
ေရာင္းရႈံး ဝယ္ရႈံးျဖစ္ေနတဲ့ေခတ္မွာ ျပန္ေရာင္းတဲ့အခါ အျမတ္ရေအာင္ ေ႐ႊဝယ္နည္း (၅) နည္း
လက္ရွိအေနအထားအရ ေရာင္းရႈံး ဝယ္ရႈံးျဖစ္ေနတဲ့ေခတ္မွာ ေ႐ႊဝယ္ၿပီး ျပန္ေရာင္းခဲ့ရင္ အရႈံးမရွိ အျမတ္ပါရေစဖို႔ ေ႐ႊဝယ္နည္းကို ဗဟုသုတအျဖစ္ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။
ျပန္ေရာင္းလွ်င္အရႈံးမေပၚေအာင္ ေ႐ႊဝယ္နည္းဆိုလို႔ဝယ္ခ်င္တာမ်ား ပိုက္ဆံရွိဘယ္နားဝယ္ဝယ္ရတယ္လို႔မ်ား အေတြးမေစာလိုက္ပါနဲ႔။
ခုေျပာျပမယ့္ဝယ္နည္းဆိုတာ ေ႐ႊဝယ္ၿပီး ျပန္ေရာင္းခဲ့ရင္အရႈံးသက္သာေအာင္ အရင္းျပန္ရေအာင္၊ ျဖစ္ႏိုင္ရင္အျမတ္ပါရေစဖို႔ရည္ၫႊန္းေျပာဆိုတာပါ။
အဲ့ဒီေတာ့ ေ႐ႊဝယ္မယ္ဆိုရင္ ဝယ္လို႔ရတဲ့ပုံစံ ၂ မ်ိဳးကို အရင္ေျပာပါမယ္။
အတုံးအခဲလိုက္ ဝယ္တဲ့ပုံစံ
အတုံးအခဲလိုက္ဝယ္တာကေတာ့ ရွင္းတယ္။ ၁ က်ပ္သား သိန္း ၂၀ ေဈးဆို သိန္း ၂၀ ေပးလိုက္ရင္ ၁ က်ပ္သား ရတယ္။ ေ႐ႊအေၾကာင္း သိပ္နားမလည္တဲ့သူေတြအတြက္ အသင့္ေတာ္ဆုံးနည္းလို႔ဆိုရမွာျဖစ္ပါတယ္။
အထည္ခတ္ၿပီးသား ဝယ္ယူတာ
အထည္မွာက်ေတာ့ လက္ရာဆန္းေလ၊ လက္ဝင္တဲ့ အထည္လုပ္ရတာၾကာတဲ့ ခက္တဲ့ ဂေဟဝင္တဲ့ အထည္ေတြ ျဖစ္ေလ၊လုပ္ခ ဆိုတဲ့ အေလ်ာ့တြက္ မ်ားမ်ားေပးရေလျဖစ္ပါတယ္။။ အေလ်ာ့တြက္ ဆိုတာကိုလည္း နားလည္သူ ေတာ္ေတာ္နည္းတာကိုလည္း ေတြ႕ရပါတယ္။
အေလ်ာ့တြက္ဆိုတာအထည္မလုပ္ခင္က ၁ က်ပ္သားေ႐ႊတုံးတစ္တုံးကိုပန္းထိမ္ဆရာဆီ ဆိုင္ပိုင္ရွင္ကေပးၿပီးလုပ္ခိုင္းလိုက္တယ္။
အထည္ၿပီးသြားလို႔ ပန္းထိမ္ဆရာကဆိုင္ရွင္ကိုျပန္အပ္တဲ့အခါ တက်ပ္သားအျပည့္ျပန္မအပ္ႏိုင္ေတာ့ပါ။ ဘာ့ေၾကာင့္လဲဆိုေတာ့အထည္လုပ္ဖို႔ ျဖတ္ရင္းေတာက္ရင္း နန္းဆြဲရင္းထုရင္းႏွက္ရင္းနဲ႔ ေ႐ႊအမႈန္ေလးေတြ ထြက္ထြက္သြားၿပီးအေလးခ်ိန္ေလ်ာ့ကုန္လို႔ပါ။
အဲ့ဒီလိုကုန္တာေတြကိုလည္းပန္းထိမ္ဖိုပိုင္ရွင္ကျပန္ရေအာင္ဆိုၿပီး ဖိုထဲမွာအုတ္ခင္းတယ္၊အဲ့ဒီေပၚမွာမွေျမနီခင္းၿပီးက်လာလြင့္လာတဲ့ေ႐ႊမႈန္ေလးေတြကို ျပန္စုဖို႔ရန္လုပ္ထားရပါတယ္။အဲ့ဒီအတိုင္းလုပ္ၿပီး ၁ ႏွစ္တခါ သို႔မဟုတ္ ဖိုရဲ႕အလုပ္အနည္းအမ်ားေပၚမူတည္ၿပီး ေျမနီထဲမွာ စုမိေနတဲ့ေ႐ႊေတြကို ထုတ္ေရာင္းၾကပါတယ္။ အဲ့တာကို မိုက္ထုတ္တယ္လို႔ ေခၚပါတယ္။
သို႔ေသာ္ဘယ္လိုပဲစုစု အမႈန္ေလးေတြအကုန္ျပန္မရေတာ့ပါဘူး။ အဲ့ဒီလို ေလကုန္တဲ့အမႈန္ရယ္ လက္ခဖိုးရယ္ကို ဝယ္သူကေပးရပါတယ္။
အဲ့ဒီေတာ့ ဝယ္တဲ့သူက ကိုယ္ဝယ္မယ့္ပစၥည္း ျပန္ေရာင္းတဲ့အခ်ိန္အရႈံးသက္သာေစတဲ့ ေ႐ႊဝယ္နည္း (၅) နည္းမွာ
(၁)အခ်က္ကအေလ်ာ့တြက္လက္ခသက္သာတဲ့ အထည္မ်ိဳးကို ေ႐ြးခ်ယ္ဝယ္ယူဖို႔လိုပါတယ္။ဘယ္လို အထည္ေတြလဲဆိုေတာ့ပုံသိပ္မဆန္းတဲ့အထည္ေတြပါ။ဥပမာ စတိလက္ေကာက္၊ စတိလက္စြတ္၊ စာလုံးကြင္း၊သံပြႀကိဳး စတဲ့ အထည္မ်ိဳးေတြပါ။
(၂)အခ်က္က လပိုင္းအတြင္းျပန္ေရာင္းမယ့္ျပန္လဲလွယ္မယ့္အထည္ေတြဆိုရင္ မပ်က္စီးေအာင္ မပိန္ေအာင္မေပါက္မက်ိဳးေအာင္စည္းကမ္းရွိရွိဝတ္စားဖို႔လိုပါမယ္။
(၃) အခ်က္က အေလးခ်ိန္မ်ားမ်ားနဲ႔အထည္အေရအတြက္နည္းနည္းဝယ္ယူဖို႔လိုပါတယ္။ ဥပမာ ကိုယ္က ၁၀ သိန္းဖိုးေ႐ႊဝယ္မယ္။လက္စြပ္ရယ္၊ဆြဲႀကိဳးရယ္၊နားကပ္ရယ္၊ လက္ေကာက္ ၁ ရံရယ္ဆို အထည္ ၅ခု ျဖစ္တဲ့အတြက္လက္ခက ၅ ခုစာေပးရပါတယ္။အဲ့သလို ဝယ္မယ့္အစား ၁၀ သိန္းဖိုးလက္ေကာက္ ၁ ရံျဖစ္ေစ၊ဆြဲႀကိဳး ၁ ကုံးျဖစ္ေစလုပ္တာကျပန္ေရာင္းတဲ့အခါအရႈံးသက္သာေစသလို ေဈးတက္ရင္ျမတ္ေစတတ္ပါတယ္။ ၅မူးသားေလာက္လုပ္ထားရင္ တက်ပ္သားကိုတသိန္းတက္ရင္ အရင္းေက်ႏိုင္ပါတယ္။
(၄) အခ်က္ကေတာ့ လုပ္ခနဲ႔ အေလ်ာ့တြက္သက္သာတဲ့ဆိုင္ေတြမွာေ႐ြးခ်ယ္ဝယ္ယူျခင္း။
(၅)အခ်က္ကေတာ့ တခ်ိဳ႕တခ်ိဳ႕ေသာဆိုင္ေတြဟာ ဒုံးထည္လို႔ေခၚတဲ့ အေလ်ာ့တြက္လက္ခမပါတဲ့အထည္ေတြ၊တနည္းအားျဖင့္ဝယ္ယူၿပီး ျပန္လည္ေရာင္းခ် လဲလွယ္သြားေသာအထည္ေဟာင္းမ်ားထဲမွ ပ်က္စီးမႈနည္းပါးေသာအထည္ေတြကိုျပန္လည္ေရာင္းခ်ေပးပါတယ္။အဲ့သလို အထည္ေတြဆိုလည္း အေလးခ်ိန္အတိုင္း ေပါက္ေဈးနဲ႔တြက္ၿပီး အျမတ္ေထာင္ဂဏာန္း ေပးရင္ဝယ္ယူလို႔ရတတ္ပါတယ္။
ေရာင္းမွား ဝယ္မွားမျဖစ္ၾကေစဖို႔ ေ႐ႊဝယ္ၿပီး ျပန္ေရာင္းခဲ့ရင္ အရႈံးမရွိ၊ အျမတ္ပါရေစဖို႔ ေ႐ႊဝယ္နည္း အျဖစ္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
Unicode
ရောင်းရှုံး ဝယ်ရှုံးဖြစ်နေတဲ့ခေတ်မှာ ပြန်ရောင်းတဲ့အခါ အမြတ်ရအောင် ရွှေဝယ်နည်း (၅) နည်း
လက်ရှိအနေအထားအရ ရောင်းရှုံး ဝယ်ရှုံးဖြစ်နေတဲ့ခေတ်မှာ ရွှေဝယ်ပြီး ပြန်ရောင်းခဲ့ရင် အရှုံးမရှိ အမြတ်ပါရစေဖို့ ရွှေဝယ်နည်းကို ဗဟုသုတအဖြစ်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
ပြန်ရောင်းလျှင်အရှုံးမပေါ်အောင် ရွှေဝယ်နည်းဆိုလို့ဝယ်ချင်တာများ ပိုက်ဆံရှိဘယ်နားဝယ်ဝယ်ရတယ်လို့များ အတွေးမစောလိုက်ပါနဲ့။
ခုပြောပြမယ့်ဝယ်နည်းဆိုတာ ရွှေဝယ်ပြီး ပြန်ရောင်းခဲ့ရင်အရှုံးသက်သာအောင် အရင်းပြန်ရအောင်၊ ဖြစ်နိုင်ရင်အမြတ်ပါရစေဖို့ရည်ညွှန်းပြောဆိုတာပါ။
အဲ့ဒီတော့ ရွှေဝယ်မယ်ဆိုရင် ဝယ်လို့ရတဲ့ပုံစံ ၂ မျိုးကို အရင်ပြောပါမယ်။
အတုံးအခဲလိုက် ဝယ်တဲ့ပုံစံ
အတုံးအခဲလိုက်ဝယ်တာကတော့ ရှင်းတယ်။ ၁ ကျပ်သား သိန်း ၂၀ ဈေးဆို သိန်း ၂၀ ပေးလိုက်ရင် ၁ ကျပ်သား ရတယ်။ ရွှေအကြောင်း သိပ်နားမလည်တဲ့သူတွေအတွက် အသင့်တော်ဆုံးနည်းလို့ဆိုရမှာဖြစ်ပါတယ်။
အထည်ခတ်ပြီးသား ဝယ်ယူတာ
အထည်မှာကျတော့ လက်ရာဆန်းလေ၊ လက်ဝင်တဲ့ အထည်လုပ်ရတာကြာတဲ့ ခက်တဲ့ ဂဟေဝင်တဲ့ အထည်တွေ ဖြစ်လေ၊လုပ်ခ ဆိုတဲ့ အလျော့တွက် များများပေးရလေဖြစ်ပါတယ်။။ အလျော့တွက် ဆိုတာကိုလည်း နားလည်သူ တော်တော်နည်းတာကိုလည်း တွေ့ရပါတယ်။
အလျော့တွက်ဆိုတာအထည်မလုပ်ခင်က ၁ ကျပ်သားရွှေတုံးတစ်တုံးကိုပန်းထိမ်ဆရာဆီ ဆိုင်ပိုင်ရှင်ကပေးပြီးလုပ်ခိုင်းလိုက်တယ်။
အထည်ပြီးသွားလို့ ပန်းထိမ်ဆရာကဆိုင်ရှင်ကိုပြန်အပ်တဲ့အခါ တကျပ်သားအပြည့်ပြန်မအပ်နိုင်တော့ပါ။ ဘာ့ကြောင့်လဲဆိုတော့အထည်လုပ်ဖို့ ဖြတ်ရင်းတောက်ရင်း နန်းဆွဲရင်းထုရင်းနှက်ရင်းနဲ့ ရွှေအမှုန်လေးတွေ ထွက်ထွက်သွားပြီးအလေးချိန်လျော့ကုန်လို့ပါ။
အဲ့ဒီလိုကုန်တာတွေကိုလည်းပန်းထိမ်ဖိုပိုင်ရှင်ကပြန်ရအောင်ဆိုပြီး ဖိုထဲမှာအုတ်ခင်းတယ်၊အဲ့ဒီပေါ်မှာမှမြေနီခင်းပြီးကျလာလွင့်လာတဲ့ရွှေမှုန်လေးတွေကို ပြန်စုဖို့ရန်လုပ်ထားရပါတယ်။အဲ့ဒီအတိုင်းလုပ်ပြီး ၁ နှစ်တခါ သို့မဟုတ် ဖိုရဲ့အလုပ်အနည်းအများပေါ်မူတည်ပြီး မြေနီထဲမှာ စုမိနေတဲ့ရွှေတွေကို ထုတ်ရောင်းကြပါတယ်။ အဲ့တာကို မိုက်ထုတ်တယ်လို့ ခေါ်ပါတယ်။
သို့သော်ဘယ်လိုပဲစုစု အမှုန်လေးတွေအကုန်ပြန်မရတော့ပါဘူး။ အဲ့ဒီလို လေကုန်တဲ့အမှုန်ရယ် လက်ခဖိုးရယ်ကို ဝယ်သူကပေးရပါတယ်။
အဲ့ဒီတော့ ဝယ်တဲ့သူက ကိုယ်ဝယ်မယ့်ပစ္စည်း ပြန်ရောင်းတဲ့အချိန်အရှုံးသက်သာစေတဲ့ ရွှေဝယ်နည်း (၅) နည်းမှာ
(၁)အချက်ကအလျော့တွက်လက်ခသက်သာတဲ့ အထည်မျိုးကို ရွေးချယ်ဝယ်ယူဖို့လိုပါတယ်။ဘယ်လို အထည်တွေလဲဆိုတော့ပုံသိပ်မဆန်းတဲ့အထည်တွေပါ။ဥပမာ စတိလက်ကောက်၊ စတိလက်စွတ်၊ စာလုံးကွင်း၊သံပွကြိုး စတဲ့ အထည်မျိုးတွေပါ။
(၂)အချက်က လပိုင်းအတွင်းပြန်ရောင်းမယ့်ပြန်လဲလှယ်မယ့်အထည်တွေဆိုရင် မပျက်စီးအောင် မပိန်အောင်မပေါက်မကျိုးအောင်စည်းကမ်းရှိရှိဝတ်စားဖို့လိုပါမယ်။
(၃) အချက်က အလေးချိန်များများနဲ့အထည်အရေအတွက်နည်းနည်းဝယ်ယူဖို့လိုပါတယ်။ ဥပမာ ကိုယ်က ၁၀ သိန်းဖိုးရွှေဝယ်မယ်။လက်စွပ်ရယ်၊ဆွဲကြိုးရယ်၊နားကပ်ရယ်၊ လက်ကောက် ၁ ရံရယ်ဆို အထည် ၅ခု ဖြစ်တဲ့အတွက်လက်ခက ၅ ခုစာပေးရပါတယ်။အဲ့သလို ဝယ်မယ့်အစား ၁၀ သိန်းဖိုးလက်ကောက် ၁ ရံဖြစ်စေ၊ဆွဲကြိုး ၁ ကုံးဖြစ်စေလုပ်တာကပြန်ရောင်းတဲ့အခါအရှုံးသက်သာစေသလို ဈေးတက်ရင်မြတ်စေတတ်ပါတယ်။ ၅မူးသားလောက်လုပ်ထားရင် တကျပ်သားကိုတသိန်းတက်ရင် အရင်းကျေနိုင်ပါတယ်။
(၄) အချက်ကတော့ လုပ်ခနဲ့ အလျော့တွက်သက်သာတဲ့ဆိုင်တွေမှာရွေးချယ်ဝယ်ယူခြင်း။
(၅)အချက်ကတော့ တချို့တချို့သောဆိုင်တွေဟာ ဒုံးထည်လို့ခေါ်တဲ့ အလျော့တွက်လက်ခမပါတဲ့အထည်တွေ၊တနည်းအားဖြင့်ဝယ်ယူပြီး ပြန်လည်ရောင်းချ လဲလှယ်သွားသောအထည်ဟောင်းများထဲမှ ပျက်စီးမှုနည်းပါးသောအထည်တွေကိုပြန်လည်ရောင်းချပေးပါတယ်။အဲ့သလို အထည်တွေဆိုလည်း အလေးချိန်အတိုင်း ပေါက်ဈေးနဲ့တွက်ပြီး အမြတ်ထောင်ဂဏာန်း ပေးရင်ဝယ်ယူလို့ရတတ်ပါတယ်။
ရောင်းမှား ဝယ်မှားမဖြစ်ကြစေဖို့ ရွှေဝယ်ပြီး ပြန်ရောင်းခဲ့ရင် အရှုံးမရှိ၊ အမြတ်ပါရစေဖို့ ရွှေဝယ်နည်း အဖြစ် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Leave a Reply