
“ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြ အဆုံးသတ္ဖို႔ ပုပ္ရဟန္းမင္းႀကီးေမတၱာရပ္ခံ”
ႏွစ္ေပါင္းရာခ်ီသက္တမ္းရွိတဲ့ ဘရင္ဂ်ီ ကက္သလစ္ဘုရားေက်ာင္း ဖ်က္ဆီးခံရတဲ့ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြ အဆုံးသတ္ဖို႔ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က ဇန္နဝါရီလ ၂၂ ရက္ေန႔က ေမတၱာရပ္ခံလိုက္ပါတယ္။
ဘရင္ဂ်ီလို႔ေခၚတဲ့ ကက္သလစ္ခရစ္ယာန္ဘာသာဝင္ေတြ ေနထိုင္တဲ့ စစ္ကိုင္းတိုင္း၊ ေရဦးၿမိဳ႕နယ္ ခ်မ္းသာ႐ြာက သက္တမ္း ၁၂၉ ႏွစ္ရွိတဲ့ ဘုရားေက်ာင္း မီးရႈိ႕ဖ်က္ဆီးခံရတာကို အထူးဝမ္းနည္းတယ္လို႔လည္း မိန႔္ၾကားပါတယ္။
ဗာတီကန္နန္းေတာ္ စိန႔္ပီတာရင္ျပင္မွာ ျပဳလုပ္တဲ့ တနဂၤေႏြ မြန္းတည့္ဝတ္ျပဳပြဲမွာ ပုပ္ရဟန္းမင္းႀကီးက အခုလို မိန႔္ၾကားတာျဖစ္ၿပီး ဒီဘုရားေက်ာင္းဟာ ျမန္မာႏိုင္ငံမွာ သက္တမ္းအရင့္ဆုံးနဲ႔ အေရးအပါဆုံး ကက္သလစ္ဘုရားေက်ာင္း တစ္ေက်ာင္းျဖစ္တယ္လို႔လည္း မိန႔္ပါတယ္။ ခ်မ္းသာ႐ြာကို စစ္ေကာင္စီတပ္နဲ႔ ပ်ဴေစာထီးပူးေပါင္းအဖြဲ႕ေတြ ဇန္နဝါရီလ ၁၄ ရက္နဲ႔ ၁၅ ရက္ေန႔မွာ ဝင္ေရာက္မီးရႈိ႕ခဲ့ခ်ိန္ ဘုရားေက်ာင္းပါ မီးရႈိ႕ခံခဲ့ရတာပါ။
ၿမိဳ႕ေပါင္းမ်ားစြာက ေသာကႀကီးစြာ ႀကဳံေတြ႕ေနရတဲ့ အရပ္သားေတြနဲ႔ နီးစပ္ေၾကာင္း၊ ပဋၬိပကၡေတြ မၾကာခင္ အဆုံးသတ္ၿပီး ခြင့္လႊတ္ျခင္း၊ ခ်စ္ျခင္း၊ ၿငိမ္းခ်မ္းျခင္းေတြနဲ႔ အခ်ိန္ကာလသစ္ ပြင့္လန္းေစဖို႔ ေတာင္းဆုေခြၽပါေၾကာင္းလည္း ပုပ္ရဟန္းမင္းႀကီးက မိန႔္ၾကားပါတယ္။
အဲဒီေနာက္ ဝတ္ျပဳပြဲ တက္ေရာက္လာသူေတြကို ျမန္မာႏိုင္ငံအတြက္ အတူတကြ ဆုေတာင္းၾကဖို႔ ပုပ္ရဟန္းမင္းႀကီးက ဖိတ္ေခၚဆုေတာင္းေပးတယ္လို႔ ဗာတီကန္သတင္းမွာ ေဖာ္ျပပါတယ္။
႐ုရွားက်ဴးေက်ာ္စစ္ဒဏ္သင့္ေနတဲ့ ယူကရိန္းစစ္ပြဲအပါအဝင္ ၿပီးခဲ့တဲ့သီတင္းပတ္က အစိုးရဆန႔္က်င္ေရး ဆႏၵျပမႈနဲ႔ လူ ၅၀ နီးပါးေသဆုံးရတဲ့ ပီ႐ူးအၾကမ္းဖက္မႈ အဆုံးသတ္ဖို႔လည္း ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က တိုက္တြန္းလိုက္ပါတယ္။
crd
Photo: AFP
Unicode
“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ပုပ်ရဟန်းမင်းကြီးမေတ္တာရပ်ခံ”
နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ဘရင်ဂျီ ကက်သလစ်ဘုရားကျောင်း ဖျက်ဆီးခံရတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇန်နဝါရီလ ၂၂ ရက်နေ့က မေတ္တာရပ်ခံလိုက်ပါတယ်။
ဘရင်ဂျီလို့ခေါ်တဲ့ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ချမ်းသာရွာက သက်တမ်း ၁၂၉ နှစ်ရှိတဲ့ ဘုရားကျောင်း မီးရှို့ဖျက်ဆီးခံရတာကို အထူးဝမ်းနည်းတယ်လို့လည်း မိန့်ကြားပါတယ်။
ဗာတီကန်နန်းတော် စိန့်ပီတာရင်ပြင်မှာ ပြုလုပ်တဲ့ တနင်္ဂနွေ မွန်းတည့်ဝတ်ပြုပွဲမှာ ပုပ်ရဟန်းမင်းကြီးက အခုလို မိန့်ကြားတာဖြစ်ပြီး ဒီဘုရားကျောင်းဟာ မြန်မာနိုင်ငံမှာ သက်တမ်းအရင့်ဆုံးနဲ့ အရေးအပါဆုံး ကက်သလစ်ဘုရားကျောင်း တစ်ကျောင်းဖြစ်တယ်လို့လည်း မိန့်ပါတယ်။ ချမ်းသာရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ဇန်နဝါရီလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာ ဝင်ရောက်မီးရှို့ခဲ့ချိန် ဘုရားကျောင်းပါ မီးရှို့ခံခဲ့ရတာပါ။
မြို့ပေါင်းများစွာက သောကကြီးစွာ ကြုံတွေ့နေရတဲ့ အရပ်သားတွေနဲ့ နီးစပ်ကြောင်း၊ ပဋ္ဋိပက္ခတွေ မကြာခင် အဆုံးသတ်ပြီး ခွင့်လွှတ်ခြင်း၊ ချစ်ခြင်း၊ ငြိမ်းချမ်းခြင်းတွေနဲ့ အချိန်ကာလသစ် ပွင့်လန်းစေဖို့ တောင်းဆုချွေပါကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားပါတယ်။
အဲဒီနောက် ဝတ်ပြုပွဲ တက်ရောက်လာသူတွေကို မြန်မာနိုင်ငံအတွက် အတူတကွ ဆုတောင်းကြဖို့ ပုပ်ရဟန်းမင်းကြီးက ဖိတ်ခေါ်ဆုတောင်းပေးတယ်လို့ ဗာတီကန်သတင်းမှာ ဖော်ပြပါတယ်။
ရုရှားကျူးကျော်စစ်ဒဏ်သင့်နေတဲ့ ယူကရိန်းစစ်ပွဲအပါအဝင် ပြီးခဲ့တဲ့သီတင်းပတ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုနဲ့ လူ ၅၀ နီးပါးသေဆုံးရတဲ့ ပီရူးအကြမ်းဖက်မှု အဆုံးသတ်ဖို့လည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းလိုက်ပါတယ်။
crd
Photo: AFP
Leave a Reply