖစ္ခ်င္ရင္ အသင္းစာေမးပြဲလုပ္ၿပီး သက်သီဟ ” အဘိဝံသ ” ဘြဲ႕ရေအာင္ ႀကိဳးစားၾက ။ မင္းတို႔ ႀကိဳးစားလို႔ ေအာင္ခဲ့ၾကလို႔ နာယကေတြ မ်ားလာလို႔…ေက်ာင္းေပးစရာ မရွိေတာ့ဘူးဆိုရင္..” ငါေနတဲ့တိုက္ေပၚကေန ငါ ဆင္းေပးမယ္ ” ငါက ထန္း႐ြက္တဲ ထိုးၿပီးေတာ့ ေနမယ္ ..”
( ဦးရာဇဓမၼ)
မႏၲေလးမစိုးရိမ္တိုက္သစ္ဆရာေတာ္ဘုရားႀကီး
ငါ ဆင္းေပးမယ္
ငါ ဆင္းေပးမယ္
ငါ ဆင္းေပးမယ္
နားထဲမွာ ပဲ့တင္ထပ္ေနတဲ့ အသံ ။ ဘယ္သူက ဘယ္တပည့္ကမွ မလိုလားတာ မရွိဘူး ။ေနရာက ဖယ္ေပးပါ ဆင္းေပးပါလို႔ ေတာင္းဆိုမွာ မဟုတ္ဖူး ။ သို႔တိုင္ေအာင္… ဆရာေတာ္ဘုရားႀကီးဦးရာဇကေတာ့ မစိုးရိမ္အတြက္ အရည္အခ်င္းျပည့္ဝတဲ့တပည့္မ်ိဳးေတြေပၚေပါက္လာတိုင္း တိုက္တာစည္းမ်ဥ္းအရ ေနရာရဖို႔ အာမခံေတာ္မူခဲ့တယ္ ။ အရည္အခ်င္းျပည့္ဝတဲ့ တပည့္မ်ိဳးေတြ ေပၚေပါက္လာတာမ်ားလို႔ တျခား
ေပးစရာေနရာ မရွိေတာ့ရင္ေတာင္ သူယူထားတဲ့ေနရာက ဆင္းေပးမယ္ဆိုတဲ့အထိ အာမခံေတာ္မူခဲ့တာ ျဖစ္တယ္ ။
ဒါဟာ တိုက္တာအတြက္လို႔ ေျပာလို႔ရသသလို အနယ္နယ္အရပ္ရပ္က လာေရာက္ၿပီး စာေပပညာသင္ၾကားမယ့္ ေသာတုဇနစာသင္သားေတြအတြက္လဲ ျဖစ္ပါတယ္ ။ သာသနာအတြက္ဆိုလဲ မမွားပါဘူး ။
အရည္အခ်င္းျပည့္ဝသူေတြကို ေနရာေပးႏိုင္တာဟာ တိုက္တာဂုဏ္သိကၡာ တိုက္တာတိုးတက္ဖို႔လည္း ရွိပါမယ္ ။ အနယ္နယ္အရပ္ရပ္က လာေရာက္ၿပီး စာေပပညာသင္ၾကားမယ့္ ေသာတုဇနစာသင္သားေတြအားလုံးအရည္အခ်င္းျပည့္ဝတဲ့ဆရာေတြရဲ႕ သင္ၾကားဆုံးမမႈကို ရရွိေစဖို႔နဲ႔
စာသင္သားေတြထဲကပဲ အရည္အခ်င္းျပည့္ဝသူေတြ ထပ္မံေပၚေပါက္လာေစဖို႔လဲ ရွိပါမယ္ ။
အက်ိဳးဆက္အေနနဲ႔ကေတာ့
တိုင္းျပည္အတြက္…ႏိုင္ငံ့အတြက္…လူမ်ိဳးအတြက္
ဘာသာသာသနာအတြက္…..
အဘက္ဘက္ကတိုးတက္ဖို႔
ရွိပါလိမ့္မယ္ ။
မိမိရယူထားတဲ့ ေနရာတစ္ခုကေန အရည္အခ်င္းရွိသူ ျပည့္ဝသူေတြအတြက္ လိုအပ္ရင္ ဆင္းေပးရမယ္ဆိုတဲ့ အေတြးအေခၚအယူအဆ ဆင္းေပးႏိုင္တဲ့စိတ္ဓာတ္နဲ႔ ငါ ဆင္းေပးမယ္ဆိုတဲ့ စကားတစ္ခြန္းကိုဘယ္သူကမွ ဆင္းေပးပါလို႔ မေတာင္းဆိုပါပဲမိန္႔ေတာ္မူခဲ့တဲ့ ဒီလို ေခါင္းေဆာင္ ရွိခဲ့လို႔လဲ မ
စိုးရိမ္ဆိုတာ မစိုးရိမ္ျဖစ္လာခဲ့တာပါပဲ ။
ကိုးကား……
ဩဝါဒကထာ
စာ ၁၈၆ / ၁၈၇
အရွင္နာဂဝံသ
ဓမၼပါရဂူေက်ာင္းသားေဟာင္း
“ဆင္းေပးမယ္”ဆိုတာ မစိုးရိမ္တိုက္သစ္ဆရာေတာ္ႀကီးေနာ္
Unicode
ဘာသာသာသနာအတွက်ဆိုရင် ငါဆင်းပေးမယ်လို့ ရဲရဲကြီးမိန့်တော်မူခဲ့တဲ့ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးရဲ့ သမိုင်းဝင်စကား….
#ငါဆင်းပေးမယ် ……
(မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး
မိန့်တာနော် 🤔🤔🤔🤔🤔🤔)
“ဒို့ မစိုးရိမ်တိုက်ကြီး နှစ်တိုက်က စည်ကမ်းသတ်မှတ်ချက် ပြုထားတာ တစ်ခု ရှိတယ် ။ မန္တလေး သကျသီဟစာမေးပွဲမှာ… စာသင်တန်း စာချတန်း ပြီးသွားရင်… ဒို့ မစိုးရိမ်မှာ ကျောင်းတစ်ကျောင်းရဲ့ နာယကအဖြစ် အပ်နှင်းပြီးစာချခွင့် / အုပ်ချုပ်ခွင့် ပေးတယ်ပေါ့ကွာ ။
ဒီတော့ ဒို့မစိုးရိမ်မှာ နာယကဖြစ်ချင်ရင် အသင်းစာမေးပွဲလုပ်ပြီး သကျသီဟ ” အဘိဝံသ ” ဘွဲ့ရအောင် ကြိုးစားကြ ။ မင်းတို့ ကြိုးစားလို့ အောင်ခဲ့ကြလို့ နာယကတွေ များလာလို့…ကျောင်းပေးစရာ မရှိတော့ဘူးဆိုရင်..” ငါနေတဲ့တိုက်ပေါ်ကနေ ငါ ဆင်းပေးမယ် ” ငါက ထန်းရွက်တဲ ထိုးပြီးတော့ နေမယ် ..”
( ဦးရာဇဓမ္မ)
မန္တလေးမစိုးရိမ်တိုက်သစ်ဆရာတော်ဘုရားကြီး
ငါ ဆင်းပေးမယ်
ငါ ဆင်းပေးမယ်
ငါ ဆင်းပေးမယ်
နားထဲမှာ ပဲ့တင်ထပ်နေတဲ့ အသံ ။ ဘယ်သူက ဘယ်တပည့်ကမှ မလိုလားတာ မရှိဘူး ။နေရာက ဖယ်ပေးပါ ဆင်းပေးပါလို့ တောင်းဆိုမှာ မဟုတ်ဖူး ။ သို့တိုင်အောင်… ဆရာတော်ဘုရားကြီးဦးရာဇကတော့ မစိုးရိမ်အတွက် အရည်အချင်းပြည့်ဝတဲ့တပည့်မျိုးတွေပေါ်ပေါက်လာတိုင်း တိုက်တာစည်းမျဥ်းအရ နေရာရဖို့ အာမခံတော်မူခဲ့တယ် ။ အရည်အချင်းပြည့်ဝတဲ့ တပည့်မျိုးတွေ ပေါ်ပေါက်လာတာများလို့ တခြား
ပေးစရာနေရာ မရှိတော့ရင်တောင် သူယူထားတဲ့နေရာက ဆင်းပေးမယ်ဆိုတဲ့အထိ အာမခံတော်မူခဲ့တာ ဖြစ်တယ် ။
ဒါဟာ တိုက်တာအတွက်လို့ ပြောလို့ရသသလို အနယ်နယ်အရပ်ရပ်က လာရောက်ပြီး စာပေပညာသင်ကြားမယ့် သောတုဇနစာသင်သားတွေအတွက်လဲ ဖြစ်ပါတယ် ။ သာသနာအတွက်ဆိုလဲ မမှားပါဘူး ။
အရည်အချင်းပြည့်ဝသူတွေကို နေရာပေးနိုင်တာဟာ တိုက်တာဂုဏ်သိက္ခာ တိုက်တာတိုးတက်ဖို့လည်း ရှိပါမယ် ။ အနယ်နယ်အရပ်ရပ်က လာရောက်ပြီး စာပေပညာသင်ကြားမယ့် သောတုဇနစာသင်သားတွေအားလုံးအရည်အချင်းပြည့်ဝတဲ့ဆရာတွေရဲ့ သင်ကြားဆုံးမမှုကို ရရှိစေဖို့နဲ့
စာသင်သားတွေထဲကပဲ အရည်အချင်းပြည့်ဝသူတွေ ထပ်မံပေါ်ပေါက်လာစေဖို့လဲ ရှိပါမယ် ။
အကျိုးဆက်အနေနဲ့ကတော့
တိုင်းပြည်အတွက်…နိုင်ငံ့အတွက်…လူမျိုးအတွက်
ဘာသာသာသနာအတွက်…..
အဘက်ဘက်ကတိုးတက်ဖို့
ရှိပါလိမ့်မယ် ။
မိမိရယူထားတဲ့ နေရာတစ်ခုကနေ အရည်အချင်းရှိသူ ပြည့်ဝသူတွေအတွက် လိုအပ်ရင် ဆင်းပေးရမယ်ဆိုတဲ့ အတွေးအခေါ်အယူအဆ ဆင်းပေးနိုင်တဲ့စိတ်ဓာတ်နဲ့ ငါ ဆင်းပေးမယ်ဆိုတဲ့ စကားတစ်ခွန်းကိုဘယ်သူကမှ ဆင်းပေးပါလို့ မတောင်းဆိုပါပဲမိန့်တော်မူခဲ့တဲ့ ဒီလို ခေါင်းဆောင် ရှိခဲ့လို့လဲ မ
စိုးရိမ်ဆိုတာ မစိုးရိမ်ဖြစ်လာခဲ့တာပါပဲ ။
ကိုးကား……
ဩဝါဒကထာ
စာ ၁၈၆ / ၁၈၇
အရှင်နာဂဝံသ
ဓမ္မပါရဂူကျောင်းသားဟောင်း
“ဆင်းပေးမယ်”ဆိုတာ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးနော်
Leave a Reply