
ဘုရားငါးကန္ထဲမွာ ငါးလႊတ္ရင္ ကုသိုလ္ ရတယ္လို႔ ထင္ေနတဲ့သူေတြ ဖတ္ဖို႔…..
ဘုရားငါး
—————
(ကြၽန္ေတာ္ ဒီစာကို ေရးဖိ့ုအတြက္ ေတာ္ေတာ္စဥ္းစားၿပီးမွ ေရးရတာပါ။ ႀကိဳေျပာထားပါမယ္ ကြၽန္ေတာ္ က ဗုဒၶဘာသာ အစစ္ပါ ။ အေဖအေဖ အဖိုးအဖြား ေဆြစဥ္မ်ိဳးဆက္ လုံးဝ ဗုဒၶဘာသာ ကို ကိုးကြယ္လာတဲ့ ဗုဒၶဘာသာ ဝင္တစ္ေယာက္ပါ ။ ဒီစာေရးရင္ ဗုဒၶဘာသာ ေတြက တစ္မ်ိဳးထင္မွာ စိုးလို႔ပါ။) စာေရးသူ ဝူေပါက္ ။
ပထမဆုံး ကြၽန္ေတာ့္ ကိုယ္ ကြၽန္ေတာ္ မိတ္ဆက္ေပးပါရေစ ကြၽန္ေတာ့္ နာမည္က ဘုရားငါး ပါ။ လူေတြကေတာ့ ဘုရားမွာ လႊတ္ဖို႔ဆိုၿပီး ကြၽန္ေတာ္ တို႔ကို ေခ်ာင္းထဲကေနဖမ္းလာတာဗ် ။ ကြၽန္ေတာ္ တို႔ ဆိုတာက ကြၽန္ေတာ္ အပါအဝင္ ကြၽန္တိ့ု ညီအကို ေမာင္ႏွမေတြေပါ့ဗ်ာ ။ ကြၽန္ေတာ္ တို႔က ခင္ဗ်ားတို႔ လူစကားနဲ႔ ေျပာရရင္ေတာ့ လူလားမေျမာက္ေသးတဲ့ အ႐ြယ္ လက္ ႏွစ္ဆစ္သာသာအ႐ြယ္ေလးေတြမွာ ေရာက္လာတာေပါ့ဗ်ာ ။ ငါးလိုေျပာရရင္ ငါးအမယ္မေျမာက္ေသးဘူးေျပာရမလား မသိပါဘူး ။ ငါးအမယ္သာ မစုံေသးသာ ဒုကၡအမယ္ ကေတာ့ စုံၿပီဗ်။ စစခ်င္း အဖမ္းခံရတုံးက ေမာင္ႏွမတစ္ေတြ ခမွ်ာ ခ်က္စားခံရေတာ့မွာ ထင္ၿပီး ေအာ္လိုက္ လူးလိုက္ရတာဗ်ာ ။ တစ္ကိုယ္လုံးလဲ ပြန္းပဲ့ လို႔ပါ။ ေနာက္မွသိ့တယ္ ကြၽန္ေတာ္ တို႔ကိုစားဖို႔မဟုတ္ဖူး ဘုရားမွာ လႊတ္ဖို႔ဖမ္းလာမွန္း။ ေပ်ာ္တာေပါ့ဗ်ာ ဟုတ္တယ္ အစက ေပ်ာ္တာေပါ့ ။ ဘုရားငါးကန္ထဲမွာ ကိုယ့္ကို သတ္စားမဲ့သူလည္း မရွိဘူး အစာလည္း အဆင္သင့္ လူေတြေကြၽးတာ စားယုံပဲ။ ငါးေလာကရဲ႕ နိဗၺာန္ ေလးကို ေရာက္ေတာ့မွာေလ။
ကြၽန္ေတာ္ က ကြၽန္ေတာ့္ ထက္ႀကီးတဲ့ အကိုတစ္ေယာက္ရယ္ ညီႏွစ္ေယာက္ရယ္ ညီမ ႏွစ္ေယာက္ရယ္ နဲ႔ ၆ေကာင္တစ္အုပ္စု ေနတာဗ်။ အကိုႀကီးက ေမြးရာပါ မ်က္မျမင္ပါ။ ညီမ အငယ္ဆုံးေလးကလည္း ေမြးရာပါ ခါးလိမ္ေနေတာ့ သူတို႔ႏွစ္ေယာက္က ပိန္ေနတာေပါ့ဗ်ာ ။ က်န္တဲ့ ကြၽန္ေတာ္တို႔ ၄ ေယာက္ပဲ ဝဝ လွလွေလးေတြေပါ့။ အဖမ္းခံရတုံးက အုပ္စုကြဲသြားၿပီး ဘုရားကစည္ပိုင္းထဲေရာက္မွ ေတာ္ေတာ္ၾကာေအာင္ျပန္ရွာရတယ္ဗ်။
ေနာက္မွ သိရတာက ကြၽန္ေတာ္တို႔ ေရာက္ေနတာ ဘုရားငါးကန္ထဲမွာ မဟုတ္ေသးဘူး အလႉရွင္ေတြလာရင္ ဝယ္ၿပီးလႊတ္ရမဲ့ ငါးအဝယ္ဆိုင္မွာပဲ ရွိေသးတယ္ဗ် ။ အစကေတာ့ အဆင္ေျပမလိုလိုပဲ။ ေနာက္ေတာ့ ငါးေကာင္ေရ အမ်ားႀကီးတိုးလာတယ္ ။ ပိုဆိုးတာက အစာမေႂကြးေတာ့တာပဲဗ် ။ ေရကလည္း မလွယ္ေတာ့ အသက္ရႉရခက္လာတယ္ဗ် ။ အစာလည္းမစားရေတာ့ အားနည္းၿပီးအသက္ရွင္ဖို႔ အသက္ကိုပဲ လုရႉေနရေတာ့တယ္ ေမြးရာပါခါးလိမ္ေနတဲ့ ကြၽန္ေတာ့္ ညီမေလးကေတာ့ အသက္ရွင္ဖို႔ ခပ္ခက္ခက္ျဖစ္ေနၿပီ အသက္ရႉၿပီးရင္ ေအာက္ကို ျမဳတ္ျမဳတ္သြားတာ ေတာ္ေတာ္နဲ႔ ျပန္ေပၚမလာရွာဘူး။ ဘယ္အခ်ိန္ အသက္ပါသြားမလဲပဲ ေစာင့္ၾကည့္ေနရေတာ့တယ္။ သူကိုအားတင္းထားညီမေလးလို႔ ေျပာေနေပမယ့္ သူကေတာ့ မၾကားေတာ့ဘူးနဲ႔တူပါတယ္ ။ ဒီတစ္ေခါက္ေပၚလာၿပီး ညီမေလးေရထဲျပန္မနစ္ေတာ့ပါဘူး ။ သူ ထာဝရ ေရေပၚမွာ ေပၚသြားပါၿပီ။ အသက္လည္း ရႉစရာမလိုေတာ့ပါဘူး။ ခဏအၾကာမွာ ညီမေလးရဲ႕ အေလာင္းကို ဆိုင္ကလူတစ္ေယာက္က လာၿပီး ခပ္ထုပ္လိုက္ပါေတာ့တယ္။
ကြၽန္ေတာ္ တို႔ေမာင္ႏွမေတြလည္း ဝမ္းနည္း ေပမယ့္ မ်က္ရည္မက်ပါဘူး။ ငိုလည္း မငိုတတ္ပါဘူး။ မ်က္လုံးကြယ္ေနတဲ့ အကိုႀကီးကေတာ့ ညီမေလး ရွိေသးတယ္ထင္ၿပီး အားေပးစကား ေျပာေနတုံးပါ။ …………..ငါးကန္ထဲကို အသစ္ေရာက္လာတဲ့ ငါးအသစ္ေတြထဲမွာ ဘုရားငါးကန္ထဲမွာ ေရာက္ၿပီးမွ ျပန္ေရာက္လာတဲ့ ငါးေတြလည္း ပါတယ္ဗ်။ သူတို႔ေျပာတာ ငါးႀကီးေတြ ရွိေတာ့ အစားခံရမွာ ေၾကာက္ၿပီး ကန္အလယ္ကို မသြားရဲပဲ ငါးကန္အစပ္မွာပဲ ေနေနရတာ။ အစာကလည္း ျမစ္ထဲကလို မဟုတ္ဖူး ။ လူေတြလုပ္ထားတဲ့ ေပါင္မုန္႔ ဆိုလားပဲ အဲ့ဒါပဲ စားရတာတဲ့။ အဟာရေတာ့ မရွိဘူးေပါ့ဗ်ာ ဒါေပမဲ့ မေသေအာင္ေတာ့စားေနရတာေပါ့။ စားလို႔လည္း မကုန္ပါဘူး ။ ေပါင္မုန္႔ ေတြ ေရေပၚမွာ ေဘာေလာေပၚေနၿပီး မကုန္တဲ့ ေပါင္မုန္႔ ေတြမွာ မႈိေတြ တက္ၿပီး ေရကလည္း ေရာဂါ ေပါင္းစုံေထာင္းလေမာင္းထေနတာတဲ့။ ကမ္းစပ္ မွာေနေနတဲ့ ငါးေလးေတြကို တစ္ခါျပန္ဖမ္းၿပီး ငါးသိုေလွာင္ကန္ထဲကို ျပန္ဖမ္းထည့္တာပါပဲ။ အဲ့ဒီ့ ကေန ငါးအေရာင္းကန္ထဲ ျပန္ေရာက္ ။ ၿပီးရင္ဘုရားငါးကန္ထဲ ျပန္ေရာက္။ ၿပီးရင္ ငါးသိုေလွာင္ကန္ထဲျပန္ေရာက္နဲ႔ သံသရာ လည္ေနတာပါ ။
ကြၽန္ေတာ္ သိလိုက္ပါၿပီ လူေတြ အတြကိ ကုသိုလ္ ယူတဲ့ ေနရာဟာ ကြၽန္ေတာ္ တို႔ အတြက္ေတာ့ ငရဲဘုံ ဆိုတာကိုေလ။
ကြၽန္ေတာ္တို႔ေရာက္ေနတဲ့ ငါးသိုေလွာင္ကန္ကေန ငါးအေရာင္းကန္ကို တစ္ပတ္ေလာက္ၾကာမွ ေရာက္ပါတယ္။ ကြၽန္ေတာ္တို႔အေရွ႕က ႀကိဳေရာက္ေနတဲ့ ငါးေတြ ေရာင္းလို႔ကုန္မွ ေရာက္တာပါ။ ပိုဆိုးတာက ၂ေပ ၁ေပ ကန္ထဲမွာ ငါးအေကာင္တစ္ရာေလာက္ဘာေအာက္ဆီဂ်င္မွ မပါပဲ စုေနရတာပါ။ မ်က္မျမင္ ကြၽန္ေတာ့္ အကိုႀကီးကေတာ့ ညီမေလးေသသြားတာသိၿပီးထဲက ကြၽန္ေတာ္ တို ေမာင္ႏွမ ေတြ ထပ္ေသမွာကို ေၾကာက္ေနပုံပါ။ သူကိုယ္တိုင္လည္း အစာမစားရ မ်က္လုံးကမျမင္ဆိုေတာ့ အသက္ရႉဖို႔ေတာင္ မနဲ ႐ုန္းကန္ ေနရတာပါ။ သိပ္မၾကာပါဘူး ဝယ္သူေရာက္လာၿပီး ကြၽန္ေတာ္ တို႔ကို ဖမ္းပါေတာ့တယ္။ ကြၽန္ေတာ့္အကိုေတာ့ မပါလာဘူးဗ်။ လူေတြက ပိန္ေနတဲ့ ငါးဆို သိပ္ၿပီး မႀကိဳက္ဖူးနဲ႔တူတယ္ဗ်။ အကိုႀကီးကေတာ့ ကန္ထဲမွာ မျမင္စမ္းတန္းနဲ႔ ကြၽန္ေတာ္ တို႔ကိုေအာ္ေခၚေနမလားပဲ……
ကြၽန္ေတာ္ တို႔ေမာင္ႏွမေလးေကာင္လည္း အခ်င္းခ်င္း မကြဲသြားေအာင္ ဘုရားငါးကန္ထဲက ေထာင့္မွာ ကပ္ေနရပါတယ္ ။ အစာမစားရတာၾကာၿပီ ျဖစ္လို႔ ညီအငယ္တစ္ေကာင္က ငါးစာကိုသြားစားခ်င္ေနပါၿပီ ။ ငါးႀကီးေတြက ငါးၾကင္းေတြဆိုေတာ့ ကြၽန္ေတာ္ တို႔ကို မစားပါဘူး ။ ဒါေပမဲ့ ငါးၾကင္းေတြၾကားထဲမွာ ငါးခူေတြလည္းေရာပါေနေတာ့ အခန္႔မသင့္ရင္ အစားခံရႏိုင္ပါတယ္ ။ ညီအငယ္ေလးက အရဲ ကိုးၿပီး အစာသြားစားပါတယ္။ ငါးၾကင္းႀကီးတစ္ေကာင္ရဲ႕ ပါးစပ္ ထဲဝင္သြားပါေတာ့တယ္ ။ ငါးၾကင္းႀကီးက လည္းငါးေလးေတြကိုမစားေပမဲ့ ေရကေနာက္ၿပီး ေရညႇိအျပည့္နဲ႔ ဆိုေတာ့ ဘာမွမျမင္ရပဲ ပါးစပ္နားနီးသမွ်က္ို ရမ္းၿပီးဝါးစားေနရတာပါ။ ငါးေလးေတြ ပါစပ္ထဲပါလာရင္ ဝါးၾကည့္ၿပီး ငါးမွန္းသိမွ ျပန္ေထြးထုပ္တာ ပါ။ သူျပန္ေထြးထုပ္ေတာ့ ကြၽန္ေတာ့္ ညီေလးက ထက္ပိုင္းက်ိဳးေနပါၿပီ။ က်န္တဲ့ ကြၽန္ေတာ္တို႔ ေမာင္ႏွမ သုံးေကာင္လည္း ကမ္းစပ္ေရတိမ္ေလးကေန ဘယ္မွ မသြားရဲပဲ ကပ္ေနရပါတယ္ ။
ေနာက္ေန႔ မွာကြၽန္ေတာ္တို႔ ဇကာနဲ႔ အခပ္ခံရၿပီး ငါးသိုေလွာင္ကန္ကို ျပန္ေရာက္သြားပါတယ္ ။အဲ့ဒီ့ မွာ ၅ ရက္ေလာက္ၾကာၿပီး ငါးအေရာင္းကန္ကို ျပန္ေရာက္ပါတယ္။ ကြၽန္ေတာ့္ အကိုႀကီးနဲ႔ တစ္ခါျပန္ေတြ႕ေတာ့ မမွတ္မိေလာက္ေအာင္ပိန္ေနပါၿပီ။ အကိုႀကီးကေတာ့ ဒီတစ္ခါလာဖမ္းရင္ သူပါ ဇကာထဲ ဇြတ္တိုးၿပီး ဘုရားငါးကန္ထဲကို လိုက္လာေတာ့မယ္ လို႔ဆိုပါတယ္။ ကြၽန္ေတာ္ ကေတာ့ လိုက္လာရင္ ဘယ္ျဖစ္မလဲ ။ မ်က္လုံး မျမင္ေတာ့ ငါးႀကီးေတြ ပါးစပ္ထဲ ဝင္သြားမွာေပါ့လို႔ဆိုေတာ့ အကိုႀကီးက ဒီအတိုင္းလည္း ငါက ေသေတာ့မွာပါပဲကြာ မေသခင္ေလး ငါ့ေမာင္ႏွမေတြပဲ ေနၿပီးေသခ်င္တယ္လို႔ ေျပာပါတယ္ ။ ကြၽန္ေတာ္ လည္း ဘုရားငါးကန္ ထဲမွာ အႏၲရာယ္ သိပ္မ်ားတဲ့အေၾကာင္း မေျပာရက္ဖူးေလ။
ေနာက္တစ္ခါ ၾကေတာ့ အကိုႀကီးက သူေျပာသလိုပါပဲ ပိုက္ထဲ အတင္းတိုးၿပီး ကြၽန္ေတာ္ တို႔နဲ႔အတူ အဖမ္းခံၿပီး ဘုရားငါးကန္ထဲအတူလိုက္လာပါတယ္။ လိုက္လာၿပီး သိပ္မၾကာခင္မွာပဲ အစာကမစားရ နဂိုကလည္း မ်က္လုံး က မျမင္ဆိုေတာ့ အကိုႀကီးမွာ ေရညႇိေတြက တစ္ဆင့္ ေရာဂါ ကူးၿပီး အသက္ရႉရ ခက္လာပါတယ္ ။ သူမေသခင္ ကြၽန္ေတာ္ တို႔ကို ေဘးကင္းတဲ့ေနရာ ေရာက္ေစခ်င္ေနတဲ့ ပုံပါပဲ။ ေနာက္ဆုံး ေတာ့ အကိုႀကီးလည္း စိတ္မခ်စြာနဲ႔ပဲ ေသသြားခဲ့ပါတယ္ ။ ကြၽန္ေတာ္တို႔လည္း ဘာမွ မတတ္ႏိုင္ပဲ အကိုႀကီးအေလာင္းကို ထားခဲ့ၿပီးတစ္ခါျပန္အဖမ္းခံရပါတယ္ ။ ကြၽန္ေတာ့္ ညီနဲ႔ ညီမေလးႏွစ္ေယာက္ကေတာ့ ျမႏ္ုမန္ေသရင္ ေကာင္းပဲလို႔ မၾကာခဏ ေျပာရင္း အသက္ကို ခက္ခက္ခဲခဲ ရႉေနရပါတယ္ ကြၽန္ေတာ္ တို႔မွာလည္း ဘုရားငါးကန္ထဲက ေရာဂါ ေတြ ကူးေနၿပီေလ။
အခု ငါးအေရာင္းကန္ကို ျပန္ေရာက္တာ သုံးခါေျမာက္ေပါ့။ ေနာက္ဘယ္ႏွစ္ခါျပန္ေရာက္အုံးမလဲ မေျပာတတ္ေသးပါဘူး။ ကြၽန္ေတာ္ တို႔ေမာင္ႏွမသုံးေကာင္ကို ေနာက္တစ္ခါ ဝယ္မဲ့သူကိုေျပာေပးပါ ဘုရားငါးကန္ထဲမလြတ္ပဲ အျပင္က ေခ်ာင္းထဲ ျပန္လႊတ္ေပးပါ ဒါမွ မဟုတ္လည္း လက္နဲ႔ တစ္ခါထဲ ညႇစ္ၿပီးသတ္ေပးေပါ့ေလ ။ စိုးရိမ္ထိပ္လန္႔ျခင္း အစာငတ္ျခင္း ေရာဂါ ဖိစီးျခင္းေတြနဲ႔ အသက္ရွင္ေနရတဲ့ ဘုရားငါး ဘဝကို ကြၽန္ေတာ္ မုန္းလွပါၿပီ ။ကြၽန္ေတာ္တို႔က ဘုရားငါးေတြပါ ခင္ဗ်ားတို႔ေမြးေနတဲ့ သိန္းေက်ာ္တန္ငါးေတြေလာက္ မလွပါဘူး ။ တန္ဖိုးလည္းမႀကီးပါဘူး။ ဒုကၡေရာက္ ေနလို႔လည္း ဘယ္သူမွ မသနားပါဘူး။ ေသလို႔လည္း ဝမ္းနည္း ေပးမဲ့သူမရွိပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔လည္း ေရမေရာတဲ့ ငါးစစ္စစ္ေတြပါ။ ေသရမယ္ဆိုရင္ေတာင္ ေဝဒနာ မခံစားရပဲ ေသရမဲ့ ငါးဘဝေလးကို ေရာက္ခ်င္ပါတယ္ဗ်ာ …………………
ဤပို႔စ္ကို ရွယ္ျခင္းျဖင့္ငါးေလးေတြရဲ႕ဘဝကို အထူးသျဖင့္ ဘုရားငါးကန္ထဲမွာ ငါးလႊတ္ရင္ ကုသိုလ္ ရတယ္လို႔ ထင္ေနတဲ့သူေတြကို အမွန္သိေအာင္ ေျပာေပးၾကပါ။ ကြၽန္ေတာ္ တို႔ ႏိုင္ငံမွာ တိရိစာၦန္ ေလးေတြ အခြင့္အေရး အရမ္းခ်ိဳးေဖာက္ခံေနရပါတယ္ ။
# ဝူေပါက္
credit.TunTun
Unicode
ဘုရားငါးကန်ထဲမှာ ငါးလွှတ်ရင် ကုသိုလ် ရတယ်လို့ ထင်နေတဲ့သူတွေ ဖတ်ဖို့…..
ဘုရားငါး
—————
(ကျွန်တော် ဒီစာကို ရေးဖိ့ုအတွက် တော်တော်စဉ်းစားပြီးမှ ရေးရတာပါ။ ကြိုပြောထားပါမယ် ကျွန်တော် က ဗုဒ္ဓဘာသာ အစစ်ပါ ။ အဖေအဖေ အဖိုးအဖွား ဆွေစဉ်မျိုးဆက် လုံးဝ ဗုဒ္ဓဘာသာ ကို ကိုးကွယ်လာတဲ့ ဗုဒ္ဓဘာသာ ဝင်တစ်ယောက်ပါ ။ ဒီစာရေးရင် ဗုဒ္ဓဘာသာ တွေက တစ်မျိုးထင်မှာ စိုးလို့ပါ။) စာရေးသူ ဝူပေါက် ။
ပထမဆုံး ကျွန်တော့် ကိုယ် ကျွန်တော် မိတ်ဆက်ပေးပါရစေ ကျွန်တော့် နာမည်က ဘုရားငါး ပါ။ လူတွေကတော့ ဘုရားမှာ လွှတ်ဖို့ဆိုပြီး ကျွန်တော် တို့ကို ချောင်းထဲကနေဖမ်းလာတာဗျ ။ ကျွန်တော် တို့ ဆိုတာက ကျွန်တော် အပါအဝင် ကျွန်တိ့ု ညီအကို မောင်နှမတွေပေါ့ဗျာ ။ ကျွန်တော် တို့က ခင်ဗျားတို့ လူစကားနဲ့ ပြောရရင်တော့ လူလားမမြောက်သေးတဲ့ အရွယ် လက် နှစ်ဆစ်သာသာအရွယ်လေးတွေမှာ ရောက်လာတာပေါ့ဗျာ ။ ငါးလိုပြောရရင် ငါးအမယ်မမြောက်သေးဘူးပြောရမလား မသိပါဘူး ။ ငါးအမယ်သာ မစုံသေးသာ ဒုက္ခအမယ် ကတော့ စုံပြီဗျ။ စစချင်း အဖမ်းခံရတုံးက မောင်နှမတစ်တွေ ခမျှာ ချက်စားခံရတော့မှာ ထင်ပြီး အော်လိုက် လူးလိုက်ရတာဗျာ ။ တစ်ကိုယ်လုံးလဲ ပွန်းပဲ့ လို့ပါ။ နောက်မှသိ့တယ် ကျွန်တော် တို့ကိုစားဖို့မဟုတ်ဖူး ဘုရားမှာ လွှတ်ဖို့ဖမ်းလာမှန်း။ ပျော်တာပေါ့ဗျာ ဟုတ်တယ် အစက ပျော်တာပေါ့ ။ ဘုရားငါးကန်ထဲမှာ ကိုယ့်ကို သတ်စားမဲ့သူလည်း မရှိဘူး အစာလည်း အဆင်သင့် လူတွေကျွေးတာ စားယုံပဲ။ ငါးလောကရဲ့ နိဗ္ဗာန် လေးကို ရောက်တော့မှာလေ။
ကျွန်တော် က ကျွန်တော့် ထက်ကြီးတဲ့ အကိုတစ်ယောက်ရယ် ညီနှစ်ယောက်ရယ် ညီမ နှစ်ယောက်ရယ် နဲ့ ၆ကောင်တစ်အုပ်စု နေတာဗျ။ အကိုကြီးက မွေးရာပါ မျက်မမြင်ပါ။ ညီမ အငယ်ဆုံးလေးကလည်း မွေးရာပါ ခါးလိမ်နေတော့ သူတို့နှစ်ယောက်က ပိန်နေတာပေါ့ဗျာ ။ ကျန်တဲ့ ကျွန်တော်တို့ ၄ ယောက်ပဲ ဝဝ လှလှလေးတွေပေါ့။ အဖမ်းခံရတုံးက အုပ်စုကွဲသွားပြီး ဘုရားကစည်ပိုင်းထဲရောက်မှ တော်တော်ကြာအောင်ပြန်ရှာရတယ်ဗျ။
နောက်မှ သိရတာက ကျွန်တော်တို့ ရောက်နေတာ ဘုရားငါးကန်ထဲမှာ မဟုတ်သေးဘူး အလှူရှင်တွေလာရင် ဝယ်ပြီးလွှတ်ရမဲ့ ငါးအဝယ်ဆိုင်မှာပဲ ရှိသေးတယ်ဗျ ။ အစကတော့ အဆင်ပြေမလိုလိုပဲ။ နောက်တော့ ငါးကောင်ရေ အများကြီးတိုးလာတယ် ။ ပိုဆိုးတာက အစာမကြွေးတော့တာပဲဗျ ။ ရေကလည်း မလှယ်တော့ အသက်ရှူရခက်လာတယ်ဗျ ။ အစာလည်းမစားရတော့ အားနည်းပြီးအသက်ရှင်ဖို့ အသက်ကိုပဲ လုရှူနေရတော့တယ် မွေးရာပါခါးလိမ်နေတဲ့ ကျွန်တော့် ညီမလေးကတော့ အသက်ရှင်ဖို့ ခပ်ခက်ခက်ဖြစ်နေပြီ အသက်ရှူပြီးရင် အောက်ကို မြုတ်မြုတ်သွားတာ တော်တော်နဲ့ ပြန်ပေါ်မလာရှာဘူး။ ဘယ်အချိန် အသက်ပါသွားမလဲပဲ စောင့်ကြည့်နေရတော့တယ်။ သူကိုအားတင်းထားညီမလေးလို့ ပြောနေပေမယ့် သူကတော့ မကြားတော့ဘူးနဲ့တူပါတယ် ။ ဒီတစ်ခေါက်ပေါ်လာပြီး ညီမလေးရေထဲပြန်မနစ်တော့ပါဘူး ။ သူ ထာဝရ ရေပေါ်မှာ ပေါ်သွားပါပြီ။ အသက်လည်း ရှူစရာမလိုတော့ပါဘူး။ ခဏအကြာမှာ ညီမလေးရဲ့ အလောင်းကို ဆိုင်ကလူတစ်ယောက်က လာပြီး ခပ်ထုပ်လိုက်ပါတော့တယ်။
ကျွန်တော် တို့မောင်နှမတွေလည်း ဝမ်းနည်း ပေမယ့် မျက်ရည်မကျပါဘူး။ ငိုလည်း မငိုတတ်ပါဘူး။ မျက်လုံးကွယ်နေတဲ့ အကိုကြီးကတော့ ညီမလေး ရှိသေးတယ်ထင်ပြီး အားပေးစကား ပြောနေတုံးပါ။ …………..ငါးကန်ထဲကို အသစ်ရောက်လာတဲ့ ငါးအသစ်တွေထဲမှာ ဘုရားငါးကန်ထဲမှာ ရောက်ပြီးမှ ပြန်ရောက်လာတဲ့ ငါးတွေလည်း ပါတယ်ဗျ။ သူတို့ပြောတာ ငါးကြီးတွေ ရှိတော့ အစားခံရမှာ ကြောက်ပြီး ကန်အလယ်ကို မသွားရဲပဲ ငါးကန်အစပ်မှာပဲ နေနေရတာ။ အစာကလည်း မြစ်ထဲကလို မဟုတ်ဖူး ။ လူတွေလုပ်ထားတဲ့ ပေါင်မုန့် ဆိုလားပဲ အဲ့ဒါပဲ စားရတာတဲ့။ အဟာရတော့ မရှိဘူးပေါ့ဗျာ ဒါပေမဲ့ မသေအောင်တော့စားနေရတာပေါ့။ စားလို့လည်း မကုန်ပါဘူး ။ ပေါင်မုန့် တွေ ရေပေါ်မှာ ဘောလောပေါ်နေပြီး မကုန်တဲ့ ပေါင်မုန့် တွေမှာ မှိုတွေ တက်ပြီး ရေကလည်း ရောဂါ ပေါင်းစုံထောင်းလမောင်းထနေတာတဲ့။ ကမ်းစပ် မှာနေနေတဲ့ ငါးလေးတွေကို တစ်ခါပြန်ဖမ်းပြီး ငါးသိုလှောင်ကန်ထဲကို ပြန်ဖမ်းထည့်တာပါပဲ။ အဲ့ဒီ့ ကနေ ငါးအရောင်းကန်ထဲ ပြန်ရောက် ။ ပြီးရင်ဘုရားငါးကန်ထဲ ပြန်ရောက်။ ပြီးရင် ငါးသိုလှောင်ကန်ထဲပြန်ရောက်နဲ့ သံသရာ လည်နေတာပါ ။
ကျွန်တော် သိလိုက်ပါပြီ လူတွေ အတွကိ ကုသိုလ် ယူတဲ့ နေရာဟာ ကျွန်တော် တို့ အတွက်တော့ ငရဲဘုံ ဆိုတာကိုလေ။
ကျွန်တော်တို့ရောက်နေတဲ့ ငါးသိုလှောင်ကန်ကနေ ငါးအရောင်းကန်ကို တစ်ပတ်လောက်ကြာမှ ရောက်ပါတယ်။ ကျွန်တော်တို့အရှေ့က ကြိုရောက်နေတဲ့ ငါးတွေ ရောင်းလို့ကုန်မှ ရောက်တာပါ။ ပိုဆိုးတာက ၂ပေ ၁ပေ ကန်ထဲမှာ ငါးအကောင်တစ်ရာလောက်ဘာအောက်ဆီဂျင်မှ မပါပဲ စုနေရတာပါ။ မျက်မမြင် ကျွန်တော့် အကိုကြီးကတော့ ညီမလေးသေသွားတာသိပြီးထဲက ကျွန်တော် တို မောင်နှမ တွေ ထပ်သေမှာကို ကြောက်နေပုံပါ။ သူကိုယ်တိုင်လည်း အစာမစားရ မျက်လုံးကမမြင်ဆိုတော့ အသက်ရှူဖို့တောင် မနဲ ရုန်းကန် နေရတာပါ။ သိပ်မကြာပါဘူး ဝယ်သူရောက်လာပြီး ကျွန်တော် တို့ကို ဖမ်းပါတော့တယ်။ ကျွန်တော့်အကိုတော့ မပါလာဘူးဗျ။ လူတွေက ပိန်နေတဲ့ ငါးဆို သိပ်ပြီး မကြိုက်ဖူးနဲ့တူတယ်ဗျ။ အကိုကြီးကတော့ ကန်ထဲမှာ မမြင်စမ်းတန်းနဲ့ ကျွန်တော် တို့ကိုအော်ခေါ်နေမလားပဲ……
ကျွန်တော် တို့မောင်နှမလေးကောင်လည်း အချင်းချင်း မကွဲသွားအောင် ဘုရားငါးကန်ထဲက ထောင့်မှာ ကပ်နေရပါတယ် ။ အစာမစားရတာကြာပြီ ဖြစ်လို့ ညီအငယ်တစ်ကောင်က ငါးစာကိုသွားစားချင်နေပါပြီ ။ ငါးကြီးတွေက ငါးကြင်းတွေဆိုတော့ ကျွန်တော် တို့ကို မစားပါဘူး ။ ဒါပေမဲ့ ငါးကြင်းတွေကြားထဲမှာ ငါးခူတွေလည်းရောပါနေတော့ အခန့်မသင့်ရင် အစားခံရနိုင်ပါတယ် ။ ညီအငယ်လေးက အရဲ ကိုးပြီး အစာသွားစားပါတယ်။ ငါးကြင်းကြီးတစ်ကောင်ရဲ့ ပါးစပ် ထဲဝင်သွားပါတော့တယ် ။ ငါးကြင်းကြီးက လည်းငါးလေးတွေကိုမစားပေမဲ့ ရေကနောက်ပြီး ရေညှိအပြည့်နဲ့ ဆိုတော့ ဘာမှမမြင်ရပဲ ပါးစပ်နားနီးသမျှက်ို ရမ်းပြီးဝါးစားနေရတာပါ။ ငါးလေးတွေ ပါစပ်ထဲပါလာရင် ဝါးကြည့်ပြီး ငါးမှန်းသိမှ ပြန်ထွေးထုပ်တာ ပါ။ သူပြန်ထွေးထုပ်တော့ ကျွန်တော့် ညီလေးက ထက်ပိုင်းကျိုးနေပါပြီ။ ကျန်တဲ့ ကျွန်တော်တို့ မောင်နှမ သုံးကောင်လည်း ကမ်းစပ်ရေတိမ်လေးကနေ ဘယ်မှ မသွားရဲပဲ ကပ်နေရပါတယ် ။
နောက်နေ့ မှာကျွန်တော်တို့ ဇကာနဲ့ အခပ်ခံရပြီး ငါးသိုလှောင်ကန်ကို ပြန်ရောက်သွားပါတယ် ။အဲ့ဒီ့ မှာ ၅ ရက်လောက်ကြာပြီး ငါးအရောင်းကန်ကို ပြန်ရောက်ပါတယ်။ ကျွန်တော့် အကိုကြီးနဲ့ တစ်ခါပြန်တွေ့တော့ မမှတ်မိလောက်အောင်ပိန်နေပါပြီ။ အကိုကြီးကတော့ ဒီတစ်ခါလာဖမ်းရင် သူပါ ဇကာထဲ ဇွတ်တိုးပြီး ဘုရားငါးကန်ထဲကို လိုက်လာတော့မယ် လို့ဆိုပါတယ်။ ကျွန်တော် ကတော့ လိုက်လာရင် ဘယ်ဖြစ်မလဲ ။ မျက်လုံး မမြင်တော့ ငါးကြီးတွေ ပါးစပ်ထဲ ဝင်သွားမှာပေါ့လို့ဆိုတော့ အကိုကြီးက ဒီအတိုင်းလည်း ငါက သေတော့မှာပါပဲကွာ မသေခင်လေး ငါ့မောင်နှမတွေပဲ နေပြီးသေချင်တယ်လို့ ပြောပါတယ် ။ ကျွန်တော် လည်း ဘုရားငါးကန် ထဲမှာ အန္တရာယ် သိပ်များတဲ့အကြောင်း မပြောရက်ဖူးလေ။
နောက်တစ်ခါ ကြတော့ အကိုကြီးက သူပြောသလိုပါပဲ ပိုက်ထဲ အတင်းတိုးပြီး ကျွန်တော် တို့နဲ့အတူ အဖမ်းခံပြီး ဘုရားငါးကန်ထဲအတူလိုက်လာပါတယ်။ လိုက်လာပြီး သိပ်မကြာခင်မှာပဲ အစာကမစားရ နဂိုကလည်း မျက်လုံး က မမြင်ဆိုတော့ အကိုကြီးမှာ ရေညှိတွေက တစ်ဆင့် ရောဂါ ကူးပြီး အသက်ရှူရ ခက်လာပါတယ် ။ သူမသေခင် ကျွန်တော် တို့ကို ဘေးကင်းတဲ့နေရာ ရောက်စေချင်နေတဲ့ ပုံပါပဲ။ နောက်ဆုံး တော့ အကိုကြီးလည်း စိတ်မချစွာနဲ့ပဲ သေသွားခဲ့ပါတယ် ။ ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ပဲ အကိုကြီးအလောင်းကို ထားခဲ့ပြီးတစ်ခါပြန်အဖမ်းခံရပါတယ် ။ ကျွန်တော့် ညီနဲ့ ညီမလေးနှစ်ယောက်ကတော့ မြန်ုမန်သေရင် ကောင်းပဲလို့ မကြာခဏ ပြောရင်း အသက်ကို ခက်ခက်ခဲခဲ ရှူနေရပါတယ် ကျွန်တော် တို့မှာလည်း ဘုရားငါးကန်ထဲက ရောဂါ တွေ ကူးနေပြီလေ။
အခု ငါးအရောင်းကန်ကို ပြန်ရောက်တာ သုံးခါမြောက်ပေါ့။ နောက်ဘယ်နှစ်ခါပြန်ရောက်အုံးမလဲ မပြောတတ်သေးပါဘူး။ ကျွန်တော် တို့မောင်နှမသုံးကောင်ကို နောက်တစ်ခါ ဝယ်မဲ့သူကိုပြောပေးပါ ဘုရားငါးကန်ထဲမလွတ်ပဲ အပြင်က ချောင်းထဲ ပြန်လွှတ်ပေးပါ ဒါမှ မဟုတ်လည်း လက်နဲ့ တစ်ခါထဲ ညှစ်ပြီးသတ်ပေးပေါ့လေ ။ စိုးရိမ်ထိပ်လန့်ခြင်း အစာငတ်ခြင်း ရောဂါ ဖိစီးခြင်းတွေနဲ့ အသက်ရှင်နေရတဲ့ ဘုရားငါး ဘဝကို ကျွန်တော် မုန်းလှပါပြီ ။ကျွန်တော်တို့က ဘုရားငါးတွေပါ ခင်ဗျားတို့မွေးနေတဲ့ သိန်းကျော်တန်ငါးတွေလောက် မလှပါဘူး ။ တန်ဖိုးလည်းမကြီးပါဘူး။ ဒုက္ခရောက် နေလို့လည်း ဘယ်သူမှ မသနားပါဘူး။ သေလို့လည်း ဝမ်းနည်း ပေးမဲ့သူမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့လည်း ရေမရောတဲ့ ငါးစစ်စစ်တွေပါ။ သေရမယ်ဆိုရင်တောင် ဝေဒနာ မခံစားရပဲ သေရမဲ့ ငါးဘဝလေးကို ရောက်ချင်ပါတယ်ဗျာ …………………
ဤပို့စ်ကို ရှယ်ခြင်းဖြင့်ငါးလေးတွေရဲ့ဘဝကို အထူးသဖြင့် ဘုရားငါးကန်ထဲမှာ ငါးလွှတ်ရင် ကုသိုလ် ရတယ်လို့ ထင်နေတဲ့သူတွေကို အမှန်သိအောင် ပြောပေးကြပါ။ ကျွန်တော် တို့ နိုင်ငံမှာ တိရိစ္ဆာန် လေးတွေ အခွင့်အရေး အရမ်းချိုးဖောက်ခံနေရပါတယ် ။
# ဝူပေါက်
credit.TunTun
Leave a Reply