ရန္ကုန္တၿမိဳ႕လုံး ဂ်ိဳးျဖဴေရ ျပတ္ေတာက္မႈ (၂၄) နာရီၾကာသည္အထိ အေၾကာင္းရင္း မသိရေသး

ရန္ကုန္တၿမိဳ႕လုံး ဂ်ိဳးျဖဴေရ ျပတ္ေတာက္မႈ (၂၄) နာရီၾကာသည္အထိ အေၾကာင္းရင္း မသိရေသး

လက္ရွိအခ်ိန္မွာ ရန္ကုန္ၿမိဳ႕ကို အဓိက ေရေပးေဝလ်က္ ရွိတဲ့ ဂ်ိဳးျဖဴေရပိုက္လိုင္းမွ ေရေပးေဝမႈ ျပတ္ေတာက္လ်က္ ရွိၿပီး ဂ်ိဳးျဖဴေရကို သုံးစြဲေနၾကတဲ့ ရန္ကုန္ေန ျပည္သူေတြ ဒုကၡေရာက္ေနၾကတယ္လို႔ သိရပါတယ္။

ဂ်ိဳးျဖဴေရေပးေဝမႈဟာ ယမန္ေန႔ (၂၁-၁-၂၀၂၃) ညေန ၆ နာရီဝန္းက်င္မွာ ျပတ္ေတာက္သြားခဲ့တာ ျဖစ္ပါတယ္။ ေရေပးေဝမႈ ျပတ္ေတာက္ရတဲ့ အေၾကာင္းရင္းကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္က ယခုထက္ထိ ထုတ္ျပန္ေၾကညာျခင္း မရွိေသးဘူးလို႔ သိရပါတယ္။

“ေရျပတ္ၿပီဆိုမွေတာ့ အထပ္ျမင့္တိုက္မွာ ေနတဲ့သူ အကုန္ ဒုကၡေရာက္တာေပါ့။ အထပ္ျမင့္ေတြက ေရေလွာင္တဲ့ ပမာဏ နည္းတယ္ေလ။ ေရမလာေတာ့ အေပါ့အေလးက အစ ဒုကၡေရာက္တာေပါ့” ဟု လႈိင္ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ ျပည္သူတဦးက ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ ဂ်ိဳးျဖဴေရကို မွီခိုေနရတဲ့ ရန္ကုန္ၿမိဳ႕နယ္က ျပည္သူအမ်ားအျပား ေရေဘးဒုကၡသည္ ျဖစ္လ်က္ရွိၿပီး အထပ္ျမင့္ေန ျပည္သူမ်ားအတြက္ ပရဟိတအသင္းေတြကေန ေရကားေတြနဲ႔ အခမဲ့ လိုက္လံျဖန႔္ေဝေနတယ္လို႔ သိရပါတယ္။

ေရစည္လွည္း ေရာင္းတဲ့သူေတြအေနနဲ႔လည္း ေဈးႏႈန္းျမႇင့္ၿပီး ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။ ရန္ကုန္ၿမိဳ႕တြင္း ေရျဖန႔္ ေဝေနတဲ့ ဂ်ိဳးျဖဴေရပိုက္လိုင္းကို ၁၉၃၇ ခုႏွစ္က စတင္တည္ေဆာက္ခဲ့ၿပီး ၁၉၄၀ ျပည့္ႏွစ္တြင္ စတင္အသုံးျပဳခဲ့ရာ ယခုအခါ ႏွစ္ေပါင္း ၈၀ ေက်ာ္ ၾကာျမင့္ေနၿပီ ျဖစ္ပါတယ္။ ဂ်ိဳးျဖဴေရပိုက္လိုင္းမွ တေန႔လွ်င္ ေရဂါလန္ ၂၀၅ သန္းထိ ျဖန႔္ေဝေပးလ်က္ရွိေၾကာင္း သိရပါတယ္။‌
crd

Unicode
ရန်ကုန်တမြို့လုံး ဂျိုးဖြူရေ ပြတ်တောက်မှု (၂၄) နာရီကြာသည်အထိ အကြောင်းရင်း မသိရသေး

လက်ရှိအချိန်မှာ ရန်ကုန်မြို့ကို အဓိက ရေပေးဝေလျက် ရှိတဲ့ ဂျိုးဖြူရေပိုက်လိုင်းမှ ရေပေးဝေမှု ပြတ်တောက်လျက် ရှိပြီး ဂျိုးဖြူရေကို သုံးစွဲနေကြတဲ့ ရန်ကုန်နေ ပြည်သူတွေ ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။

ဂျိုးဖြူရေပေးဝေမှုဟာ ယမန်နေ့ (၂၁-၁-၂၀၂၃) ညနေ ၆ နာရီဝန်းကျင်မှာ ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။ ရေပေးဝေမှု ပြတ်တောက်ရတဲ့ အကြောင်းရင်းကို ရန်ကုန်မြို့တော်စည်ပင်က ယခုထက်ထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

“ရေပြတ်ပြီဆိုမှတော့ အထပ်မြင့်တိုက်မှာ နေတဲ့သူ အကုန် ဒုက္ခရောက်တာပေါ့။ အထပ်မြင့်တွေက ရေလှောင်တဲ့ ပမာဏ နည်းတယ်လေ။ ရေမလာတော့ အပေါ့အလေးက အစ ဒုက္ခရောက်တာပေါ့” ဟု လှိုင်မြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ ဂျိုးဖြူရေကို မှီခိုနေရတဲ့ ရန်ကုန်မြို့နယ်က ပြည်သူအများအပြား ရေဘေးဒုက္ခသည် ဖြစ်လျက်ရှိပြီး အထပ်မြင့်နေ ပြည်သူများအတွက် ပရဟိတအသင်းတွေကနေ ရေကားတွေနဲ့ အခမဲ့ လိုက်လံဖြန့်ဝေနေတယ်လို့ သိရပါတယ်။

ရေစည်လှည်း ရောင်းတဲ့သူတွေအနေနဲ့လည်း ဈေးနှုန်းမြှင့်ပြီး ရောင်းချနေတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တွင်း ရေဖြန့် ဝေနေတဲ့ ဂျိုးဖြူရေပိုက်လိုင်းကို ၁၉၃၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၉၄၀ ပြည့်နှစ်တွင် စတင်အသုံးပြုခဲ့ရာ ယခုအခါ နှစ်ပေါင်း ၈၀ ကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ဂျိုးဖြူရေပိုက်လိုင်းမှ တနေ့လျှင် ရေဂါလန် ၂၀၅ သန်းထိ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရပါတယ်။‌

Be the first to comment

Leave a Reply

Your email address will not be published.


*