သာသနာဘြဲ႕ ၄၇ ဘြဲ႕ ရခဲ့ေပမယ့္ ဖ်ာတခ်ပ္ ေခါင္းအုံးတလုံးနဲ႔ပဲ ေနခဲ့တဲ့ တိပိဋက ဆရာေတာ္

သာသနာဘြဲ႕ ၄၇ ဘြဲ႕ ရခဲ့ေပမယ့္ ဖ်ာတခ်ပ္ ေခါင္းအုံးတလုံးနဲ႔ပဲ ေနခဲ့တဲ့ တိပိဋက ဆရာေတာ္

ပ်ံလြန္ေတာ္မူ သြားၿပီ ျဖစ္တဲ့ စစ္ကိုင္းတိပိဋကဆရာေတာ္ အခ်ိန္တိုအတြင္း ၄၇ ဘြဲ႕ ရခဲ့ေပမဲ့ ဖ်ာတစ္ခ်ပ္ ေခါင္းအုံးတစ္ထပ္ပဲ ထားတယ္။

ဇိမ္ခံဖို႔ထက္ အလုပ္လုပ္ဖို႔ပဲ စဥ္းစားတယ္။ ဂုဏ္ရွိဖို႔ထက္ ကုသိုလ္ရဖို႔ပဲ အၿမဲေတြးတယ္။ နာမည္ႀကီးဖို႔ထက္ စစ္မွန္ ထိေရာက္ဖို႔ပဲ ဦးတည္တယ္။ ရယူဖို႔ထက္ ေပးဆပ္ဖို႔ပဲ စိတ္ကူးတယ္။ ကိုယ္က်ိဳးရဖို႔ထက္ အမ်ားအက်ိဳးျပဳႏိုင္ဖို႔ပဲ ႀကိဳးစားတယ္။

ဒါေတြကို ေလာကီလူသားေတြ နားမလည္ႏိုင္ေပမဲ့ ရဟန္းေတာ္တိုင္း သိရွိက်င့္သုံးသင့္တယ္။ “ရဟန္းဆိုတာ ဒီလို” “သံဃာဆိုတာ ဒီပုံ” ဆိုတာ နားလည္ရင္ လူတိုင္းရင္မွာ သာသနာ ၾကည္ညိဳကိန္းဝပ္ ႏိုင္ပါၿပီ။

ဒီအိပ္ရာ ဒီကုတင္ တိပိဋကလို႔ ဘယ္သူထင္မလဲ။ သင္ဖ်ာတစ္ခ်ပ္ ေခါင္းအုံးတစ္ထပ္ ဘယ္လိုမွ မအပ္စပ္လိုက္တာ။ ေမြ႕ယာမရွိ ဖက္လုံးမရွိ အေနအထိုင္ ပိရိလိုက္ပုံမ်ား သမိုင္းမွာက်န္ရစ္ သက္ေတာ္ (၅၄) ႏွစ္ဆိုပဲ။

ဝါေတာ္ သုံးဆယ့္ငါး၊ ဘြဲ႕တံဆိပ္ ေလးဆယ္ခြန္နစ္ ေႏွာင္းလူေတြ ေျပာရက္ၾကေတာ့မွာ။ ၾကည္ညိဳ႕လို႔ မဆုံး ၊ ဖူးလို႔မဝ ဂုဏ္ပုဒ္ေတြလည္း ထုတ္ျပလို႔မကုန္။ အႀကိမ္ႀကိမ္ရွိခိုးကန္ေတာ့ ပူေဇာ္ပါသည္ အရွင္ဘုရား။ ျပန္လည္မွ်ေဝပူေဇာ္ ပါသည္။ (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)

Unicode
သာသနာဘွဲ့ ၄၇ ဘွဲ့ ရခဲ့ပေမယ့် ဖျာတချပ် ခေါင်းအုံးတလုံးနဲ့ပဲ နေခဲ့တဲ့ တိပိဋက ဆရာတော်

ပျံလွန်တော်မူ သွားပြီ ဖြစ်တဲ့ စစ်ကိုင်းတိပိဋကဆရာတော် အချိန်တိုအတွင်း ၄၇ ဘွဲ့ ရခဲ့ပေမဲ့ ဖျာတစ်ချပ် ခေါင်းအုံးတစ်ထပ်ပဲ ထားတယ်။

ဇိမ်ခံဖို့ထက် အလုပ်လုပ်ဖို့ပဲ စဉ်းစားတယ်။ ဂုဏ်ရှိဖို့ထက် ကုသိုလ်ရဖို့ပဲ အမြဲတွေးတယ်။ နာမည်ကြီးဖို့ထက် စစ်မှန် ထိရောက်ဖို့ပဲ ဦးတည်တယ်။ ရယူဖို့ထက် ပေးဆပ်ဖို့ပဲ စိတ်ကူးတယ်။ ကိုယ်ကျိုးရဖို့ထက် အများအကျိုးပြုနိုင်ဖို့ပဲ ကြိုးစားတယ်။

ဒါတွေကို လောကီလူသားတွေ နားမလည်နိုင်ပေမဲ့ ရဟန်းတော်တိုင်း သိရှိကျင့်သုံးသင့်တယ်။ “ရဟန်းဆိုတာ ဒီလို” “သံဃာဆိုတာ ဒီပုံ” ဆိုတာ နားလည်ရင် လူတိုင်းရင်မှာ သာသနာ ကြည်ညိုကိန်းဝပ် နိုင်ပါပြီ။

ဒီအိပ်ရာ ဒီကုတင် တိပိဋကလို့ ဘယ်သူထင်မလဲ။ သင်ဖျာတစ်ချပ် ခေါင်းအုံးတစ်ထပ် ဘယ်လိုမှ မအပ်စပ်လိုက်တာ။ မွေ့ယာမရှိ ဖက်လုံးမရှိ အနေအထိုင် ပိရိလိုက်ပုံများ သမိုင်းမှာကျန်ရစ် သက်တော် (၅၄) နှစ်ဆိုပဲ။

ဝါတော် သုံးဆယ့်ငါး၊ ဘွဲ့တံဆိပ် လေးဆယ်ခွန်နစ် နှောင်းလူတွေ ပြောရက်ကြတော့မှာ။ ကြည်ညို့လို့ မဆုံး ၊ ဖူးလို့မဝ ဂုဏ်ပုဒ်တွေလည်း ထုတ်ပြလို့မကုန်။ အကြိမ်ကြိမ်ရှိခိုးကန်တော့ ပူဇော်ပါသည် အရှင်ဘုရား။ ပြန်လည်မျှဝေပူဇော် ပါသည်။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Be the first to comment

Leave a Reply

Your email address will not be published.


*