✒️ကမာၻေရးရာမ်ားကို ဘက္လိုက္မႈကင္းစြာႏွင့္ အရွိကိုအရွိအတိုင္း အခေၾကးေငြယူကာ သုံးသပ္တင္ျပေနေသာ RANE အဖြဲ႕ႀကီး၏ ၂၀၂၃ ျမန္မာ ႏိုင္ငံေရး၊ စစ္ေရး၊ စီးပြားေရး သုံးသပ္ခ်က္

✒️ကမာၻေရးရာမ်ားကို ဘက္လိုက္မႈကင္းစြာႏွင့္ အရွိကိုအရွိအတိုင္း အခေၾကးေငြယူကာ သုံးသပ္တင္ျပေနေသာ RANE အဖြဲ႕ႀကီး၏ ၂၀၂၃ ျမန္မာ ႏိုင္ငံေရး၊ စစ္ေရး၊ စီးပြားေရး သုံးသပ္ခ်က္

By Hla Soewai
Risk Assistance Network & Exchange သည္ ကမာၻေပၚရွိ ကုမၸဏီႀကီး မ်ား အတြက္ ၎တို႔ ရင္းႏွီးျမဳပ္ႏွံလိုသည့္ ေဒသမ်ား၏ အေျခအေန ႏွင့္ ျဖစ္ေပၚလာႏိုင္သည္မ်ားကို လုပ္ငန္းသေဘာအရ ဘက္လိုက္မႈ ကင္းစြာ ႏွင့္ အရွိကို အရွိအတိုင္း အခေၾကးေငြ ယူကာ သုံးသပ္တင္ျပရသည့္ အဖြဲ႕ဟု လူသိမ်ား ထင္ရွားသည္။

ယခု အဆိုပါ ဝက္ဆိုဒ္ ၏ ကမာၻေရးရာ မ်ား သုံးသပ္ေနေသာ Stratfor မွ “Two Years and Counting: The State of Myanmar’s Post-coup Conflict” ေခါင္းစဥ္ျဖင့္ သုံးသပ္တင္ျပထားသည္ကို အခမဲ့ ဖတ္ရႈခြင့္ ရ၍ ျပန္လည္ တင္ျပလိုက္ပါသည္။

ျမန္မာ စစ္ေကာင္စီသည္ အာဏာသိမ္းခဲ့သည္ မွာ ႏွစ္ ႏွစ္ ရွိလာၿပီ ျဖစ္ေသာ္လည္း စစ္မ်က္ႏွာ အသီးသီး တြင္ ေရွ႕မတိုး ေနာက္မဆုတ္ ႏိုင္ ျဖစ္ေန၍ တရားဝင္ မည့္ အရပ္သား အစိုးရ ပုံစံမ်ိဳး ထြက္ေပၚ မလာႏိုင္ ျဖစ္ေနရသည္၊ ထို႔အတြက္ ႏိုင္ငံ အတြင္း ျပည္တြင္းစစ္၊ စီးပြားေရး က်ဆင္းလာမႈ မ်ား ႏွင့္ ႏိုင္ငံတကာ၏ ဝိုင္းက်ဥ္ ထားမႈ ကို ဆက္လက္ ႀကဳံေတြ႕ေနရဦးမည္ ျဖစ္သည္။

အာဏာသိမ္းၿပီးေနာက္ ျပ႒ာန္းလာခဲ့သည့္ အေရးေပၚ အေျခအေနသည္ ဇန္နဝါရီ ၃၁ ရက္ တြင္ သက္တမ္း ကုန္ဆုံးသြားခဲ့ၿပီ ျဖစ္၍ အမ်ားက ထိုအေျခအေနကို အခြင့္ေကာင္းယူကာ အသြင္ကူးေျပာင္းေရး ေကာင္စီ ပုံစံမ်ိဳး ျဖင့္ ႏိုင္ႏိုင္နင္းနင္း ထိန္းခ်ဳပ္ လာမည့္ ေ႐ြးေကာက္ပြဲမွ တဆင့္ ႏိုင္ငံတကာ က လက္ခံလာေလာက္ၿပီး ရင္းႏွီးျမဳပ္ႏွံမႈမ်ား ဝင္ေရာက္လာႏိုင္သည့္ အစိုးရမ်ိဳး ဖန္တီးလာႏိုင္သည္ဟု ခန႔္မွန္းခဲ့ၾကသည္။

သို႔ေသာ္ ကာလုံသည္ ေ႐ြးေကာက္ပြဲ မက်င္းပမီ ၿငိမ္ဝပ္ပိျပားမႈ ထိန္းသိမ္းရန္ လိုသည္ဆိုကာ တတိယ အႀကိမ္ သက္တမ္းတိုးလာခဲ့သည္။ ဤသို႔ျဖင့္ အာဏာသိမ္း ေခါင္းေဆာင္ မင္းေအာင္လႈိင္ သည္ ဩဂုတ္လ ၁ ရက္ ေန႔အထိ အာဏာကို ဆက္လက္ ထိန္းခ်ဳပ္သြားႏိုင္ခဲ့သည္။ အေျခအေနမ်ား ဆက္ၿပီး တိုးတက္မႈ ရွိမလာပါက လည္း စတုတၱအႀကိမ္ အျဖစ္ ဆက္၍ သက္တမ္းတိုးလာဖြယ္ ရွိေနသည္။

သို႔ေသာ္ စစ္တပ္သည္ အာဏာသိမ္းၿပီး ကတည္းက လြတ္လပ္ေရး ရၿပီးေနာက္ အႀကီးမားဆုံးေသာ လက္နက္ကိုင္ ပုန္ကန္မႈႀကီး ႏွင့္ ရင္ဆိုင္ေနရၿပီ ျဖစ္သည္။ ယခုအခါ တိုင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႕မ်ား ႏွင့္ ျပည္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕မ်ားသည္ ေက်းလက္ ေဒသအမ်ားစု ပါဝင္ေသာ နယ္ေျမ အေျမာက္အျမားကို ထိန္းခ်ဳပ္လာႏိုင္ၿပီ ျဖစ္သည္။ ဆက္လက္ၿပီးလည္း တိုက္ပြဲမ်ား ေဖၚေဆာင္ေနၿပီ ျဖစ္၍ ႏိုင္ငံအတြင္း လုံၿခဳံစိတ္ခ်ရေသာ နယ္ေျမ ဟူ၍ အနည္းငယ္သာ က်န္ရွိလာေတာ့မည္ ျဖစ္သည္။

အေနာက္ႏိုင္ငံမ်ားသည္ အာဏာသိမ္းၿပီး ႏွစ္ ႏွစ္ေျမာက္တြင္ ေနာက္ထပ္ ပိတ္ဆို႔ဒဏ္ခတ္မႈ မ်ား ခ်မွတ္လာၾကသည္။ ထိုအထဲတြင္ ႏိုင္ငံပိုင္ ေရနံ ႏွင့္ သဘာဝ ဓါတ္ေငြ႕ လုပ္ငန္း ပါလာျခင္းသည္ သိသိသာသာ အရွိန္ ျမႇင့္လာျခင္းဟု ယူဆ၍ ရေပသည္။ ယခင္က အေနာက္ႏိုင္ငံမ်ားသည္ တိုင္းျပည္ စီးပြားေရး လက္ရွိထက္ ပို၍ ဆိုးဝါးလာမည္ကို စိုးရိမ္လာ၍ ေရနံဓါတ္ေငြ႕ လုပ္ငန္း အေပၚ ပိတ္ဆို႔ ဒဏ္ခတ္ရန္ လက္တြန႔္ေနခဲ့ၾကျခင္း ျဖစ္သည္။

ေရနံႏွင့္ ဓါတ္ေငြ႕ လုပ္ငန္းသည္ စစ္တပ္အတြက္ အဓိက ဝင္ေငြ ရရာ ရေၾကာင္း ျဖစ္ေန၍ (ႏွစ္စဥ္ ေဒၚလာ ၁.၅ ဘီလီယံ အထိ ရရွိေန) ယခုလို ပိတ္ဆို႔ ဒဏ္ခတ္လာျခင္းေၾကာင့္ ၎တို႔ အတြက္ ႏိုင္ငံျခား အရံေငြ ရရာ ရေၾကာင္း ေလ်ာ့နည္းလာဖို႔ ရွိေနသည္။ ႏွစ္ႏွစ္ၾကာမွ် ဖာသိဖာသာ ေနလာခဲ့ၿပီးေနာက္ ယခုလို စီးပြားေရး ဒဏ္ခတ္ ပိတ္ဆို႔ ရန္ ဆုံးျဖတ္ခ်က္ မ်ား ခ်မွတ္လာျခင္း ႏွင့္ ကုလသမဂၢ အဖြဲ႕အစည္းမ်ား မွ ႏႈတ္အား ျဖင့္ အျပင္းအထန္ ေဝဖန္ ရႈံ႕ခ်လာမႈ မ်ားေၾကာင့္ အေနာက္ႏိုင္ငံမ်ား၏ မူဝါဒ ေရးဆြဲသူမ်ား၏ စိတ္တြင္ ျမန္မာ အေရးသည္ ထိတ္ဆုံးက ရွိလာေတာ့မည္ ျဖစ္သည္။

သို႔ေသာ္လည္း အေနာက္ႏိုင္ငံမ်ားသည္ စကၤာပူ ႏွင့္ ထိုင္း ကဲ့သို႔ မဟာမိတ္ မ်ား အေပၚ ျပစ္ဒဏ္ခတ္လို စိတ္ မရွိမႈ ႏွင့္ ေဒသတြင္း ႏိုင္ငံမ်ား အေနျဖင့္ လက္ရွိ အေနအထားကို မဆိုးလွဟု လက္ခံထားမႈ မ်ား ေၾကာင့္ အာဏာသိမ္း အဖြဲ႕သည္ ေငြေရးေၾကးေရး ပိုင္းတြင္ ဆက္၍ အသက္ရႈ ေခ်ာင္ေနဦးမည္ ျဖစ္သည္။ အထူးသျဖင့္ စကၤာပူ၏ ႀကီးမား က်ယ္ျပန႔္လွသည့္ ဘ႑ာေရး စနစ္ ကို အမွီျပဳၿပီး စစ္တပ္သည္ တတိယ အဖြဲ႕အစည္းမ်ား ႏွင့္ ဆက္သြယ္ႏိုင္ေနသျဖင့္ လက္နက္ ေရာင္းခ်မႈ ပိတ္ပင္ျခင္း ႏွင့္ စီးပြားေရး ဒဏ္ခတ္မႈ မ်ား ကို တိမ္းေရွာင္ႏိုင္ေနဆဲပင္ ျဖစ္သည္။ ထိုင္းသည္လည္း ဓါတ္ေငြ႕ လိုအပ္ခ်က္ ၏ ၁၅ ရာႏႈန္းကို ျမန္မာ အား အမွီသဟဲ ျပဳေနရသည္။

၂၀၂၃ တြင္ အာဆီယံ အဖြဲ႕ အတြင္း ျမန္မာအား အေဝဖန္ဆုံး ျဖစ္သည့္ အင္ဒိုနီရွားသည္ အလွည့္က် ဥကၠဌ ျဖစ္လာေသာ္လည္း စစ္တပ္၏ အၾကမ္းဖက္ လုပ္ရပ္မ်ား ကို ထိန္းခ်ဳပ္ႏိုင္ရန္ က်န္ အဖြဲ႕ဝင္ ႏိုင္ငံမ်ား အေပၚ စည္း႐ုံး၍ မရ ျဖစ္ေနဆဲပင္။ တ႐ုတ္ ႏွင့္ ႐ုရွားသည္ လည္း အာဏာသိမ္း အဖြဲ႕အား မသိမသာ ျဖင့္ လက္နက္မ်ား၊ စစ္ပစၥည္းမ်ား ႏွင့္ ႏိုင္ငံတကာ မ်က္ႏွာစာ မ်ား တြင္ ေထာက္ခံေနဆဲပင္ ျဖစ္သည္။ အထူးသျဖင့္ တ႐ုတ္ အတြက္ ျမန္မာသည္ ဘူမိမဟာဗ်ဴဟာ အေနအထား အရ လြန္စြာ အေရးႀကီးေနေသာ ႏိုင္ငံျဖစ္ေနျပန္သည္။

ျမန္မာ ၏ ျပည္တြင္းစစ္ သည္ ႏွစ္ဖက္ စလုံးက အႏိုင္ရမည္ဟု တြက္ဆမႈမ်ား ႏွင့္ ျမန္မာ ျပည္သူမ်ားက စစ္တပ္အေပၚ မုန္းတီး ႐ြံရွာမႈ မ်ား ရွိေန၍ ေရတို ႏွင့္ အလယ္အလတ္ ကာလ အပိုင္း အျခား တြင္ အဆုံးသတ္ႏိုင္ဖြယ္ မရွိေသးေပ။ ထိုကာလမ်ား အတြင္း စစ္တပ္သည္ အရပ္သား အစိုးရ အဖြဲ႕ ပုံစံ အသြင္ေျပာင္း ႏိုင္မည္ဆိုက ၎တို႔ လိုအပ္ေနေသာ အသိအမွတ္ျပဳခံရမႈ ႏွင့္ ရင္းႏွီးျမဳပ္ႏွံလိုသူမ်ား၏ ယုံၾကည္မႈ အထိုက္အေလ်ာက္ ျပန္ရလာႏိုင္စရာ ရွိေနသည္။ စစ္တပ္သည္ ထိုသို႔ ေသာ အစိုးရမ်ိဳးကို မ်က္ႏွာေျပာင္တိုက္ၿပီး ဖန္တီးႏိုင္ခဲ့လွ်င္ပင္ အာဆီယံ ႏိုင္ငံ အတြင္း တြင္သာ အေျခအေန ေကာင္းလာဖို႔ ရွိေနသည္။

သို႔ေသာ္ စစ္ေကာင္စီ ႏွင့္ ၎တို႔ တပ္မ်ားအား သမိုင္းစဥ္တေလွ်ာက္ အျပင္းအထန္ ဆန႔္က်င္တိုက္ခိုက္ခဲ့ၾကသည့္ တိုင္းရင္းသား အဖြဲ႕မ်ား ႏွင့္ ဗမာ လူမ်ိဳး မ်ား အၾကား ထူးထူးျခားျခား ေပါင္းစည္း လာႏိုင္ၾကၿပီ ျဖစ္၍ အတုအေယာင္ ေ႐ြးေကာက္ပြဲမ်ိဳး ျပဳလုပ္ရန္ပင္ မျဖစ္ႏိုင္ေတာ့သည့္ အေနအထား ရွိလာေနၿပီး စစ္တပ္အတြက္ ၎တို႔ အာဏာသိမ္းမႈ ကို အသိအမွတ္ ျပဳလာေစရန္ ႏွင့္ ရင္းႏွီးျမဳပ္ႏွံလိုသူမ်ား ၏ ယုံၾကည္မႈ မ်ား ျပန္လည္ ျမႇင့္တင္ႏိုင္ေရး တြင္ တိုးတက္မႈ မ်ား ေဖၚေဆာင္ႏိုင္ဖို႔ ခဲယဥ္းလာေနၿပီ ျဖစ္သည္။

ျပည္တြင္းစစ္ႀကီး အတြင္း ႏွစ္ဖက္ စလုံးက ေခတ္မီ လက္နက္မ်ား ထုတ္သုံးလာႏိုင္၍ တိုက္ပြဲမ်ား ေၾကာက္မက္ဖြယ္ ေကာင္းေလာက္ေအာင္ ျပင္းထန္ လာႏိုင္ၿပီး ေဒသတြင္း လုံၿခဳံေရးကို ၿခိမ္းေခ်ာက္ လာႏိုင္ျခင္းႏွင့္အတူ မူးယစ္ေဆးဝါး အႏၲရာယ္ ႀကီးျမင့္လာဖို႔ ရွိေနသည္။

စစ္တပ္သည္ ေလေၾကာင္း ႏွင့္ လက္နက္ႀကီး ပစ္ကူမ်ား ပို၍ သုံးလာႏိုင္ေသာ္လည္း ေတာ္လွန္ေရး အင္အားစုမ်ားဖက္ကလည္း ဒ႐ုန္းမ်ား တီထြင္ အသုံးျပဳလာေန၍ အပ်က္အစီးမ်ား ပို၍ ႀကီးမားလာဖြယ္ ရွိေနသည္။
ျမန္မာ မွ အလ်ံပယ္ထြက္ရွိလာေနေသာ မူးယစ္ေဆးဝါးမ်ား ေၾကာင့္ လက္ရွိ အေရွ႕ေတာင္ အာရွ ေဈးကြက္တြင္ ေဈးႏႈန္းမ်ားပင္ က်ဆင္းလာခဲ့ရသည္၊ ဇန္နဝါရီ ၂၆ ရက္ေန႔ ထုတ္ျပန္ေသာ ကုလသမဂၢ ေက်ညာခ်က္အရ ၂၀၂၂ အတြင္း မူးယစ္ေဆး ထုတ္လုပ္မႈသည္ ယမန္ႏွစ္ ႏွင့္ ႏႈိင္းစာလွ်င္ ၃၃ ရာႏႈန္းအထိ ျမင့္တက္လာသည္ဟု ဆိုသည္။

ျမန္မာ စီးပြားေရးသည္ ၂၀၂၁ အတြင္း ၁၈ ရာႏႈန္း က်ဆင္းသြားေသာ္လည္း ၂၀၂၂ တြင္ အနည္းငယ္ ျပန္၍ ဦးေမာ့လာဖြယ္ ရွိသည္ဟု ခန႔္မွန္းမႈမ်ား ရွိခဲ့သည္။ သို႔ေသာ္ ႏိုင္ငံတြင္းရွိ စီးပြားေရး လုပ္ငန္းမ်ားသည္ အျပည့္အဝ ျပန္လည္ လည္ပတ္ႏိုင္ျခင္း မရွိေသး၊ ၂၀၂၂ ေနာက္ဆုံး သုံးလပတ္အတြင္း ကမာၻဘဏ္မွ ေကာက္ယူေသာ စစ္တမ္းမ်ားအရ စီးပြားေရး လုပ္ငန္း အေနအထား မ်ားသည္ ပဋိပကၡမ်ား ေၾကာင့္ ေႏွာင့္‌ေႏွးရမႈ မ်ား မရွိေတာ့ တိုးတက္လာခဲ့သည္ဟု ေျဖဆိုမႈမ်ား ထြက္ေပၚလာေသာ္လည္း ပိတ္ဆို႔ ဒဏ္ခတ္မႈမ်ား၊ ႏိုင္ငံျခား အရံေငြ ျပတ္လတ္ေနမႈမ်ား ႏွင့္ က်ပ္ေငြတန္ဖိုး က်ဆင္းေနမႈမ်ား ေၾကာင့္ အာဏာမသိမ္းမီ အေနအထား ျပန္ေရာက္ဖို႔ အခြင့္အလန္းသည္ မရွိသေလာက္ နည္းပါးေနဆဲပင္ ျဖစ္သည္။

လူတဦးခ်င္းစီ၏ စီးပြားေရး ထုတ္လုပ္ႏိုင္မႈ အတိုင္းအတာ per capita GDP သည္ ၂၀၁၉ ႏွင့္ ႏႈိင္းစာလွ်င္ ၁၉ ရာႏႈန္း ခန္႔ က်ဆင္းေနဆဲပင္ ျဖစ္သည္။ အာဆီယံ အဖြဲ႕၏ တုံဏွိဘာေဝ လုပ္ရပ္မ်ားေၾကာင့္ ျမန္မာသည္ အဖြဲ႕ႀကီး၏ လြတ္လပ္စြာ ကုန္သြယ္ခြင့္ လုပ္ငန္းေဘာင္ အတြင္း ဝင္ေရာက္ႏိုင္ေနဆဲ ျဖစ္၍ အေရွ႕ ႏွင့္ ေတာင္အာရွ ႏိုင္ငံမ်ား ရွိ ကုမၸဏီမ်ား အဖို႔ ႏိုင္ငံတြင္းရွိ စီးပြားေရး အခြင့္အလန္း မ်ား အေပၚ စိတ္ဝင္စားေနဆဲပင္ ျဖစ္သည္။

crd
ျပည္သူတို႔၏ ခုခံ တြန္းလွန္စစ္ မုခ် ေအာင္ရမည္!!!
Illustration Credit – Nikkei Asia Review

Unicode
✒️ကမ္ဘာရေးရာများကို ဘက်လိုက်မှုကင်းစွာနှင့် အရှိကိုအရှိအတိုင်း အခကြေးငွေယူကာ သုံးသပ်တင်ပြနေသော RANE အဖွဲ့ကြီး၏ ၂၀၂၃ မြန်မာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး သုံးသပ်ချက်

By Hla Soewai
Risk Assistance Network & Exchange သည် ကမ္ဘာပေါ်ရှိ ကုမ္ပဏီကြီး များ အတွက် ၎င်းတို့ ရင်းနှီးမြုပ်နှံလိုသည့် ဒေသများ၏ အခြေအနေ နှင့် ဖြစ်ပေါ်လာနိုင်သည်များကို လုပ်ငန်းသဘောအရ ဘက်လိုက်မှု ကင်းစွာ နှင့် အရှိကို အရှိအတိုင်း အခကြေးငွေ ယူကာ သုံးသပ်တင်ပြရသည့် အဖွဲ့ဟု လူသိများ ထင်ရှားသည်။

ယခု အဆိုပါ ဝက်ဆိုဒ် ၏ ကမ္ဘာရေးရာ များ သုံးသပ်နေသော Stratfor မှ “Two Years and Counting: The State of Myanmar’s Post-coup Conflict” ခေါင်းစဉ်ဖြင့် သုံးသပ်တင်ပြထားသည်ကို အခမဲ့ ဖတ်ရှုခွင့် ရ၍ ပြန်လည် တင်ပြလိုက်ပါသည်။

မြန်မာ စစ်ကောင်စီသည် အာဏာသိမ်းခဲ့သည် မှာ နှစ် နှစ် ရှိလာပြီ ဖြစ်သော်လည်း စစ်မျက်နှာ အသီးသီး တွင် ရှေ့မတိုး နောက်မဆုတ် နိုင် ဖြစ်နေ၍ တရားဝင် မည့် အရပ်သား အစိုးရ ပုံစံမျိုး ထွက်ပေါ် မလာနိုင် ဖြစ်နေရသည်၊ ထို့အတွက် နိုင်ငံ အတွင်း ပြည်တွင်းစစ်၊ စီးပွားရေး ကျဆင်းလာမှု များ နှင့် နိုင်ငံတကာ၏ ဝိုင်းကျဉ် ထားမှု ကို ဆက်လက် ကြုံတွေ့နေရဦးမည် ဖြစ်သည်။

အာဏာသိမ်းပြီးနောက် ပြဋ္ဌာန်းလာခဲ့သည့် အရေးပေါ် အခြေအနေသည် ဇန်နဝါရီ ၃၁ ရက် တွင် သက်တမ်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၍ အများက ထိုအခြေအနေကို အခွင့်ကောင်းယူကာ အသွင်ကူးပြောင်းရေး ကောင်စီ ပုံစံမျိုး ဖြင့် နိုင်နိုင်နင်းနင်း ထိန်းချုပ် လာမည့် ရွေးကောက်ပွဲမှ တဆင့် နိုင်ငံတကာ က လက်ခံလာလောက်ပြီး ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာနိုင်သည့် အစိုးရမျိုး ဖန်တီးလာနိုင်သည်ဟု ခန့်မှန်းခဲ့ကြသည်။

သို့သော် ကာလုံသည် ရွေးကောက်ပွဲ မကျင်းပမီ ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရန် လိုသည်ဆိုကာ တတိယ အကြိမ် သက်တမ်းတိုးလာခဲ့သည်။ ဤသို့ဖြင့် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် သည် ဩဂုတ်လ ၁ ရက် နေ့အထိ အာဏာကို ဆက်လက် ထိန်းချုပ်သွားနိုင်ခဲ့သည်။ အခြေအနေများ ဆက်ပြီး တိုးတက်မှု ရှိမလာပါက လည်း စတုတ္တအကြိမ် အဖြစ် ဆက်၍ သက်တမ်းတိုးလာဖွယ် ရှိနေသည်။

သို့သော် စစ်တပ်သည် အာဏာသိမ်းပြီး ကတည်းက လွတ်လပ်ရေး ရပြီးနောက် အကြီးမားဆုံးသော လက်နက်ကိုင် ပုန်ကန်မှုကြီး နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ယခုအခါ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များသည် ကျေးလက် ဒေသအများစု ပါဝင်သော နယ်မြေ အမြောက်အမြားကို ထိန်းချုပ်လာနိုင်ပြီ ဖြစ်သည်။ ဆက်လက်ပြီးလည်း တိုက်ပွဲများ ဖေါ်ဆောင်နေပြီ ဖြစ်၍ နိုင်ငံအတွင်း လုံခြုံစိတ်ချရသော နယ်မြေ ဟူ၍ အနည်းငယ်သာ ကျန်ရှိလာတော့မည် ဖြစ်သည်။

အနောက်နိုင်ငံများသည် အာဏာသိမ်းပြီး နှစ် နှစ်မြောက်တွင် နောက်ထပ် ပိတ်ဆို့ဒဏ်ခတ်မှု များ ချမှတ်လာကြသည်။ ထိုအထဲတွင် နိုင်ငံပိုင် ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်း ပါလာခြင်းသည် သိသိသာသာ အရှိန် မြှင့်လာခြင်းဟု ယူဆ၍ ရပေသည်။ ယခင်က အနောက်နိုင်ငံများသည် တိုင်းပြည် စီးပွားရေး လက်ရှိထက် ပို၍ ဆိုးဝါးလာမည်ကို စိုးရိမ်လာ၍ ရေနံဓါတ်ငွေ့ လုပ်ငန်း အပေါ် ပိတ်ဆို့ ဒဏ်ခတ်ရန် လက်တွန့်နေခဲ့ကြခြင်း ဖြစ်သည်။

ရေနံနှင့် ဓါတ်ငွေ့ လုပ်ငန်းသည် စစ်တပ်အတွက် အဓိက ဝင်ငွေ ရရာ ရကြောင်း ဖြစ်နေ၍ (နှစ်စဉ် ဒေါ်လာ ၁.၅ ဘီလီယံ အထိ ရရှိနေ) ယခုလို ပိတ်ဆို့ ဒဏ်ခတ်လာခြင်းကြောင့် ၎င်းတို့ အတွက် နိုင်ငံခြား အရံငွေ ရရာ ရကြောင်း လျော့နည်းလာဖို့ ရှိနေသည်။ နှစ်နှစ်ကြာမျှ ဖာသိဖာသာ နေလာခဲ့ပြီးနောက် ယခုလို စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ ရန် ဆုံးဖြတ်ချက် များ ချမှတ်လာခြင်း နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ မှ နှုတ်အား ဖြင့် အပြင်းအထန် ဝေဖန် ရှုံ့ချလာမှု များကြောင့် အနောက်နိုင်ငံများ၏ မူဝါဒ ရေးဆွဲသူများ၏ စိတ်တွင် မြန်မာ အရေးသည် ထိတ်ဆုံးက ရှိလာတော့မည် ဖြစ်သည်။

သို့သော်လည်း အနောက်နိုင်ငံများသည် စင်္ကာပူ နှင့် ထိုင်း ကဲ့သို့ မဟာမိတ် များ အပေါ် ပြစ်ဒဏ်ခတ်လို စိတ် မရှိမှု နှင့် ဒေသတွင်း နိုင်ငံများ အနေဖြင့် လက်ရှိ အနေအထားကို မဆိုးလှဟု လက်ခံထားမှု များ ကြောင့် အာဏာသိမ်း အဖွဲ့သည် ငွေရေးကြေးရေး ပိုင်းတွင် ဆက်၍ အသက်ရှု ချောင်နေဦးမည် ဖြစ်သည်။ အထူးသဖြင့် စင်္ကာပူ၏ ကြီးမား ကျယ်ပြန့်လှသည့် ဘဏ္ဍာရေး စနစ် ကို အမှီပြုပြီး စစ်တပ်သည် တတိယ အဖွဲ့အစည်းများ နှင့် ဆက်သွယ်နိုင်နေသဖြင့် လက်နက် ရောင်းချမှု ပိတ်ပင်ခြင်း နှင့် စီးပွားရေး ဒဏ်ခတ်မှု များ ကို တိမ်းရှောင်နိုင်နေဆဲပင် ဖြစ်သည်။ ထိုင်းသည်လည်း ဓါတ်ငွေ့ လိုအပ်ချက် ၏ ၁၅ ရာနှုန်းကို မြန်မာ အား အမှီသဟဲ ပြုနေရသည်။

၂၀၂၃ တွင် အာဆီယံ အဖွဲ့ အတွင်း မြန်မာအား အဝေဖန်ဆုံး ဖြစ်သည့် အင်ဒိုနီရှားသည် အလှည့်ကျ ဥက္ကဌ ဖြစ်လာသော်လည်း စစ်တပ်၏ အကြမ်းဖက် လုပ်ရပ်များ ကို ထိန်းချုပ်နိုင်ရန် ကျန် အဖွဲ့ဝင် နိုင်ငံများ အပေါ် စည်းရုံး၍ မရ ဖြစ်နေဆဲပင်။ တရုတ် နှင့် ရုရှားသည် လည်း အာဏာသိမ်း အဖွဲ့အား မသိမသာ ဖြင့် လက်နက်များ၊ စစ်ပစ္စည်းများ နှင့် နိုင်ငံတကာ မျက်နှာစာ များ တွင် ထောက်ခံနေဆဲပင် ဖြစ်သည်။ အထူးသဖြင့် တရုတ် အတွက် မြန်မာသည် ဘူမိမဟာဗျူဟာ အနေအထား အရ လွန်စွာ အရေးကြီးနေသော နိုင်ငံဖြစ်နေပြန်သည်။

မြန်မာ ၏ ပြည်တွင်းစစ် သည် နှစ်ဖက် စလုံးက အနိုင်ရမည်ဟု တွက်ဆမှုများ နှင့် မြန်မာ ပြည်သူများက စစ်တပ်အပေါ် မုန်းတီး ရွံရှာမှု များ ရှိနေ၍ ရေတို နှင့် အလယ်အလတ် ကာလ အပိုင်း အခြား တွင် အဆုံးသတ်နိုင်ဖွယ် မရှိသေးပေ။ ထိုကာလများ အတွင်း စစ်တပ်သည် အရပ်သား အစိုးရ အဖွဲ့ ပုံစံ အသွင်ပြောင်း နိုင်မည်ဆိုက ၎င်းတို့ လိုအပ်နေသော အသိအမှတ်ပြုခံရမှု နှင့် ရင်းနှီးမြုပ်နှံလိုသူများ၏ ယုံကြည်မှု အထိုက်အလျောက် ပြန်ရလာနိုင်စရာ ရှိနေသည်။ စစ်တပ်သည် ထိုသို့ သော အစိုးရမျိုးကို မျက်နှာပြောင်တိုက်ပြီး ဖန်တီးနိုင်ခဲ့လျှင်ပင် အာဆီယံ နိုင်ငံ အတွင်း တွင်သာ အခြေအနေ ကောင်းလာဖို့ ရှိနေသည်။

သို့သော် စစ်ကောင်စီ နှင့် ၎င်းတို့ တပ်များအား သမိုင်းစဉ်တလျှောက် အပြင်းအထန် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည့် တိုင်းရင်းသား အဖွဲ့များ နှင့် ဗမာ လူမျိုး များ အကြား ထူးထူးခြားခြား ပေါင်းစည်း လာနိုင်ကြပြီ ဖြစ်၍ အတုအယောင် ရွေးကောက်ပွဲမျိုး ပြုလုပ်ရန်ပင် မဖြစ်နိုင်တော့သည့် အနေအထား ရှိလာနေပြီး စစ်တပ်အတွက် ၎င်းတို့ အာဏာသိမ်းမှု ကို အသိအမှတ် ပြုလာစေရန် နှင့် ရင်းနှီးမြုပ်နှံလိုသူများ ၏ ယုံကြည်မှု များ ပြန်လည် မြှင့်တင်နိုင်ရေး တွင် တိုးတက်မှု များ ဖေါ်ဆောင်နိုင်ဖို့ ခဲယဉ်းလာနေပြီ ဖြစ်သည်။

ပြည်တွင်းစစ်ကြီး အတွင်း နှစ်ဖက် စလုံးက ခေတ်မီ လက်နက်များ ထုတ်သုံးလာနိုင်၍ တိုက်ပွဲများ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြင်းထန် လာနိုင်ပြီး ဒေသတွင်း လုံခြုံရေးကို ခြိမ်းချောက် လာနိုင်ခြင်းနှင့်အတူ မူးယစ်ဆေးဝါး အန္တရာယ် ကြီးမြင့်လာဖို့ ရှိနေသည်။

စစ်တပ်သည် လေကြောင်း နှင့် လက်နက်ကြီး ပစ်ကူများ ပို၍ သုံးလာနိုင်သော်လည်း တော်လှန်ရေး အင်အားစုများဖက်ကလည်း ဒရုန်းများ တီထွင် အသုံးပြုလာနေ၍ အပျက်အစီးများ ပို၍ ကြီးမားလာဖွယ် ရှိနေသည်။
မြန်မာ မှ အလျံပယ်ထွက်ရှိလာနေသော မူးယစ်ဆေးဝါးများ ကြောင့် လက်ရှိ အရှေ့တောင် အာရှ ဈေးကွက်တွင် ဈေးနှုန်းများပင် ကျဆင်းလာခဲ့ရသည်၊ ဇန်နဝါရီ ၂၆ ရက်နေ့ ထုတ်ပြန်သော ကုလသမဂ္ဂ ကျေညာချက်အရ ၂၀၂၂ အတွင်း မူးယစ်ဆေး ထုတ်လုပ်မှုသည် ယမန်နှစ် နှင့် နှိုင်းစာလျှင် ၃၃ ရာနှုန်းအထိ မြင့်တက်လာသည်ဟု ဆိုသည်။

မြန်မာ စီးပွားရေးသည် ၂၀၂၁ အတွင်း ၁၈ ရာနှုန်း ကျဆင်းသွားသော်လည်း ၂၀၂၂ တွင် အနည်းငယ် ပြန်၍ ဦးမော့လာဖွယ် ရှိသည်ဟု ခန့်မှန်းမှုများ ရှိခဲ့သည်။ သို့သော် နိုင်ငံတွင်းရှိ စီးပွားရေး လုပ်ငန်းများသည် အပြည့်အဝ ပြန်လည် လည်ပတ်နိုင်ခြင်း မရှိသေး၊ ၂၀၂၂ နောက်ဆုံး သုံးလပတ်အတွင်း ကမ္ဘာဘဏ်မှ ကောက်ယူသော စစ်တမ်းများအရ စီးပွားရေး လုပ်ငန်း အနေအထား များသည် ပဋိပက္ခများ ကြောင့် နှောင့်‌နှေးရမှု များ မရှိတော့ တိုးတက်လာခဲ့သည်ဟု ဖြေဆိုမှုများ ထွက်ပေါ်လာသော်လည်း ပိတ်ဆို့ ဒဏ်ခတ်မှုများ၊ နိုင်ငံခြား အရံငွေ ပြတ်လတ်နေမှုများ နှင့် ကျပ်ငွေတန်ဖိုး ကျဆင်းနေမှုများ ကြောင့် အာဏာမသိမ်းမီ အနေအထား ပြန်ရောက်ဖို့ အခွင့်အလန်းသည် မရှိသလောက် နည်းပါးနေဆဲပင် ဖြစ်သည်။

လူတဦးချင်းစီ၏ စီးပွားရေး ထုတ်လုပ်နိုင်မှု အတိုင်းအတာ per capita GDP သည် ၂၀၁၉ နှင့် နှိုင်းစာလျှင် ၁၉ ရာနှုန်း ခန့် ကျဆင်းနေဆဲပင် ဖြစ်သည်။ အာဆီယံ အဖွဲ့၏ တုံဏှိဘာဝေ လုပ်ရပ်များကြောင့် မြန်မာသည် အဖွဲ့ကြီး၏ လွတ်လပ်စွာ ကုန်သွယ်ခွင့် လုပ်ငန်းဘောင် အတွင်း ဝင်ရောက်နိုင်နေဆဲ ဖြစ်၍ အရှေ့ နှင့် တောင်အာရှ နိုင်ငံများ ရှိ ကုမ္ပဏီများ အဖို့ နိုင်ငံတွင်းရှိ စီးပွားရေး အခွင့်အလန်း များ အပေါ် စိတ်ဝင်စားနေဆဲပင် ဖြစ်သည်။

crd
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
Illustration Credit – Nikkei Asia Review

Be the first to comment

Leave a Reply

Your email address will not be published.


*