crd
Unicode
လာမည့် ၂ ရက်အတွင်း အအေးပိုကဲအုံးမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်များ….
လာမည့် ၂ ရက်အတွင်း ရန်ကုန်၊ပဲခူး၊ ဧရာဝတီနဲ့ မွန်ပြည်နယ်တို့တွင် ညပိုင်း အအေးပိုမယ်
လာမည့် ၂ ရက်အတွင်း ရန်ကုန်၊ပဲခူး၊ ဧရာဝတီနဲ့ မွန်ပြည်နယ်တို့တွင် ညပိုင်း အအေးပိုမယ်လို့ မိုး/ဇလက ပြောပါတယ်။
ယနေ့ ဇန်နဝါရီ ၂၅ ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ညအပူချိန်များအနည်းငယ်လျော့နည်းနိုင်ပါတယ်ဆိုပြီး ထုတ်ပြန်ထားတာပါ။
ညအပူချိန်များအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဇန်နဝါရီလ၏ ပျမ်းမျှ အပူချိန်အောက် (၅)ဒီဂရီစင်တီဂရိတ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်တို့ အောက်(၃)ဒီဂရီစင်တီဂရိတ်နှင့် ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်ခန့်သာရှိမယ်လို့ဆိုပါတယ်။
ထူးခြားသည့် ညအပူချိန်များမှာနမ့်စန်မြို့၊ မိုင်းယန်းမြို့နှင့် ဟားခါးမြို့တို့တွင် (၀)ဒီဂရီစင်တီဂရိတ်စီ၊ ဟဲဟိုးမြို့တွင် (၁)ဒီဂရီစင်တီဂရိတ်၊ လွိုင်လင်မြို့တွင် (၂)ဒီဂရီစင်တီဂရိတ်နှင့် ကျောက်မဲမြို့တွင် (၃)ဒီဂရီစင်တီဂရိတ်ရှိတယ်လို့ဆိုပါတယ်။

Leave a Reply