အင္းေတာ္ႀကီးအိုင္က ဒုတိယဖားကန႔္ ျဖစ္လာေတာ့မလား …?

အင္းေတာ္ႀကီးအိုင္က ဒုတိယဖားကန႔္ ျဖစ္လာေတာ့မလား …?

အေရွ႕ေတာင္အာရွမွာ “တတိယအႀကီးဆုံး ကုန္းတြင္း ေရတိမ္ရမ္ဆာေဒသ” လို႔ သတ္မွတ္ထားၾကတဲ့ ကခ်င္ျပည္နယ္က အင္းေတာ္ႀကီးအိုင္ဟာ သဘာဝအလွမပ်က္ယြင္းဘဲ သဘာဝနဲ႔လူသားေတြ အတူယွဥ◌္တြဲေနတဲ့ ရွားပါးလွတဲ့အရပ္ေဒသတစ္ခုလို႔ ကမာၻ႔ခရီးသြားေတြ မွတ္တမ္းအတင္ခံရတဲ့ အိုင္ႀကီးပါ။ ၁၉၇၁ ရမ္ဆာၿမိဳ႕မွာခ်ဳပ္ဆိုခဲ့တဲ့ ေရဝပ္ေဒသထိန္းသိမ္းေရး သေဘာတူစာခ်ဳပ္ (ရမ္ဆာကြန္ဗင္းရွင္း)အရ ယူနက္စကို UNESCO ကုလသမဂၢ ပညာေရး၊ သိပၸံႏွင့္ ယဥ◌္ေက်းမႈအဖြဲ႕က ျမန္မာႏိုင္ငံမွာ အင္းေတာ္ႀကီးအိုင္အပါအဝင္ ရမ္ဆာေရဝပ္ေဒသ ထိန္းသိမ္းေရးနယ္ေျမေျခာက္ခု သတ္မွတ္ထားပါသည္။

ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္ မိုးညႇင္းၿမိဳ႕နယ္ အင္းေတာ္ႀကီးၿမိဳ႕မွာတည္ရွိတဲ့ ဒီအင္းေတာ္ႀကီးအိုင္သည္ ျမန္မာႏိုင္ငံတြင္ အႀကီးဆုံးသဘာဝအင္းႀကီးျဖစ္ၿပီး၊ ေတာင္နဲ႔ေျမာက္ အလ်ား ၁၄ မိုင္နဲ႔ အနံ ခုႏွစ္မိုင္ရွိသည္။ ေရျပင္အက်ယ္ ၁၀၀ စတုရန္မိုင္အပါအဝင္ ၃၁၄ ဒႆမ ၆၇ စတုရန္းမိုင္က်ယ္ဝန္းတဲ့ အင္းေတာ္ႀကီးေတာ႐ိုင္းတိရိစာၦန္ေဘးမဲ့ေတာကို ၁၉၉၉ ခုႏွစ္ မတ္လ ၄ ရက္ေန႔မွာ တည္ေထာင္ခဲ့သည္။

အင္းေတာ္ႀကီးအိုင္ ေဘးမဲ့ေတာထဲမွာ မ်ိဳးသုဥ◌္းမယ့္ အႏၲရာယ္ရွိေနတဲ့ ဌက္မ်ိဳးစိတ္ ၁၀ ခုအပါအဝင္ ႏွစ္စဥ◌္ေဆာင္းခိုဌက္ ၂၀၀၀၀ ေက်ာ္ လာေရာက္ေဆာင္းခိုေလ့ရွိတဲ့ ေနရာတစ္ခုလည္း ျဖစ္သည္။

၂၀၁၇ ခုႏွစ္ ဇြန္ ၁၄ ရက္မွာ ျပင္သစ္ႏိုင္ငံမွာက်င္းပတဲ့ ၂၉ ႀကိမ္ေျမာက္ ယူနက္စကိုဇီဝအဝန္းနယ္ေျမမ်ား အစည္းအေဝးမွာ အင္းေတာ္ႀကီးေဘးမဲ့ေတာႏွင့္ ပတ္ဝန္းက်င္ေဒသအား ဇီဝအဝန္းနယ္ေျမမ်ားအျဖစ္ အတည္ျပဳသတ္မွတ္ခဲ့သည္။
ဒီလို ထူးျခားလွပလြန္းတဲ့ အင္းေတာ္ႀကီးအိုင္ရဲ႕ သဘာဝအလွေတြကို ေရရွည္တြင္ ဆက္လက္ ထိန္းသိမ္းႏိုင္မလားဆိုတဲ့ စိုးရိမ္စိတ္ေတြဟာ ေဒသခံေတြရဲ႕ စိတ္ထဲမွာ တေန႔တျခား တိုးပြားလို႔လာေနပါသည္။ အေၾကာင္းကေတာ့ အိုင္ႀကီးဟာ ရင္သပ္ရႈေမာလွပသလို အိုင္ႀကီးနဲ႔မနီးမေဝးမွာ အဖိုးတန္ေ႐ႊေၾကာေတြ ရွိေနလို႔ပါ။

အင္းေတာ္ႀကီးေဒသမွာ ရွမ္းတိုင္းရင္းသားအမ်ားစုေနထိုင္ၾကၿပီး၊ ကခ်င္နဲ႔ ဗမာတိုင္းရင္းသား လူနည္းစုအခ်ိဳ႕လည္း ေနထိုင္ၾကသည္။ ဌာေနတိုင္းရင္းသားတို႔က တံငါသည္အလုပ္၊ စိုက္ပ်ိဳးေရးအလုပ္ေတြနဲ႔ ဒီအင္းေတာ္ႀကီးအိုင္ကိုအမွီျပဳၿပီးမွ မိမိတို႔ရဲ႕စားဝတ္ေနေရးကို ေျဖရွင္းေနၾကရပါသည္။

အဖိုးတန္ေ႐ႊေၾကာမ်ားရွိသည့္ အင္းေတာ္ႀကီးေဒသက မိုင္းေနာင္၊ လုံးတုံ၊ မမုန္းကိုင္ေက်း႐ြာ အေနာက္ဘက္တို႔မွာ လုပ္ငန္းရွင္မ်ားက ၁၉၈၀ ခုႏွစ္ဝန္းက်င္အေစာပိုင္းကတည္းက ေ႐ႊေမ်ာ္မ်ား စတင္လုပ္ကိုင္လာခဲ့ၾကသည္။ အင္းေတာ္ႀကီးေဒသ မိုင္းေနာင္၊ နန႔္ပတဲ၊ နန႔္မီးေလာင္၊ ေညာင္ပင္စတဲ့ ေက်း႐ြာေတြအနီးတဝိုက္က ေခ်ာင္းလက္တက္ေတြနဲ႔ ေတာေတာင္ေတြမွာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း မ်ားစြာကတည္းက ေ႐ႊတူးေဖာ္ေနၾကတာပါ။

သို႔ေသာ္ ၂၀၁၆ ခုႏွစ္မွာ အင္းေတာ္ႀကီးေဒသက မိုင္းေနာင္ေက်း႐ြာတဝိုက္မွာ ေ႐ႊတူးေဖာ္တာေတြမလုပ္ဖို႔ မိုင္းေနာင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးက တားျမစ္စာထုတ္ျပန္လိုက္ၿပီးေနာက္ အဆိုပါ ေ႐ႊေမ်ာ္လုပ္ငန္းမ်ားက သိသိသာသာ ေလ်ာ့နည္းသြားခဲ့ပါသည္။ ၂၀၂၁ ခုႏွစ္ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း မွာေတာ့ အရင္ႏွစ္မ်ားနဲ႔မတူေတာ့ဘဲ စက္ယႏၲားႀကီးေတြ အသုံးျပဳၿပီး အလြန္အကြၽံကို တူးေဖာ္လာၾကသည္။

စက္ယႏၲႀကီးမ်ားႏွင့္ တရားမဝင္ ေ႐ႊတူးေဖာ္မႈေတြ အဆမတန္မ်ားလာၿပီး၊ ေ႐ႊတူးရာကေန စြန႔္ပစ္တဲ့အညစ္အေၾကးနဲ႔ ႐ႊံႏြံေတြေၾကာင့္ အင္းႀကီး အနာပတ္ပတ္လည္တေလွ်ာက္မွာ အထဲကို တစ္မိုင္စီေလာက္ က်ဳံ႕ဝင္သြားၿပီး အင္းႀကီးေကာလာေနၿပီလို႔ ေဒသခံေတြက ေျပာပါသည္။

ဒီလို အင္းနံေဘး အနီးအနားမွာ ေ႐ႊေတြ အလြန္အကြၽံတူးလာရတာေတြေၾကာင့္ အင္းႀကီးတစ္ခုပဲ ပ်က္စီးလာရတာမဟုတ္ဘဲ ဌာေနတိုင္းရင္းသား လယ္ယာလုပ္ငန္းလုပ္ကိုင္သူမ်ားနဲ႔ ကြၽဲ၊ ႏြား ေမြးျမဴသည့္ ေဒသခံျပည္သူမ်ားအတြက္ စာက်က္ေျမေနရာမ်ား ေပ်ာက္ကြယ္သြားသည့္ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ေနရပါသည္။

သယံဇာတက်ိန္စာ
အင္းေတာ္ႀကီးေဒသသည္ ဖားကန႔္လုံးခင္း ေက်ာက္စိမ္းရတနာေျမ၊ ဆယ္ဇင္း႐ြာေ႐ႊေမွာ္မ်ား၊ ဟုမၼလင္းေ႐ႊေမွာ္မ်ားနဲ႔ ေမာ္လူး/ေမာ္ဟန္ေ႐ႊေမွာ္ေဒသမ်ားနဲ႔ ေတာေတာင္ေျမေၾကာဆက္ႏြယ္ေနတဲ့အတြက္ သယံဇာတမ်ား ေပါႂကြယ္တဲ့ အရပ္ေဒသျဖစ္တယ္လို႔ အဆိုပါေဒသက ေရွ႕မွီေနာက္မွီ ေဒသခံမ်ားက ေျပာျပၾကသည္။

အင္းေတာ္ႀကီးအိုင္ထဲ စီးဝင္တဲ့ ေရအရင္းအျမစ္ေတြထဲက တစ္ခုျဖစ္တဲ့ “ေခါင္းတုန္းေခ်ာင္”ဆိုရင္ အခုအခါမွာ ေ႐ႊတူးေဖာ္ေရးလုပ္ငန္းမွ စြန႔္ထုတ္လိုက္တဲ့ ေရဆိုးနဲ႔ အညစ္အေၾကးေတြေၾကာင့္ ေခ်ာင္းေရျပင္က ဧကတစ္ရာေက်ာ္နီးပါး တိမ္ေကာလာေနၿပီျဖစ္ေၾကာင္းကို စုံစမ္းေတြ႕ရွိရသည္။

“အင္းထဲစီးဝင္တဲ့ ေခ်ာင္းအမ်ားႀကီးရွိတယ္ဆိုဦးေတာ့ အခုဆိုရင္ နမ့္တိမ္ေခ်ာင္းရဲ႕ ေခ်ာင္းဖ်ားက ကုန္ေနၿပီ။ အင္းအေနာက္ဖက္က ေခ်ာင္းေတြဆိုရင္လည္း ကုန္သေလာက္ရွိေနၿပီ။ ၾကာရင္ ႐ြာေတြပါေပ်ာက္ႏိုင္တယ္”လို႔ အင္းေတာ္ႀကီးေဒသခံ ကိုစိုင္းေမာင္က အခုလိုေျပာျပသည္။

အဆမတန္ ေ႐ႊတူးေဖာ္မႈေၾကာင့္ ပ်က္စီးသြားရတဲ့ ေခ်ာင္းေတြထဲမွာ အင္းေတာ္ႀကီးေဒသ မိုင္းေနာင္႐ြာေဘးက မိုင္းေနာင္ေခ်ာင္းလည္း တစ္ခုအပါအဝင္ျဖစ္ၿပီးေတာ့ လြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္စု အခ်ိန္ကာလအတြင္းမွာ ဒီေခ်ာင္းေရက “လူတစ္ရပ္စာ ေရစူးရွိ” ေပမယ့္ အခုခ်ိန္မွာေတာ့ အဆိုပါေခ်ာင္းေရက ေျခမ်က္စိေလာက္သာ ျမဳပ္ေတာ့သည့္ အေနအထားကို ေရာက္ရွိသြားခဲ့ၿပီ ျဖစ္သည္။ လက္ရွိအခ်ိန္မွာေတာ့ တိမ္ေကာလာေနတဲ့ ေခါင္းတုန္းေခ်ာင္းတစ္ေလွ်ာက္မွာ စိုက္ပ်ိဳးလို႔လည္းမရႏိုင္တဲ့ ကႏၲရစူးခင္း ေတြအျဖစ္သာရွိလာေနၿပီ ျဖစ္တယ္လို႔ ဆိုသည္။

ေ႐ႊတူးေဖာ္မႈေတြေၾကာင့္ စီးဆင္လာတဲ့ႏြံမ်ားက အင္းေရျပင္ရဲ႕ တစ္ဧကေက်ာ္အထိ ဖုံးလြမ္းသြားၿပီျဖစ္တယ္လို႔ အင္းခ်စ္သူအဖြဲ႕က တာဝန္ရွိသူတစ္ဦးက အခုလို ေျပာျပခဲ့ပါေသးသည္။

“အင္းေကာတာက အခုဆိုရင္ တစ္ႏွစ္ကို အနည္းဆုံးတစ္မိုင္ဝန္းက်င္ေလာက္ရွိလာၿပီ။ ဒါေတာင္ အေပၚကျမင္ရအပိုင္းကို ၾကည့္ၿပီး ခန႔္မွန္းေျပာျပတာ။ ေအာက္ကေနဝင္လာတဲ့ ႏြံေတြကိုက အေပၚကေန မျမင္ရေသးဘူး။ အဲ့တာကလည္း မရွိဘူးဆိုရင္ေတာင္ သုံးမိုင္ေလာက္ရွိမယ္။ က်ေနာ္တို႔အဖြဲ႕က လတိုင္း ဌက္စာရင္းေကာက္တာသြားရင္းနဲ႔ ဝါးနဲ႔ ထိုးၾကည့္ေတာ့မွ သိရတယ္” လို႔ ဆိုသည္။

အင္းေတာ္ႀကီးအနီးပတ္ဝန္းက်င္ရွိ ႐ြာသားမ်ားက လုပ္ငန္းရွင္မ်ား ေ႐ႊတူးေဖာ္မႈမ်ားေၾကာင့္ အင္းထဲ ႏြံမ်ားစီးဝင္လာၿပီး လယ္ယာေျမမ်ား လုပ္မရေတာ့တဲ့အတြက္ မိမိတို႔ပိုင္ဆိုင္တဲ့ လယ္ယာေျမေတြကို ေ႐ႊတူးေဖာ္ေနၾကတဲ့ လုပ္ငန္းရွင္မ်ားကို ေရာင္းခ်႐ုံမွတပါး အျခားေ႐ြးစရာမရွိပါ။ မိသားစုစားဝတ္ေနေရး အတြက္ေတာ့ ဖားကန႔္လိုေနရာမ်ားသို႔ သြားေရာက္ကာ ေရမေဆးေက်ာက္ရွာေဖြၾကသည့္ အလုပ္မ်ားကို ေျပာင္းလုပ္လာေနၾကရသည္။ တခ်ိဳ႕လည္း ေရၾကည္ရာျမက္ႏုရာ အျခားေနရာေဒသဆီ ေျပာင္းေ႐ြ႕သြားၾကသည္။

လက္ရွိစုံစမ္းရရွိထားတဲ့အခ်က္အလက္အရ ေ႐ႊလုပ္ငန္းရွင္မ်ားထံ ေရာင္းခ်ထားတဲ့ လယ္ယာေျမမ်ားက ဧက ၅၀၀ ထက္မနည္းရွိေနၿပီး၊ ေနာက္ထပ္ ေရာင္းဖို႔ျပင္ေနသည့္ လယ္ယာေျမမ်ားလည္း ရွိသည္။
စစ္တပ္မွ အာဏာသိမ္းသည့္ ႏွစ္ႏွစ္တာကာလအတြင္း အင္းေတာ္ႀကီးေဒသတစ္ဝိုက္မွာ စက္ယႏၲရားႀကီးမ်ားနဲ႔ ေ႐ႊတူးေဖာ္မႈေတြေၾကာင့္ ေဒသခံမ်ားအသုံးျပဳေနၾကတဲ့ အင္းထဲစီးဝင္တဲ့ ေခါင္းတုန္းခေခ်ာင္း၊ နမ့္တန္ခေခ်ာင္း၊ အင္ျမန္ခေခ်ာင္းမ်ားက ေရလမ္းေၾကာင္းမ်ားပ်က္စီးျခင္း၊ အိမ္ေမြးတိရိစာၦန္မ်ားရဲ႕ စားက်က္ေျမမ်ား ေပ်ာက္ကြယ္ျခင္း ေဒသခံအခ်ိဳ႕ေ႐ြ႕ေျပာင္းေနထိုင္လာရျခင္း အစရွိတဲ့ ျပသနာမ်ားကို ႀကဳံေတြ႕လာေနရျခင္း ျဖစ္သည္။

ဒီေ႐ႊမိုင္းတြင္းေတြကေနထြက္တဲ့ စြန႔္ပစ္ပစၥည္းေတြ အင္းထဲ ဘယ္ေလာက္မ်ား စိမ့္ဝင္ေနၿပီလဲဆိုတာကို လက္ေတြ႕စမ္သပ္ၿပီး သက္ဆိုင္ရာကို တင္ျပၾကတဲ့ အဖြဲ႕အစည္းေတြရွိတယ္ဆိုတာကို အခုခ်ိန္ထိ မေတြ႕ရေသးပါ။ ဒါကလည္း ေဒသခံ ပတ္ဝန္းက်င္ထိန္းသိမ္းေရး အဖြဲ႕အစည္းေတြအေနနဲ႔ လုပ္ကိုင္ႏိုင္တဲ့အင္အားက အကန႔္အသတ္မ်ားစြာ ရွိေနတာျဖစ္ေၾကာင္းကို စုံစမ္းသိရွိခဲ့ရပါသည္။

စစ္တပ္ အာဏာသိမ္းၿပီးေနာက္မွာ တိုင္တန္းရန္လည္း လုံၿခဳံမႈမရွိေတာ့တဲ့အတြက္ တိုင္တန္မႈမ်ားလည္း မရွိေတာ့တာျဖစ္တယ္လို႔ မိုင္းေနာင္ေဒသခံ သတင္းရင္းျမစ္တစ္ဦးက အခုလိုေျပာသည္။
“ တားလို႔ကလည္း အက်ိဳးမွ မရွိေတာ့တာ။ အခုက အကုန္လုံးကိုေၾကာက္ေနရတဲ့ အေျခအေနဆိုေတာ့ ေၾကာက္ေနရတယ္ဗ်ာ” လို႔ ဆိုသည္။
လက္နက္ကိုင္တပ္ဖြဲ႕ေတြနဲ႔ ကိုယ္က်ိဳးစီးပြား
အင္းေတာ္ႀကီးအိုင္ကို အႏၲရာယ္ေပးၿခိမ္းေျခာက္ေနတဲ့ စိန္ေခၚမႈေတြအထဲမွာ ဒီအခ်က္ကလည္း တစ္ခုအပါအဝင္ ျဖစ္ေနသည္။

ဒီေဒသက ေ႐ႊေမွာ္မ်ားဟာ ေကအိုင္ေအတပ္မဟာ (၉) လက္ေအာက္ခံ ေကအိုင္ေအတပ္ရင္း (၂၆) နယ္ေျမနဲ႔ အာဏာသိမ္းစစ္ေကာင္စီရဲ႕ အင္းေတာ္ႀကီးေဒသအေျချပဳ လုံးတုံတပ္ရင္းက တိုက္႐ိုက္ကိုင္တြယ္ေလ့ရွိတယ္လို႔ ေဒသခံသတင္းရင္းျမစ္မ်ားက အခိုင္အမာဆိုၾကသည္။
ေဒသခံသတင္းရင္းျမစ္တစ္ဦးက “အေျခအေနက ခက္ပါတယ္ဗ်ာ။ ေျပာသာေျပာေနရတာ လုပ္တဲ့သူက လုပ္ေကာင္းတုန္းဘဲ။ ေ႐ႊေလာပန္းေတြက တစ္ခုခုဆိုသူတို႔က စုေပါင္းေျဖရွင္းၾကတာလို႔ေတာ့ ၾကားမိတယ္။ ဥပမာ ဘက္ဟိုးလာဖမ္းရင္ ဘယ္လိုေရွာင္ရမယ္။ ဘယ္ႏွစ္စီးထိုးေကြၽးမယ္။ ေနာက္ၿပီး ပိုက္ဆံေပးရမယ့္ ကိစၥေတြမွာဆိုရင္လည္း ႏွစ္ဖက္စလုံးနဲ႔ ညႇိၾကဖို႔ ၾကားလူထားတာေတြက အရင္ကတည္းက ရွိတယ္ ” ဟု ဆိုသည္။

ဒီအင္းေတာ္ႀကီးေဒသက လက္နက္ကိုင္အဖြဲ႕အားလုံးက သူ႔နည္းသူ႔ဟန္နဲ႔ တန္းခိုးထက္ၾကသူေတြ ျဖစ္တယ္လို႔လည္း ေဒသခံမ်ားက ဆိုၾကသည္။ လက္ရွိ အာဏာသိမ္းစစ္ေကာင္စီလက္ထက္ ေကအိုင္ေအနဲ႔ စစ္တပ္တို႔အၾကား ကခ်င္ျပည္နယ္အႏွံ႔မွာ တိုက္ခိုက္မႈေတြက ေဒသခံမ်ားကို မလုံမၿခဳံျဖစ္ေစသည္။

အင္းေတာ္ႀကီးအိုင္တခြင္မွာ ေနထိုင္ၾကတဲ့ လူနည္းစု ကခ်င္တိုင္းရင္းသားမ်ားကို မတရားအႏိုင္က်င့္ စစ္ေဆးတတ္တယ္လို႔ အမည္မေဖာ္လိုတဲ့ ကခ်င္တိုင္းရင္းသား ေဒသခံသတင္းရင္းျမစ္တစ္ဦးက အခုလို ေျပာျပသည္။
“သူတို႔ (စစ္ေကာင္စီတပ္)က ေကအိုင္ေအနဲ႔ တစ္ခုခုျဖစ္လို႔ သူတို႔ဘက္က အထိနာခဲ့ၿပီဆိုရင္ ႐ြာေတြထဲက က်ေနာ္တို႔ကို မ်က္စိေထာက္ေထာက္ၾကည့္ၿပီ။ တခါတေလ မထင္ရင္မထင္သလို ေခၚစစ္တာမ်ိဳးေတြလည္း လုပ္ေနတယ္” လို႔ ေျပာသည္။

ဒုတိယဖားကန႔္လို ျဖစ္လာမယ့္ အႏၲရာယ္
စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ မိုးညႇင္းၿမိဳ႕နယ္ အင္းေတာ္ႀကီးအိုင္အနီးက မိုင္းေနာင္၊ လုံးတုံေက်း႐ြာနဲ႔ မမုံကိုင္း အစရွိတဲ့ ေက်း႐ြာေတြမွာေတာ့ ႐ုတ္ျခည္းဆိုသလို စက္ယႏၲရားႀကီးေတြနဲ႔ ေျမတူးဘက္ဟိုး အစီး ၅၀၀ ထက္မနည္း ေရာက္ရွိလာကာ ေ႐ႊမ်ားစတင္တူးေဖာ္လာခဲ့ၾကျခင္း ျဖစ္သည္။

ယခင္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ လက္ထက္မွာ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕အေနနဲ႔ ၿမိဳ႕နယ္ (၁၁) ၿမိဳ႕နယ္မွာ အေသးစားေ႐ႊလုပ္ကြက္ေပါင္း ၂၂၃ ကြက္ကို ခ်ထားေပးခဲ့တယ္လို႔ ကခ်င္ျပည္နယ္သတၳဳတြင္းဦးစီးဌာနရဲ႕ အခ်က္အလက္အရ သိရသည္။ သို႔ေပမယ့္ မိုးညႇင္းၿမိဳ႕နယ္ အင္းေတာ္ႀကီးေဒသမွာ ဘယ္သတၳဳတူးေဖာ္ေရး လုပ္ကြက္မ်ားကို ခ်ေပးခဲ့တာမရွိေၾကာင္း ျပည္နယ္သတၳဳတြင္း႐ုံးမွ သတင္းရင္းျမစ္မ်ားက အခိုင္အမာဆိုၾကသည္။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီခန႔္ ကခ်င္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ ေျပာေရးဆိုခြင့္ရွိသူလည္းျဖစ္သလို ျပည္နယ္လူမႈေရးဝန္ႀကီးလည္းျဖစ္တဲ့ ဦးဝင္းရဲထြန္းက အင္းေတာ္ႀကီးေဒသမွာ ေ႐ႊတူးေဖာ္မႈမ်ားက တရားမဝင္ခိုးတူးေနမႈသာျဖစ္ၿပီးေတာ့ စစ္ေကာင္စီအေနနဲ႔လည္း သီးျခား တရားဝင္လုပ္ကြက္ခ်ထားေပးတာမရွိဘူးလို႔ ကခ်င္ျပည္နယ္အေျခစိုက္ သတင္းဌာနေတြကို ေျဖဆိုထားတာေတြ႕ရသည္။

အင္းေတာ္ႀကီးေဒသတစ္ဝိုက္မွာ စစ္တပ္က ေ႐ႊတူးေဖာ္ခြင့္ေတြကို အခြန္ေကာက္ခံၿပီး ခြင့္ျပဳထားတဲ့အတြက္ သဘာဝပတ္ဝန္းက်င္ေတြပ်က္စီးလာရသလို အင္းႀကီးပိုၿပီးပ်က္စီးလာရတယ္လို႔ ကခ်င္ျပည္နယ္အေျခစိုက္ သတင္းဌာနမ်ားမွ လူမႈကြန္ယက္စာမ်က္ႏွာထက္ေတြမွာ ခပ္စိတ္စိတ္ေဖာ္ျပလာတဲ့အတြက္ အခုလ (ေဖေဖာ္ဝါရီလ) ၁၁ ရက္ေန႔ကစၿပီး “လက္ရွိေ႐ႊတူးေဖာ္ေနၾကတဲ့ မိုင္းေနာင္ေက်း႐ြာနဲ႔ လုံးတုံေက်း႐ြာတစ္ဝိုက္က ေ႐ႊေမွာ္မ်ားကို ရပ္နားခိုင္းထားတယ္” လို႔ ေဒသခံမ်ားက အတည္ျပဳ ေျပာဆိုပါသည္။

“စစ္ေကာင္စီဘက္က အရပ္ဝတ္နဲ႔ ေသနတ္ေတြကိုင္ၿပီး လုပ္တဲ့ေနရာထိလာၿပီး ေျပာသြားတာဟုတ္တယ္။ အခုေတာ့အားလုံး နားလိုက္ၾကၿပီဟုတ္တယ္” လို႔ ဆိုသည္။
စစ္ေကာင္စီတပ္ဘက္က အခုလိုလာေရာက္ေျပာဆိုၿပီးေနာက္ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ကစၿပီး ေ႐ႊတူးေဖာ္ေနၾကတဲ့ ေ႐ႊေလာပန္းေတြက ၎တို႔ရဲ႕ စက္ယႏၲရားႀကီးေတြကို သယ္ယူၿပီး တူးလက္စ အလုပ္ေတြကို ဒီအတိုင္းထားခဲ့ၾကကာ အလ်ိဳလ်ိဳ စတင္ထြက္ခြာေနၾကၿပီ ျဖစ္တယ္လို႔ မ်က္ျမင္ေတြ႕ရွိခဲ့ၾကတဲ့ ေဒသခံမ်ားက ဆိုၾကသည္။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ ႏွစ္ႏွစ္အၾကာမွာမွ အခုလို ပထမဆုံးအႀကိမ္အျဖစ္ လုပ္ကြက္မ်ားအားလုံးကို နားခိုင္းလိုက္တာပါ။ သို႔ေသာ္ ဘယ္ေလာက္ၾကာၾကာနားမလဲဆိုတာ မသိရေသးပါ။ ယခင္ကလည္း အခုလိုနားတာေတြရွိခဲ့ေပမယ့္ မ်ားမၾကာမီမွာ ေ႐ႊတူးလုပ္ငန္းေတြ ျပန္စတာကို ေတြ႕ရပါသည္။

အင္းေတာ္ႀကီးအိုင္ ပတ္ဝန္းက်င္က ေ႐ႊလုပ္ကြက္ေတြကို စံနစ္တက်စီမံခန႔္ခြဲမႈမရွိဘဲ စက္ယႏၲယားႀကီးေတြနဲ႔ ဆက္တူးေနမယ္ဆိုရင္ အင္းေတာ္ႀကီးအိုင္ အနီးပတ္ဝန္းက်င္က လယ္ယာေျမေတြ ပ်က္စီးဆုံးရႈံးမွာျဖစ္သလို အိုင္ႀကီးတိမ္ေကာၿပီး ေရေၾကာေျမေၾကာ ပ်က္ဆီးမႈေတြအျပင္ သဘာဝနဲ႔ လူသား အျပန္အလွန္မွီတင္းေနထိုင္ေနတဲ့ အင္းေတာ္ႀကီးေဒသခံေတြရဲ႕ အသိုက္အၿမဳံေလးပါ ပ်က္စီးေပ်ာက္ကြယ္သြားမွာကို စိုးရိမ္ေနၾကပါသည္။

#Credit- miziima (အဂမ္)
#ကခ်င္ #ဖားကန္႔ #အင္းေတာ္ႀကီး #thervwang

Unicode
အင်းတော်ကြီးအိုင်က ဒုတိယဖားကန့် ဖြစ်လာတော့မလား …?

အရှေ့တောင်အာရှမှာ “တတိယအကြီးဆုံး ကုန်းတွင်း ရေတိမ်ရမ်ဆာဒေသ” လို့ သတ်မှတ်ထားကြတဲ့ ကချင်ပြည်နယ်က အင်းတော်ကြီးအိုင်ဟာ သဘာဝအလှမပျက်ယွင်းဘဲ သဘာဝနဲ့လူသားတွေ အတူယှဥ◌်တွဲနေတဲ့ ရှားပါးလှတဲ့အရပ်ဒေသတစ်ခုလို့ ကမ္ဘာ့ခရီးသွားတွေ မှတ်တမ်းအတင်ခံရတဲ့ အိုင်ကြီးပါ။ ၁၉၇၁ ရမ်ဆာမြို့မှာချုပ်ဆိုခဲ့တဲ့ ရေဝပ်ဒေသထိန်းသိမ်းရေး သဘောတူစာချုပ် (ရမ်ဆာကွန်ဗင်းရှင်း)အရ ယူနက်စကို UNESCO ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဥ◌်ကျေးမှုအဖွဲ့က မြန်မာနိုင်ငံမှာ အင်းတော်ကြီးအိုင်အပါအဝင် ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေခြောက်ခု သတ်မှတ်ထားပါသည်။

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးမြို့မှာတည်ရှိတဲ့ ဒီအင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးသဘာဝအင်းကြီးဖြစ်ပြီး၊ တောင်နဲ့မြောက် အလျား ၁၄ မိုင်နဲ့ အနံ ခုနှစ်မိုင်ရှိသည်။ ရေပြင်အကျယ် ၁၀၀ စတုရန်မိုင်အပါအဝင် ၃၁၄ ဒဿမ ၆၇ စတုရန်းမိုင်ကျယ်ဝန်းတဲ့ အင်းတော်ကြီးတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောကို ၁၉၉၉ ခုနှစ် မတ်လ ၄ ရက်နေ့မှာ တည်ထောင်ခဲ့သည်။

အင်းတော်ကြီးအိုင် ဘေးမဲ့တောထဲမှာ မျိုးသုဥ◌်းမယ့် အန္တရာယ်ရှိနေတဲ့ ဌက်မျိုးစိတ် ၁၀ ခုအပါအဝင် နှစ်စဥ◌်ဆောင်းခိုဌက် ၂၀၀၀၀ ကျော် လာရောက်ဆောင်းခိုလေ့ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်သည်။

၂၀၁၇ ခုနှစ် ဇွန် ၁၄ ရက်မှာ ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ ၂၉ ကြိမ်မြောက် ယူနက်စကိုဇီဝအဝန်းနယ်မြေများ အစည်းအဝေးမှာ အင်းတော်ကြီးဘေးမဲ့တောနှင့် ပတ်ဝန်းကျင်ဒေသအား ဇီဝအဝန်းနယ်မြေများအဖြစ် အတည်ပြုသတ်မှတ်ခဲ့သည်။
ဒီလို ထူးခြားလှပလွန်းတဲ့ အင်းတော်ကြီးအိုင်ရဲ့ သဘာဝအလှတွေကို ရေရှည်တွင် ဆက်လက် ထိန်းသိမ်းနိုင်မလားဆိုတဲ့ စိုးရိမ်စိတ်တွေဟာ ဒေသခံတွေရဲ့ စိတ်ထဲမှာ တနေ့တခြား တိုးပွားလို့လာနေပါသည်။ အကြောင်းကတော့ အိုင်ကြီးဟာ ရင်သပ်ရှုမောလှပသလို အိုင်ကြီးနဲ့မနီးမဝေးမှာ အဖိုးတန်ရွှေကြောတွေ ရှိနေလို့ပါ။

အင်းတော်ကြီးဒေသမှာ ရှမ်းတိုင်းရင်းသားအများစုနေထိုင်ကြပြီး၊ ကချင်နဲ့ ဗမာတိုင်းရင်းသား လူနည်းစုအချို့လည်း နေထိုင်ကြသည်။ ဌာနေတိုင်းရင်းသားတို့က တံငါသည်အလုပ်၊ စိုက်ပျိုးရေးအလုပ်တွေနဲ့ ဒီအင်းတော်ကြီးအိုင်ကိုအမှီပြုပြီးမှ မိမိတို့ရဲ့စားဝတ်နေရေးကို ဖြေရှင်းနေကြရပါသည်။

အဖိုးတန်ရွှေကြောများရှိသည့် အင်းတော်ကြီးဒေသက မိုင်းနောင်၊ လုံးတုံ၊ မမုန်းကိုင်ကျေးရွာ အနောက်ဘက်တို့မှာ လုပ်ငန်းရှင်များက ၁၉၈၀ ခုနှစ်ဝန်းကျင်အစောပိုင်းကတည်းက ရွှေမျော်များ စတင်လုပ်ကိုင်လာခဲ့ကြသည်။ အင်းတော်ကြီးဒေသ မိုင်းနောင်၊ နန့်ပတဲ၊ နန့်မီးလောင်၊ ညောင်ပင်စတဲ့ ကျေးရွာတွေအနီးတဝိုက်က ချောင်းလက်တက်တွေနဲ့ တောတောင်တွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ရွှေတူးဖော်နေကြတာပါ။

သို့သော် ၂၀၁၆ ခုနှစ်မှာ အင်းတော်ကြီးဒေသက မိုင်းနောင်ကျေးရွာတဝိုက်မှာ ရွှေတူးဖော်တာတွေမလုပ်ဖို့ မိုင်းနောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက တားမြစ်စာထုတ်ပြန်လိုက်ပြီးနောက် အဆိုပါ ရွှေမျော်လုပ်ငန်းများက သိသိသာသာ လျော့နည်းသွားခဲ့ပါသည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မှာတော့ အရင်နှစ်များနဲ့မတူတော့ဘဲ စက်ယန္တားကြီးတွေ အသုံးပြုပြီး အလွန်အကျွံကို တူးဖော်လာကြသည်။

စက်ယန္တကြီးများနှင့် တရားမဝင် ရွှေတူးဖော်မှုတွေ အဆမတန်များလာပြီး၊ ရွှေတူးရာကနေ စွန့်ပစ်တဲ့အညစ်အကြေးနဲ့ ရွှံနွံတွေကြောင့် အင်းကြီး အနာပတ်ပတ်လည်တလျှောက်မှာ အထဲကို တစ်မိုင်စီလောက် ကျုံ့ဝင်သွားပြီး အင်းကြီးကောလာနေပြီလို့ ဒေသခံတွေက ပြောပါသည်။

ဒီလို အင်းနံဘေး အနီးအနားမှာ ရွှေတွေ အလွန်အကျွံတူးလာရတာတွေကြောင့် အင်းကြီးတစ်ခုပဲ ပျက်စီးလာရတာမဟုတ်ဘဲ ဌာနေတိုင်းရင်းသား လယ်ယာလုပ်ငန်းလုပ်ကိုင်သူများနဲ့ ကျွဲ၊ နွား မွေးမြူသည့် ဒေသခံပြည်သူများအတွက် စာကျက်မြေနေရာများ ပျောက်ကွယ်သွားသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။

သယံဇာတကျိန်စာ
အင်းတော်ကြီးဒေသသည် ဖားကန့်လုံးခင်း ကျောက်စိမ်းရတနာမြေ၊ ဆယ်ဇင်းရွာရွှေမှော်များ၊ ဟုမ္မလင်းရွှေမှော်များနဲ့ မော်လူး/မော်ဟန်ရွှေမှော်ဒေသများနဲ့ တောတောင်မြေကြောဆက်နွယ်နေတဲ့အတွက် သယံဇာတများ ပေါကြွယ်တဲ့ အရပ်ဒေသဖြစ်တယ်လို့ အဆိုပါဒေသက ရှေ့မှီနောက်မှီ ဒေသခံများက ပြောပြကြသည်။

အင်းတော်ကြီးအိုင်ထဲ စီးဝင်တဲ့ ရေအရင်းအမြစ်တွေထဲက တစ်ခုဖြစ်တဲ့ “ခေါင်းတုန်းချောင်”ဆိုရင် အခုအခါမှာ ရွှေတူးဖော်ရေးလုပ်ငန်းမှ စွန့်ထုတ်လိုက်တဲ့ ရေဆိုးနဲ့ အညစ်အကြေးတွေကြောင့် ချောင်းရေပြင်က ဧကတစ်ရာကျော်နီးပါး တိမ်ကောလာနေပြီဖြစ်ကြောင်းကို စုံစမ်းတွေ့ရှိရသည်။

“အင်းထဲစီးဝင်တဲ့ ချောင်းအများကြီးရှိတယ်ဆိုဦးတော့ အခုဆိုရင် နမ့်တိမ်ချောင်းရဲ့ ချောင်းဖျားက ကုန်နေပြီ။ အင်းအနောက်ဖက်က ချောင်းတွေဆိုရင်လည်း ကုန်သလောက်ရှိနေပြီ။ ကြာရင် ရွာတွေပါပျောက်နိုင်တယ်”လို့ အင်းတော်ကြီးဒေသခံ ကိုစိုင်းမောင်က အခုလိုပြောပြသည်။

အဆမတန် ရွှေတူးဖော်မှုကြောင့် ပျက်စီးသွားရတဲ့ ချောင်းတွေထဲမှာ အင်းတော်ကြီးဒေသ မိုင်းနောင်ရွာဘေးက မိုင်းနောင်ချောင်းလည်း တစ်ခုအပါအဝင်ဖြစ်ပြီးတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စု အချိန်ကာလအတွင်းမှာ ဒီချောင်းရေက “လူတစ်ရပ်စာ ရေစူးရှိ” ပေမယ့် အခုချိန်မှာတော့ အဆိုပါချောင်းရေက ခြေမျက်စိလောက်သာ မြုပ်တော့သည့် အနေအထားကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ လက်ရှိအချိန်မှာတော့ တိမ်ကောလာနေတဲ့ ခေါင်းတုန်းချောင်းတစ်လျှောက်မှာ စိုက်ပျိုးလို့လည်းမရနိုင်တဲ့ ကန္တရစူးခင်း တွေအဖြစ်သာရှိလာနေပြီ ဖြစ်တယ်လို့ ဆိုသည်။

ရွှေတူးဖော်မှုတွေကြောင့် စီးဆင်လာတဲ့နွံများက အင်းရေပြင်ရဲ့ တစ်ဧကကျော်အထိ ဖုံးလွမ်းသွားပြီဖြစ်တယ်လို့ အင်းချစ်သူအဖွဲ့က တာဝန်ရှိသူတစ်ဦးက အခုလို ပြောပြခဲ့ပါသေးသည်။

“အင်းကောတာက အခုဆိုရင် တစ်နှစ်ကို အနည်းဆုံးတစ်မိုင်ဝန်းကျင်လောက်ရှိလာပြီ။ ဒါတောင် အပေါ်ကမြင်ရအပိုင်းကို ကြည့်ပြီး ခန့်မှန်းပြောပြတာ။ အောက်ကနေဝင်လာတဲ့ နွံတွေကိုက အပေါ်ကနေ မမြင်ရသေးဘူး။ အဲ့တာကလည်း မရှိဘူးဆိုရင်တောင် သုံးမိုင်လောက်ရှိမယ်။ ကျနော်တို့အဖွဲ့က လတိုင်း ဌက်စာရင်းကောက်တာသွားရင်းနဲ့ ဝါးနဲ့ ထိုးကြည့်တော့မှ သိရတယ်” လို့ ဆိုသည်။

အင်းတော်ကြီးအနီးပတ်ဝန်းကျင်ရှိ ရွာသားများက လုပ်ငန်းရှင်များ ရွှေတူးဖော်မှုများကြောင့် အင်းထဲ နွံများစီးဝင်လာပြီး လယ်ယာမြေများ လုပ်မရတော့တဲ့အတွက် မိမိတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို ရွှေတူးဖော်နေကြတဲ့ လုပ်ငန်းရှင်များကို ရောင်းချရုံမှတပါး အခြားရွေးစရာမရှိပါ။ မိသားစုစားဝတ်နေရေး အတွက်တော့ ဖားကန့်လိုနေရာများသို့ သွားရောက်ကာ ရေမဆေးကျောက်ရှာဖွေကြသည့် အလုပ်များကို ပြောင်းလုပ်လာနေကြရသည်။ တချို့လည်း ရေကြည်ရာမြက်နုရာ အခြားနေရာဒေသဆီ ပြောင်းရွေ့သွားကြသည်။

လက်ရှိစုံစမ်းရရှိထားတဲ့အချက်အလက်အရ ရွှေလုပ်ငန်းရှင်များထံ ရောင်းချထားတဲ့ လယ်ယာမြေများက ဧက ၅၀၀ ထက်မနည်းရှိနေပြီး၊ နောက်ထပ် ရောင်းဖို့ပြင်နေသည့် လယ်ယာမြေများလည်း ရှိသည်။
စစ်တပ်မှ အာဏာသိမ်းသည့် နှစ်နှစ်တာကာလအတွင်း အင်းတော်ကြီးဒေသတစ်ဝိုက်မှာ စက်ယန္တရားကြီးများနဲ့ ရွှေတူးဖော်မှုတွေကြောင့် ဒေသခံများအသုံးပြုနေကြတဲ့ အင်းထဲစီးဝင်တဲ့ ခေါင်းတုန်းခချောင်း၊ နမ့်တန်ခချောင်း၊ အင်မြန်ခချောင်းများက ရေလမ်းကြောင်းများပျက်စီးခြင်း၊ အိမ်မွေးတိရိစ္ဆာန်များရဲ့ စားကျက်မြေများ ပျောက်ကွယ်ခြင်း ဒေသခံအချို့ရွေ့ပြောင်းနေထိုင်လာရခြင်း အစရှိတဲ့ ပြသနာများကို ကြုံတွေ့လာနေရခြင်း ဖြစ်သည်။

ဒီရွှေမိုင်းတွင်းတွေကနေထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေ အင်းထဲ ဘယ်လောက်များ စိမ့်ဝင်နေပြီလဲဆိုတာကို လက်တွေ့စမ်သပ်ပြီး သက်ဆိုင်ရာကို တင်ပြကြတဲ့ အဖွဲ့အစည်းတွေရှိတယ်ဆိုတာကို အခုချိန်ထိ မတွေ့ရသေးပါ။ ဒါကလည်း ဒေသခံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတွေအနေနဲ့ လုပ်ကိုင်နိုင်တဲ့အင်အားက အကန့်အသတ်များစွာ ရှိနေတာဖြစ်ကြောင်းကို စုံစမ်းသိရှိခဲ့ရပါသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်မှာ တိုင်တန်းရန်လည်း လုံခြုံမှုမရှိတော့တဲ့အတွက် တိုင်တန်မှုများလည်း မရှိတော့တာဖြစ်တယ်လို့ မိုင်းနောင်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက အခုလိုပြောသည်။
“ တားလို့ကလည်း အကျိုးမှ မရှိတော့တာ။ အခုက အကုန်လုံးကိုကြောက်နေရတဲ့ အခြေအနေဆိုတော့ ကြောက်နေရတယ်ဗျာ” လို့ ဆိုသည်။
လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကိုယ်ကျိုးစီးပွား
အင်းတော်ကြီးအိုင်ကို အန္တရာယ်ပေးခြိမ်းခြောက်နေတဲ့ စိန်ခေါ်မှုတွေအထဲမှာ ဒီအချက်ကလည်း တစ်ခုအပါအဝင် ဖြစ်နေသည်။

ဒီဒေသက ရွှေမှော်များဟာ ကေအိုင်အေတပ်မဟာ (၉) လက်အောက်ခံ ကေအိုင်အေတပ်ရင်း (၂၆) နယ်မြေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အင်းတော်ကြီးဒေသအခြေပြု လုံးတုံတပ်ရင်းက တိုက်ရိုက်ကိုင်တွယ်လေ့ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်များက အခိုင်အမာဆိုကြသည်။
ဒေသခံသတင်းရင်းမြစ်တစ်ဦးက “အခြေအနေက ခက်ပါတယ်ဗျာ။ ပြောသာပြောနေရတာ လုပ်တဲ့သူက လုပ်ကောင်းတုန်းဘဲ။ ရွှေလောပန်းတွေက တစ်ခုခုဆိုသူတို့က စုပေါင်းဖြေရှင်းကြတာလို့တော့ ကြားမိတယ်။ ဥပမာ ဘက်ဟိုးလာဖမ်းရင် ဘယ်လိုရှောင်ရမယ်။ ဘယ်နှစ်စီးထိုးကျွေးမယ်။ နောက်ပြီး ပိုက်ဆံပေးရမယ့် ကိစ္စတွေမှာဆိုရင်လည်း နှစ်ဖက်စလုံးနဲ့ ညှိကြဖို့ ကြားလူထားတာတွေက အရင်ကတည်းက ရှိတယ် ” ဟု ဆိုသည်။

ဒီအင်းတော်ကြီးဒေသက လက်နက်ကိုင်အဖွဲ့အားလုံးက သူ့နည်းသူ့ဟန်နဲ့ တန်းခိုးထက်ကြသူတွေ ဖြစ်တယ်လို့လည်း ဒေသခံများက ဆိုကြသည်။ လက်ရှိ အာဏာသိမ်းစစ်ကောင်စီလက်ထက် ကေအိုင်အေနဲ့ စစ်တပ်တို့အကြား ကချင်ပြည်နယ်အနှံ့မှာ တိုက်ခိုက်မှုတွေက ဒေသခံများကို မလုံမခြုံဖြစ်စေသည်။

အင်းတော်ကြီးအိုင်တခွင်မှာ နေထိုင်ကြတဲ့ လူနည်းစု ကချင်တိုင်းရင်းသားများကို မတရားအနိုင်ကျင့် စစ်ဆေးတတ်တယ်လို့ အမည်မဖော်လိုတဲ့ ကချင်တိုင်းရင်းသား ဒေသခံသတင်းရင်းမြစ်တစ်ဦးက အခုလို ပြောပြသည်။
“သူတို့ (စစ်ကောင်စီတပ်)က ကေအိုင်အေနဲ့ တစ်ခုခုဖြစ်လို့ သူတို့ဘက်က အထိနာခဲ့ပြီဆိုရင် ရွာတွေထဲက ကျနော်တို့ကို မျက်စိထောက်ထောက်ကြည့်ပြီ။ တခါတလေ မထင်ရင်မထင်သလို ခေါ်စစ်တာမျိုးတွေလည်း လုပ်နေတယ်” လို့ ပြောသည်။

ဒုတိယဖားကန့်လို ဖြစ်လာမယ့် အန္တရာယ်
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်အနီးက မိုင်းနောင်၊ လုံးတုံကျေးရွာနဲ့ မမုံကိုင်း အစရှိတဲ့ ကျေးရွာတွေမှာတော့ ရုတ်ခြည်းဆိုသလို စက်ယန္တရားကြီးတွေနဲ့ မြေတူးဘက်ဟိုး အစီး ၅၀၀ ထက်မနည်း ရောက်ရှိလာကာ ရွှေများစတင်တူးဖော်လာခဲ့ကြခြင်း ဖြစ်သည်။

ယခင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လက်ထက်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မြို့နယ် (၁၁) မြို့နယ်မှာ အသေးစားရွှေလုပ်ကွက်ပေါင်း ၂၂၃ ကွက်ကို ချထားပေးခဲ့တယ်လို့ ကချင်ပြည်နယ်သတ္ထုတွင်းဦးစီးဌာနရဲ့ အချက်အလက်အရ သိရသည်။ သို့ပေမယ့် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ ဘယ်သတ္ထုတူးဖော်ရေး လုပ်ကွက်များကို ချပေးခဲ့တာမရှိကြောင်း ပြည်နယ်သတ္ထုတွင်းရုံးမှ သတင်းရင်းမြစ်များက အခိုင်အမာဆိုကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို ပြည်နယ်လူမှုရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးဝင်းရဲထွန်းက အင်းတော်ကြီးဒေသမှာ ရွှေတူးဖော်မှုများက တရားမဝင်ခိုးတူးနေမှုသာဖြစ်ပြီးတော့ စစ်ကောင်စီအနေနဲ့လည်း သီးခြား တရားဝင်လုပ်ကွက်ချထားပေးတာမရှိဘူးလို့ ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနတွေကို ဖြေဆိုထားတာတွေ့ရသည်။

အင်းတော်ကြီးဒေသတစ်ဝိုက်မှာ စစ်တပ်က ရွှေတူးဖော်ခွင့်တွေကို အခွန်ကောက်ခံပြီး ခွင့်ပြုထားတဲ့အတွက် သဘာဝပတ်ဝန်းကျင်တွေပျက်စီးလာရသလို အင်းကြီးပိုပြီးပျက်စီးလာရတယ်လို့ ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနများမှ လူမှုကွန်ယက်စာမျက်နှာထက်တွေမှာ ခပ်စိတ်စိတ်ဖော်ပြလာတဲ့အတွက် အခုလ (ဖေဖော်ဝါရီလ) ၁၁ ရက်နေ့ကစပြီး “လက်ရှိရွှေတူးဖော်နေကြတဲ့ မိုင်းနောင်ကျေးရွာနဲ့ လုံးတုံကျေးရွာတစ်ဝိုက်က ရွှေမှော်များကို ရပ်နားခိုင်းထားတယ်” လို့ ဒေသခံများက အတည်ပြု ပြောဆိုပါသည်။

“စစ်ကောင်စီဘက်က အရပ်ဝတ်နဲ့ သေနတ်တွေကိုင်ပြီး လုပ်တဲ့နေရာထိလာပြီး ပြောသွားတာဟုတ်တယ်။ အခုတော့အားလုံး နားလိုက်ကြပြီဟုတ်တယ်” လို့ ဆိုသည်။
စစ်ကောင်စီတပ်ဘက်က အခုလိုလာရောက်ပြောဆိုပြီးနောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကစပြီး ရွှေတူးဖော်နေကြတဲ့ ရွှေလောပန်းတွေက ၎င်းတို့ရဲ့ စက်ယန္တရားကြီးတွေကို သယ်ယူပြီး တူးလက်စ အလုပ်တွေကို ဒီအတိုင်းထားခဲ့ကြကာ အလျိုလျို စတင်ထွက်ခွာနေကြပြီ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိခဲ့ကြတဲ့ ဒေသခံများက ဆိုကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်အကြာမှာမှ အခုလို ပထမဆုံးအကြိမ်အဖြစ် လုပ်ကွက်များအားလုံးကို နားခိုင်းလိုက်တာပါ။ သို့သော် ဘယ်လောက်ကြာကြာနားမလဲဆိုတာ မသိရသေးပါ။ ယခင်ကလည်း အခုလိုနားတာတွေရှိခဲ့ပေမယ့် များမကြာမီမှာ ရွှေတူးလုပ်ငန်းတွေ ပြန်စတာကို တွေ့ရပါသည်။

အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်က ရွှေလုပ်ကွက်တွေကို စံနစ်တကျစီမံခန့်ခွဲမှုမရှိဘဲ စက်ယန္တယားကြီးတွေနဲ့ ဆက်တူးနေမယ်ဆိုရင် အင်းတော်ကြီးအိုင် အနီးပတ်ဝန်းကျင်က လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးမှာဖြစ်သလို အိုင်ကြီးတိမ်ကောပြီး ရေကြောမြေကြော ပျက်ဆီးမှုတွေအပြင် သဘာဝနဲ့ လူသား အပြန်အလှန်မှီတင်းနေထိုင်နေတဲ့ အင်းတော်ကြီးဒေသခံတွေရဲ့ အသိုက်အမြုံလေးပါ ပျက်စီးပျောက်ကွယ်သွားမှာကို စိုးရိမ်နေကြပါသည်။

#Credit- miziima (အဂမ်)
#ကချင် #ဖားကန့် #အင်းတော်ကြီး #thervwang

Be the first to comment

Leave a Reply

Your email address will not be published.


*