လာမယ့္ ႏွစ္အနည္းငယ္အတြင္း ၿဂိဳလ္သားေတြကို ေတြ႕လာရႏိုင္

လာမယ့္ ႏွစ္အနည္းငယ္အတြင္း ၿဂိဳလ္သားေတြကို ေတြ႕လာရႏိုင္တယ္လို႔ နကၡတၱေဗဒပညာရွင္ ေျပာ

လူသားေတြဟာ လာမယ့္ ႏွစ္အနည္းငယ္အတြင္း ၿဂိဳလ္သားေတြကို
ရွာေဖြေတြ႕ရွိလာႏိုင္တယ္လို႔ ၿဗိတိန္ နကၡတၱေဗဒပညာရွင္က ေျပာပါတယ္။

University of Exeter ရဲ႕ ပါေမာကၡ Sasha Hinkley က သူ႔ ဘဝသက္တမ္းအတြင္း လာမယ့္ ႏွစ္အနည္းငယ္မွာ အာကာသမွာ သက္ရွိေတြကို ေတြ႕လာရႏိုင္တယ္လို႔ ေျပာပါတယ္။
သူက ေဒၚလာ ၁၀ ဘီလီယမ္တန္ေၾကးရွိတဲ့ စြမ္းရည္ျမင့္ James Webb အာကာသ မွန္ေျပာင္းေၾကာင့္ အာကာသမွာ ၿဂိဳလ္သားေတြကို ရွာေဖြဖို႔ ပိုမို လြယ္ကူလာတာလို႔ေျပာပါတယ္။

ၿဗိတိန္၊ အေမရိကန္နဲ႔ ဆြစ္ဇာလန္က ပညာရွင္ေတြက ေနာက္ ၁၀ ႏွစ္၊ အႏွစ္ ၂၀ အတြင္း ၿဂိဳလ္ ေထာင္ေပါင္းမ်ားစြာမွာ ၿဂိဳလ္သားေတြကို ေတြ႕လာရႏိုင္တယ္လို႔ ေျပာၿပီး အဲဒီလိုသာ ျဖစ္လာရင္ လူသားေတြရဲ႕ သမိုင္းမွာ အႀကီးမားဆုံး ရွာေဖြေတြ႕ရွိမႈ ျဖစ္လာမွာပါ။

နာဆာရဲ႕ James Webb အာကာသ မွန္ေျပာင္းဟာ ၿဂိဳလ္တစ္ခုမွာ ကာဘြန္ဒိုင္ေအာက္ဆိုက္ကို ပထမဆုံး အႀကိမ္ ေတြ႕ရွိထားၿပီးပါၿပီ။ ဒီနည္းပညာက တျခား ၿဂိဳလ္ေတြက သက္ရွိေတြကို ရွာေဖြႏိုင္မွာပါ။

လာမယ့္ ႏွစ္အနည္းငယ္အတြင္းမွာေတာ့ သိပၸံ ႐ုပ္ရွင္ကားေတြထဲကလို လူသားေတြနဲ႔ ၿဂိဳလ္သားေတြ ထိပ္တိုက္ေတြ႕ဆုံလာေတာ့မလားဆိုတာ စိတ္ဝင္စားစရာေကာင္းပါတယ္။
Ref : dailymail

Unicode
လာမယ့် နှစ်အနည်းငယ်အတွင်း ဂြိုလ်သားတွေကို တွေ့လာရနိုင်တယ်လို့ နက္ခတ္တဗေဒပညာရှင် ပြော

လူသားတွေဟာ လာမယ့် နှစ်အနည်းငယ်အတွင်း ဂြိုလ်သားတွေကို
ရှာဖွေတွေ့ရှိလာနိုင်တယ်လို့ ဗြိတိန် နက္ခတ္တဗေဒပညာရှင်က ပြောပါတယ်။

University of Exeter ရဲ့ ပါမောက္ခ Sasha Hinkley က သူ့ ဘဝသက်တမ်းအတွင်း လာမယ့် နှစ်အနည်းငယ်မှာ အာကာသမှာ သက်ရှိတွေကို တွေ့လာရနိုင်တယ်လို့ ပြောပါတယ်။
သူက ဒေါ်လာ ၁၀ ဘီလီယမ်တန်ကြေးရှိတဲ့ စွမ်းရည်မြင့် James Webb အာကာသ မှန်ပြောင်းကြောင့် အာကာသမှာ ဂြိုလ်သားတွေကို ရှာဖွေဖို့ ပိုမို လွယ်ကူလာတာလို့ပြောပါတယ်။

ဗြိတိန်၊ အမေရိကန်နဲ့ ဆွစ်ဇာလန်က ပညာရှင်တွေက နောက် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်း ဂြိုလ် ထောင်ပေါင်းများစွာမှာ ဂြိုလ်သားတွေကို တွေ့လာရနိုင်တယ်လို့ ပြောပြီး အဲဒီလိုသာ ဖြစ်လာရင် လူသားတွေရဲ့ သမိုင်းမှာ အကြီးမားဆုံး ရှာဖွေတွေ့ရှိမှု ဖြစ်လာမှာပါ။

နာဆာရဲ့ James Webb အာကာသ မှန်ပြောင်းဟာ ဂြိုလ်တစ်ခုမှာ ကာဘွန်ဒိုင်အောက်ဆိုက်ကို ပထမဆုံး အကြိမ် တွေ့ရှိထားပြီးပါပြီ။ ဒီနည်းပညာက တခြား ဂြိုလ်တွေက သက်ရှိတွေကို ရှာဖွေနိုင်မှာပါ။

လာမယ့် နှစ်အနည်းငယ်အတွင်းမှာတော့ သိပ္ပံ ရုပ်ရှင်ကားတွေထဲကလို လူသားတွေနဲ့ ဂြိုလ်သားတွေ ထိပ်တိုက်တွေ့ဆုံလာတော့မလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။
Ref : dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*