
အငွားယာဥ္ေျပးဆြဲခရေငြထဲက အခြန္ေကာက္မယ္
သတ္မွတ္တဲ့ အခြန္ပမာဏကို ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိကသယ္ယူပို႔ေဆာင္မႈ ႀကီးၾကပ္ေရးေကာ္မတီ YRTC ရဲ႕ သက္ဆိုင္ရာအခြန္တာဝန္ခံက စစ္ေဆးေကာက္ယူမွာလို႔ သိရပါတယ္။ YRTC ထံမွာ မွတ္ပုံတင္ စာရင္းသြင္းထားတဲ့ သဘာဝဓာတ္ေငြ႕သုံးအငွားယာဥ္နဲ႔ ေလာင္စာဆီသုံးယာဥ္ေတြ အားလုံးကေန ေကာက္ယူ မွာျဖစ္ပါတယ္။
လက္ရွိသတ္မွတ္ထားတဲ့ ႏႈန္းေတြအရ ဂတ္စ္နဲ႔ ေမာင္းတဲ့ အငွားယာဥ္ေတြဟာ ေပ ၁၆၀၀ ေက်ာ္ (တစ္မိုင္ရဲ႕ သုံးပုံတစ္ပုံ ေက်ာ္ေမာင္းၿပီးတိုင္း အဲဒီကရတဲ့ ဝင္ေငြရဲ႕ ၃ ရာခိုင္ႏႈန္း နဲ႔ ေလာင္စာဆီသုံးယာဥ္ေတြကေတာ့ ၂ ရာခိုင္ႏႈန္း၊ ေပ ၃၂၀၀ ေက်ာ္ ဆိုရင္ ဂတ္စ္ကားေတြအတြက္ ၅ရာခိုင္ႏႈန္းနဲ႔ ေလာင္စာဆီသုံးကားေတြအတြက္ ၃ ဒႆမ ၅ ရာခိုင္ႏႈန္း၊
ေပ ၆၃၀၀ ေက်ာ္ (၁ ဒႆမ ၂ မိုင္) အတြက္ ဂတ္စ္နဲ႔ ေမာင္းတဲ့ အငွားယာဥ္ေတြဟာ ၈ ဒႆမ ၅ရာခိုင္ႏႈန္းနဲ႔ ေလာင္စာဆီသုံးယာဥ္ေတြကေတာ့ ၆ ဒႆမ ၅ ရာခိုင္ႏႈန္းအထိ ေပးေဆာင္ၾကရမွာ ျဖစ္ပါတယ္။
ဒါေၾကာင့္ အငွားယာဥ္ေတြဟာ အနည္းဆုံး တစ္ရက္ကို ေငြက်ပ္ တစ္ရာကေန ေထာင္ေက်ာ္အထိ ေပး ေဆာင္ရမယ္လို႔ တြက္ခ်က္သိရွိရပါတယ္။
ဒါေၾကာင့္ တမိုင္နီးပါး ဟိုနားဒီနားသြားတဲ့အခါ ငွားစီးၾကတဲ့ ကားခ ၃၀၀၀ က်ပ္ႏႈန္းထားေတြဟာ အရင္ထက္ ၅၀၀ ကေန ၁၀၀၀ ၾကားအထိကို ေဈးျမင့္လာႏိုင္တယ္လို႔ အငွားယာဥ္အသုံးျပဳသူေတြနဲ႔ ယာဥ္ေမာင္းေတြ ထံကသိရပါတယ္။
ဓာတ္ပုံ – YRTC
Unicode
အငှားယာဉ်ပြေးဆွဲခရငွေထဲက အခွန်ကောက်မယ်
သတ်မှတ်တဲ့ အခွန်ပမာဏကို ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်မှု ကြီးကြပ်ရေးကော်မတီ YRTC ရဲ့ သက်ဆိုင်ရာအခွန်တာဝန်ခံက စစ်ဆေးကောက်ယူမှာလို့ သိရပါတယ်။ YRTC ထံမှာ မှတ်ပုံတင် စာရင်းသွင်းထားတဲ့ သဘာဝဓာတ်ငွေ့သုံးအငှားယာဉ်နဲ့ လောင်စာဆီသုံးယာဉ်တွေ အားလုံးကနေ ကောက်ယူ မှာဖြစ်ပါတယ်။
လက်ရှိသတ်မှတ်ထားတဲ့ နှုန်းတွေအရ ဂတ်စ်နဲ့ မောင်းတဲ့ အငှားယာဉ်တွေဟာ ပေ ၁၆၀၀ ကျော် (တစ်မိုင်ရဲ့ သုံးပုံတစ်ပုံ ကျော်မောင်းပြီးတိုင်း အဲဒီကရတဲ့ ဝင်ငွေရဲ့ ၃ ရာခိုင်နှုန်း နဲ့ လောင်စာဆီသုံးယာဉ်တွေကတော့ ၂ ရာခိုင်နှုန်း၊ ပေ ၃၂၀၀ ကျော် ဆိုရင် ဂတ်စ်ကားတွေအတွက် ၅ရာခိုင်နှုန်းနဲ့ လောင်စာဆီသုံးကားတွေအတွက် ၃ ဒဿမ ၅ ရာခိုင်နှုန်း၊
ပေ ၆၃၀၀ ကျော် (၁ ဒဿမ ၂ မိုင်) အတွက် ဂတ်စ်နဲ့ မောင်းတဲ့ အငှားယာဉ်တွေဟာ ၈ ဒဿမ ၅ရာခိုင်နှုန်းနဲ့ လောင်စာဆီသုံးယာဉ်တွေကတော့ ၆ ဒဿမ ၅ ရာခိုင်နှုန်းအထိ ပေးဆောင်ကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အငှားယာဉ်တွေဟာ အနည်းဆုံး တစ်ရက်ကို ငွေကျပ် တစ်ရာကနေ ထောင်ကျော်အထိ ပေး ဆောင်ရမယ်လို့ တွက်ချက်သိရှိရပါတယ်။
ဒါကြောင့် တမိုင်နီးပါး ဟိုနားဒီနားသွားတဲ့အခါ ငှားစီးကြတဲ့ ကားခ ၃၀၀၀ ကျပ်နှုန်းထားတွေဟာ အရင်ထက် ၅၀၀ ကနေ ၁၀၀၀ ကြားအထိကို ဈေးမြင့်လာနိုင်တယ်လို့ အငှားယာဉ်အသုံးပြုသူတွေနဲ့ ယာဉ်မောင်းတွေ ထံကသိရပါတယ်။
ဓာတ်ပုံ – YRTC
Leave a Reply