ဥပေဒအကာအကြယ္မဲ့ၿပီး ဖိႏွိပ္ခံေနရဆဲျဖစ္တဲ့ ထိုင္းေရာက္ ျမန္မာ့ေ႐ႊ႕ေျပာင္းလုပ္သားေတြရဲ႕ မိ‌ေအးႏွစ္ခါနာရတဲ့ဘဝ…

ဥပေဒအကာအကြယ္မဲ့ၿပီး ဖိႏွိပ္ခံေနရဆဲျဖစ္တဲ့ ထိုင္းေရာက္ ျမန္မာ့ေ႐ႊ႕ေျပာင္းလုပ္သားေတြရဲ႕ မိ‌ေအးႏွစ္ခါနာရတဲ့ဘဝ…

ျပည္တြင္းမွာအလုပ္အကိုင္ေတြရွားပါးလာတာေတြ‌ေၾကာင့္ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားအမ်ားစုဟာေရၾကည္ရာျမက္ႏုရာဆိုသလိုဝမ္းေရးရွာေဖြစားေသာက္ႏိုင္ဖို႔နဲ႔ေန႔စဥ္လူမႈဘ၀အတြက္အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ထိုင္းႏိုင္ငံအတြင္းသို႔တရားဝင္လမ္းၾကာင္းကေရာ၊တရားမဝင္နည္းလမ္းေတြကပါအလုပ္ လုပ္ကိုင္ႏိုင္ဖို႔အတြက္ရရာနည္းလမ္းေပါင္းစုံနဲ႔သြားေရာက္လို႔ေနၾကပါတယ္။အဲ့ဒီလို ထိုင္းႏိုင္ငံ အတြင္းသို႔ ေ႐ႊ႕ေျပာင္းဝင္ေရာက္လာၾကတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြဟာလူမႈဒုကၡနဲ႔အဆင္ မေျပမႈမ်ားစြာကိုႀကဳံေတြ႕ေနရၿပီးဥပေဒေၾကာင္းအရအကာအကြယ္ေပးမႈေတြကိုလည္းယေန႔အထိရရွိခံစားရျခင္းေတာ့မရွိေသးပါဘူး။ျမန္မာ့ေ႐ႊ႕ ေျပာင္းလုပ္သားအမ်ားစုဟာ လူေခါပြဲစားေတြရဲ႕ ေငြေၾကးလိမ္လည္မႈေတြလုပ္ခလစာအေပၚမွာအလုပ္ရွင္ေတြရဲ႕ေခါင္းပုံျဖတ္မႈေတြသူမ်ားႏိုင္ငံကို တရားမဝင္ေအာက္လမ္းကေနဝင္ေရာက္တာေတြေၾကာင့္ထိုင္းရဲေတြရဲ႕ဖမ္းဆီးထိန္းခံရတာေတြ လူ႔ အခြင့္အေရးခ်ိဳးေဖာက္ခံရတာေတြစတဲ့လူမႈဒုကၡမ်ိဳးစုံကိုလည္းႀကဳံေတြ႕ရင္ဆိုင္ေနၾကရတာျဖစ္ ပါတယ္။

ျပည္တြင္း၊ျပည္ပသတင္းဌာေနေတြကေဖာ္ျပထားတဲ့အခ်က္အလက္ေတြအရထိုင္းႏိုင္ငံသို႔လာ ေရာက္လိုတဲ့ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားတစ္ဦးအတြက္ဆိုပါကတရားဝင္လမ္းေၾကာင္းကလမ္း ေရာက္မယ္ဆိုရင္MOUလုပ္သားတစ္ဦရဲ႕ေအးဂ်င့္ကုမၸဏီကိုေပးသြင္းရတဲ့အခေၾကးေငြဟာေငြက်ပ္ ၂၂ သိန္းကေန၊က်ပ္သိန္း ၃၀ ဝန္းက်င္ထိဝန္ေဆာင္ခတြရွိေနၿပီးတရားမဝင္လမ္းေၾကာင္းကေနလာ ေရာက္ၾကတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြအေနနဲ႔လည္း လူေခၚပြဲစားေအးဂ်င့္ေတြကိုေပးရတဲ့ အဖိုးအခကဘတ္ေသာင္းနဲ႔ခ်ီရွိေနတာပါ။အဲ့ဒီျပင္အခုကာလမွာထိုင္းႏိုင္ငံသို႔ဝင္ေရာက္လိုသူ အလုပ္သမားတစ္ဦးအေနနဲ႔ ထိုင္းဘတ္ေငြ ၄၅၀၀၀ ေလာက္အထိေပးေဆာင္ၿပီးလာေရာက္ေန ၾကရတာျဖစ္တယ္လို႔သိရပါတယ္။ယခင္ကထိုင္းႏိုင္ငံကိုသြားေရာက္ဖို႔ အလုပ္သမားတစ္ဦးရဲ႕ ကုန္က်စရိတ္ဟာက်ပ္ ၄ ၊ ၅ သိန္းခန႔္သာကုန္က်စရိတ္ရွိခဲ့ရာမွ အခုအခါမွာေတာ့ ထိုင္းႏိုင္ငံသို႔ ေ႐ႊ႕ေျပာင္းသြားေရာက္လိုသူအလုပ္သမားတစ္ယာက္ရဲ႕ကုန္က်စစရိတ္ဟာ ႏွစ္ဆ၊သုံးဆခန႔္ အထိ ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။အဲ့ဒါေတြအျပင္ လတ္တေလာကာလမွာ ႏိုင္ငံတစ္ဝန္းမွာရွိတဲ့ ႏိုင္ငံ ကူးလက္မွတ္ထုတ္ေပးပတ္စ္ပို႔႐ုံးေတြကိုပိတ္ထားတဲ့အတြက္ျပည္ပႏိုင္ငံျဖစ္တဲ့ထိုင္းႏိုင္ငံသို႔သြား ေရာက္လိုတဲ့အလုပ္သမားအမ်ားစုဟာ တရားမဝင္လမ္းေၾကာင္းကေနသြားေရာက္ဖို႔သာေ႐ြးခ်ယ္ စရာရွိေနၿပီး ဒီလိုမ်ိဳးတရားမဝင္လမ္းေၾကာင္းေတြကေနဝင္၊ထြက္သြားလာေနၾကတဲ့အတြက္ ျမန္ မာ့ေ႐ႊေျပာင္းအလုပ္သမားေတြဟာ ထိုင္းရဲေတြရဲ႕ဖမ္းဆီးျခင္းကိုလည္းခံေနရတာျဖစ္ပါတယ္။

လတ္တေလာကာလမွာ ႏိုင္ငံကူးပတ္စ္ပို႔စာအုပ္ေတြလုပ္လို႔မရတဲ့အခက္အခဲေၾကာင့္ ထိုင္းႏိုင္ငံ သို႔သြားေရာက္လိုတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြနည္းတူ စင္ကာပူ၊တ႐ုတ္၊မေလးရွားနဲ႔ ကိုရီးယားႏိုင္ငံေတြသို႔ သြားေရာက္အလုပ္လုပ္ကိုင္လိုတဲ့လူငယ္ေတြဟာလည္း အခက္အခဲေတြ မ်ားစြာနဲ႔ႀကဳံေနရတာျဖစ္ပါတယ္။

“ကြၽန္ေတာ္က ၂၀၂၂ မွာ EPS စာေမးပြဲေအာင္ျမင္ၿပီး Passport သက္တမ္းတိုးမရလို႔ အခက္အခဲ ျဖစ္ေနတဲ့လုပ္သားတစ္ဦးျဖစ္ပါတယ္။အခု Passport ႐ုံးေတြ ပိတ္ထားေတာ့ ကြၽန္ေတာ္တို႔လို တရားဝင္လုပ္သားေတြနဲ႔အေနနဲ႔ကအရမ္းကိုအခက္အခဲျဖစ္ရပါတယ္”လို႔ ကိုရီးယားႏိုင္ငံသို႔ EPS စနစ္နဲ႔သြားေရာက္မယ့္အလုပ္သမားတစ္ဦးက ပတ္စ္ပို႔အခက္အခဲေၾကာင့္ ျပည္ပႏိုင္ငံသို႔ ထြက္ခြာ လို႔မရေသးပဲ ျပည္တြင္းမွာ ၾကန႔္ၾကာေနတဲ့အေၾကာင္းကိုေျပာျပလာတာပါ။

“ျမန္မာဘက္ျခမ္းကေနဒီဘက္ကမ္းကိုကူးလာတာနဲ႔ေရာက္လာတာနဲ႔ထိုင္းရဲကေတြ႕တာနဲ႔ဖမ္းတာပဲေလ၊တခ်ိဳ႕ေတြဆိုလည္းမလာနဲ႔ဆိုၿပီးထိုင္းရဲကခ်က္ခ်င္းျပန္လြတ္တာရွိတယ္၊သူတို႔ႏိုင္ငံထဲကိုအ ဝင္မခံဘူးေပါ့။တခ်ိဳ႕ကိုလည္းထိုင္းရဲကသူတို႔ရဲစခန္းအခ်ဳပ္ေတြကိုေခၚသြားတယ္၊ရစ္တယ္၊ေငြ ညႇစ္ တယ္။ဒါေတြကျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြအမ်ားဆုံးႀကဳံ ေတြ႕ရတယ္။ၿပီးေတာ့ ဒီဘက္မဲ ေဆာက္မွာကအလုပ္ကရွားတယ္။အလုပ္တစ္ခုရဖို႔မလြယ္ပါဘူး၊အလုပ္တစ္ခုရဖို႔ကမနည္းလုပ္ရ တယ္၊ဒီဘက္မွာအလုပ္ရျပန္ရင္လည္းေန႔တိုင္းအလုပ္ ဆင္းရဖို႔ကမလြယ္ဘူးေလ။အဲ့လိုေတြရွိေန ျပန္ေရာဒီဘက္မွာကေ႐ႊ႕ေျပာင္းအလုပ္သမားတစ္ေယာက္ရဲ႕လုပ္အားခကတစ္ရက္ကိုထိုင္းဘတ္ ၂၅၀၊ ၃၀၀ ေလာက္ပဲရၾကတယ္၊အဲ့ဒါအမ်ားဆုံးပါ။တစ္ခ်ိဳ႕က်ေတာ့လည္းပတ္စ္ပို႔စာအုပ္ရွိတယ္၊ထိုင္းလ၀ကရဲ႕တံဆိပ္တုံးမရွိဘူးေပါ့၊အဲ့လိုေတြေပါ့ေလ၊ခိုးဝင္ၿပီးအလုပ္လာလုပ္တဲ့ သူေတြက ထိုင္း ရဲ ကိုပိုက္ဆံေပးၿပီးေနရတယ္၊ထိုင္းရဲကလုပ္ေပးထားတဲ့အသိအမွတ္ျပဳကတ္ေတြရွိတယ္။သူက တစ္ကတ္ကိုဘတ္ ၃၅၀ ေလာက္ေပးရတယ္၊လမ္းသြားရင္းလာရင္းသူတို႔ရဲကစစ္လို႔ေတြ႕ရင္ အဲဒီ ကတ္ကိုထုတ္ျပရတာေပါ့၊အဲ့ကတ္ျပလိုက္ရင္ေတာ့ေအးေဆးေပါ့၊ေနလို႔ရ တယ္ေပါ့၊အဲ့ဒါကလည္း မဲေဆာက္ရဲပဲရတယ္၊ဘန္ေကာက္ကရဲေတြဆင္းလာရင္ေတာ့မရဘူးေပါ့၊သူတို႔ကေတာ့ တရားမဝင္ ေနထိုင္သူေတြဆိုဖမ္းတယ္။တခ်ိဳ႕ဝင္လာတဲ့သသူေတြက်ေတာ့ လည္းသူ႔အဆက္အသြယ္နဲ႔သူေပါ့ ေလ၊ပိုက္ဆံေပးၿပီးဘန္ေကာက္ကိုတက္သြားၾကတယ္။ပိုက္ဆံေတာ့အေတာ္ေပးရတာေပါ့၊ပိုင္တဲ့ သူေတြက်ေတာ့လုပ္ေနၾကတာပါပဲ၊မဲေဆာက္မွာအလုပ္မလုပ္ၾကေတာ့ဘူး၊ဘန္ေကာက္ကို တက္ ၿပီး အလုပ္ရွာတယ္။ဘန္ေကာက္ကိုတက္မယ္ဆိုရင္ထိုင္းဘတ္ ၇၀၀၀၊၈၀၀၀ ေလာက္ေပးၿပီး ထြက္ရတာေပါ့၊အဲ့ေလာက္ကုန္က်ပါတယ္။သူမ်ားႏိုင္ငံမွာဆိုေတာ့ေငြဘယ္ေလာက္ ကုန္ကုန္ကိုယ့္ အသက္အႏၲရယ္ကင္းကင္းနဲ႔ေနရဖို႔ေတာ့အဆင္ေျပလုပ္ရတာေပါ့ေလ။မဲေဆာက္ထဲမွာကအကုန္ ျမန္မာႏိုင္ငံသားေတြခ်ည္းလို႔ေတာင္ေျပာလို႔ရတယ္။ျမန္မာ၊ကရင္၊မြန္လူမ်ိဳး ၇၀ ရာခိုင္ႏႈန္းေလာက္ ရွိတယ္၊ေနၾကပါတယ္။မဲေဆာက္မွာကျမန္မာေတြေတာ္ေတာ္မ်ားပါတယ္။သူမ်ားႏိုင္ငံမွာကိုယ့္ဘ၀ ရပ္တည္ရွင္သန္ေရးအတြက္ကဒီလိုပဲအဆင္ေျပသလိုႀကဳံသလိုမျဖစ္ျဖစ္ေအာင္ေတာ့ေနေနၾကရတာပါ”လို႔ ထိုင္းႏိုင္ငံေရာက္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားတစ္ဦးက ထိုင္းႏိုင္ငံ၊မဲေဆာက္ဘက္ ျခမ္းကေ႐ႊ႕ေျပာင္းလုပ္သားေတြရဲ႕ လူေနမႈဘ၀အေျခအေနေတြကိုေျပာျပခဲ့တာပါ။

ဆက္ၿပီးထိုင္းႏိုင္ငံေရာက္ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားအေရးကို ကူညီေဆာင္႐ြက္ေပးေနသူတစ္ဦးက “ကြၽန္ေတာ္တို႔ႏိုင္ငံသားေတြကေအာက္လမ္းကလာတာေတြေၾကာင့္ဒုကၡေရာက္ၾကရတာေတြပြဲစားေတြရဲ႕လိမ္လည္တာေတြလမ္းခရီးမွာအသက္အႏၲရာယ္စိုးရိမ္ေနရတာေတြအသက္ဆုံးရႈံးရတာေတြအမ်ားႀကီးရွိေနတာပါ။ပိုဆိုးတာကေတာ္ၾကာေနဖမ္းသြားျပန္ၿပီ၊ဖမ္းသြားျပန္ၿပီနဲ႔ဒါကကြၽန္ေတာ္တို႔ ေအာက္လမ္းကေနတက္လာလို႔ရတဲ့ရလာဒ္ေတြပါ။အခုကာလမွာဆိုႏိုင္ငံေရးကမေကာင္းဘူး၊ကြၽန္ ေတာ္တို႔ႏိုင္ငံသားေတြကဒုကၡေရာက္ၿပီးရင္းေရာက္ရင္းေနၾကရတယ္။ကြၽန္ေတာ္တို႔ႏိုင္ငံသားေတြ ကအဲ့လိုမ်ိဳးဒုကၡေတြကေန လြတ္ေျမာက္ခ်င္လို႔တရားဝင္လမ္းေၾကာင္းကေနတက္တယ္။တရား ဝင္လမ္းေၾကာင္းကေနတက္မွပိုၿပီးဒုကၡေရာက္ေနၾကရတာေတြလည္းရွိတယ္။တရားဝင္‌ေစလႊတ္ တယ္ MOU နဲ႔လႊတ္တယ္ေျပာၿပီးကုမၸဏီအခ်ိဳ႕ကမလိမ့္တပတ္လုပ္လို႔ ထိုင္းမွာဒုကၡေရာက္ ေနၾက ရ တဲ့ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြလည္းအမ်ားႀကီးပါပဲ၊ေနာက္ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ေတြ ထိုင္းမွာေရာင္းစားခံရတာေတြလည္းရွိေနတယ္။အဓိကကပြဲစားေတြရဲ႕လိမ္လည္မႈေတြကအခုကာ လမွာတအားျဖစ္ေနတာပါ”လို႔ သူက သုံးသပ္ေျပာျပပါတယ္။

အခုရက္ပိုင္းအတြင္းမွာပင္ထိုင္း-မေလးနယ္စပ္နဲ႔ထိုင္း-ျမန္မာနယ္စပ္ျပည္နယ္ေတြမွာအေထာက္ အထားမဲ့ျမန္မာေတြကို အစုလိုက္အၿပဳံလိုက္ထိုင္းရဲေတြကပိုက္စိပ္တိုက္ရွာေဖြၿပီးဖမ္းဆီးေနတာ ျဖစ္ပါတယ္။သူတို႔ေတြဟာထိုင္းႏိုင္ငံနဲ႔မေလးရွားႏိုင္ငံေတြမွာအလုပ္လုပ္ကိုင္ႏိုင္ ဖို႔ေ႐ႊ႕ေျပာင္းလာ ၾက သူေတြျဖစ္ၿပီး သူတို႔ေတြကိုလူေမွာင္ခိုပြဲစားေတြကအခေၾကးေငြယူၿပီး ပို႔ေဆာင္ေပးေနတာျဖစ္ ပါတယ္။ဒီလိုျဖစ္စဥ္ေတြဟာလည္းထိုင္း-ျမန္မာ-မေလးရွား ၃ ႏိုင္ငံနယ္စပ္တစ္ေလွ်ာက္မွာျဖစ္ေပၚ ေနတာပါ။ဒါေၾကာင့္ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြအေနနဲ႔လူေခၚ ေအဂ်င့္ပြဲစားေတြရဲ႕ စကား ကိုမယုံၾကည္ၾကဖို႔ ဘယ္လိုအေၾကာင္အမ်ိဳးေၾကာင့္ပဲျဖစ္ျဖစ္ ထိုင္းႏိုင္ငံကိုတရားမဝင္ေအာက္ လမ္းေတြက‌ေနမဝင္ေရာက္လာၾကဖို႔ကိုလည္းထိုင္းႏိုင္ငံမွာရွိေနတဲ့ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားအေရးကူညီေဆာင္႐ြက္ေပးေနသူေတြက အၿမဲသတိေပးႏႈိးဆာ္ေပးေနရတယ္။သို႔ေပမဲ့လည္း မည္သို႔ပင္ဆိုေစကာမူျမန္မာေ႐ႊ႕ေျပာင္းလုပ္သားအမ်ားစုကထိုင္းႏိုင္ငံအတြင္းကိုရရာနည္းလမ္းနဲ႔ ဝင္ေရာက္ေနၾကဆဲျဖစ္ပါတယ္။

ဒါ့အျပင္ထိုင္းႏိုင္ငံမွာအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျပစ္ဒဏ္က်ခံၿပီးေျမာက္ၿပီးအခ်ိန္ၾကာျမင့္တဲ့အထိလြတ္ေျမာက္ခြင့္မရေသးတဲ့ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြလည္းထိုင္းႏိုင္ငံအတြင္းမွာဒုနဲ႔ေဒးအမ်ားအျပားရွိေနခဲ့ၿပီးတရားမဝင္လမ္းေၾကာင္းေတြကေနဝင္ေရာက္လာလို႔ထိုင္းရဲေတြရဲ႕ေန႔စဥ္ဖမ္းဆီးျခင္းကိုခံေနရတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြဟာလည္း ေန႔စဥ္ေထာင္ခ်ီ၊ရာခ်ီမနည္း မေနာ ရွိေနခဲ့တာပါ။ထိုင္းေရာက္ေ႐ႊ႕ေျပာင္းအလုပ္သမားအေရးကူညီေပးသူေတြနဲ႔ထိုင္းႏိုင္ငံအေျခစိုက္ ျမန္မာျပည္သားမ်ားအေရးပူးတြဲ လႈပ္ရွားမႈေကာ္မတီရဲ႕အခ်က္အလက္ေတြအရႏွစ္လအတြင္းမွာ ပင္ထိုင္းႏိုင္ငံသို႔တရားမဝင္ဝင္ေရာက္တဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ၁၀,၀၀၀ ခန႔္ဟာဖမ္းဆီးခံေန ရတာျဖစ္တယ္လို႔ သိရပါတယ္။လတ္တေလာကာလမွာပင္ထိုင္းႏိုင္ငံေတာင္ပိုင္း၊ရေနာင္း လဝက အခ်ဳပ္မွာျမန္မာျပည္ကို ျပန္ပို႔ခံရဖို႔ေစာင့္ဆိုင္းေနၾကရတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြဟာရာနဲ႔ ခ်ီ ၿပီးပိတ္မိေနၾကတာျဖစ္ပါတယ္။အဲ့ဒီရေနာင္းထိုင္းလ၀ကအခ်ဳပ္မွာရွိေနတဲ့ ျမန္မာေ႐ႊ႕ေျပာင္း လုပ္သား ၆၀၀ ေက်ာ္ဟာ ျမန္မာျပည္ကိုအျမန္ဆုံးပို႔ေဆာင္ေပးဖို႔ကိုလည္းသူတို႔ထိန္းသိမ္း ေရး စခန္းေတြကေနေတာင္းဆိုဆႏၵျပမႈေတြကိုလည္းျပဳလုပ္ေနၾကတာျဖစ္ပါတယ္။ဒါေတြဟာ ထိုင္း ႏိုင္ငံမွာျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြႀကဳံေတြ႕ေနရတဲ့လူမႈ႕ဒုကၡမ်ားစြာထဲကတစ္ခုပဲျဖစ္ပါတယ္။

အဲ့ဒီလူမႈဒုကၡေတြအျပင္ထိုင္းေရာက္ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြဟာ ထိုင္းႏိုင္ငံအတြင္းမွာ ဥပေဒရဲ႕အကာအကြယ္ေပးမႈေတြကို ယေန႔အထိမရွိၾကေသးတဲ့အတြက္ ျမန္မာအစိုးရအဆက္ဆက္ ကဒါကိုအေလးေပးလုပ္ေဆာင္ေပးေစလိုတယ္လို႔ထိုင္းႏိုင္ငံေရာက္ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြကေတာင္းဆိုထားၾကၿပီးဒါဟာသူတို႔အျဖစ္ခ်င္ဆုံးေသာဆႏၵတစ္ခုျဖစ္တယ္လို႔လည္းဆိုပါတယ္။

“ထိုင္းရဲနဲ႔ထိုင္းလ၀ကေပါင္းစားတယ္။ဒါဟာအခုမွမဟုတ္ပါဘူး။အရင္အစိုးရေတြအဆက္ဆက္ ထဲကေပါ့ေလ၊ႏွစ္ႏိုင္ငံအစိုးရအဖြဲ႕အခ်င္းခ်င္းခ်ိတ္ဆက္ၿပီးေတ့ာလုပ္ေန႐ုံ၊သံ႐ုံးအခ်င္းခ်င္းခ်ိတ္ ဆက္ၿပီးေတာ့လုပ္လိုက္႐ုံနဲ႔ဒါဟာၿပီးသြားမယ့္ကိစၥမဟုတ္ပါဘူး။သံ႐ုံးေတြကခ်ည္းပဲလုပ္လို႔ရတဲ့ အရာလည္းမဟုတ္ပါဘူး၊ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားအေရးေတြကိုေဆာင္႐ြက္ေပးဖို႔ ဥပေဒအ ကာအကြယ္ေပးေရးအဖြဲ႕ေတြရွိရပါမယ္။ဥပေဒအေၾကာင္းနားလည္တဲ့သူေတြပါမယ္၊ေရွ႕ေနေတြ ပါ မယ္။ေျပာရရင္ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြကိုဥပေဒေၾကာင္းအရကူညီကာကြယ္ေပးႏိုင္မယ့္ ကူ ညီေပးႏိုင္မယ့္ဥပေဒပညာရွင္အဖြဲ႕တစ္ခုေတာ့ရွိကိုရွိသင့္ပါတယ္၊ေပၚကိုေပၚလာသင့္ပါတယ္။တက္ လာတဲ့အစိုးရအဆက္ဆက္ကလည္းထိုင္းေရာက္ျမန္လုပ္သားေတြကိုဥပေဒအေၾကာင္းအရကာကြယ္ေပးဖို႔လိုပါတယ္။ ျပည့္ျပည့္၀၀ကာကြယ္ေပးဖို႔လိုပါတယ္။ဥပေဒအေၾကာင္းအရကာကြယ္ေပး ဖို႔လိုေနတာပါ။အခုကခိုးဝင္လို႔ပဲျဖစ္ျဖစ္အျခားေသာအေၾကာင္းအရာေတြေၾကာင့္ပဲျဖစ္ျဖစ္ျမန္ မာေ႐ႊ႕ေျပာင္းလုပ္သားေတြအဖမ္းခံရၿပီဆိုတာနဲ႔ဒုကၡမ်ိဳးစုံနဲ႔ႀကဳံေနရတယ္။ေနာက္တစ္ခ်က္ရွိတာ ကဘာသာစကားေပါ့၊တခ်ိဳ႕အဖမ္းခံရတဲ့ ျမန္မာေတြက်ေတာ့ ဘာသာစကားနားမလည္တဲ့သူေတြ မ်ားတယ္။ထိုင္းစကားမတတ္ဘူးေပါ့၊အဲ့ေတာ့ရဲစခန္းေတြမွာဘာသာျပန္ေပးတဲ့သူေတြ ရွိတယ္၊သူတို႔ကျမန္မာလူမ်ိဳးေတြေတာ့မဟုတ္ဘူးေပါ့၊သူတို႔ကတလြဲေတြဘာသာျပန္ေပးတယ္၊ၿခိမ္းေျခာက္ တာေတြေငြညႇစ္တာေတြအမ်ိဳးစုံပါပဲဒါေတြကိုႀကဳံရတယ္။တခ်ိဳ႕ရဲေတြက်ေတာ့လည္းဘတ္ ၁၀၀၀၀ ေတာင္းတယ္။သူတို႔ေတာင္းသေလာက္ေပးရတယ္၊လုပ္ေပးရတယ္။အခုဘတ္ေစ်းနဲ႔ဆိုရင္ဘတ္ ၁၁၀၀ ကိုျမန္မာေငြတစ္သိန္းေလာက္ေပါက္ေနေတာ့ ဘတ္ ၁၀၀၀၀ ဆိုျမန္မာေငြ ၉ သိန္း၊ ၁၀ သိန္းေလာက္ျဖစ္သြားတာေပါ့၊အဲ့လိုအခက္အခဲ ေတြကိုျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြ ကအမ်ား ဆုံး ႀကဳံေနရတယ္၊ဒါေတြဟာဥပေဒအရအကာအကြယ္မဲ့လို႔ ဥပေဒအကာအကြယ္ကိုျပည့္ျပည့္ ၀၀ မရလို႔ပဲျဖစ္ပါတယ္”လို႔ ထိုင္းေရာက္ျမန္မာလုပ္သားတစ္ဦးက သူရဲ႕အျမင္ကို သုံးသပ္ေျပာျပပါ တယ္။

တရားဝင္ MOU စနစ္နဲ႔လာေရာက္ၾကေသာ္လည္းထိုင္းႏိုင္ငံအတြင္းမွာ အလုပ္မရရွိတဲ့လုပ္သား ေတြမ်ားစြာရွိေနသလိုတရားမဝင္လမ္းေၾကာင္းကေနဝင္ေရာက္လာလို႔ ထိုင္းႏိုင္ငံက ရဲအခ်ဳပ္ခန္း နဲ႔လ၀ကထိန္းသိမ္းေရးစခန္းေတြမွာ လူအခြင့္အေရးခ်ိဳးေဖာက္ ခံ ရၿပီးေနေနရတဲ့ျမန္မာေ႐ႊ႕ေျပာင္း လုပ္သားေတြဟာလည္းဒုနဲ႔ေဒးဆိုသလိုအမ်ားအျပားရွိေနတာျဖစ္ပါတယ္။

ဒီလိုအေျခအေနေတြေၾကာင့္ထိုင္းႏိုင္ငံသို႔ေရာက္ရွိေနၿပီးအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျပန္လာဖို႔အ ခက္အခဲျဖစ္ေနတဲ့ျမန္မာႏိုင္ငံသားေတြကိုႏွစ္ႏိုင္ငံအစိုးရအခ်င္းခ်င္းကညႇိႏႈိင္းၿပီးျပန္လည္ေခၚယူခဲ့ရမႈေတြလည္းရွိေနခဲ့တာပါ။အခုႏွစ္ဆန္းပိုင္းအတြင္းမွာပင္ ထိုင္းႏိုင္ငံမွာေရာက္ရွိေနၿပီး ဒုကၡေရာက္ ေနရတဲ့ျမန္မာႏိုင္ငံသား ၆၇၉ ဦးကို ျပန္လည္ေခၚေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း နစကအဖြဲ႕ရဲ႕ သတင္းထုတ္ျပန္ထားမႈေတြအရ သိရပါတယ္။

“ထိုင္းရဲကဖမ္းလို႔ရဲအခ်ဳပ္တို႔ထိန္းသိမ္းေရးစခန္းတို႔ေရာက္ၿပီဆိုအေတာ္ေလးဒုကၡေရာက္ၿပီ။အဲ့ဒုကၡ ကိုအေတာ္ေလးႀကဳံခဲ့ရတယ္။ကြၽန္ေတာ္ကိုယ္တိုင္လည္းထိန္းသိမ္းေရးစခန္းမွာေနခဲ့ရေတာ့ ဒီဒုကၡ ေတြကိုေကာင္းေကာင္းသိပါတယ္။အထဲမွာကလူအခြင့္အေရးခ်ိဳးေဖာက္ခံရတာေတြ လည္းအမ်ား ႀကီးရွိေနတယ္၊ေကာင္းေကာင္းမေနရဘူး၊အစားအေသာက္ကအစခ်ိဳ႕တဲ့တယ္၊ျပည့္ျပည့္၀၀ မစားရ ဘူး၊လူ(၁၀)ေယာက္ေလာက္ပဲေနလို႔ရတဲ့အခန္းမွာလူ ၄၀၊လူ ၅၀ ေလာက္ျပည့္သိပ္ၿပီးထည့္တာမ်ိဳး ေနာက္က်န္းမာေရးကိစၥေတြေပါ့ေလ၊အမ်ားသုံးအိမ္သာေတြကအစသုံးရတာအဆင္မေျပ တာ ရွိ တယ္။ထိန္းသိမ္းေရးစန္းေတြမွာေရေလးတစ္ခြက္ေလာက္ကစၿပီးေနာက္ အမ်ားသုံးအိမ္သာသုံး ရတာကအစဘာမွအဆင္မေျပဘူးေပါ့။စားေတာ့လည္းျဖစ္သလိုအမ်ိဳးမ်ိဳးပါပဲ”လို႔ နယ္စပ္ျဖတ္ ေက်ာ္ ခိုးဝင္ခဲ့မႈေၾကာင့္ထိုင္းႏိုင္ငံရဲ႕လ၀ကထိန္းသိမ္းေရးစခန္းမွာေနထိုင္ခဲ့ရသူတစ္ဦးက သူႀကဳံ ေတြ႕ခဲ့ရတာကိုေျပာျပခဲ့ပါတယ္။

၂၀၁၄ ခုႏွစ္၊သန္းေခါင္စာရင္းအရျမန္မာႏိုင္ငံရဲ႕ လူဦးေရ ၅၁ သန္းေက်ာ္မွာအလုပ္လုပ္ကိုင္သူဦးေရ အခ်ိဳးဟာ ၆၃ ရာခိုင္ႏႈန္းေက်ာ္( လူ ၃၂ သန္းေက်ာ္)ရွိျခင္းေၾကာင့္ ျမန္မာႏိုင္ငံမွာအလုပ္လုပ္ကိုင္သူ ဦး ေရ၏ ၃ ပုံ ၁ ပုံ မွာအလုပ္လက္မဲ့ျဖစ္သြားတဲ့အေျခအေနျဖစ္ပါတယ္။ဒါေၾကာင့္လည္း အိမ္နီး ခ်င္း ႏိုင္ငံေတြျဖစ္တဲ့ ထိုင္း၊တ႐ုတ္စတဲ့ႏိုင္ငံေတြသို႔ ခိုလႈံသြားၾကသူေတြ အလုပ္အကိုင္သြား ရွာၾက တဲ့ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြဟာအခုကာလမွာအမ်ားအျပားရွိလို႔လာခဲ့တာပါ။ဒီလိုေတြ ျဖစ္ ပ်က္လာရတာဟာျပည္တြင္းမွာအလုပ္အကိုင္ရွားပါးမႈနဲ႔စားဝတ္ေနေရးေတြေၾကာင့္ျဖစ္တယ္လို႔ လည္းဝါရင့္ႏိုင္ငံေရးသမားတစ္ဦးကသုံးသပ္ေျပာျပပါတယ္။

ဒါေတြကိုျပန္လည္ထိန္းေက်ာင္းႏိုင္ဖို႔အတြက္ဆိုပါကတိုင္းျပည္မွာတည္ၿငိမ္ေအးခ်မ္းဖို႔လိုၿပီး တိုင္း ျပည္ရဲ႕စီးပြားေရးယႏၲရားေတြေကာင္းမြန္ဖို႔လိုကာလူမႈစီးပြားဘဝေတြအရင္လိုျပန္ဖြံ႕ၿဖိဳးလာဖို႔လိုတယ္လို႔ သူကေျပာျပပါတယ္။

“ထိုင္းနဲ႔မေလးရွားနဲ႔ဆိုရင္ေတာင္အလုပ္လုပ္ရတာခ်င္းကမတူဘူးေလ၊ထိုင္းမွာကေအာက္ေျခသိမ္း အလုပ္ေတြကအစလုပ္ရတာသူမ်ားမလုပ္ခ်င္တဲ့အလုပ္ေတြကအစအကုန္လုပ္ရတာေလ၊မေလးမွာ က်အဲ့လိုမဟုတ္ဘူး၊ေနာက္တစ္ခုကထိုင္းမွာေနစရာကအစအခက္အခဲရွိတယ္ေလ၊အိမ္လခေတြ အေဆာင္လခေတြကိုသူေဌးေတြကလစာထဲကေနျပန္ဖ်က္တာေတြရွိတယ္၊မေလးမွာဆိုအလုပ္ေတြ ကေနစရာကအစေပးတယ္ေလ၊ထိုင္းမွာကေျပာရရင္ေတာ္ ေတာ္ၾကမ္းၾကမ္းတမ္းတမ္းေအာက္ေျခ သိမ္းအလုပ္ေတြကအစလုပ္ရတယ္။ေတာ္႐ုံလူမလုပ္ႏိုင္တဲ့ အလုပ္ေတြလုပ္ၾကရတယ္၊မေလး ထက္ စာရင္ပိုၿပီးေတာ့ဖိႏွိပ္ခံရတာေတြထိုင္းမွာကပိုမ်ားမယ္ထင္ပါတယ္”လို႔ ျပည္ပအလုပ္အ ကိုင္ ရွာ ေဖြေရးေအဂ်င္စီမွာအလုပ္လုပ္ကိုင္သူတစ္ဦးကေျပာျပခဲ့ပါတယ္။

ဆက္ၿပီးျမ၀တီၿမိဳ႕ေဒသခံတစ္ဦးကလည္း “ထိုင္းဘက္ကိုတရားဝင္လမ္းေၾကာင္းကေနေရာတရား မဝင္ လမ္း ေၾကာင္းကေနေရာသြားေနၾကတာရွိပါတယ္။ေန႔တိုင္းသြားေနတယ္၊အခုတံတားဖြင့္ ၿပီး ထဲကေန႔တိုင္းအဝင္၊အထြက္ေတြရွိေနတယ္၊သြားလာေနတာေတြ႕ရတယ္”လို႔ေျပာျပပါတယ္။

အလုပ္သမားအဖြဲ႕အစည္းေတြရဲ႕ေဖာ္ျပမႈအရလက္ရွိထိုင္းႏိုင္ငံအတြင္းမွာ MOU လုပ္သား ၇ သိန္း ေက်ာ္ရွိေနၿပီးပန္းေရာင္ကတ္(ဘတ္ကတ္)နဲ႔ေနထိုင္သူသန္းနဲ႔ခ်ီၿပီးရွိေနတာျဖစ္ပါတယ္။ဒါဟာ အ လြန္မ်ားျပားတဲ့အေရအတြက္ပမာဏျဖစ္ၿပီးျပည္တြင္းမွာစစ္တပ္ကအာဏာကိုရယူထိန္းသိမ္းလိုက္ၿပီးတဲ့ေနာက္မွာ ႏိုင္ငံေရးမၿငိမ္မသက္မႈေတြေၾကာင့္ ထိုင္းႏိုင္ငံအတြင္းသို႔တိမ္းေရွာင္လာရတဲ့ျမန္မာ ႏိုင္ငံသားအရအတြက္ဟာပိုမိုမ်ားျပားလာခဲ့တာ ျဖစ္တယ္လို႔လည္းသိရပါတယ္။

သို႔ေသာ္လည္းထိုင္းေရာက္ျမန္မာ့ေ႐ႊ႕ေျပာင္းလုပ္သားေတြကေတာ့ယေန႔အထိဥပေဒအကာအကြယ္ မဲ့ေနၿပီးလူ႔အခြင့္ အေရးခ်ိဳးေဖာက္ခံရမႈေတြဖိႏွိပ္ခံရမႈေတြကရွိေနဆဲျဖစ္ပါတယ္။အစိုးရအဆက္ ဆက္ကဒီကိစၥေတြကိုေျဖရွင္းေဆာင္႐ြက္ခဲ့ၾကေပမဲ့ယေန႔ကာလအထိေတာ့ထိုင္းေရာက္ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားအေရးအရာကိစၥေတြကိုေတာ့ထိထိေရာက္ေရာက္ေျဖရွင္းႏိုင္မ်ိဳးေတာ့မရွိေသးပါဘူး။ဒါေၾကာင့္မို႔ဒါေတြကိုေျပလည္ ေအာင္ဘယ္လိုေျဖရွင္း ေဆာင္႐ြက္ၾကမလဲဆိုတာကလည္း အေရးႀကီးတဲ့ အခန္းက႑တစ္ရပ္မွာရွိေနခဲ့တာပါ။ဒါ့အျပင္ထိုင္းေရာက္ျမန္မာေ႐ႊ႕ေျပာင္းလုပ္ သားေတြရဲ႕လူ႔အခြင့္အေရးနဲ႔ ဥပေဒေၾကာင္းအရျပည့္ျပည့္၀၀အကာအကြယ္ရရွိေရးေတြဟာ ယေန႔ကာလမွာလြန္စြာလိုအပ္ေနတယ္ဆိုတာကေတာ့မလြဲဧကန္ျဖစ္တယ္လို႔သာေရးသားတင္ျပ လိုက္ရပါတယ္။
crd

Unicode
ဥပဒေအကာအကွယ်မဲ့ပြီး ဖိနှိပ်ခံနေရဆဲဖြစ်တဲ့ ထိုင်းရောက် မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေရဲ့ မိ‌အေးနှစ်ခါနာရတဲ့ဘဝ…

ပြည်တွင်းမှာအလုပ်အကိုင်တွေရှားပါးလာတာတွေ‌ကြောင့်မြန်မာရွှေ့ပြောင်းလုပ်သားအများစုဟာရေကြည်ရာမြက်နုရာဆိုသလိုဝမ်းရေးရှာဖွေစားသောက်နိုင်ဖို့နဲ့နေ့စဉ်လူမှုဘဝအတွက်အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံအတွင်းသို့တရားဝင်လမ်းကြာင်းကရော၊တရားမဝင်နည်းလမ်းတွေကပါအလုပ် လုပ်ကိုင်နိုင်ဖို့အတွက်ရရာနည်းလမ်းပေါင်းစုံနဲ့သွားရောက်လို့နေကြပါတယ်။အဲ့ဒီလို ထိုင်းနိုင်ငံ အတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်လာကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာလူမှုဒုက္ခနဲ့အဆင် မပြေမှုများစွာကိုကြုံတွေ့နေရပြီးဥပဒေကြောင်းအရအကာအကွယ်ပေးမှုတွေကိုလည်းယနေ့အထိရရှိခံစားရခြင်းတော့မရှိသေးပါဘူး။မြန်မာ့ရွှေ့ ပြောင်းလုပ်သားအများစုဟာ လူခေါပွဲစားတွေရဲ့ ငွေကြေးလိမ်လည်မှုတွေလုပ်ခလစာအပေါ်မှာအလုပ်ရှင်တွေရဲ့ခေါင်းပုံဖြတ်မှုတွေသူများနိုင်ငံကို တရားမဝင်အောက်လမ်းကနေဝင်ရောက်တာတွေကြောင့်ထိုင်းရဲတွေရဲ့ဖမ်းဆီးထိန်းခံရတာတွေ လူ့ အခွင့်အရေးချိုးဖောက်ခံရတာတွေစတဲ့လူမှုဒုက္ခမျိုးစုံကိုလည်းကြုံတွေ့ရင်ဆိုင်နေကြရတာဖြစ် ပါတယ်။

ပြည်တွင်း၊ပြည်ပသတင်းဌာနေတွေကဖော်ပြထားတဲ့အချက်အလက်တွေအရထိုင်းနိုင်ငံသို့လာ ရောက်လိုတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးအတွက်ဆိုပါကတရားဝင်လမ်းကြောင်းကလမ်း ရောက်မယ်ဆိုရင်MOUလုပ်သားတစ်ဦရဲ့အေးဂျင့်ကုမ္ပဏီကိုပေးသွင်းရတဲ့အခကြေးငွေဟာငွေကျပ် ၂၂ သိန်းကနေ၊ကျပ်သိန်း ၃၀ ဝန်းကျင်ထိဝန်ဆောင်ခတွရှိနေပြီးတရားမဝင်လမ်းကြောင်းကနေလာ ရောက်ကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့လည်း လူခေါ်ပွဲစားအေးဂျင့်တွေကိုပေးရတဲ့ အဖိုးအခကဘတ်သောင်းနဲ့ချီရှိနေတာပါ။အဲ့ဒီပြင်အခုကာလမှာထိုင်းနိုင်ငံသို့ဝင်ရောက်လိုသူ အလုပ်သမားတစ်ဦးအနေနဲ့ ထိုင်းဘတ်ငွေ ၄၅၀၀၀ လောက်အထိပေးဆောင်ပြီးလာရောက်နေ ကြရတာဖြစ်တယ်လို့သိရပါတယ်။ယခင်ကထိုင်းနိုင်ငံကိုသွားရောက်ဖို့ အလုပ်သမားတစ်ဦးရဲ့ ကုန်ကျစရိတ်ဟာကျပ် ၄ ၊ ၅ သိန်းခန့်သာကုန်ကျစရိတ်ရှိခဲ့ရာမှ အခုအခါမှာတော့ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းသွားရောက်လိုသူအလုပ်သမားတစ်ယာက်ရဲ့ကုန်ကျစစရိတ်ဟာ နှစ်ဆ၊သုံးဆခန့် အထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒါတွေအပြင် လတ်တလောကာလမှာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ နိုင်ငံ ကူးလက်မှတ်ထုတ်ပေးပတ်စ်ပို့ရုံးတွေကိုပိတ်ထားတဲ့အတွက်ပြည်ပနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံသို့သွား ရောက်လိုတဲ့အလုပ်သမားအများစုဟာ တရားမဝင်လမ်းကြောင်းကနေသွားရောက်ဖို့သာရွေးချယ် စရာရှိနေပြီး ဒီလိုမျိုးတရားမဝင်လမ်းကြောင်းတွေကနေဝင်၊ထွက်သွားလာနေကြတဲ့အတွက် မြန် မာ့ရွှေပြောင်းအလုပ်သမားတွေဟာ ထိုင်းရဲတွေရဲ့ဖမ်းဆီးခြင်းကိုလည်းခံနေရတာဖြစ်ပါတယ်။

လတ်တလောကာလမှာ နိုင်ငံကူးပတ်စ်ပို့စာအုပ်တွေလုပ်လို့မရတဲ့အခက်အခဲကြောင့် ထိုင်းနိုင်ငံ သို့သွားရောက်လိုတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနည်းတူ စင်ကာပူ၊တရုတ်၊မလေးရှားနဲ့ ကိုရီးယားနိုင်ငံတွေသို့ သွားရောက်အလုပ်လုပ်ကိုင်လိုတဲ့လူငယ်တွေဟာလည်း အခက်အခဲတွေ များစွာနဲ့ကြုံနေရတာဖြစ်ပါတယ်။

“ကျွန်တော်က ၂၀၂၂ မှာ EPS စာမေးပွဲအောင်မြင်ပြီး Passport သက်တမ်းတိုးမရလို့ အခက်အခဲ ဖြစ်နေတဲ့လုပ်သားတစ်ဦးဖြစ်ပါတယ်။အခု Passport ရုံးတွေ ပိတ်ထားတော့ ကျွန်တော်တို့လို တရားဝင်လုပ်သားတွေနဲ့အနေနဲ့ကအရမ်းကိုအခက်အခဲဖြစ်ရပါတယ်”လို့ ကိုရီးယားနိုင်ငံသို့ EPS စနစ်နဲ့သွားရောက်မယ့်အလုပ်သမားတစ်ဦးက ပတ်စ်ပို့အခက်အခဲကြောင့် ပြည်ပနိုင်ငံသို့ ထွက်ခွာ လို့မရသေးပဲ ပြည်တွင်းမှာ ကြန့်ကြာနေတဲ့အကြောင်းကိုပြောပြလာတာပါ။

“မြန်မာဘက်ခြမ်းကနေဒီဘက်ကမ်းကိုကူးလာတာနဲ့ရောက်လာတာနဲ့ထိုင်းရဲကတွေ့တာနဲ့ဖမ်းတာပဲလေ၊တချို့တွေဆိုလည်းမလာနဲ့ဆိုပြီးထိုင်းရဲကချက်ချင်းပြန်လွတ်တာရှိတယ်၊သူတို့နိုင်ငံထဲကိုအ ဝင်မခံဘူးပေါ့။တချို့ကိုလည်းထိုင်းရဲကသူတို့ရဲစခန်းအချုပ်တွေကိုခေါ်သွားတယ်၊ရစ်တယ်၊ငွေ ညှစ် တယ်။ဒါတွေကမြန်မာရွှေ့ပြောင်းအလုပ်သမားတွေအများဆုံးကြုံ တွေ့ရတယ်။ပြီးတော့ ဒီဘက်မဲ ဆောက်မှာကအလုပ်ကရှားတယ်။အလုပ်တစ်ခုရဖို့မလွယ်ပါဘူး၊အလုပ်တစ်ခုရဖို့ကမနည်းလုပ်ရ တယ်၊ဒီဘက်မှာအလုပ်ရပြန်ရင်လည်းနေ့တိုင်းအလုပ် ဆင်းရဖို့ကမလွယ်ဘူးလေ။အဲ့လိုတွေရှိနေ ပြန်ရောဒီဘက်မှာကရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ရဲ့လုပ်အားခကတစ်ရက်ကိုထိုင်းဘတ် ၂၅၀၊ ၃၀၀ လောက်ပဲရကြတယ်၊အဲ့ဒါအများဆုံးပါ။တစ်ချို့ကျတော့လည်းပတ်စ်ပို့စာအုပ်ရှိတယ်၊ထိုင်းလဝကရဲ့တံဆိပ်တုံးမရှိဘူးပေါ့၊အဲ့လိုတွေပေါ့လေ၊ခိုးဝင်ပြီးအလုပ်လာလုပ်တဲ့ သူတွေက ထိုင်း ရဲ ကိုပိုက်ဆံပေးပြီးနေရတယ်၊ထိုင်းရဲကလုပ်ပေးထားတဲ့အသိအမှတ်ပြုကတ်တွေရှိတယ်။သူက တစ်ကတ်ကိုဘတ် ၃၅၀ လောက်ပေးရတယ်၊လမ်းသွားရင်းလာရင်းသူတို့ရဲကစစ်လို့တွေ့ရင် အဲဒီ ကတ်ကိုထုတ်ပြရတာပေါ့၊အဲ့ကတ်ပြလိုက်ရင်တော့အေးဆေးပေါ့၊နေလို့ရ တယ်ပေါ့၊အဲ့ဒါကလည်း မဲဆောက်ရဲပဲရတယ်၊ဘန်ကောက်ကရဲတွေဆင်းလာရင်တော့မရဘူးပေါ့၊သူတို့ကတော့ တရားမဝင် နေထိုင်သူတွေဆိုဖမ်းတယ်။တချို့ဝင်လာတဲ့သသူတွေကျတော့ လည်းသူ့အဆက်အသွယ်နဲ့သူပေါ့ လေ၊ပိုက်ဆံပေးပြီးဘန်ကောက်ကိုတက်သွားကြတယ်။ပိုက်ဆံတော့အတော်ပေးရတာပေါ့၊ပိုင်တဲ့ သူတွေကျတော့လုပ်နေကြတာပါပဲ၊မဲဆောက်မှာအလုပ်မလုပ်ကြတော့ဘူး၊ဘန်ကောက်ကို တက် ပြီး အလုပ်ရှာတယ်။ဘန်ကောက်ကိုတက်မယ်ဆိုရင်ထိုင်းဘတ် ၇၀၀၀၊၈၀၀၀ လောက်ပေးပြီး ထွက်ရတာပေါ့၊အဲ့လောက်ကုန်ကျပါတယ်။သူများနိုင်ငံမှာဆိုတော့ငွေဘယ်လောက် ကုန်ကုန်ကိုယ့် အသက်အန္တရယ်ကင်းကင်းနဲ့နေရဖို့တော့အဆင်ပြေလုပ်ရတာပေါ့လေ။မဲဆောက်ထဲမှာကအကုန် မြန်မာနိုင်ငံသားတွေချည်းလို့တောင်ပြောလို့ရတယ်။မြန်မာ၊ကရင်၊မွန်လူမျိုး ၇၀ ရာခိုင်နှုန်းလောက် ရှိတယ်၊နေကြပါတယ်။မဲဆောက်မှာကမြန်မာတွေတော်တော်များပါတယ်။သူများနိုင်ငံမှာကိုယ့်ဘ၀ ရပ်တည်ရှင်သန်ရေးအတွက်ကဒီလိုပဲအဆင်ပြေသလိုကြုံသလိုမဖြစ်ဖြစ်အောင်တော့နေနေကြရတာပါ”လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ထိုင်းနိုင်ငံ၊မဲဆောက်ဘက် ခြမ်းကရွှေ့ပြောင်းလုပ်သားတွေရဲ့ လူနေမှုဘဝအခြေအနေတွေကိုပြောပြခဲ့တာပါ။

ဆက်ပြီးထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားအရေးကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “ကျွန်တော်တို့နိုင်ငံသားတွေကအောက်လမ်းကလာတာတွေကြောင့်ဒုက္ခရောက်ကြရတာတွေပွဲစားတွေရဲ့လိမ်လည်တာတွေလမ်းခရီးမှာအသက်အန္တရာယ်စိုးရိမ်နေရတာတွေအသက်ဆုံးရှုံးရတာတွေအများကြီးရှိနေတာပါ။ပိုဆိုးတာကတော်ကြာနေဖမ်းသွားပြန်ပြီ၊ဖမ်းသွားပြန်ပြီနဲ့ဒါကကျွန်တော်တို့ အောက်လမ်းကနေတက်လာလို့ရတဲ့ရလာဒ်တွေပါ။အခုကာလမှာဆိုနိုင်ငံရေးကမကောင်းဘူး၊ကျွန် တော်တို့နိုင်ငံသားတွေကဒုက္ခရောက်ပြီးရင်းရောက်ရင်းနေကြရတယ်။ကျွန်တော်တို့နိုင်ငံသားတွေ ကအဲ့လိုမျိုးဒုက္ခတွေကနေ လွတ်မြောက်ချင်လို့တရားဝင်လမ်းကြောင်းကနေတက်တယ်။တရား ဝင်လမ်းကြောင်းကနေတက်မှပိုပြီးဒုက္ခရောက်နေကြရတာတွေလည်းရှိတယ်။တရားဝင်‌စေလွှတ် တယ် MOU နဲ့လွှတ်တယ်ပြောပြီးကုမ္ပဏီအချို့ကမလိမ့်တပတ်လုပ်လို့ ထိုင်းမှာဒုက္ခရောက် နေကြ ရ တဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေလည်းအများကြီးပါပဲ၊နောက်မြန်မာရွှေ့ပြောင်းလုပ်သား တွေ ထိုင်းမှာရောင်းစားခံရတာတွေလည်းရှိနေတယ်။အဓိကကပွဲစားတွေရဲ့လိမ်လည်မှုတွေကအခုကာ လမှာတအားဖြစ်နေတာပါ”လို့ သူက သုံးသပ်ပြောပြပါတယ်။

အခုရက်ပိုင်းအတွင်းမှာပင်ထိုင်း-မလေးနယ်စပ်နဲ့ထိုင်း-မြန်မာနယ်စပ်ပြည်နယ်တွေမှာအထောက် အထားမဲ့မြန်မာတွေကို အစုလိုက်အပြုံလိုက်ထိုင်းရဲတွေကပိုက်စိပ်တိုက်ရှာဖွေပြီးဖမ်းဆီးနေတာ ဖြစ်ပါတယ်။သူတို့တွေဟာထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံတွေမှာအလုပ်လုပ်ကိုင်နိုင် ဖို့ရွှေ့ပြောင်းလာ ကြ သူတွေဖြစ်ပြီး သူတို့တွေကိုလူမှောင်ခိုပွဲစားတွေကအခကြေးငွေယူပြီး ပို့ဆောင်ပေးနေတာဖြစ် ပါတယ်။ဒီလိုဖြစ်စဉ်တွေဟာလည်းထိုင်း-မြန်မာ-မလေးရှား ၃ နိုင်ငံနယ်စပ်တစ်လျှောက်မှာဖြစ်ပေါ် နေတာပါ။ဒါကြောင့်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့လူခေါ် အေဂျင့်ပွဲစားတွေရဲ့ စကား ကိုမယုံကြည်ကြဖို့ ဘယ်လိုအကြောင်အမျိုးကြောင့်ပဲဖြစ်ဖြစ် ထိုင်းနိုင်ငံကိုတရားမဝင်အောက် လမ်းတွေက‌နေမဝင်ရောက်လာကြဖို့ကိုလည်းထိုင်းနိုင်ငံမှာရှိနေတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူတွေက အမြဲသတိပေးနှိုးဆာ်ပေးနေရတယ်။သို့ပေမဲ့လည်း မည်သို့ပင်ဆိုစေကာမူမြန်မာရွှေ့ပြောင်းလုပ်သားအများစုကထိုင်းနိုင်ငံအတွင်းကိုရရာနည်းလမ်းနဲ့ ဝင်ရောက်နေကြဆဲဖြစ်ပါတယ်။

ဒါ့အပြင်ထိုင်းနိုင်ငံမှာအကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ကျခံပြီးမြောက်ပြီးအချိန်ကြာမြင့်တဲ့အထိလွတ်မြောက်ခွင့်မရသေးတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေလည်းထိုင်းနိုင်ငံအတွင်းမှာဒုနဲ့ဒေးအများအပြားရှိနေခဲ့ပြီးတရားမဝင်လမ်းကြောင်းတွေကနေဝင်ရောက်လာလို့ထိုင်းရဲတွေရဲ့နေ့စဉ်ဖမ်းဆီးခြင်းကိုခံနေရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာလည်း နေ့စဉ်ထောင်ချီ၊ရာချီမနည်း မနော ရှိနေခဲ့တာပါ။ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားအရေးကူညီပေးသူတွေနဲ့ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီရဲ့အချက်အလက်တွေအရနှစ်လအတွင်းမှာ ပင်ထိုင်းနိုင်ငံသို့တရားမဝင်ဝင်ရောက်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀,၀၀၀ ခန့်ဟာဖမ်းဆီးခံနေ ရတာဖြစ်တယ်လို့ သိရပါတယ်။လတ်တလောကာလမှာပင်ထိုင်းနိုင်ငံတောင်ပိုင်း၊ရနောင်း လဝက အချုပ်မှာမြန်မာပြည်ကို ပြန်ပို့ခံရဖို့စောင့်ဆိုင်းနေကြရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာရာနဲ့ ချီ ပြီးပိတ်မိနေကြတာဖြစ်ပါတယ်။အဲ့ဒီရနောင်းထိုင်းလဝကအချုပ်မှာရှိနေတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၆၀၀ ကျော်ဟာ မြန်မာပြည်ကိုအမြန်ဆုံးပို့ဆောင်ပေးဖို့ကိုလည်းသူတို့ထိန်းသိမ်း ရေး စခန်းတွေကနေတောင်းဆိုဆန္ဒပြမှုတွေကိုလည်းပြုလုပ်နေကြတာဖြစ်ပါတယ်။ဒါတွေဟာ ထိုင်း နိုင်ငံမှာမြန်မာရွှေ့ပြောင်းလုပ်သားတွေကြုံတွေ့နေရတဲ့လူမှု့ဒုက္ခများစွာထဲကတစ်ခုပဲဖြစ်ပါတယ်။

အဲ့ဒီလူမှုဒုက္ခတွေအပြင်ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံအတွင်းမှာ ဥပဒေရဲ့အကာအကွယ်ပေးမှုတွေကို ယနေ့အထိမရှိကြသေးတဲ့အတွက် မြန်မာအစိုးရအဆက်ဆက် ကဒါကိုအလေးပေးလုပ်ဆောင်ပေးစေလိုတယ်လို့ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေကတောင်းဆိုထားကြပြီးဒါဟာသူတို့အဖြစ်ချင်ဆုံးသောဆန္ဒတစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။

“ထိုင်းရဲနဲ့ထိုင်းလဝကပေါင်းစားတယ်။ဒါဟာအခုမှမဟုတ်ပါဘူး။အရင်အစိုးရတွေအဆက်ဆက် ထဲကပေါ့လေ၊နှစ်နိုင်ငံအစိုးရအဖွဲ့အချင်းချင်းချိတ်ဆက်ပြီးတေ့ာလုပ်နေရုံ၊သံရုံးအချင်းချင်းချိတ် ဆက်ပြီးတော့လုပ်လိုက်ရုံနဲ့ဒါဟာပြီးသွားမယ့်ကိစ္စမဟုတ်ပါဘူး။သံရုံးတွေကချည်းပဲလုပ်လို့ရတဲ့ အရာလည်းမဟုတ်ပါဘူး၊မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးတွေကိုဆောင်ရွက်ပေးဖို့ ဥပဒေအ ကာအကွယ်ပေးရေးအဖွဲ့တွေရှိရပါမယ်။ဥပဒေအကြောင်းနားလည်တဲ့သူတွေပါမယ်၊ရှေ့နေတွေ ပါ မယ်။ပြောရရင်မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုဥပဒေကြောင်းအရကူညီကာကွယ်ပေးနိုင်မယ့် ကူ ညီပေးနိုင်မယ့်ဥပဒေပညာရှင်အဖွဲ့တစ်ခုတော့ရှိကိုရှိသင့်ပါတယ်၊ပေါ်ကိုပေါ်လာသင့်ပါတယ်။တက် လာတဲ့အစိုးရအဆက်ဆက်ကလည်းထိုင်းရောက်မြန်လုပ်သားတွေကိုဥပဒေအကြောင်းအရကာကွယ်ပေးဖို့လိုပါတယ်။ ပြည့်ပြည့်၀၀ကာကွယ်ပေးဖို့လိုပါတယ်။ဥပဒေအကြောင်းအရကာကွယ်ပေး ဖို့လိုနေတာပါ။အခုကခိုးဝင်လို့ပဲဖြစ်ဖြစ်အခြားသောအကြောင်းအရာတွေကြောင့်ပဲဖြစ်ဖြစ်မြန် မာရွှေ့ပြောင်းလုပ်သားတွေအဖမ်းခံရပြီဆိုတာနဲ့ဒုက္ခမျိုးစုံနဲ့ကြုံနေရတယ်။နောက်တစ်ချက်ရှိတာ ကဘာသာစကားပေါ့၊တချို့အဖမ်းခံရတဲ့ မြန်မာတွေကျတော့ ဘာသာစကားနားမလည်တဲ့သူတွေ များတယ်။ထိုင်းစကားမတတ်ဘူးပေါ့၊အဲ့တော့ရဲစခန်းတွေမှာဘာသာပြန်ပေးတဲ့သူတွေ ရှိတယ်၊သူတို့ကမြန်မာလူမျိုးတွေတော့မဟုတ်ဘူးပေါ့၊သူတို့ကတလွဲတွေဘာသာပြန်ပေးတယ်၊ခြိမ်းခြောက် တာတွေငွေညှစ်တာတွေအမျိုးစုံပါပဲဒါတွေကိုကြုံရတယ်။တချို့ရဲတွေကျတော့လည်းဘတ် ၁၀၀၀၀ တောင်းတယ်။သူတို့တောင်းသလောက်ပေးရတယ်၊လုပ်ပေးရတယ်။အခုဘတ်ဈေးနဲ့ဆိုရင်ဘတ် ၁၁၀၀ ကိုမြန်မာငွေတစ်သိန်းလောက်ပေါက်နေတော့ ဘတ် ၁၀၀၀၀ ဆိုမြန်မာငွေ ၉ သိန်း၊ ၁၀ သိန်းလောက်ဖြစ်သွားတာပေါ့၊အဲ့လိုအခက်အခဲ တွေကိုမြန်မာရွှေ့ပြောင်းလုပ်သားတွေ ကအများ ဆုံး ကြုံနေရတယ်၊ဒါတွေဟာဥပဒေအရအကာအကွယ်မဲ့လို့ ဥပဒေအကာအကွယ်ကိုပြည့်ပြည့် ၀၀ မရလို့ပဲဖြစ်ပါတယ်”လို့ ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးက သူရဲ့အမြင်ကို သုံးသပ်ပြောပြပါ တယ်။

တရားဝင် MOU စနစ်နဲ့လာရောက်ကြသော်လည်းထိုင်းနိုင်ငံအတွင်းမှာ အလုပ်မရရှိတဲ့လုပ်သား တွေများစွာရှိနေသလိုတရားမဝင်လမ်းကြောင်းကနေဝင်ရောက်လာလို့ ထိုင်းနိုင်ငံက ရဲအချုပ်ခန်း နဲ့လဝကထိန်းသိမ်းရေးစခန်းတွေမှာ လူအခွင့်အရေးချိုးဖောက် ခံ ရပြီးနေနေရတဲ့မြန်မာရွှေ့ပြောင်း လုပ်သားတွေဟာလည်းဒုနဲ့ဒေးဆိုသလိုအများအပြားရှိနေတာဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့်ထိုင်းနိုင်ငံသို့ရောက်ရှိနေပြီးအကြောင်းအမျိုးမျိုးကြောင့်ပြန်လာဖို့အ ခက်အခဲဖြစ်နေတဲ့မြန်မာနိုင်ငံသားတွေကိုနှစ်နိုင်ငံအစိုးရအချင်းချင်းကညှိနှိုင်းပြီးပြန်လည်ခေါ်ယူခဲ့ရမှုတွေလည်းရှိနေခဲ့တာပါ။အခုနှစ်ဆန်းပိုင်းအတွင်းမှာပင် ထိုင်းနိုင်ငံမှာရောက်ရှိနေပြီး ဒုက္ခရောက် နေရတဲ့မြန်မာနိုင်ငံသား ၆၇၉ ဦးကို ပြန်လည်ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း နစကအဖွဲ့ရဲ့ သတင်းထုတ်ပြန်ထားမှုတွေအရ သိရပါတယ်။

“ထိုင်းရဲကဖမ်းလို့ရဲအချုပ်တို့ထိန်းသိမ်းရေးစခန်းတို့ရောက်ပြီဆိုအတော်လေးဒုက္ခရောက်ပြီ။အဲ့ဒုက္ခ ကိုအတော်လေးကြုံခဲ့ရတယ်။ကျွန်တော်ကိုယ်တိုင်လည်းထိန်းသိမ်းရေးစခန်းမှာနေခဲ့ရတော့ ဒီဒုက္ခ တွေကိုကောင်းကောင်းသိပါတယ်။အထဲမှာကလူအခွင့်အရေးချိုးဖောက်ခံရတာတွေ လည်းအများ ကြီးရှိနေတယ်၊ကောင်းကောင်းမနေရဘူး၊အစားအသောက်ကအစချို့တဲ့တယ်၊ပြည့်ပြည့်၀၀ မစားရ ဘူး၊လူ(၁၀)ယောက်လောက်ပဲနေလို့ရတဲ့အခန်းမှာလူ ၄၀၊လူ ၅၀ လောက်ပြည့်သိပ်ပြီးထည့်တာမျိုး နောက်ကျန်းမာရေးကိစ္စတွေပေါ့လေ၊အများသုံးအိမ်သာတွေကအစသုံးရတာအဆင်မပြေ တာ ရှိ တယ်။ထိန်းသိမ်းရေးစန်းတွေမှာရေလေးတစ်ခွက်လောက်ကစပြီးနောက် အများသုံးအိမ်သာသုံး ရတာကအစဘာမှအဆင်မပြေဘူးပေါ့။စားတော့လည်းဖြစ်သလိုအမျိုးမျိုးပါပဲ”လို့ နယ်စပ်ဖြတ် ကျော် ခိုးဝင်ခဲ့မှုကြောင့်ထိုင်းနိုင်ငံရဲ့လဝကထိန်းသိမ်းရေးစခန်းမှာနေထိုင်ခဲ့ရသူတစ်ဦးက သူကြုံ တွေ့ခဲ့ရတာကိုပြောပြခဲ့ပါတယ်။

၂၀၁၄ ခုနှစ်၊သန်းခေါင်စာရင်းအရမြန်မာနိုင်ငံရဲ့ လူဦးရေ ၅၁ သန်းကျော်မှာအလုပ်လုပ်ကိုင်သူဦးရေ အချိုးဟာ ၆၃ ရာခိုင်နှုန်းကျော်( လူ ၃၂ သန်းကျော်)ရှိခြင်းကြောင့် မြန်မာနိုင်ငံမှာအလုပ်လုပ်ကိုင်သူ ဦး ရေ၏ ၃ ပုံ ၁ ပုံ မှာအလုပ်လက်မဲ့ဖြစ်သွားတဲ့အခြေအနေဖြစ်ပါတယ်။ဒါကြောင့်လည်း အိမ်နီး ချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊တရုတ်စတဲ့နိုင်ငံတွေသို့ ခိုလှုံသွားကြသူတွေ အလုပ်အကိုင်သွား ရှာကြ တဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာအခုကာလမှာအများအပြားရှိလို့လာခဲ့တာပါ။ဒီလိုတွေ ဖြစ် ပျက်လာရတာဟာပြည်တွင်းမှာအလုပ်အကိုင်ရှားပါးမှုနဲ့စားဝတ်နေရေးတွေကြောင့်ဖြစ်တယ်လို့ လည်းဝါရင့်နိုင်ငံရေးသမားတစ်ဦးကသုံးသပ်ပြောပြပါတယ်။

ဒါတွေကိုပြန်လည်ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုပါကတိုင်းပြည်မှာတည်ငြိမ်အေးချမ်းဖို့လိုပြီး တိုင်း ပြည်ရဲ့စီးပွားရေးယန္တရားတွေကောင်းမွန်ဖို့လိုကာလူမှုစီးပွားဘဝတွေအရင်လိုပြန်ဖွံ့ဖြိုးလာဖို့လိုတယ်လို့ သူကပြောပြပါတယ်။

“ထိုင်းနဲ့မလေးရှားနဲ့ဆိုရင်တောင်အလုပ်လုပ်ရတာချင်းကမတူဘူးလေ၊ထိုင်းမှာကအောက်ခြေသိမ်း အလုပ်တွေကအစလုပ်ရတာသူများမလုပ်ချင်တဲ့အလုပ်တွေကအစအကုန်လုပ်ရတာလေ၊မလေးမှာ ကျအဲ့လိုမဟုတ်ဘူး၊နောက်တစ်ခုကထိုင်းမှာနေစရာကအစအခက်အခဲရှိတယ်လေ၊အိမ်လခတွေ အဆောင်လခတွေကိုသူဌေးတွေကလစာထဲကနေပြန်ဖျက်တာတွေရှိတယ်၊မလေးမှာဆိုအလုပ်တွေ ကနေစရာကအစပေးတယ်လေ၊ထိုင်းမှာကပြောရရင်တော် တော်ကြမ်းကြမ်းတမ်းတမ်းအောက်ခြေ သိမ်းအလုပ်တွေကအစလုပ်ရတယ်။တော်ရုံလူမလုပ်နိုင်တဲ့ အလုပ်တွေလုပ်ကြရတယ်၊မလေး ထက် စာရင်ပိုပြီးတော့ဖိနှိပ်ခံရတာတွေထိုင်းမှာကပိုများမယ်ထင်ပါတယ်”လို့ ပြည်ပအလုပ်အ ကိုင် ရှာ ဖွေရေးအေဂျင်စီမှာအလုပ်လုပ်ကိုင်သူတစ်ဦးကပြောပြခဲ့ပါတယ်။

ဆက်ပြီးမြဝတီမြို့ဒေသခံတစ်ဦးကလည်း “ထိုင်းဘက်ကိုတရားဝင်လမ်းကြောင်းကနေရောတရား မဝင် လမ်း ကြောင်းကနေရောသွားနေကြတာရှိပါတယ်။နေ့တိုင်းသွားနေတယ်၊အခုတံတားဖွင့် ပြီး ထဲကနေ့တိုင်းအဝင်၊အထွက်တွေရှိနေတယ်၊သွားလာနေတာတွေ့ရတယ်”လို့ပြောပြပါတယ်။

အလုပ်သမားအဖွဲ့အစည်းတွေရဲ့ဖော်ပြမှုအရလက်ရှိထိုင်းနိုင်ငံအတွင်းမှာ MOU လုပ်သား ၇ သိန်း ကျော်ရှိနေပြီးပန်းရောင်ကတ်(ဘတ်ကတ်)နဲ့နေထိုင်သူသန်းနဲ့ချီပြီးရှိနေတာဖြစ်ပါတယ်။ဒါဟာ အ လွန်များပြားတဲ့အရေအတွက်ပမာဏဖြစ်ပြီးပြည်တွင်းမှာစစ်တပ်ကအာဏာကိုရယူထိန်းသိမ်းလိုက်ပြီးတဲ့နောက်မှာ နိုင်ငံရေးမငြိမ်မသက်မှုတွေကြောင့် ထိုင်းနိုင်ငံအတွင်းသို့တိမ်းရှောင်လာရတဲ့မြန်မာ နိုင်ငံသားအရအတွက်ဟာပိုမိုများပြားလာခဲ့တာ ဖြစ်တယ်လို့လည်းသိရပါတယ်။

သို့သော်လည်းထိုင်းရောက်မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေကတော့ယနေ့အထိဥပဒေအကာအကွယ် မဲ့နေပြီးလူ့အခွင့် အရေးချိုးဖောက်ခံရမှုတွေဖိနှိပ်ခံရမှုတွေကရှိနေဆဲဖြစ်ပါတယ်။အစိုးရအဆက် ဆက်ကဒီကိစ္စတွေကိုဖြေရှင်းဆောင်ရွက်ခဲ့ကြပေမဲ့ယနေ့ကာလအထိတော့ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးအရာကိစ္စတွေကိုတော့ထိထိရောက်ရောက်ဖြေရှင်းနိုင်မျိုးတော့မရှိသေးပါဘူး။ဒါကြောင့်မို့ဒါတွေကိုပြေလည် အောင်ဘယ်လိုဖြေရှင်း ဆောင်ရွက်ကြမလဲဆိုတာကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်မှာရှိနေခဲ့တာပါ။ဒါ့အပြင်ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ် သားတွေရဲ့လူ့အခွင့်အရေးနဲ့ ဥပဒေကြောင်းအရပြည့်ပြည့်၀၀အကာအကွယ်ရရှိရေးတွေဟာ ယနေ့ကာလမှာလွန်စွာလိုအပ်နေတယ်ဆိုတာကတော့မလွဲဧကန်ဖြစ်တယ်လို့သာရေးသားတင်ပြ လိုက်ရပါတယ်။
crd

Be the first to comment

Leave a Reply

Your email address will not be published.


*