
အင္တာနက္ေတြ မေပၚေသးတဲ့ တခ်ိန္က 1980 1990 ဝန္းက်င္ဖြားေတြနဲ႔ ေတာမက် ၿမိဳ႕မက် ေဒသမွာ ေနသူေတြရဲ႕ လူငယ္ဘဝ လက္ေတြ႕ ရင္ခုန္သံေတြ…
ကေလးတို႔ေရ တို႔ေခတ္တုန္းက တစ္ညလုံးထိုင္ေရးၿပီး အေမမသိေအာင္ဖြက္ထားရတဲ့ ရည္းစားစာဆိုတာ မင္းတို႔ messengerက Ro တဲ့ စကားလုံးေတြထက္ အမ်ားႀကီးပိုပါတယ္ ။
သူ႔အသံေလးၾကား သူ႔မ်က္ႏွာေလးျမင္ခ်င္႐ုံနဲ႔ လမ္းထိပ္ေစ်းဆိုင္ စာအုပ္အဌားဆိုင္ ကို အေၾကာင္းျပ ရင္ခုန္သံကိုဖိနပ္လိုစီးၿပီး သြားခဲ့ရတာ ခုေခတ္ Viber ကHi ဆိုတာကို သနားတာေပါ့ ..။
အၾကည့္ခ်င္းမဆုံလိုက္ရတဲ့ ေန႔ေတြဆို စာက်က္မရတဲ့ေန႔ေတြျဖစ္ၿပီး ဆရာမ႐ိုက္လို႔မနာဘူး
စာအုပ္ထဲ တစ္မ်က္ႏွာအျပည့္ သူ႔နာမည္ကို ခ်ေရးခဲ့တာမင္းတို႔ status က Feeling..sad ဆိုတာထက္ ရင္နာရတဲ့ ေန႔ရက္ေတြေပါ့..။
သူ႔စက္ဘီး ကိုယ့္စက္ဘီး ေဘးခ်င္းကပ္ေအာင္ နင္းရင္း စကားေျပာရယ္ေမာရတဲ့ အခိုက္အတန႔္မ်ားဆို ညဘက္အိပ္မရဘဲ သူ႔အေၾကာင္းေတြးၿပီး လမင္းႀကီးကို ေငး ရင္ခုန္သံေတြကို ႀကိဳးနဲ႔ သီခဲ့ရတာ မင္းတို႔ရဲ႕ V. call ထက္ ရင္ဘတ္ထဲကို ေရာက္ခဲ့တာေပါ့။
မင္းတို႔က လမ္းခြဲၾကရင္ Facebookမွာ Rsျဖဳတ္မယ္၊ Un friend လုပ္မယ္၊ block မယ္။
ငါတို႔မ်ားၾကေတာ့ အသဲကြဲကဗ်ာေတြ အသဲကြဲ ဝတၳဳေတြဖတ္ၾက တိတ္တိတ္ေလးမ်က္ရည္ဝဲၾက လမ္းခြဲခ်ိန္ဆိုတာ အလိုလိုဝမ္းနည္းေနတဲ့ အေၾကာင္းအရာတစ္ခုေပါ့..။
မင္းတို႔ကေတာ့ ခ်စ္တယ္ဆိုတာ ထမင္းစား ေရေသာက္ခ်စ္တဲ့စကားကို ရင္ဘတ္နဲ႔မေျပာတတ္၊ ရင္ဘတ္နဲ႔ နားမေထာင္တတ္ၾကဘူး။ First love ကိုမဖတ္တတ္ၾကဘူး
အိမ္ေရွ႕အေဆာင္ေရွ႕ ဂီတာတီးၿပီး လာေခ်ာ့ခံရတဲ့ဖီလင္ကို မင္းတို႔မသိဘူး။
တစ္ကယ္ပါ အေကာင္းစား ရင္ဘတ္ေတြကို သူတို႔လိုက္မမွီၾကပါဘူး ။
ဒီပိုစ့္ေလးရဲ႕ အဲ့ဒီခံစားခ်က္ေတြကို ခံစားဖူးသူတို႔ဟာ အဲ့ဒီအခ်ိန္ေတြကို အခုဖတ္ေနရင္းနဲ႔ကို ပိုၿပီး သတိတရရွိလာၾကလိမ့္မယ္။
အထူးသျဖင့္..ကိုယ္တို႔လို 1984 ဝန္းက်င္ဖြားေတြနဲ႔ ေတာမက် ၿမိဳ႕မက် ႐ြာသူေလးေတြ ပိုၿပီးသိတာေပါ့…။ ။
Credit
Sai Min Thant ထံမွ ျပန္လည္မွ်ေဝပါသည္။
Unicode
အင်တာနက်တွေ မပေါ်သေးတဲ့ တချိန်က 1980 1990 ဝန်းကျင်ဖွားတွေနဲ့ တောမကျ မြို့မကျ ဒေသမှာ နေသူတွေရဲ့ လူငယ်ဘဝ လက်တွေ့ ရင်ခုန်သံတွေ…
ကလေးတို့ရေ တို့ခေတ်တုန်းက တစ်ညလုံးထိုင်ရေးပြီး အမေမသိအောင်ဖွက်ထားရတဲ့ ရည်းစားစာဆိုတာ မင်းတို့ messengerက Ro တဲ့ စကားလုံးတွေထက် အများကြီးပိုပါတယ် ။
သူ့အသံလေးကြား သူ့မျက်နှာလေးမြင်ချင်ရုံနဲ့ လမ်းထိပ်စျေးဆိုင် စာအုပ်အဌားဆိုင် ကို အကြောင်းပြ ရင်ခုန်သံကိုဖိနပ်လိုစီးပြီး သွားခဲ့ရတာ ခုခေတ် Viber ကHi ဆိုတာကို သနားတာပေါ့ ..။
အကြည့်ချင်းမဆုံလိုက်ရတဲ့ နေ့တွေဆို စာကျက်မရတဲ့နေ့တွေဖြစ်ပြီး ဆရာမရိုက်လို့မနာဘူး
စာအုပ်ထဲ တစ်မျက်နှာအပြည့် သူ့နာမည်ကို ချရေးခဲ့တာမင်းတို့ status က Feeling..sad ဆိုတာထက် ရင်နာရတဲ့ နေ့ရက်တွေပေါ့..။
သူ့စက်ဘီး ကိုယ့်စက်ဘီး ဘေးချင်းကပ်အောင် နင်းရင်း စကားပြောရယ်မောရတဲ့ အခိုက်အတန့်များဆို ညဘက်အိပ်မရဘဲ သူ့အကြောင်းတွေးပြီး လမင်းကြီးကို ငေး ရင်ခုန်သံတွေကို ကြိုးနဲ့ သီခဲ့ရတာ မင်းတို့ရဲ့ V. call ထက် ရင်ဘတ်ထဲကို ရောက်ခဲ့တာပေါ့။
မင်းတို့က လမ်းခွဲကြရင် Facebookမှာ Rsဖြုတ်မယ်၊ Un friend လုပ်မယ်၊ block မယ်။
ငါတို့များကြတော့ အသဲကွဲကဗျာတွေ အသဲကွဲ ဝတ္ထုတွေဖတ်ကြ တိတ်တိတ်လေးမျက်ရည်ဝဲကြ လမ်းခွဲချိန်ဆိုတာ အလိုလိုဝမ်းနည်းနေတဲ့ အကြောင်းအရာတစ်ခုပေါ့..။
မင်းတို့ကတော့ ချစ်တယ်ဆိုတာ ထမင်းစား ရေသောက်ချစ်တဲ့စကားကို ရင်ဘတ်နဲ့မပြောတတ်၊ ရင်ဘတ်နဲ့ နားမထောင်တတ်ကြဘူး။ First love ကိုမဖတ်တတ်ကြဘူး
အိမ်ရှေ့အဆောင်ရှေ့ ဂီတာတီးပြီး လာချော့ခံရတဲ့ဖီလင်ကို မင်းတို့မသိဘူး။
တစ်ကယ်ပါ အကောင်းစား ရင်ဘတ်တွေကို သူတို့လိုက်မမှီကြပါဘူး ။
ဒီပိုစ့်လေးရဲ့ အဲ့ဒီခံစားချက်တွေကို ခံစားဖူးသူတို့ဟာ အဲ့ဒီအချိန်တွေကို အခုဖတ်နေရင်းနဲ့ကို ပိုပြီး သတိတရရှိလာကြလိမ့်မယ်။
အထူးသဖြင့်..ကိုယ်တို့လို 1984 ဝန်းကျင်ဖွားတွေနဲ့ တောမကျ မြို့မကျ ရွာသူလေးတွေ ပိုပြီးသိတာပေါ့…။ ။
Credit
Sai Min Thant ထံမှ ပြန်လည်မျှဝေပါသည်။
Leave a Reply