ျမန္မာႏိုင္ငံအတြက္ ပထမဆုံးေသာ LNG ျဖင့္ လွ်ပ္စစ္ဓာတ္အားေပးသည့္သေဘၤာႀကီး ၂ ႏွစ္ေလးလေက်ာ္အၾကာမွာ ျပန္သြားၿပီ

ျမန္မာႏိုင္ငံအတြက္ ပထမဆုံးေသာ LNG ျဖင့္ လွ်ပ္စစ္ဓာတ္အားေပးသည့္သေဘၤာႀကီး ၂ ႏွစ္ေလးလေက်ာ္အၾကာမွာ ျပန္သြားၿပီ

🟥 ရန္ကုန္၊ မတ္ – ၃၀
ျမန္မာႏိုင္ငံကို ေရာက္ရွိေနတဲ့ သဘာဝဓာတ္ေငြ႕ရည္ (Liquefied Natural Gas -LNG) ကေန လွ်ပ္စစ္စြမ္းအင္ ထုတ္လုပ္ေပးႏိုင္တဲ့ LNG သေဘၤာႀကီးဟာ ၂ ႏွစ္ ေလးလေက်ာ္အၾကာ ယေန႔မွာ သီလဝါဆိပ္ကမ္းကေန ျပန္လည္ထြက္ခြာ သြားတယ္လို႔ သိရပါတယ္။

“ဒီသေဘၤာႀကီး ဆိုက္ကပ္ထားတာက ႏွစ္ႏွစ္ေလးလေက်ာ္ ဆိုက္ကပ္ထားခဲ့တာ၊ အခုေတာ့ ထြက္ခြာသြားခဲ့ပါၿပီ” လို႔လည္း ေရေၾကာင္းဆိုင္ရာနယ္ပယ္မွ ေရယာဥ္မႉးတစ္ဦးက ေျပာျပပါတယ္။

အဆိုပါ MT CNTIC VPOWER ENERGY သေဘၤာဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီ ၂၈ ရက္က မေလးရွားႏိုင္ငံကေန စတင္ထြက္ခြာလာၿပီး ေမလ ၆ ရက္မွာ ရန္ကုန္ျမစ္ဝသို႔ ေရာက္ရွိလာၿပီးေနာက္ ေက်ာက္ခ်ရပ္နား၍ ယာယီဆိပ္ခံတံတား အျဖစ္ အသုံးျပဳမယ့္ Mobile Filling Platform (MFP) တည္ေဆာက္မႈၿပီးစီးတဲ့ ဇြန္လ ၆ ရက္မွာ ဆိုက္ကပ္ခဲ့တယ္လို႔ သိရပါတယ္။

LNG (Liquefied Natural Gas) ျဖင့္ ပထမဆုံးအႀကိမ္အျဖစ္ သာေကတရွိ မဂၢါဝပ္ ၄၀၀၊ သန္လ်င္ရွိ မဂၢါဝပ္ ၃၅၀ ဓာတ္အားေပး စက္႐ုံေတြကို ခ်ိတ္ဆက္ပို႔လႊတ္ကာ လည္ပတ္ေနၿပီး လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ ျဖည့္ဆည္းရန္ ပံ့ပိုး လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။

ထို LNG သိုေလွာင္ေရးသေဘၤာႀကီးဟာ အလ်ား ၁၇၆ ဒသမ ၈ မီတာ၊ ေရဆူး ၈ မီတာနဲ႔ စုစုေပါင္း တန္ခ်ိန္ ၃၆၀၀၀ ခန႔္ရွိၿပီး ဓာတ္အား ၂၀၀ မဂၢါဝပ္ကို ၁၄ ရက္ၾကာ ဓာတ္အားထုတ္လုပ္ႏိုင္တဲ့ LNG ပမာဏကို သိုေလွာင္ႏိုင္ၿပီး Small LNG Tanker မ်ားျဖင့္ လိုအပ္တဲ့ LNG ေတြကို ျဖည့္တင္းႏိုင္ေသာ အေျခအေနမ်ိဳးရွိတယ္လို႔ သိရပါတယ္။
crd

Unicode
မြန်မာနိုင်ငံအတွက် ပထမဆုံးသော LNG ဖြင့် လျှပ်စစ်ဓာတ်အားပေးသည့်သင်္ဘောကြီး ၂ နှစ်လေးလကျော်အကြာမှာ ပြန်သွားပြီ

🟥 ရန်ကုန်၊ မတ် – ၃၀
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas -LNG) ကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့ LNG သင်္ဘောကြီးဟာ ၂ နှစ် လေးလကျော်အကြာ ယနေ့မှာ သီလဝါဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွာ သွားတယ်လို့ သိရပါတယ်။

“ဒီသင်္ဘောကြီး ဆိုက်ကပ်ထားတာက နှစ်နှစ်လေးလကျော် ဆိုက်ကပ်ထားခဲ့တာ၊ အခုတော့ ထွက်ခွာသွားခဲ့ပါပြီ” လို့လည်း ရေကြောင်းဆိုင်ရာနယ်ပယ်မှ ရေယာဉ်မှူးတစ်ဦးက ပြောပြပါတယ်။

အဆိုပါ MT CNTIC VPOWER ENERGY သင်္ဘောဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၂၈ ရက်က မလေးရှားနိုင်ငံကနေ စတင်ထွက်ခွာလာပြီး မေလ ၆ ရက်မှာ ရန်ကုန်မြစ်ဝသို့ ရောက်ရှိလာပြီးနောက် ကျောက်ချရပ်နား၍ ယာယီဆိပ်ခံတံတား အဖြစ် အသုံးပြုမယ့် Mobile Filling Platform (MFP) တည်ဆောက်မှုပြီးစီးတဲ့ ဇွန်လ ၆ ရက်မှာ ဆိုက်ကပ်ခဲ့တယ်လို့ သိရပါတယ်။

LNG (Liquefied Natural Gas) ဖြင့် ပထမဆုံးအကြိမ်အဖြစ် သာကေတရှိ မဂ္ဂါဝပ် ၄၀၀၊ သန်လျင်ရှိ မဂ္ဂါဝပ် ၃၅၀ ဓာတ်အားပေး စက်ရုံတွေကို ချိတ်ဆက်ပို့လွှတ်ကာ လည်ပတ်နေပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းရန် ပံ့ပိုး လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ထို LNG သိုလှောင်ရေးသင်္ဘောကြီးဟာ အလျား ၁၇၆ ဒသမ ၈ မီတာ၊ ရေဆူး ၈ မီတာနဲ့ စုစုပေါင်း တန်ချိန် ၃၆၀၀၀ ခန့်ရှိပြီး ဓာတ်အား ၂၀၀ မဂ္ဂါဝပ်ကို ၁၄ ရက်ကြာ ဓာတ်အားထုတ်လုပ်နိုင်တဲ့ LNG ပမာဏကို သိုလှောင်နိုင်ပြီး Small LNG Tanker များဖြင့် လိုအပ်တဲ့ LNG တွေကို ဖြည့်တင်းနိုင်သော အခြေအနေမျိုးရှိတယ်လို့ သိရပါတယ်။
crd

Be the first to comment

Leave a Reply

Your email address will not be published.


*