ယူကရိန္းကိုဝင္တိုက္သည့္ ႐ုရွားတင့္ကား၃၀၀၀အနက္_ထက္ဝက္ဆုံးရႈံးခဲ့ဟုဆို

ယူကရိန္းကိုဝင္တိုက္သည့္ ႐ုရွားတင့္ကား၃၀၀၀အနက္_ထက္ဝက္ဆုံးရႈံးခဲ့ဟုဆို

႐ုရွားသည္ ယူကရိန္းစစ္ပြဲ စတင္ခ်ိန္မွစ၍ ၎စစ္ေျမျပင္သို႔ ယူေဆာင္လာသည့္ တိုက္ပြဲဝင္တင့္ကား အေရအတြက္ ထက္ဝက္အထိ ဆုံးရႈံးႏိုင္ဖြယ္ရွိေၾကာင္း ေစာင့္ၾကည့္အဖြဲ႕တစ္ခုမွ စုေဆာင္းရရွိထားေသာ အခ်က္အလက္မ်ားအရ သိရၿပီး ဗလာဒီမာပူတင္၏ က်ဴးေက်ာ္မႈ ပန္းတိုင္ကို အေရာက္လွမ္းႏိုင္ရန္ စစ္ေရးအရ ႐ုန္းကန္ေနရေၾကာင္း CNN က ေဖာ္ျပခဲ့သည္။

ပြင့္လင္းရင္းျမစ္ ေထာက္လွမ္းေရးဝက္ဘ္ဆိုဒ္တစ္ခုျဖစ္သည့္ Oryx သည္ ေဖေဖာ္ဝါရီ ၂၄ ရက္၊ ၂၀၂၂ ခုႏွစ္ ႐ုရွားက်ဴးေက်ာ္မႈစတင္ကတည္းက ယူကရိန္းတြင္ မ်က္ျမင္အေထာက္အထားမ်ားအရ စစ္လက္နက္ပစၥည္းမ်ား ဆုံးရႈံးမႈအခ်က္အလက္ကို စုေဆာင္းလ်က္ရွိသည္။

စစ္ပြဲအတြင္း ႐ုရွတင့္ကား ဆုံးရႈံးမႈ ၁,၀၀၀ ရွိသည္ကို စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း Oryx က ယခုသီတင္းပတ္တြင္ ေျပာၾကားခဲ့သည္။
ယူကရိန္းတပ္ဖြဲ႕ဝင္မ်ားက ေနာက္ထပ္ ႐ုရွားတင့္ကား ၅၄၄ စီးကို သိမ္းပိုက္ႏိုင္ခဲ့ၿပီး ၇၉ စင္း ပ်က္စီးကာ ၆၅ စီး စြန႔္ပစ္ခံခဲ့ရသည္ဟု ဆိုသည္။ အဆိုပါ ဆုံးရႈံးမႈကို Oryx သည္ မ်က္ျမင္ အတည္ျပဳႏိုင္ျခင္း မရွိေသးေၾကာင္း Oryx ဘေလာ့ဂ္ကို ပံ့ပိုးကူညီသည့္ စစ္ေရးေလ့လာသူ ဂ်ာကပ္ပ္ ဂ်ာေနာ့စကီးက ေျပာၾကားခဲ့သည္။
အမွန္တကယ္ ႐ုရွားတင့္ကားဆုံးရႈံးမႈသည္ အစီးေရ ၂,၀၀၀ နီးပါးရွိႏိုင္သည္ဟု ၎က ခန႔္မွန္းသည္။

“႐ုရွားဟာ တင့္ကားအစီးေရ ၃၀၀၀ ေလာက္နဲ႔ စစ္ပြဲကို စတင္ခဲ့တယ္၊ ဒါေၾကာင့္ ႐ုရွားဟာ အသုံးျပဳႏိုင္တဲ့ တင့္ကားေတြရဲ႕ ထက္ဝက္ေလာက္ကို ဆုံးရႈံးခဲ့ရတဲ့ အေျခအေနပါပဲ” ဟု ဂ်ာေနာ့စကီးက ဆိုသည္။
တင့္ကားမ်ားသည္ ႐ုရွား၏ ယူကရိန္းကို က်ဴးေက်ာ္စစ္တြင္ အဓိက အာ႐ုံစိုက္ဖြယ္တစ္ခုျဖစ္ၿပီး စစ္ေျမျပင္တြင္ ႐ုရွား သို႔မဟုတ္ ယူကရိန္းအတြက္ ေသာ့ခ်က္အျဖစ္ ရႈျမင္ၾကသည္။

Oryx ၏ ကိန္းဂဏာန္းမ်ားအရ တင့္ကားတိုက္ပြဲသည္ ယူကရိန္းစစ္ပြဲလမ္းေၾကာင္းကို ေျပာင္းလြဲေစခဲ့သည္။ Oryx ၏ တြက္ခ်က္မႈအရ ယူကရိန္း သိမ္းဆည္းရမိေသာ တင့္ကားေပါင္း ၅၀၀ ေက်ာ္သည္ ႐ုရွားေၾကာင့္ ၎ဆုံးရႈံးခဲ့သည့္ တင့္ကား ၄၅၉ စီးထက္ ပိုမ်ားသည္။

ယူကရိန္းသို႔ တင့္ကားမ်ား ထပ္မံေရာက္ရွိေနပါသည္။ ၿပီးခဲ့ေသာလကတည္းက ကိယက္ဗ္သို႔ ဂ်ာမနီ၊ အေမရိကန္၊ ၿဗိတိန္ႏွင့္ အျခား အေနာက္ႏိုင္ငံ မိတ္ဖက္မ်ားက ေခတ္မီတင့္ကားမ်ား ေပးမည္ဟု ကတိျပဳထားသည္။
ထို႔အျပင္ အဆိုပါတင့္ကားမ်ားသည္ ႐ုရွားက စစ္ေျမျပင္တြင္သုံးစြဲေနသည့္ တင့္ကားမ်ားထက္ သာလြန္ေကာင္းမြန္ေသာ နည္းပညာမ်ား ရွိသည္ဟု ရႈျမင္ၾကသည္။

ယူကရိန္းအရာရွိမ်ားသည္ ၎တို႔၏ လက္ရွိရပ္တည္ခ်က္မ်ားကို ခုခံကာကြယ္႐ုံသာမက ရန္သူကို တိုက္ခိုက္ရန္အတြက္ပါ ေခတ္မီေသာ တိုက္ခိုက္ေရးတင့္ကားမ်ား ေပးအပ္ရန္ ၎တို႔၏ အေနာက္မဟာမိတ္မ်ားကို အႀကိမ္ႀကိမ္ ပန္ၾကားခဲ့သည္။

ထိုအေတာအတြင္း ႐ုရွားသံခ်ပ္ကာတပ္ဖြဲ႕မ်ားသည္ ယူကရိန္းတြင္ စြမ္းရည္ ညံ့ဖ်င္းခဲ့သည္။ စစ္ပြဲ၌ လအနည္းငယ္အတြင္း အကဲခတ္မ်ားက ႐ုရွားတင့္ကားမ်ား၏ ဒီဇိုင္းခ်ိဳ႕ယြင္းခ်က္ကို သတိျပဳမိၿပီး ပစ္ခတ္လိုက္သည္ တင့္ကားဖ်က္ဒုံးက်ည္တစ္ခုသည္ တင့္၏ ခဲယမ္းသိုေလွာင္မႈကို ခဲယမ္းဆိုင္မ်ားကို ေပါက္ကြဲသြားေစႏိုင္သည္။ မၾကာခဏဆိုသလို ေနာက္ဆက္တြဲ ေပါက္ကြဲမႈေၾကာင့္ ႐ုရွားတင့္ကားမ်ားမွ ဆုံလည္မ်ားကို “jack in the box” ဟုေခၚသည့္ အက်ိဳးသက္ေရာက္မႈျဖင့္ လြင့္စင္ထြက္ကုန္သည္။

စစ္မျဖစ္မီက ႐ုရွားသံခ်ပ္ကာမ်ားကို ထိန္းသိမ္းမႈ ညံ့ဖ်င္းခဲ့ၿပီး အခ်ိဳ႕တင့္ကားမ်ားသည္ ေရွ႕တန္းသို႔ ေစလႊတ္၍ အလုပ္ျဖစ္ရန္ အစိတ္အပိုင္းမ်ား ေမႊေႏွာက္ရွာေဖြတပ္ဆင္ခဲ့ရေၾကာင္း ကြၽမ္းက်င္သူမ်ားက မွတ္ခ်က္ျပဳခဲ့သည္။ စစ္ပြဲမစတင္မီ ေမာ္စကိုတြင္ တင့္ကားအစီးေရ ၄၀၀၀ ခန႔္ အရန္ရွိထားေၾကာင္း ဂ်ာေနာ့စကီးက ေျပာၾကားခဲ့သည္။
“စာ႐ြက္ေပၚမွာေတာ့ ႐ုရွားမွာ တင့္ကားေတြ အမ်ားႀကီး ရွိေနတုန္းပဲ၊ ဒါေပမယ့္ အေတာ္မ်ားမ်ားကို ေကာင္းေကာင္းမြန္မြန္ သိမ္းမထားခဲ့ေတာ့ ျမန္ျမန္ဆန္ဆန္ ျပန္အသက္သြင္းဖို႔ ခဲယဥ္းႏိုင္ပါတယ္” ဟု ဆိုသည္။

၎တင့္အားလုံးကို ရယူသုံးစြဲႏိုင္သည္ဟု ယူဆသည့္တိုင္ ေမာ္စကိုသည္ ၎၏စစ္ႀကိဳ တင့္ကားတပ္ဖြဲ႕၏ ၃၀ ရာခိုင္ႏႈန္းခန႔္ ဆုံးရႈံးေနရဆဲျဖစ္ေၾကာင္း ဂ်ာေနာ့စကီးက ေျပာသည္။ ၎သည္ ေမာ္စကိုအေနျဖင့္ အစားထိုး တင့္ကားအသစ္မ်ား ထုတ္လုပ္ရန္ ခက္ခဲလိမ့္မည္ ဟု ယခင္ကလည္း CNN သို႔ ေျပာၾကားခဲ့သည္။

“ပိတ္ဆို႔အေရးယူမႈမ်ားေၾကာင့္ ႐ုရွားတို႔သည္ အာ႐ုံခံကိရိယာမ်ားႏွင့္ အီလက္ထ႐ြန္းနစ္ပစၥည္းမ်ားကို ညံ့ဖ်င္းေသာပစၥည္းမ်ားျဖင့္ အစားထိုးရႏိုင္သည္- မၾကာမီကာလအတြင္း ၎တို႔ထုတ္လုပ္ႏိုင္သည့္ပမာဏသည္ ၎တို႔ ဆုံးရႈံးေနသည့္ အစိတ္အပိုင္းျဖစ္သည္၊ အဆိုပါ ဆုံးရႈံးမႈမ်ားေၾကာင့္ ကိရိယာမ်ား ေရရွည္မတည္ၿမဲႏိုင္” ဟု ဂ်ာေနာ့စကီးက စက္တင္ဘာလတြင္ ေျပာၾကားခဲ့သည္။

ေျခလ်င္တိုက္ခိုက္ေရးယာဥ္မ်ား၊ သံခ်ပ္ကာယာဥ္မ်ားႏွင့္ အျခားယာဥ္မ်ားကို တင့္ကားမ်ားစာရင္းထဲသို႔ ထည့္ေပါင္းသည့္အခါ ႐ုရွား၏ ယာဥ္ယႏၲရားပစဆုံးရႈံးမႈ စုစုေပါင္းကိန္းဂဏန္းမွာ ၉၁၀၀ နီးပါးရွိေၾကာင္း Oryx ၏ ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပထားသည္။
ယူကရိန္း၏ စုစုေပါင္း ယာဥ္ယႏၲရားပစၥည္း ဆုံးရႈံးမႈမွာ ၂,၉၃၄ ျဖစ္ေၾကာင္း Oryx က ဆိုသည္။
CRD

Unicode
ယူကရိန်းကိုဝင်တိုက်သည့် ရုရှားတင့်ကား၃၀၀၀အနက်_ထက်ဝက်ဆုံးရှုံးခဲ့ဟုဆို

ရုရှားသည် ယူကရိန်းစစ်ပွဲ စတင်ချိန်မှစ၍ ၎င်းစစ်မြေပြင်သို့ ယူဆောင်လာသည့် တိုက်ပွဲဝင်တင့်ကား အရေအတွက် ထက်ဝက်အထိ ဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း စောင့်ကြည့်အဖွဲ့တစ်ခုမှ စုဆောင်းရရှိထားသော အချက်အလက်များအရ သိရပြီး ဗလာဒီမာပူတင်၏ ကျူးကျော်မှု ပန်းတိုင်ကို အရောက်လှမ်းနိုင်ရန် စစ်ရေးအရ ရုန်းကန်နေရကြောင်း CNN က ဖော်ပြခဲ့သည်။

ပွင့်လင်းရင်းမြစ် ထောက်လှမ်းရေးဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သည့် Oryx သည် ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၂ ခုနှစ် ရုရှားကျူးကျော်မှုစတင်ကတည်းက ယူကရိန်းတွင် မျက်မြင်အထောက်အထားများအရ စစ်လက်နက်ပစ္စည်းများ ဆုံးရှုံးမှုအချက်အလက်ကို စုဆောင်းလျက်ရှိသည်။

စစ်ပွဲအတွင်း ရုရှတင့်ကား ဆုံးရှုံးမှု ၁,၀၀၀ ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း Oryx က ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။
ယူကရိန်းတပ်ဖွဲ့ဝင်များက နောက်ထပ် ရုရှားတင့်ကား ၅၄၄ စီးကို သိမ်းပိုက်နိုင်ခဲ့ပြီး ၇၉ စင်း ပျက်စီးကာ ၆၅ စီး စွန့်ပစ်ခံခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ ဆုံးရှုံးမှုကို Oryx သည် မျက်မြင် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း Oryx ဘလော့ဂ်ကို ပံ့ပိုးကူညီသည့် စစ်ရေးလေ့လာသူ ဂျာကပ်ပ် ဂျာနော့စကီးက ပြောကြားခဲ့သည်။
အမှန်တကယ် ရုရှားတင့်ကားဆုံးရှုံးမှုသည် အစီးရေ ၂,၀၀၀ နီးပါးရှိနိုင်သည်ဟု ၎င်းက ခန့်မှန်းသည်။

“ရုရှားဟာ တင့်ကားအစီးရေ ၃၀၀၀ လောက်နဲ့ စစ်ပွဲကို စတင်ခဲ့တယ်၊ ဒါကြောင့် ရုရှားဟာ အသုံးပြုနိုင်တဲ့ တင့်ကားတွေရဲ့ ထက်ဝက်လောက်ကို ဆုံးရှုံးခဲ့ရတဲ့ အခြေအနေပါပဲ” ဟု ဂျာနော့စကီးက ဆိုသည်။
တင့်ကားများသည် ရုရှား၏ ယူကရိန်းကို ကျူးကျော်စစ်တွင် အဓိက အာရုံစိုက်ဖွယ်တစ်ခုဖြစ်ပြီး စစ်မြေပြင်တွင် ရုရှား သို့မဟုတ် ယူကရိန်းအတွက် သော့ချက်အဖြစ် ရှုမြင်ကြသည်။

Oryx ၏ ကိန်းဂဏာန်းများအရ တင့်ကားတိုက်ပွဲသည် ယူကရိန်းစစ်ပွဲလမ်းကြောင်းကို ပြောင်းလွဲစေခဲ့သည်။ Oryx ၏ တွက်ချက်မှုအရ ယူကရိန်း သိမ်းဆည်းရမိသော တင့်ကားပေါင်း ၅၀၀ ကျော်သည် ရုရှားကြောင့် ၎င်းဆုံးရှုံးခဲ့သည့် တင့်ကား ၄၅၉ စီးထက် ပိုများသည်။

ယူကရိန်းသို့ တင့်ကားများ ထပ်မံရောက်ရှိနေပါသည်။ ပြီးခဲ့သောလကတည်းက ကိယက်ဗ်သို့ ဂျာမနီ၊ အမေရိကန်၊ ဗြိတိန်နှင့် အခြား အနောက်နိုင်ငံ မိတ်ဖက်များက ခေတ်မီတင့်ကားများ ပေးမည်ဟု ကတိပြုထားသည်။
ထို့အပြင် အဆိုပါတင့်ကားများသည် ရုရှားက စစ်မြေပြင်တွင်သုံးစွဲနေသည့် တင့်ကားများထက် သာလွန်ကောင်းမွန်သော နည်းပညာများ ရှိသည်ဟု ရှုမြင်ကြသည်။

ယူကရိန်းအရာရှိများသည် ၎င်းတို့၏ လက်ရှိရပ်တည်ချက်များကို ခုခံကာကွယ်ရုံသာမက ရန်သူကို တိုက်ခိုက်ရန်အတွက်ပါ ခေတ်မီသော တိုက်ခိုက်ရေးတင့်ကားများ ပေးအပ်ရန် ၎င်းတို့၏ အနောက်မဟာမိတ်များကို အကြိမ်ကြိမ် ပန်ကြားခဲ့သည်။

ထိုအတောအတွင်း ရုရှားသံချပ်ကာတပ်ဖွဲ့များသည် ယူကရိန်းတွင် စွမ်းရည် ညံ့ဖျင်းခဲ့သည်။ စစ်ပွဲ၌ လအနည်းငယ်အတွင်း အကဲခတ်များက ရုရှားတင့်ကားများ၏ ဒီဇိုင်းချို့ယွင်းချက်ကို သတိပြုမိပြီး ပစ်ခတ်လိုက်သည် တင့်ကားဖျက်ဒုံးကျည်တစ်ခုသည် တင့်၏ ခဲယမ်းသိုလှောင်မှုကို ခဲယမ်းဆိုင်များကို ပေါက်ကွဲသွားစေနိုင်သည်။ မကြာခဏဆိုသလို နောက်ဆက်တွဲ ပေါက်ကွဲမှုကြောင့် ရုရှားတင့်ကားများမှ ဆုံလည်များကို “jack in the box” ဟုခေါ်သည့် အကျိုးသက်ရောက်မှုဖြင့် လွင့်စင်ထွက်ကုန်သည်။

စစ်မဖြစ်မီက ရုရှားသံချပ်ကာများကို ထိန်းသိမ်းမှု ညံ့ဖျင်းခဲ့ပြီး အချို့တင့်ကားများသည် ရှေ့တန်းသို့ စေလွှတ်၍ အလုပ်ဖြစ်ရန် အစိတ်အပိုင်းများ မွှေနှောက်ရှာဖွေတပ်ဆင်ခဲ့ရကြောင်း ကျွမ်းကျင်သူများက မှတ်ချက်ပြုခဲ့သည်။ စစ်ပွဲမစတင်မီ မော်စကိုတွင် တင့်ကားအစီးရေ ၄၀၀၀ ခန့် အရန်ရှိထားကြောင်း ဂျာနော့စကီးက ပြောကြားခဲ့သည်။
“စာရွက်ပေါ်မှာတော့ ရုရှားမှာ တင့်ကားတွေ အများကြီး ရှိနေတုန်းပဲ၊ ဒါပေမယ့် အတော်များများကို ကောင်းကောင်းမွန်မွန် သိမ်းမထားခဲ့တော့ မြန်မြန်ဆန်ဆန် ပြန်အသက်သွင်းဖို့ ခဲယဉ်းနိုင်ပါတယ်” ဟု ဆိုသည်။

၎င်းတင့်အားလုံးကို ရယူသုံးစွဲနိုင်သည်ဟု ယူဆသည့်တိုင် မော်စကိုသည် ၎င်း၏စစ်ကြို တင့်ကားတပ်ဖွဲ့၏ ၃၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးနေရဆဲဖြစ်ကြောင်း ဂျာနော့စကီးက ပြောသည်။ ၎င်းသည် မော်စကိုအနေဖြင့် အစားထိုး တင့်ကားအသစ်များ ထုတ်လုပ်ရန် ခက်ခဲလိမ့်မည် ဟု ယခင်ကလည်း CNN သို့ ပြောကြားခဲ့သည်။

“ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားတို့သည် အာရုံခံကိရိယာများနှင့် အီလက်ထရွန်းနစ်ပစ္စည်းများကို ညံ့ဖျင်းသောပစ္စည်းများဖြင့် အစားထိုးရနိုင်သည်- မကြာမီကာလအတွင်း ၎င်းတို့ထုတ်လုပ်နိုင်သည့်ပမာဏသည် ၎င်းတို့ ဆုံးရှုံးနေသည့် အစိတ်အပိုင်းဖြစ်သည်၊ အဆိုပါ ဆုံးရှုံးမှုများကြောင့် ကိရိယာများ ရေရှည်မတည်မြဲနိုင်” ဟု ဂျာနော့စကီးက စက်တင်ဘာလတွင် ပြောကြားခဲ့သည်။

ခြေလျင်တိုက်ခိုက်ရေးယာဉ်များ၊ သံချပ်ကာယာဉ်များနှင့် အခြားယာဉ်များကို တင့်ကားများစာရင်းထဲသို့ ထည့်ပေါင်းသည့်အခါ ရုရှား၏ ယာဉ်ယန္တရားပစဆုံးရှုံးမှု စုစုပေါင်းကိန်းဂဏန်းမှာ ၉၁၀၀ နီးပါးရှိကြောင်း Oryx ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ယူကရိန်း၏ စုစုပေါင်း ယာဉ်ယန္တရားပစ္စည်း ဆုံးရှုံးမှုမှာ ၂,၉၃၄ ဖြစ်ကြောင်း Oryx က ဆိုသည်။
CRD

Be the first to comment

Leave a Reply

Your email address will not be published.


*