
ယခုအပတ္အတြင္း လာနီညာမွ အယ္နီညိဳဆီသို႔ အပူခ်ိန္ေတြ ျမင့္တက္လာမယ့္ ေဒသမ်ားကို သတိေပးလိုက္တဲ့ မိုးမင္းသမီးေလး စုစုစံ…
လာနီညာမွ အယ္နီညိဳဆီသို႔
ဒီေႏြဦးအမွိ ဥၾသငွက္က အလည္လာသည္ မႏၲလာစခန္းဆီ ကြၽန္ေတာ္ေရာက္ခဲ့တဲ့ ေႏြရာသီေပ်ာ္စရာေကာင္းသည္။
ထေနာင္းပြင့္ေလးမ်ားေဝေဝစီ ငွက္ေက်းကေလးတို႔ သံၿပိဳင္ညီ…
မႏၲေလးတိုင္းႏွင့္မေကြးတိုင္းေဒသႀကီးေတြမွာ မတ္လကုန္ႏွင့္ ဧၿပီလဆန္းမွာ အပူခ်ိန္ျမင့္တက္လာႏိုင္ပါတယ္။
မိုး႐ြာႏိုင္တဲ့ အလားအလာမရွိပါဘူး။
စစ္ကိုင္းတိုင္းေအာက္ပိုင္း မေကြးတိုင္း မႏၲေလးတိုင္း ရွမ္းျပည္နယ္ေတာင္ပိုင္းကယားကျပည္နယ္ ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမ
ပဲခူးတိုင္း ဧရာဝတီတိုင္း ရန္ကုန္တိုင္း မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္ေတြမွာ မိုး႐ြာသြန္းမႈမရွိႏိုင္ပဲ ရာသီဥတုသာသာယာယာရွိေနပါလိမ့္မယ္ …။
အာေရဗ်ပင္လယ္ရွိ ေအးျမေသာေလမ်ားႏွင့္ၾသစေတ်းယ်အနီရွိ ပင္လယ္ေရစီးေၾကာင္းမ်ား ျဖစ္ေပၚေနမႈအရ အစဥ္အလာအားျဖင့္ အိႏၵိယမုတ္သုန္ေလအားေပ်ာ့လာေစရန္ အခ်က္ျပလိုက္ပါတယ္။
အိႏၵိယႏိုင္ငံ အေနာက္ေတာင္မုတ္သုန္ေလ ယခင္ကထက္ မိုး႐ြာသြန္းမႈေလ်ာ့နည္းသြားေစ ႏိုင္ေသာ္လည္း
ျမန္မာ့မုန္သုန္ေလကေတာ့ ပုံမွန္ထက္ေလ်ာ့နည္းႏိုင္တဲ့အလားအလာမေတြ႕ရေသးပါဘူး
ဇူလိုင္လ ၾသဂုတ္လ စက္တင္ဘာလေတြမွာ ျမန္မာမုတ္သုန္ေလအားေကာင္းႏိုင္တဲ့အခ်က္အလက္မ်ားစြာေတြ႕ရွိရၿပီး
အဆိုပါလေတြမွာ မုတၱမပင္လယ္ေကြ႕ေဒသေတြမွာ ႐ြာသြန္းၿမဲထက္ေတာင္ ၂ဆပိုမို႐ြာသြန္းႏိုင္တာကို ေတြ႕ရွိရပါတယ္။
ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသေတြကေတာ့ ႐ြာသြန္းၿမဲထက္ အနည္းငယ္ ေလ်ာ့က်ဖြယ္ရာ ရွိပါတယ္။
24/03/2023 8:24am(MMT)
Su Su San မင္း ဂြတ္ သီး
Unicode
ယခုအပတ်အတွင်း လာနီညာမှ အယ်နီညိုဆီသို့ အပူချိန်တွေ မြင့်တက်လာမယ့် ဒေသများကို သတိပေးလိုက်တဲ့ မိုးမင်းသမီးလေး စုစုစံ…
လာနီညာမှ အယ်နီညိုဆီသို့
ဒီနွေဦးအမှိ ဥသြငှက်က အလည်လာသည် မန္တလာစခန်းဆီ ကျွန်တော်ရောက်ခဲ့တဲ့ နွေရာသီပျော်စရာကောင်းသည်။
ထနောင်းပွင့်လေးများဝေဝေစီ ငှက်ကျေးကလေးတို့ သံပြိုင်ညီ…
မန္တလေးတိုင်းနှင့်မကွေးတိုင်းဒေသကြီးတွေမှာ မတ်လကုန်နှင့် ဧပြီလဆန်းမှာ အပူချိန်မြင့်တက်လာနိုင်ပါတယ်။
မိုးရွာနိုင်တဲ့ အလားအလာမရှိပါဘူး။
စစ်ကိုင်းတိုင်းအောက်ပိုင်း မကွေးတိုင်း မန္တလေးတိုင်း ရှမ်းပြည်နယ်တောင်ပိုင်းကယားကပြည်နယ် နေပြည်တော်ပြည်ထောင်စုနယ်မြေ
ပဲခူးတိုင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွေမှာ မိုးရွာသွန်းမှုမရှိနိုင်ပဲ ရာသီဥတုသာသာယာယာရှိနေပါလိမ့်မယ် …။
အာရေဗျပင်လယ်ရှိ အေးမြသောလေများနှင့်သြစတျေးယျအနီရှိ ပင်လယ်ရေစီးကြောင်းများ ဖြစ်ပေါ်နေမှုအရ အစဉ်အလာအားဖြင့် အိန္ဒိယမုတ်သုန်လေအားပျော့လာစေရန် အချက်ပြလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ အနောက်တောင်မုတ်သုန်လေ ယခင်ကထက် မိုးရွာသွန်းမှုလျော့နည်းသွားစေ နိုင်သော်လည်း
မြန်မာ့မုန်သုန်လေကတော့ ပုံမှန်ထက်လျော့နည်းနိုင်တဲ့အလားအလာမတွေ့ရသေးပါဘူး
ဇူလိုင်လ သြဂုတ်လ စက်တင်ဘာလတွေမှာ မြန်မာမုတ်သုန်လေအားကောင်းနိုင်တဲ့အချက်အလက်များစွာတွေ့ရှိရပြီး
အဆိုပါလတွေမှာ မုတ္တမပင်လယ်ကွေ့ဒေသတွေမှာ ရွာသွန်းမြဲထက်တောင် ၂ဆပိုမိုရွာသွန်းနိုင်တာကို တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကတော့ ရွာသွန်းမြဲထက် အနည်းငယ် လျော့ကျဖွယ်ရာ ရှိပါတယ်။
24/03/2023 8:24am(MMT)
Su Su San မင်း ဂွတ် သီး
Leave a Reply