#အႏၲရာယ္အတိႏွင့္အခိုက္အတန႔္တစ္ခု (သို႔) ႐ုရွားေလယာဥ္ႏွင့္တိုက္မိၿပီး_အေမရိကန္ဒ႐ုန္းပ်က္က်မႈ

#အႏၲရာယ္အတိႏွင့္အခိုက္အတန႔္တစ္ခု (သို႔) ႐ုရွားေလယာဥ္ႏွင့္တိုက္မိၿပီး_အေမရိကန္ဒ႐ုန္းပ်က္က်မႈ

႐ုရွားဂ်က္ေလယာဥ္မ်ားႏွင့္ အေမရိကန္ေမာင္းသူမဲ့ေလယာဥ္တစ္စီးတို႔ ပက္ပင္းတိုးခဲ့မိၿပီး အေမရိကန္ ေမာင္းသူမဲ့ေလယာဥ္ ပင္လယ္နက္ထဲသို႔ ပ်က္က်သြားသည့္ ျဖစ္ရပ္ေပၚေပါက္လာခဲ့ၿပီး လြန္ခဲ့သည့္တစ္ႏွစ္ေက်ာ္က ယူကရိန္းကို ႐ုရွား၏က်ဴးေက်ာ္မႈအၿပီးတြင္ ႐ုရွား-အေမရိကန္ ထိပ္တိုက္ေတြ႕မႈတြင္ အထင္ရွားဆုံးျဖစ္ရပ္ဟု ဆိုၾကသည္။

ျဖစ္စဥ္ေၾကာင့္ ေမးခြန္းမ်ားစြာ ထြက္ေပၚလာၿပီး အႏၲရာယ္ႏွင့္ ျပည့္ေနေသာ အခိုက္အတန႔္ကို ကိုယ္စားျပဳသည္။
အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီမွ ဂြၽန္ကာဘီက မၾကာေသးမီရက္သတၱပတ္မ်ားအတြင္း၌ပင္ ၾကားျဖတ္တားဆီးမႈမ်ားရွိခဲ့ေသာ္ ယခုျဖစ္စဥ္က ကြဲျပားသည္ဟု ေျပာဆိုခဲ့သည္။

#မေတာ္တဆျဖစ္ႏိုင္ပါသလား?
“႐ုရွားေလယာဥ္မႉးေတြရဲ႕ လုပ္ရပ္ေတြအေပၚ အေျခခံၿပီး ေျပာရရင္ ဒါဟာ အႏၲရာယ္မကင္းဘဲ ပေရာ္ဖက္ရွင္နယ္ မပီသတဲ့လုပ္ရပ္ဆိုတာ ရွင္းပါတယ္” ဟု ပင္တဂြန္၏ သတင္းျပန္ၾကားေရးအတြင္းဝန္ ေလတပ္ဗိုလ္မႉးခ်ဳပ္ ပက္႐ိုက္ဒါက ထင္ျမင္ခ်က္ေပးသည္။

“လုပ္ရပ္ေတြကိုယ္တိုင္က စကးေျပာေနတယ္လို႔ ထင္တယ္” ဟုဆိုသည္။
ဒ႐ုန္း၏လမ္းေၾကာင္းတြင္ ေလာင္စာဆီမ်ား စြန႔္ထုတ္ၿပီးေနာက္ ၎ႏွင့္ ဝင္တိုက္မိသည့္ ႐ုရွားေလယာဥ္မႉးမ်ား၏ အျပဳအမူက အႏၲရာယ္ သိသိသာသာ တိုးျမင့္လာမႈကို ကိုယ္စားျပဳပါသလား?

ပင္တဂြန္စစ္ဌာနခ်ဳပ္၏ အဆိုအရေတာ့ အျဖစ္အပ်က္တစ္ခုလုံးသည္ မိနစ္ ၃၀ မွ ၄၀ခန႔္ ၾကာျမင့္ခဲ့သည္။ ထိုအခ်ိန္တြင္ ႐ုရွားႏွင့္ အေမရိကန္ စစ္တပ္မ်ားၾကား တိုက္႐ိုက္ ဆက္သြယ္မႈ မရွိေၾကာင္း ဗိုလ္မႉးခ်ဳပ္႐ိုက္ဒါက ေျပာသည္။
အပ်က္အစီးအခ်ိဳ႕ ခံစားခဲ့ရပုံေပၚသည့္ ႐ုရွ Su-27 ဂ်က္ေလယာဥ္မ်ား ပါဝင္ေသာ တိုက္မိမႈမွာ တမင္ရည္႐ြယ္ျခင္း မဟုတ္ေၾကာင္း ၫႊန္ျပေနပါသည္ဟု အေမရိကန္ တာဝန္ရွိသူမ်ားက ေျပာဆိုခဲ့သည္။

“ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ႐ုရွားအစိုးရကို တိုက္႐ိုက္စိုးရိမ္မႈေတြ တိုးလာတာကို ႏိုင္ငံျခားေရးဌာနက ကြၽန္ေတာ္သိပါတယ္” ဟု ၎က ေျပာၾကားခဲ့သည္။
အကယ္၍ ဤျဖစ္စဥ္က ပင္လယ္နက္ေပၚမွ အေမရိကန္ဒ႐ုန္းစစ္ဆင္ေရးမ်ားႏွင့္ ယူကရိန္းအား စစ္ဆင္ေရး ပံ့ပိုးေပးရန္ကဲ့သို႔ အေရးပါေသာ ေစာင့္ၾကည့္ေထာက္လွမ္းမႈမ်ား၏ အနာဂတ္အတြက္ တစ္စုံတစ္ရာ အဓိပၸာယ္ရွိပါမည္လား?

“တကယ္လို႔ သူတို႔က ပင္လယ္နက္ကိုျဖတ္ၿပီး ႏိုင္ငံတကာေလပိုင္နက္မွာ ပ်ံသန္းတာ ဒါမွမဟုတ္ လႈပ္ရွားတာ မလုပ္ဖို႔ ဟန႔္တားလိုတာ ဒါမွမဟုတ္ တားျမစ္တာ ျဖစ္တယ္ ဆိုရင္ .. အဲဒါျဖစ္လာမွာ မဟုတ္တဲ့အတြက္ ဒီသတင္းစကားက ပ်က္ျပယ္သြားမွာပါ” ဟု ကာဘီက VOA သတင္းဌာနသို႔ ေျပာဆိုခဲ့သည္။
႐ုရွားသည္ ယူကရိန္း၏ မဟာမိတ္မ်ားကို ထိုကဲ့သို႔ လႈပ္ရွားမႈမ်ားကို တတ္ႏိုင္သမွ် ခက္ခဲေအာင္ လုပ္ေဆာင္လိုသည္မွာ အံ့ၾသစရာမဟုတ္ေပ။

ေမာင္းသူမဲ့ေလယာဥ္ ျဖစ္ပ်က္ခဲ့ျခင္းႏွင့္ ပတ္သက္၍ ဝါရွင္တန္သည္ တင္းတင္းၾကပ္ၾကပ္ ႏႈတ္ဆိတ္ေနခဲ့သည္။ တိုက္မိၿပီးေနာက္တြင္ အေမရိကန္ အေဝးထိန္းေလယာဥ္မႉးမ်ားကို ေမာင္းသူမဲ့ေလယာဥ္ပ်က္အား ပင္လယ္နက္အတြင္း ဆင္းသက္ခိုင္းခဲ့သည္။ ေလယာဥ္ မည္သည့္ေနရာတြင္ ဆင္းသက္ခဲ့သည္ သို႔တည္မဟုတ္ ႐ုရွားေရတပ္က ၎အား ဆယ္ယူရန္ ႀကိဳးပမ္းျခင္း ရွိမရွိကို ဗိုလ္မႉးခ်ဳပ္႐ိုက္ဒါက ေျပာၾကားမည္မဟုတ္ေပ။

ဆိုရွယ္မီဒီယာေပၚတြင္ ပ်ံ႕ႏွံ႔ေနသည့္ အသံမွတ္တမ္းမ်ားက ႐ုရွားသည္ ဆယ္ယူေရးလုပ္ငန္းစဥ္အခ်ိဳ႕ကို လုပ္ေဆာင္ေနပုံေပၚသည္။ သို႔ေသာ္ ထိုအခ်က္ကို အတည္မျပဳႏိုင္ေသးေခ်။
ထိုကဲ့သို႔ ထိလြယ္ရွလြယ္ ေထာက္လွမ္းေရးနည္းပညာတစ္ရပ္ ႐ုရွားလက္ထဲ က်ေရာက္ပါက ဝါရွင္တန္သည္ ေပ်ာ္႐ႊင္မည္မဟုတ္ေၾကာင္းေတာ့ ရွင္းလင္းပါသည္။

ယူကရိန္းကို အခ်ိန္ၾကာၾကာ ေထာက္ပံ့ရန္ စိတ္ပိုင္းျဖတ္ထားသည့္ ဂ်ိဳးဘိုင္ဒင္အတြက္ သိမ္ေမြ႕သည့္ အခိုက္အတန႔္ ျဖစ္ေနသည္။

႐ုရွား၏ က်ဴးေက်ာ္မႈကို ခံႏိုင္ရည္ရွိရန္ ယူကရိန္းကို ကူညီေပးေနရာတြင္ အေနာက္တိုင္းလက္နက္မ်ားသာ မကခဲ့ပါ။ ပင္လယ္နက္အတြင္း သေဘၤာမ်ား လႈပ္ရွားမႈႏွင့္ ယူကရိန္းႏိုင္ငံတစ္ဝွမ္းရွိ ပစ္မွတ္မ်ားကို ဦးတည္၍ ဒုံးက်ည္မ်ား ပစ္လႊတ္ျခင္း အပါအဝင္ ႐ုရွား၏ အထူးစစ္ဆင္ေရး က႑တိုင္းကို ပဏာမမ်ားျပားစြာ အခ်ိန္ႏွင့္တေျပးညီ ေထာက္လွမ္းေပးျခင္းလည္း ပါဝင္ပါသည္။

ယူကရိန္း၏ အေရးပါေသာ ႏိုင္ငံေတာ္အေျခခံအေဆာက္အအုံမ်ားကို ခုခံကာကြယ္ျခင္းမွ ၎၏ကိုယ္ပိုင္ ထိုးစစ္ စီမံကိန္းမ်ား ေရးဆြဲျခင္းအထိ ကိယက္ဗ္သည္ တည္ၿငိမ္ေသာ သတင္းအခ်က္အလက္မ်ား စီးဆင္းမႈအေပၚ မ်ားစြာ မွီခိုေနရသည္။

သိသာထင္ရွားေသာ အေၾကာင္းအရင္းမ်ားေၾကာင့္ အေမရိကန္ တာဝန္ရွိသူမ်ားသည္ စစ္ပြဲအတြင္း တိုက္႐ိုက္ မပါဝင္လိုသည္ျဖစ္ရာ ၎၏ ေစာင့္ၾကည့္ေရး လုပ္ငန္းမ်ားတြင္ ေနာက္ထပ္ ႀကိဳတင္သတိထားမႈမ်ားတြင္ ပါဝင္လာမည္ ျဖစ္သည္။
ဝါရွင္တန္က ေစာင့္ၾကည့္ေထာက္လွမ္းမႈကို ဆက္လက္ထိန္းထားလိုေသာ္လည္း ေမာ္စကိုႏွင့္ ပိုမို တိုက္႐ိုက္က်သည့္ ထိပ္တိုက္ေတြ႕မည့္ အႏၲရာယ္ကို ဆြဲငင္သြားမည့္ အင္အားအသုံးျပဳမႈကို ေရွာင္ရွားရန္ စိုးရိမ္ေၾကာင့္ၾကေနသည္။
Sourcer; BBC

Unicode
#အန္တရာယ်အတိနှင့်အခိုက်အတန့်တစ်ခု (သို့) ရုရှားလေယာဉ်နှင့်တိုက်မိပြီး_အမေရိကန်ဒရုန်းပျက်ကျမှု

ရုရှားဂျက်လေယာဉ်များနှင့် အမေရိကန်မောင်းသူမဲ့လေယာဉ်တစ်စီးတို့ ပက်ပင်းတိုးခဲ့မိပြီး အမေရိကန် မောင်းသူမဲ့လေယာဉ် ပင်လယ်နက်ထဲသို့ ပျက်ကျသွားသည့် ဖြစ်ရပ်ပေါ်ပေါက်လာခဲ့ပြီး လွန်ခဲ့သည့်တစ်နှစ်ကျော်က ယူကရိန်းကို ရုရှား၏ကျူးကျော်မှုအပြီးတွင် ရုရှား-အမေရိကန် ထိပ်တိုက်တွေ့မှုတွင် အထင်ရှားဆုံးဖြစ်ရပ်ဟု ဆိုကြသည်။

ဖြစ်စဉ်ကြောင့် မေးခွန်းများစွာ ထွက်ပေါ်လာပြီး အန္တရာယ်နှင့် ပြည့်နေသော အခိုက်အတန့်ကို ကိုယ်စားပြုသည်။
အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီမှ ဂျွန်ကာဘီက မကြာသေးမီရက်သတ္တပတ်များအတွင်း၌ပင် ကြားဖြတ်တားဆီးမှုများရှိခဲ့သော် ယခုဖြစ်စဉ်က ကွဲပြားသည်ဟု ပြောဆိုခဲ့သည်။

#မတော်တဆဖြစ်နိုင်ပါသလား?
“ရုရှားလေယာဉ်မှူးတွေရဲ့ လုပ်ရပ်တွေအပေါ် အခြေခံပြီး ပြောရရင် ဒါဟာ အန္တရာယ်မကင်းဘဲ ပရော်ဖက်ရှင်နယ် မပီသတဲ့လုပ်ရပ်ဆိုတာ ရှင်းပါတယ်” ဟု ပင်တဂွန်၏ သတင်းပြန်ကြားရေးအတွင်းဝန် လေတပ်ဗိုလ်မှူးချုပ် ပက်ရိုက်ဒါက ထင်မြင်ချက်ပေးသည်။

“လုပ်ရပ်တွေကိုယ်တိုင်က စကးပြောနေတယ်လို့ ထင်တယ်” ဟုဆိုသည်။
ဒရုန်း၏လမ်းကြောင်းတွင် လောင်စာဆီများ စွန့်ထုတ်ပြီးနောက် ၎င်းနှင့် ဝင်တိုက်မိသည့် ရုရှားလေယာဉ်မှူးများ၏ အပြုအမူက အန္တရာယ် သိသိသာသာ တိုးမြင့်လာမှုကို ကိုယ်စားပြုပါသလား?

ပင်တဂွန်စစ်ဌာနချုပ်၏ အဆိုအရတော့ အဖြစ်အပျက်တစ်ခုလုံးသည် မိနစ် ၃၀ မှ ၄၀ခန့် ကြာမြင့်ခဲ့သည်။ ထိုအချိန်တွင် ရုရှားနှင့် အမေရိကန် စစ်တပ်များကြား တိုက်ရိုက် ဆက်သွယ်မှု မရှိကြောင်း ဗိုလ်မှူးချုပ်ရိုက်ဒါက ပြောသည်။
အပျက်အစီးအချို့ ခံစားခဲ့ရပုံပေါ်သည့် ရုရှ Su-27 ဂျက်လေယာဉ်များ ပါဝင်သော တိုက်မိမှုမှာ တမင်ရည်ရွယ်ခြင်း မဟုတ်ကြောင်း ညွှန်ပြနေပါသည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောဆိုခဲ့သည်။

“ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရုရှားအစိုးရကို တိုက်ရိုက်စိုးရိမ်မှုတွေ တိုးလာတာကို နိုင်ငံခြားရေးဌာနက ကျွန်တော်သိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အကယ်၍ ဤဖြစ်စဉ်က ပင်လယ်နက်ပေါ်မှ အမေရိကန်ဒရုန်းစစ်ဆင်ရေးများနှင့် ယူကရိန်းအား စစ်ဆင်ရေး ပံ့ပိုးပေးရန်ကဲ့သို့ အရေးပါသော စောင့်ကြည့်ထောက်လှမ်းမှုများ၏ အနာဂတ်အတွက် တစ်စုံတစ်ရာ အဓိပ္ပာယ်ရှိပါမည်လား?

“တကယ်လို့ သူတို့က ပင်လယ်နက်ကိုဖြတ်ပြီး နိုင်ငံတကာလေပိုင်နက်မှာ ပျံသန်းတာ ဒါမှမဟုတ် လှုပ်ရှားတာ မလုပ်ဖို့ ဟန့်တားလိုတာ ဒါမှမဟုတ် တားမြစ်တာ ဖြစ်တယ် ဆိုရင် .. အဲဒါဖြစ်လာမှာ မဟုတ်တဲ့အတွက် ဒီသတင်းစကားက ပျက်ပြယ်သွားမှာပါ” ဟု ကာဘီက VOA သတင်းဌာနသို့ ပြောဆိုခဲ့သည်။
ရုရှားသည် ယူကရိန်း၏ မဟာမိတ်များကို ထိုကဲ့သို့ လှုပ်ရှားမှုများကို တတ်နိုင်သမျှ ခက်ခဲအောင် လုပ်ဆောင်လိုသည်မှာ အံ့သြစရာမဟုတ်ပေ။

မောင်းသူမဲ့လေယာဉ် ဖြစ်ပျက်ခဲ့ခြင်းနှင့် ပတ်သက်၍ ဝါရှင်တန်သည် တင်းတင်းကြပ်ကြပ် နှုတ်ဆိတ်နေခဲ့သည်။ တိုက်မိပြီးနောက်တွင် အမေရိကန် အဝေးထိန်းလေယာဉ်မှူးများကို မောင်းသူမဲ့လေယာဉ်ပျက်အား ပင်လယ်နက်အတွင်း ဆင်းသက်ခိုင်းခဲ့သည်။ လေယာဉ် မည်သည့်နေရာတွင် ဆင်းသက်ခဲ့သည် သို့တည်မဟုတ် ရုရှားရေတပ်က ၎င်းအား ဆယ်ယူရန် ကြိုးပမ်းခြင်း ရှိမရှိကို ဗိုလ်မှူးချုပ်ရိုက်ဒါက ပြောကြားမည်မဟုတ်ပေ။

ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသည့် အသံမှတ်တမ်းများက ရုရှားသည် ဆယ်ယူရေးလုပ်ငန်းစဉ်အချို့ကို လုပ်ဆောင်နေပုံပေါ်သည်။ သို့သော် ထိုအချက်ကို အတည်မပြုနိုင်သေးချေ။
ထိုကဲ့သို့ ထိလွယ်ရှလွယ် ထောက်လှမ်းရေးနည်းပညာတစ်ရပ် ရုရှားလက်ထဲ ကျရောက်ပါက ဝါရှင်တန်သည် ပျော်ရွှင်မည်မဟုတ်ကြောင်းတော့ ရှင်းလင်းပါသည်။

ယူကရိန်းကို အချိန်ကြာကြာ ထောက်ပံ့ရန် စိတ်ပိုင်းဖြတ်ထားသည့် ဂျိုးဘိုင်ဒင်အတွက် သိမ်မွေ့သည့် အခိုက်အတန့် ဖြစ်နေသည်။

ရုရှား၏ ကျူးကျော်မှုကို ခံနိုင်ရည်ရှိရန် ယူကရိန်းကို ကူညီပေးနေရာတွင် အနောက်တိုင်းလက်နက်များသာ မကခဲ့ပါ။ ပင်လယ်နက်အတွင်း သင်္ဘောများ လှုပ်ရှားမှုနှင့် ယူကရိန်းနိုင်ငံတစ်ဝှမ်းရှိ ပစ်မှတ်များကို ဦးတည်၍ ဒုံးကျည်များ ပစ်လွှတ်ခြင်း အပါအဝင် ရုရှား၏ အထူးစစ်ဆင်ရေး ကဏ္ဍတိုင်းကို ပဏာမများပြားစွာ အချိန်နှင့်တပြေးညီ ထောက်လှမ်းပေးခြင်းလည်း ပါဝင်ပါသည်။

ယူကရိန်း၏ အရေးပါသော နိုင်ငံတော်အခြေခံအဆောက်အအုံများကို ခုခံကာကွယ်ခြင်းမှ ၎င်း၏ကိုယ်ပိုင် ထိုးစစ် စီမံကိန်းများ ရေးဆွဲခြင်းအထိ ကိယက်ဗ်သည် တည်ငြိမ်သော သတင်းအချက်အလက်များ စီးဆင်းမှုအပေါ် များစွာ မှီခိုနေရသည်။

သိသာထင်ရှားသော အကြောင်းအရင်းများကြောင့် အမေရိကန် တာဝန်ရှိသူများသည် စစ်ပွဲအတွင်း တိုက်ရိုက် မပါဝင်လိုသည်ဖြစ်ရာ ၎င်း၏ စောင့်ကြည့်ရေး လုပ်ငန်းများတွင် နောက်ထပ် ကြိုတင်သတိထားမှုများတွင် ပါဝင်လာမည် ဖြစ်သည်။
ဝါရှင်တန်က စောင့်ကြည့်ထောက်လှမ်းမှုကို ဆက်လက်ထိန်းထားလိုသော်လည်း မော်စကိုနှင့် ပိုမို တိုက်ရိုက်ကျသည့် ထိပ်တိုက်တွေ့မည့် အန္တရာယ်ကို ဆွဲငင်သွားမည့် အင်အားအသုံးပြုမှုကို ရှောင်ရှားရန် စိုးရိမ်ကြောင့်ကြနေသည်။
Sourcer; BBC

Be the first to comment

Leave a Reply

Your email address will not be published.


*