ျပန္မရႏိုင္တဲ့ တစ္ခ်ိန္က ျမန္မာ့သၾကၤန္

ျပန္မရႏိုင္တဲ့ တစ္ခ်ိန္က ျမန္မာ့သၾကၤန္

ကြၽန္ေတာ္တို႔တေတြ ငယ္စဥ္က သၾကၤန္အခ်ိန္အခါ နီစလာၿပီးဆိုရင္ သၾကၤန္မေရာက္ခင္ (၁)လေလာက္အလိုကတည္းက သၾကၤန္ကားငွါးဖို႔ ေဘာ္ဒါေတြ ပိုက္ဆံႀကိဳစုၾက ဒီလိုအခ်ိန္မ်ိဴးေတြဆို လက္ဖက္ရည္ဆိုင္ေတြမွာ လူငယ္ေတြ ရပ္ကြက္ထဲေပ်ာက္ အိမ္တြင္းေအာင္းၿပီး မုန္႔ဖိုးေလးေတြစုၾကၿပီ။

ဂ်စ္ကားေလးေတြ ငွါးၿပီး ကားေရွ႕စက္ေပၚမွာ ထိုင္ရဖို႔လူႀကီးေတြနဲ႔ အၿပိဳင္ေနရာ လုတာလဲ အေမာ၊ေရွ႕ခန္းမရလို႔ေနာက္ခန္းဆိုရင္လဲ မ႑ပ္ႀကီးေတြေရာက္ရင္ မိန္းကေလးေတြကို အလယ္မွာထား မီးသတ္ပိုက္ႀကီးေတြ ထိုးတာကို ေက်ာေကာ့ခံၿပီး ကိုယ့္ေကာင္မေလးမ်ား ပါလာရင္ သူရဲေကာင္းႀကီးလုပ္ရတာလဲအေမာေပါ့ဗ်ာ။အရက္ဘီယာဆိုလဲ လက္တည့္စမ္းတဲ့အ႐ြယ္ဆိုေပမဲ့ လြန္က်ဴးတဲ့အထိ မျဖစ္ခဲ့ဘူး။ခုေခတ္လို႔ ေဆးျပားေတြ ေဘာလုံးေတြ မရွိ အရမ္းေအးခ်မ္းခဲ့ရတဲ့ အခ်ိန္ေတြေပါ့။

ေန႔လည္ခ်ိန္ နားၿပီးဆိုရင္ ကန္ေတာ္ႀကီးပန္းၿခံထဲေတြ ျပည္သူ႔ရင္ျပင္ထဲေတြမွာ ကားေလးကိုသြားရပ္ ခုေခတ္လို ေစ်းႀကီးတဲ့ ဆိုင္ေတြမရွိခင္က လမ္းေဘးေစ်းဆိုင္ေလးက အသုတ္ေတြစားၾက၊ဆမူဆာေတြ၊ေကာ္ျပန္႔ေက်ာ္ေလးေတြစား တစ္ေရးတစ္ေမာအိပ္သူကအိပ္ ကိုယ္ႀကိဳက္တဲ့ ေကာင္မေလးမ်ားပါရင္ Gtalk အေကာင့္နာမည္ေလးေတာင္းေပါ့(ခုေခတ္လို႔ Facebook အေကာင့္ေတြမရွိခင္က Gtalk ေလးနဲ႔ပဲ ဆက္သြယ္ရတာေပါ့)

မ႑ပ္ႀကီးေတြမွာဆိုရင္ အေကြၽးအေမြးေတြနဲ႔ မ႑ပ္ႀကီးတစ္ခုဝင္လိုက္ရင္ ဗိုက္ေဖာင္းေအာင္စားလို႔ရတဲ့အခ်ိန္ပဲေလ၊ျမန္မာ့႐ိုးရာအကအလွေလးေတြကို ၾကည့္ရင္ ေပ်ာ္႐ႊင္ရတဲ့အခ်ိန္ေလးေတြေပါ့။ခုေခတ္လို EDM ေတြမရွိစဥ္ကလဲ ေပ်ာ္စရာ သိပ္ေကာင္းခဲ့တာေပါ့။

ငွါးလာတဲ့ကားႀကီးပ်က္သြားလို႔ အိမ္ျပန္ေနာက္က်လဲ မိဘေတြက စိတ္မပူၾကဘူး၊ဖုန္းေတြမရွိတဲ့အခ်ိန္ဆိုေပမဲ့လဲ အခ်ိန္တန္ရင္ အိမ္ေရာက္လာမွာပဲဆိုၿပီး စိတ္မပူက်ေသးတဲ့အခ်ိန္ေပါ့။ငွါးလာတဲ့ကားႀကီးပ်က္ရင္ ဝိုင္းတြန္းရင္ စေနာက္က်ေပ်ာ္ၾကရတဲ့အခ်ိန္ေလးေတြကလဲ အမွတ္ရစရာတစ္ခုပဲေလ။

ငါတို႔အတြက္ သၾကၤန္ဆိုတာ EDM ပြဲတခုထက္ပိုခဲ့တယ္ , သၾကၤန္ဆိုတာ အေပ်ာ္ကဲၿပီး အပ်က္ျဖစ္ေနတဲ့ ပြဲတခုလဲ မဟုတ္ခဲ့ျပန္ဘူး , သၾကၤန္ၿပီးသြားရင္ေတာင္ တေထာင့္တညပုံျပင္လို ၆ လေလာက္ထိ ေျပာစရာမကုန္တဲ့ အမွတ္တရေတြနဲ႔ ေပ်ာ္စရာေတြ ငါတို႔ႏွလုံးသားထဲထိ စြဲက်န္ခဲ့တယ္ ….

ဒီလို သၾကၤန္ေတြကို ငါတို႔ ျပန္မရႏိုင္ေတာ့ပါဘူးေလ…
#Beautiful ln lnfinity
Credit

Unicode
ပြန်မရနိုင်တဲ့ တစ်ချိန်က မြန်မာ့သင်္ကြန်

ကျွန်တော်တို့တတွေ ငယ်စဉ်က သင်္ကြန်အချိန်အခါ နီစလာပြီးဆိုရင် သင်္ကြန်မရောက်ခင် (၁)လလောက်အလိုကတည်းက သင်္ကြန်ကားငှါးဖို့ ဘော်ဒါတွေ ပိုက်ဆံကြိုစုကြ ဒီလိုအချိန်မျိူးတွေဆို လက်ဖက်ရည်ဆိုင်တွေမှာ လူငယ်တွေ ရပ်ကွက်ထဲပျောက် အိမ်တွင်းအောင်းပြီး မုန့်ဖိုးလေးတွေစုကြပြီ။

ဂျစ်ကားလေးတွေ ငှါးပြီး ကားရှေ့စက်ပေါ်မှာ ထိုင်ရဖို့လူကြီးတွေနဲ့ အပြိုင်နေရာ လုတာလဲ အမော၊ရှေ့ခန်းမရလို့နောက်ခန်းဆိုရင်လဲ မဏ္ဍပ်ကြီးတွေရောက်ရင် မိန်းကလေးတွေကို အလယ်မှာထား မီးသတ်ပိုက်ကြီးတွေ ထိုးတာကို ကျောကော့ခံပြီး ကိုယ့်ကောင်မလေးများ ပါလာရင် သူရဲကောင်းကြီးလုပ်ရတာလဲအမောပေါ့ဗျာ။အရက်ဘီယာဆိုလဲ လက်တည့်စမ်းတဲ့အရွယ်ဆိုပေမဲ့ လွန်ကျူးတဲ့အထိ မဖြစ်ခဲ့ဘူး။ခုခေတ်လို့ ဆေးပြားတွေ ဘောလုံးတွေ မရှိ အရမ်းအေးချမ်းခဲ့ရတဲ့ အချိန်တွေပေါ့။

နေ့လည်ချိန် နားပြီးဆိုရင် ကန်တော်ကြီးပန်းခြံထဲတွေ ပြည်သူ့ရင်ပြင်ထဲတွေမှာ ကားလေးကိုသွားရပ် ခုခေတ်လို ဈေးကြီးတဲ့ ဆိုင်တွေမရှိခင်က လမ်းဘေးဈေးဆိုင်လေးက အသုတ်တွေစားကြ၊ဆမူဆာတွေ၊ကော်ပြန့်ကျော်လေးတွေစား တစ်ရေးတစ်မောအိပ်သူကအိပ် ကိုယ်ကြိုက်တဲ့ ကောင်မလေးများပါရင် Gtalk အကောင့်နာမည်လေးတောင်းပေါ့(ခုခေတ်လို့ Facebook အကောင့်တွေမရှိခင်က Gtalk လေးနဲ့ပဲ ဆက်သွယ်ရတာပေါ့)

မဏ္ဍပ်ကြီးတွေမှာဆိုရင် အကျွေးအမွေးတွေနဲ့ မဏ္ဍပ်ကြီးတစ်ခုဝင်လိုက်ရင် ဗိုက်ဖောင်းအောင်စားလို့ရတဲ့အချိန်ပဲလေ၊မြန်မာ့ရိုးရာအကအလှလေးတွေကို ကြည့်ရင် ပျော်ရွှင်ရတဲ့အချိန်လေးတွေပေါ့။ခုခေတ်လို EDM တွေမရှိစဉ်ကလဲ ပျော်စရာ သိပ်ကောင်းခဲ့တာပေါ့။

ငှါးလာတဲ့ကားကြီးပျက်သွားလို့ အိမ်ပြန်နောက်ကျလဲ မိဘတွေက စိတ်မပူကြဘူး၊ဖုန်းတွေမရှိတဲ့အချိန်ဆိုပေမဲ့လဲ အချိန်တန်ရင် အိမ်ရောက်လာမှာပဲဆိုပြီး စိတ်မပူကျသေးတဲ့အချိန်ပေါ့။ငှါးလာတဲ့ကားကြီးပျက်ရင် ဝိုင်းတွန်းရင် စနောက်ကျပျော်ကြရတဲ့အချိန်လေးတွေကလဲ အမှတ်ရစရာတစ်ခုပဲလေ။

ငါတို့အတွက် သင်္ကြန်ဆိုတာ EDM ပွဲတခုထက်ပိုခဲ့တယ် , သင်္ကြန်ဆိုတာ အပျော်ကဲပြီး အပျက်ဖြစ်နေတဲ့ ပွဲတခုလဲ မဟုတ်ခဲ့ပြန်ဘူး , သင်္ကြန်ပြီးသွားရင်တောင် တထောင့်တညပုံပြင်လို ၆ လလောက်ထိ ပြောစရာမကုန်တဲ့ အမှတ်တရတွေနဲ့ ပျော်စရာတွေ ငါတို့နှလုံးသားထဲထိ စွဲကျန်ခဲ့တယ် ….

ဒီလို သင်္ကြန်တွေကို ငါတို့ ပြန်မရနိုင်တော့ပါဘူးလေ…
#Beautiful ln lnfinity
Credit

Be the first to comment

Leave a Reply

Your email address will not be published.


*