
ျမန္မာ့တို႔ရဲ႕ယဥ္ေက်းမႈတစ္ခုျဖစ္ေသာ ဆံရစ္ဝိုင္းကို ယေန႔ထိ ထိန္းသိမ္းထားႏိုင္တဲ့ ႐ြာေလး
ျမန္မာႏိုင္ငံရဲ႕ ခ်စ္စရာ ျမန္မာ့ယဥ္ေက်းမႈ အစဥ္အလာကို ထိန္းသိမ္းထားၿပီးေတာ့ ဆံရစ္ဝိုင္းဆံေထာက္မ်ား ထားရွိတဲ့ ယဥ္ေက်းမႈေက်း႐ြာေလးကို ေျပာျပခ်င္ပါတယ္ေနာ္။
ထို႐ြာေလးကေတာ့ မႏၲေလးတိုင္းေဒသႀကီး ႏြားထိုးႀကီးၿမိဳ႕နယ္ ဘူးကိုင္းေက်း႐ြာအုပ္စုရွိ ခံစပ္ကုန္း႐ြာ ေလးဘဲျဖစ္ပါတယ္ေနာ္။ ခံစပ္ကုန္း႐ြာဟာ သမိုင္းဝင္ နာမည္ေက်ာ္ စၾကာေတာင္ကို ေနာက္ခံထားၿပီး
ခံစပ္ကုန္းအေရွ႕႐ြာ ခံစပ္ကုန္းအေနာက္႐ြာ ဆိုၿပီးရွိတာပါ။ ႐ြာထဲက အမ်ိဳးသမီးမ်ားဟာ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ ဆံပင္ထားရွိမႈကိုယေန႔တိုင္ ထားရွိေနသည္ကို ေတြ႕ရွိရတာပါ။ ျမန္မာ့႐ိုးရာ ဆံပင္ပုံထားမႈတြင္ ေယာက္်ားကေလးမ်ားဆိုလွ်င္
ငယ္႐ြယ္စဥ္တြင္ ဦးစြန္းဖုတ္ထားရွိၾကတာပါ။ အမ်ိဳးသမီးမ်ားဆိုရင္ေတာ့ ဆံရစ္ဝိုင္း၊ ဆံေထာက္၊ အုပ္လုံးသိမ္းဆိုေသာ ထားသိုမႈပုံဆံမ်ားကို ထားရွိၾကတာပါေနာ္။ ျမန္မာ့ယဥ္ေက်းမႈ ဆံပင္ထားသိုမႈတြင္ အမ်ိဳးသမီးငယ္မ်ား
အပ်ိဳေဖာ္မဝင္ခင္တြင္ ဆံရစ္ဝိုင္းမ်ား ထားရွိၾကတာပါ။ ထိုဆံရစ္ဝိုင္းဟာ ကေလးသာသာအ႐ြယ္ဆိုသည္ကို ျပသေနတာပါ။ အပ်ိဳေဖာ္ဝငသည္ႏွင့္ဆံေထာက္ထားေလ့ရွိသည္။ ဆံေထာက္ထားမႈဟာ အပ်ိဳျဖစ္ၿပီဆိုသည္ကို ျပသေနတာပါေနာိ။
အပ်ိဳျဖစ္ၿပီဟု ေျပာဆိုျခင္းပင္ျဖစ္ပါတယ္။ အပ်ိဳဘဝေက်ာ္လြန္ပါက အုပ္လုံးသိမ္းသည့္ စနစ္မ်ားကို ယေန႔တိုင္ျပဳလုပ္ၾကသည္။ေခတ္မီကာ ဆံေကသာ အမ်ိဳးမ်ိဳးထားေနေသာ
လက္ရွိကာလႀကီးမွာ ႏြားထိုးႀကီးၿမိဳ႕နယ္ ခံစပ္ကုန္း႐ြာေလးက ျမန္မာမႈဆံေကသာ ထားသည့္စနစ္အတိုင္းကို ဆံရစ္ဝိုင္း၊ ဆံေထာက္မ်ားကို ယေန႔တိုင္ထိန္းသိမ္းကာ ထားရွိလ်က္ရွိပါတယ္ေနာ္။credit
Unicode
မြန်မာ့တို့ရဲ့ယဉ်ကျေးမှုတစ်ခုဖြစ်သော ဆံရစ်ဝိုင်းကို ယနေ့ထိ ထိန်းသိမ်းထားနိုင်တဲ့ ရွာလေး
မြန်မာနိုင်ငံရဲ့ ချစ်စရာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းထားပြီးတော့ ဆံရစ်ဝိုင်းဆံထောက်များ ထားရှိတဲ့ ယဉ်ကျေးမှုကျေးရွာလေးကို ပြောပြချင်ပါတယ်နော်။
ထိုရွာလေးကတော့ မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ဘူးကိုင်းကျေးရွာအုပ်စုရှိ ခံစပ်ကုန်းရွာ လေးဘဲဖြစ်ပါတယ်နော်။ ခံစပ်ကုန်းရွာဟာ သမိုင်းဝင် နာမည်ကျော် စကြာတောင်ကို နောက်ခံထားပြီး
ခံစပ်ကုန်းအရှေ့ရွာ ခံစပ်ကုန်းအနောက်ရွာ ဆိုပြီးရှိတာပါ။ ရွာထဲက အမျိုးသမီးများဟာ မြန်မာ့ရိုးရာယဉ်ကျေးမှု ဆံပင်ထားရှိမှုကိုယနေ့တိုင် ထားရှိနေသည်ကို တွေ့ရှိရတာပါ။ မြန်မာ့ရိုးရာ ဆံပင်ပုံထားမှုတွင် ယောက်ျားကလေးများဆိုလျှင်
ငယ်ရွယ်စဉ်တွင် ဦးစွန်းဖုတ်ထားရှိကြတာပါ။ အမျိုးသမီးများဆိုရင်တော့ ဆံရစ်ဝိုင်း၊ ဆံထောက်၊ အုပ်လုံးသိမ်းဆိုသော ထားသိုမှုပုံဆံများကို ထားရှိကြတာပါနော်။ မြန်မာ့ယဉ်ကျေးမှု ဆံပင်ထားသိုမှုတွင် အမျိုးသမီးငယ်များ
အပျိုဖော်မဝင်ခင်တွင် ဆံရစ်ဝိုင်းများ ထားရှိကြတာပါ။ ထိုဆံရစ်ဝိုင်းဟာ ကလေးသာသာအရွယ်ဆိုသည်ကို ပြသနေတာပါ။ အပျိုဖော်ဝငသည်နှင့်ဆံထောက်ထားလေ့ရှိသည်။ ဆံထောက်ထားမှုဟာ အပျိုဖြစ်ပြီဆိုသည်ကို ပြသနေတာပါနောိ။
အပျိုဖြစ်ပြီဟု ပြောဆိုခြင်းပင်ဖြစ်ပါတယ်။ အပျိုဘဝကျော်လွန်ပါက အုပ်လုံးသိမ်းသည့် စနစ်များကို ယနေ့တိုင်ပြုလုပ်ကြသည်။ခေတ်မီကာ ဆံကေသာ အမျိုးမျိုးထားနေသော
လက်ရှိကာလကြီးမှာ နွားထိုးကြီးမြို့နယ် ခံစပ်ကုန်းရွာလေးက မြန်မာမှုဆံကေသာ ထားသည့်စနစ်အတိုင်းကို ဆံရစ်ဝိုင်း၊ ဆံထောက်များကို ယနေ့တိုင်ထိန်းသိမ်းကာ ထားရှိလျက်ရှိပါတယ်နော်။credit
Leave a Reply