ျမ၀တီ-ေကာ့ကရိတ္ အာရွလမ္းမႀကီးကို ရက္ေပါင္း ၁၅ ရက္တိတိ အမ်ား ျပည္သူ ျဖတ္သန္း သြား လာခြင့္ ပိတ္ပင္ေၾကာင္း တပ္ရင္းမႉးမ်ားနဲ႔ စစ္ေၾကာင္း ၁၀ ခုက တရားဝင္ အမိန႔္ ထုတ္ျပန္

ျမ၀တီ-ေကာ့ကရိတ္ အာရွလမ္းမႀကီးကို ရက္ေပါင္း ၁၅ ရက္တိတိ အမ်ား ျပည္သူ ျဖတ္သန္း သြား လာခြင့္ ပိတ္ပင္ေၾကာင္း တပ္ရင္းမႉးမ်ားနဲ႔ စစ္ေၾကာင္း ၁၀ ခုက တရားဝင္ အမိန႔္ ထုတ္ျပန္

++++++++++++
ဧၿပီ ၇
ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္နဲ႔ ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္းရွိေနတဲ့ ေကာ့ကရိတ္-ျမ၀တီ လမ္းမႀကီးကို ဧၿပီလ ၇ ရက္ေန႔ကစတင္ၿပီး ဧၿပီလ ၂၁ ရက္ေန႔အထိ ပိတ္ပင္ေၾကာင္း တပ္ရင္းမႉးမ်ား၊ ဗ်ဴဟာမႉးမ်ားနဲ႔ စစ္ေၾကာင္းမႉး ၁၀ ဦးတို႔က တရားဝင္ လက္မွတ္ေရးထိုးၿပီး အမိန႔္တစ္ရပ္ ထုတ္ျပန္လာပါတယ္။

မတ္လ ၂၅ ရက္ေန႔ကစတင္ၿပီး ေကာ့ကရိတ္ၿမိဳ႕နယ္နဲ႔ ျမ၀တီၿမိဳ႕နယ္ အာရွ လမ္းမႀကီးတေလွ်ာက္ တိုက္ပြဲမ်ား ျဖစ္ပြားေနေၾကာင္း၊ စစ္ေကာင္စီဟာ တိုက္ပြဲမ်ားမွာ အထိနာေနတဲ့အျပင္ ျမ၀တီ-ေကာ့ကရိတ္ အာရွလမ္းမႀကီးကတစ္ဆင့္ အရပ္သားျပည္သူမ်ားရဲ႕ ကားမ်ားကို အသုံးျပဳၿပီး လူအင္အား၊ လက္နက္ခဲယမ္းနဲ႔ စားနပ္ရိကၡာမ်ား ပို႔ေဆာင္ေနေၾကာင္း သိရပါတယ္။

ဒါ့ေၾကာင့္ အရပ္သား ျပည္သူလူထုအေနနဲ႔ ျမ၀တီ-ေကာ့ကရိတ္ အာရွလမ္းမႀကီးကို ဧၿပီလ ၇ ရက္ေန႔ကေန ဧၿပီလ ၂၁ ရက္ေန႔အထိ ၁၅ ရက္တိတိ ျဖတ္သန္းသြားလာျခင္းမ်ား လုံး၀(လုံး၀) မျပဳလုပ္ၾကဖို႔ ေျမျပင္စစ္ေၾကာင္းမ်ားရဲ႕ အစည္းအေဝး ဆုံးျဖတ္ခ်က္အရ အမိန႔္ကို ပူးတြဲထုတ္ျပန္လိုက္ေၾကာင္း သိရပါတယ္။

အမိန႔္ထုတ္ျပန္တဲ့ စစ္ေၾကာင္းမ်ားမွာ ေကာ္ဘရာ စစ္ေၾကာင္း၊ နဂါးျဖဴ စစ္ေၾကာင္း၊ Lion Battalion စစ္ေၾကာင္း၊ KNU/KNLA(PC) တပ္ရင္းမႉး၊ KNU/KNLA (PC) ဗ်ဴဟာမႉး၊ က်ားသစ္နက္စစ္ေၾကာင္း၊ ေဒါနစစ္ေၾကာင္း၊ ဂ႒ဳန္စစ္ေၾကာင္း၊ က်ားျဖဴစစ္ေၾကာင္း ၊ ဒုစစ္ေဒသမႉး ၂ စစ္ေဒသခြဲ အမွတ္ ၃ ေတာင္ပိုင္းစစ္ေဒသတို႔ ပါဝင္ လက္မွတ္ေရးထိုးထားၾကေၾကာင္း သိရပါတယ္။
crd

Unicode
မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးကို ရက်ပေါင်း ၁၅ ရက်တိတိ အများ ပြည်သူ ဖြတ်သန်း သွား လာခွင့် ပိတ်ပင်ကြောင်း တပ်ရင်းမှူးများနဲ့ စစ်ကြောင်း ၁၀ ခုက တရားဝင် အမိန့် ထုတ်ပြန်

++++++++++++
ဧပြီ ၇
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်အတွင်းရှိနေတဲ့ ကော့ကရိတ်-မြ၀တီ လမ်းမကြီးကို ဧပြီလ ၇ ရက်နေ့ကစတင်ပြီး ဧပြီလ ၂၁ ရက်နေ့အထိ ပိတ်ပင်ကြောင်း တပ်ရင်းမှူးများ၊ ဗျူဟာမှူးများနဲ့ စစ်ကြောင်းမှူး ၁၀ ဦးတို့က တရားဝင် လက်မှတ်ရေးထိုးပြီး အမိန့်တစ်ရပ် ထုတ်ပြန်လာပါတယ်။

မတ်လ ၂၅ ရက်နေ့ကစတင်ပြီး ကော့ကရိတ်မြို့နယ်နဲ့ မြ၀တီမြို့နယ် အာရှ လမ်းမကြီးတလျှောက် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီဟာ တိုက်ပွဲများမှာ အထိနာနေတဲ့အပြင် မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးကတစ်ဆင့် အရပ်သားပြည်သူများရဲ့ ကားများကို အသုံးပြုပြီး လူအင်အား၊ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာများ ပို့ဆောင်နေကြောင်း သိရပါတယ်။

ဒါ့ကြောင့် အရပ်သား ပြည်သူလူထုအနေနဲ့ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးကို ဧပြီလ ၇ ရက်နေ့ကနေ ဧပြီလ ၂၁ ရက်နေ့အထိ ၁၅ ရက်တိတိ ဖြတ်သန်းသွားလာခြင်းများ လုံး၀(လုံး၀) မပြုလုပ်ကြဖို့ မြေပြင်စစ်ကြောင်းများရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အမိန့်ကို ပူးတွဲထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

အမိန့်ထုတ်ပြန်တဲ့ စစ်ကြောင်းများမှာ ကော်ဘရာ စစ်ကြောင်း၊ နဂါးဖြူ စစ်ကြောင်း၊ Lion Battalion စစ်ကြောင်း၊ KNU/KNLA(PC) တပ်ရင်းမှူး၊ KNU/KNLA (PC) ဗျူဟာမှူး၊ ကျားသစ်နက်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ဂဋ္ဌုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း ၊ ဒုစစ်ဒေသမှူး ၂ စစ်ဒေသခွဲ အမှတ် ၃ တောင်ပိုင်းစစ်ဒေသတို့ ပါဝင် လက်မှတ်ရေးထိုးထားကြကြောင်း သိရပါတယ်။
crd

Be the first to comment

Leave a Reply

Your email address will not be published.


*