






Unicode
မျက်စိခွဲဖို့ ပိုက်ဆံလိုနေလို့ နေပူကြီးထဲမှာ ဦးထုပ်ထိုင်ရောင်းနေရရှာတဲ့ အဘွား

လမ်းကြုံရင်ဝင်အားပေးကြပါဦး။ နေပူကြီးထဲမာ ဦးထုပ်လေးတွေထိုင်ရောင်းနေတာ၊

ကိုယ်ကလဲ အဲ့ရှေ့ကဖြတ်တော့ အဘွားကိုမြင်တော့ အော် ငါတောင် ထီးဆောင်းပြီး လမ်းလျှောက်တာ တော်တော်ပူတာ အဘွားဆိုတော်တော်ပူနေမာပဲဆိုပြီး တွေးမိလိုက်တယ်။

အာ့နဲ့ အပြန်လဲကျရော အဘွားရေ ဦးထုပ်၁လုံး ဘယ်လောက်လဲမေးလိုက်တော့ သမီးရေ ၂၀၀၀ ပါတဲ့။ အဘွားမျက်စိခွဲချင်လို့ ဦးထုပ်ရောင်းနေတာတဲ့ အဘွားအိတ်ထဲကြည့်လိုက်တော့ အကြွေလေးတွေ ၁၀၀၀ တောင်မပြည့်ရှာဘူး။

ကိုယ်လည်း အဘွားကို သနားတာနဲ့ ၁၀၀၀၀ လှူခဲ့တယ်။ ပြန်ခါနီးမှာ သမီးဆောင်းဖို့ ယူသွားအုန်းလေတဲ့။ အဘွားဆက်ရောင်းနော်ဆိုပြီး မယူခဲ့ဘူး။

လမ်းကြုံရင် ဦးထုပ်လေးတွေ အားပေးလိုက်ကြပါအုန်း ဒါမှအဘွားမျက်စိခွဲဖို့ပိုက်ဆံပြည့်မှာ နေရာ-ဝန်ကြီးများရုံး အရှေ့ဘက်။ Shwe Yee Phoo (မူရင်းရေးသားသူအား လေးစားမှုဖြင့် )

Be the first to comment

Leave a Reply

Your email address will not be published.


*