crd
Unicode
မနက်ဖြန်မှစပြီး ၁၂ရက်နေ့ထိ ရန်ကုန်မြို့ပြည်လမ်းအား ခေတ္တပိတ်ထားမည်
ဖေဖော်ဝါရီ ၁၀ ရက်နေ့နဲ့ ၁၂ ရက်နေ့တို့မှာ ရန်ကုန် ပြည်သူ့ရင်ပြင်ရှေ့ လမ်းကိုပိတ်မယ်လို့ ထုတ်ပြန်ထားပါတယ်။ဖေဖော်ဝါရီ ၁၀ ရက်နေ့နဲ့ ၁၂ ရက်နေ့တို့တွင်ရန်ကုန် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်အရှေ့နှင့်လွှတ်တော်ဝင်းတန်းစီကွင်းတို့တွင်တိုင်းရင်းသားရိုးရာအစားအစာပြပွဲများ၊
ပြည်ထောင်စုနေ့အခမ်းအနားများပြုလုပ်မည်ဖြစ်သည့်အတွက်ပြည်လမ်းကိုခေတ္တပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါ နေ့ရက်တွေမှာ နံနက် ၄ နာရီကပြီးအခမ်းအနားပြီးတဲ့အထိလမ်းပိတ်ထားမယ်လို့ပြောပါတယ်။ယင်းနေ့တွင် ပြည်လမ်းအတိုင်းမြောက်ကနေတောင်ဘက်သို့မောင်းနှင်လာသည့်ယာဉ်တွေသည်
မြေနီကုန်းမီးပွိင့်မှညာဘက်ချိုးကွေ့ပြီးအောက်ကြည့်မြင်တိုင်လမ်းအတိုင်းမောင်းနှင်ရမယ်လို့ဆိုပြီး ပြည်လမ်းအတိုင်းတောင်ဘက်ကနေမြောက်ဘက်ကိုမောင်းနှင်လာသည့်ယာဉ်တွေအနေဖြင့် ပြည်ထောင်စုရိပ်သာလမ်းဘက်ကိုချိုးကွေ့ကာဗဟိုလမ်း၊အလုံလမ်းတွေကတဆင့်အောက်ကြည့်မြင်တိုင်လမ်းကိုပြောင်းလဲမောင်းနှင်ရမယ်လို့ထုတ်ပြန်ထားပါတယ်။

Leave a Reply