
သမိုင္းတေလွ်ာက္ ေန႔အပူခ်ိန္အျမင့္ဆုံးကာလကို ျမန္မာအပါအဝင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ား ႀကဳံေတြ႕ေန
Apr 19, 10:48 AM
သမိုင္းတေလွ်ာက္ ေန႔အပူခ်ိန္အျမင့္ဆုံးကာလအျဖစ္ လက္ရွိ ျမန္မာႏိုင္ငံအပါအဝင္ အေရွ႕ေတာင္အာရွေဒသမ်ားႏွင့္ တ႐ုတ္ႏိုင္ငံတို႔၌ ျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။
“ထိုင္းႏိုင္ငံကေတာ့ ၂၀၂၃ ဧၿပီလ ၁၄ ရက္ေန႔က အပူခ်ိန္ ၄၅.၄ ဒီဂရီ စင္တီဂရိတ္နဲ႔ အပူဆုံး မွတ္တမ္းဝင္သြားခဲ့ပါတယ္။ ပါကစၥတန္ႏိုင္ငံကေတာ့ အပူခ်ိန္ ၄၄ ဒီဂရီ စင္တီဂရိတ္ျဖင့္ ဒုတိယ လိုက္ခဲ့ၿပီး၊ အိႏၵိယက ၄၃.၅ နဲ႔ တတိယေနရာမွာ ရွိခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ အျမင့္ဆုံးအပူခ်ိန္ ၄၃.၃ ဒီဂရီ စင္တီဂရိတ္ ရွိခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံမွာလည္း မႀကဳံစဖူး ပူျပင္းတဲ့ ေႏြကာလတစ္ခုကို ျဖတ္ေက်ာ္ေနရပါၿပီ” ဟု ဝါရွင္တန္ပို႔စ္ သတင္းကိုကိုးကား၍ ဆရာသန႔္ဦး(အာကာသႏွင့္ စၾကဝဠာသင္ေထာက္ကူ)က ယေန႔ ဧၿပီ၁၉ရက္နံနက္ပိုင္းက လူမႈကြန္ရက္စာမ်က္ႏွာေပၚေရးသားေဖာ္ျပထားသည္။
၂၀၂၃ခုႏွစ္တြင္ ႀကဳံေတြ႕ရမည့္ အယ္လ္နီညိဳသည္ ျပင္းထန္သည့္ရာသီဥတုမ်ိဳး ျဖစ္သျဖင့္ ပူျပင္းျခင္း၏ ေနာက္ဆက္တြဲ ျပႆနာမ်ားအျဖစ္ မိုးတိမ္ေတာင္ ရာသီဥတု ပုံစံအရ ႐ုတ္တရက္ မိုးထစ္ခ်ဳန္း႐ြာျခင္း၊ မိုးသီးမ်ားေႂကြက်ျခင္း၊ ေလျပင္းမုန္တိုင္း တိုက္ခတ္ျခင္းတို႔ ဆက္လက္ျဖစ္ေပၚလာႏိုင္ေၾကာင္း၊ ရာသီဥတု ပူျပင္းမႈေၾကာင့္ မိုးေခါင္ေရရွားမႈဒဏ္ကို အထက္အညာေဒသမွာ ႀကဳံေတြ႕ခံစားရႏိုင္ေၾကာင္း ဆရာသန႔္ဦးက ဆက္လက္သတိေပးထားသည္။
“လူသားေတြရဲ႕ အေတာမသတ္ႏိုင္တဲ့ ေလာဘ နဲ႔ အတၱစိတ္ဟာ ပူျပင္းတဲ့ ေႏြထက္ ပိုမိုပူေလာင္ပါတယ္။ လူသားေတြေၾကာင့္ပဲ ကမာၻႀကီးဟာ တစ ႏွင့္တစ ပူေႏြးဆူေဝလို႔ ေနပါတယ္။ ဒီအတိုင္းဆက္သြားၾကလွ်င္ေတာ့ သိပ္မၾကာေတာ့တဲ့ ကာလတခုမွာ ကမာၻႀကီးဟာ လူေတြေနထိုင္လို႔ မရေလာက္တဲ့အထိ ေျပာင္းလဲသြားေတာ့မွာပါ။
ထိုကာလမတိုင္ခင္အထိကေတာ့ အသိဉာဏ္ပညာနဲ႔ လိမၼာတိုးတက္တဲ့ ႏိုင္ငံေတြသာ က်န္ရစ္မွာျဖစ္ၿပီး..၊ ပညာဉာဏ္နည္းပါးတဲ့ ႏိုင္ငံမ်ားကေတာ့ ဤဒုကၡမ်ားကို မခ်ိမဆံ့ ခံစားၿပီးမွ ကမာၻႀကီးေပၚကေန တျဖည္းျဖည္းေပ်ာက္ကြယ္သြားၾကမွာပဲ ျဖစ္ပါေတာ့တယ္”ဟု ၎က သုံးသပ္ထားသည္ကို ေတြ႕ရသည္။
#မႏၲေလးသတင္းကြန္ရက္
သတင္းအခ်က္အလက္ႏွင့္ပုံ ဆရာသန႔္ဦး
Unicode
သမိုင်းတလျှောက် နေ့အပူချိန်အမြင့်ဆုံးကာလကို မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ ကြုံတွေ့နေ
Apr 19, 10:48 AM
သမိုင်းတလျှောက် နေ့အပူချိန်အမြင့်ဆုံးကာလအဖြစ် လက်ရှိ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသများနှင့် တရုတ်နိုင်ငံတို့၌ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“ထိုင်းနိုင်ငံကတော့ ၂၀၂၃ ဧပြီလ ၁၄ ရက်နေ့က အပူချိန် ၄၅.၄ ဒီဂရီ စင်တီဂရိတ်နဲ့ အပူဆုံး မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံကတော့ အပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်ဖြင့် ဒုတိယ လိုက်ခဲ့ပြီး၊ အိန္ဒိယက ၄၃.၅ နဲ့ တတိယနေရာမှာ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ အမြင့်ဆုံးအပူချိန် ၄၃.၃ ဒီဂရီ စင်တီဂရိတ် ရှိခဲ့ပါတယ်။
တရုတ်နိုင်ငံမှာလည်း မကြုံစဖူး ပူပြင်းတဲ့ နွေကာလတစ်ခုကို ဖြတ်ကျော်နေရပါပြီ” ဟု ဝါရှင်တန်ပို့စ် သတင်းကိုကိုးကား၍ ဆရာသန့်ဦး(အာကာသနှင့် စကြဝဠာသင်ထောက်ကူ)က ယနေ့ ဧပြီ၁၉ရက်နံနက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာပေါ်ရေးသားဖော်ပြထားသည်။
၂၀၂၃ခုနှစ်တွင် ကြုံတွေ့ရမည့် အယ်လ်နီညိုသည် ပြင်းထန်သည့်ရာသီဥတုမျိုး ဖြစ်သဖြင့် ပူပြင်းခြင်း၏ နောက်ဆက်တွဲ ပြဿနာများအဖြစ် မိုးတိမ်တောင် ရာသီဥတု ပုံစံအရ ရုတ်တရက် မိုးထစ်ချုန်းရွာခြင်း၊ မိုးသီးများကြွေကျခြင်း၊ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်းတို့ ဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်း၊ ရာသီဥတု ပူပြင်းမှုကြောင့် မိုးခေါင်ရေရှားမှုဒဏ်ကို အထက်အညာဒေသမှာ ကြုံတွေ့ခံစားရနိုင်ကြောင်း ဆရာသန့်ဦးက ဆက်လက်သတိပေးထားသည်။
“လူသားတွေရဲ့ အတောမသတ်နိုင်တဲ့ လောဘ နဲ့ အတ္တစိတ်ဟာ ပူပြင်းတဲ့ နွေထက် ပိုမိုပူလောင်ပါတယ်။ လူသားတွေကြောင့်ပဲ ကမ္ဘာကြီးဟာ တစ နှင့်တစ ပူနွေးဆူဝေလို့ နေပါတယ်။ ဒီအတိုင်းဆက်သွားကြလျှင်တော့ သိပ်မကြာတော့တဲ့ ကာလတခုမှာ ကမ္ဘာကြီးဟာ လူတွေနေထိုင်လို့ မရလောက်တဲ့အထိ ပြောင်းလဲသွားတော့မှာပါ။
ထိုကာလမတိုင်ခင်အထိကတော့ အသိဉာဏ်ပညာနဲ့ လိမ္မာတိုးတက်တဲ့ နိုင်ငံတွေသာ ကျန်ရစ်မှာဖြစ်ပြီး..၊ ပညာဉာဏ်နည်းပါးတဲ့ နိုင်ငံများကတော့ ဤဒုက္ခများကို မချိမဆံ့ ခံစားပြီးမှ ကမ္ဘာကြီးပေါ်ကနေ တဖြည်းဖြည်းပျောက်ကွယ်သွားကြမှာပဲ ဖြစ်ပါတော့တယ်”ဟု ၎င်းက သုံးသပ်ထားသည်ကို တွေ့ရသည်။
#မန္တလေးသတင်းကွန်ရက်
သတင်းအချက်အလက်နှင့်ပုံ ဆရာသန့်ဦး
Leave a Reply