
BURMA ACT အသက္ဝင္လာၿပီေလာ
ၿပီးခဲ့သည့္ ဇန္နဝါရီ ၃ ရက္ ေန႔ တြင္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ ဆက္သြယ္ေရး၊ သတင္းအခ်က္အလက္နဲ႔ နည္းပညာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးထင္လင္းေအာင္ ဦးေဆာင္သည့္ ကိုယ္စားလွယ္ အဖြဲ႕ ႏွင့္ အေမရိကန္ အေရွ႕အာရွ ႏွင့္ ပစိဖိတ္ ေရးရာ လက္ေထာက္ ႏိုင္ငံျခားေရး ဝန္ႀကီး ဒန္နီယယ္ က႐ိုက္တင္ဘရင့္ ႏွင့္ သူ၏ လက္ေထာက္ ျဖစ္သူ မစၥက္ မယ္လီစာ ဘေရာင္း တို႔ ဝါရွင္တန္ ရွိ NUG ႐ုံးတြင္ ေဆြးေႏြးခဲ့ၾကသည္ဟု သိရသည္။
အဓိက အားျဖင့္ စစ္အာဏာသိမ္း အဖြဲ႕အား ဖယ္ရွားရန္ အခ်က္ (၃) ခ်က္ ကို ေဆြးေႏြးခဲ့ၾကေၾကာင္း ႏွင့္ ထိုအခ်က္ထဲတြင္ နည္းပညာ အသုံးျပဳေရး ပါဝင္ၿပီး အျခား အခ်က္ ႏွစ္ခ်က္ ကိုေတာ့ အခ်ိန္တန္လွ်င္ အသိေပးသြားမည္ဟု ဝန္ႀကီး ဦးထင္လင္းေအာင္က ေျပာျပခဲ့သည္၊ ဆက္လက္ၿပီးလည္း ေဆြးေႏြးသြားဖို႔ ရွိသည္ဟု ၎က ဆိုသည္။
က႐ိုက္တင္ဘရင့္က ျမန္မာျပည္ရွိ ဒီမိုကေရစီ လႈပ္ရွားမႈ အား ေထာက္ခံသြားရန္ ႏွင့္ အားလုံးပါဝင္ႏိုင္မည့္ ဒီမိုကေရစီ စနစ္ ေဖၚေဆာင္ႏိုင္ရန္ အက်ိဳးရွိစြာ ေဆြးေႏြးခဲ့ၾကသည္ဟုလည္း သူ၏ တြစ္တာ စာမ်က္ႏွာ တြင္ ေရးသားထားခဲ့သည္။
ဤသည္ကပင္ Burma Act အပိုဒ္ ႏွင့္ ပတ္သက္ၿပီး အေမရိကန္တို႔ဖက္မွ အေသးစိတ္ စတင္ ျပင္ဆင္လာၿပီ ျဖစ္ေၾကာင္း ေဖၚၫႊန္းေနျခင္းလည္း ျဖစ္သည္။
လက္ရွိတြင္ အေမရိကန္ ေရနံ ကုမၸဏီ ႀကီး ျဖစ္ေသာ ေခ်ဗ႐ြန္သည္ ရတနာ သဘာဝ ဓါတ္ေငြ႕တြင္းမွ တူးေဖၚ လုပ္ကိုင္ ေနသည့္ ပိုင္ဆိုင္မႈ ၄၁.၁ ရာႏႈန္း အား ေရာင္းခ်ၿပီး ထြက္ခြာသြားၿပီ ျဖစ္သည္ဟု ေက်ညာခဲ့ေသာ္လည္း ထိုကုမၸဏီ ႀကီးသည္ စစ္အာဏာသိမ္း အဖြဲ႕ထံ ေငြမ်ား ဆက္လက္ စီးဝင္ႏိုင္ျခင္း ကို အာမခံ ႏိုင္မည့္ လက္လႊဲေရာင္းခ်မႈ မ်ိဳးကိုသာ ျပဳလုပ္သြားျခင္း ျဖစ္သည္ဟု Justice for Myanmar က ထုတ္ေဖၚေျပာဆိုလိုက္သည္။
ေခ်ဗ႐ြန္သည္ တကယ္တမ္းတြင္ တိုတယ္ ေရနံ ကုမၸဏီ မွ ၂၀၂၂ အတြင္း ထြက္ခြာခဲ့ျခင္းေၾကာင့္ တိုး၍ ပိုင္ဆိုင္လာသည့္ အစုရွယ္ယာမ်ား ကို ကေနဒါ ရွိ MTI Energy သို႔ ေရာင္းခ်သြားျခင္းသာ ျဖစ္သည္။
တဖက္တြင္လည္း ေတာ္လွန္ေရး ကို ျပည္တြင္းအား ျဖင့္ ဆင္ႏႊဲသြားႏိုင္ရန္ မ်က္ေျခမျပတ္ လုံးပမ္းေနေသာ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ၏ ယာယီ သမၼတ ႀကီး ဒူးဝါး လရွီလ မွ ရွမ္းျပည္တိုးတက္ေရး ပါတီ (ရွမ္းေျမာက္) ႏွင့္ မြန္ျပည္သစ္ ပါတီ တို႔မွ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရး တြင္ လက္တြဲလာမည္ ဆိုသည္ကို ႀကိဳဆိုေၾကာင္း ထုတ္ေဖၚ ေျပာဆိုခဲ့သည္။ ၎တို႔သည္ စစ္အာဏာသိမ္း အဖြဲ႕ ႏွင့္ ၿငိမ္းခ်မ္းေရး လက္မွတ္ ထိုးထားေသာ္လည္း စစ္တပ္မွ အတုအေယာင္ ေဆြးေႏြးမႈ မ်ားသာ ျပဳလုပ္ခဲ့ၿပီး ၂၀၀၈ ဖြဲ႕စည္းပုံ ကို တင္းတင္းက်ပ္က်ပ္ စြဲကိုင္ေနဆဲ ျဖစ္၍ စိတ္ပ်က္လာေနၾကၿပီ ျဖစ္သည္။
အာဏာသိမ္း တပ္ ႏွင့္ ၿငိမ္ူခ်မ္းေရး ရယူထားေသာ EAO ခုႏွစ္ဖြဲ႕တြင္ အဆိုပါ ႏွစ္ဖြဲ႕သည္ အင္အား အေတာင့္တင္းဆုံး လည္း ျဖစ္သည္။
ယခုအခါ NUG ႏွင့္ အျပည့္အဝ ပူးေပါင္း ေဆာင္႐ြက္ေနေသာ EAO တပ္ဖြဲ႕မ်ား၏ အင္အားသည္ ၄၀,၀၀၀ ခန႔္ ရွိေနၿပီဟု လည္း သိရသည္။
စစ္ေရး ပူးေပါင္း ေဆာင္႐ြက္မႈ ဖက္တြင္ အားရဖြယ္ ေကာင္းေသာ္လည္း ယခုထိ တိုင္းရင္းသား လူနည္းစုမ်ား အတြက္ ေက်နပ္ဖြယ္ ရာ တန္းတူညီမွ် မႈ ႏွင့္ ကိုယ္ပိုင္ ဆုံးျဖတ္ပိုင္ခြင့္ မ်ား ပါရွိမည့္ ၾကားျဖတ္ ဖြဲ႕စည္းပုံ ကို ေရးဆြဲ ႏိုင္ျခင္း မရွိေသး၍ ႏိုင္ငံေရး ပူးေပါင္းမႈ တြင္ အားနည္းေနဆဲ ျဖစ္ေၾကာင္း ေကအင္ယူ ေျပာခြင့္ရ ပဒို မန္းရွာက ဧရာဝတီကို ေျပာျပခဲ့သည္။
ယခုအခါ အာဏာသိမ္း အဖြဲ႕သည္ ေနစဥ္ လိုလို ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕မ်ား ႏွင့္ တိုင္းရင္းသား လက္နက္ကိုင္ တပ္မ်ား၏ တိုက္ခိုက္ျခင္းကို ခံေနၾကရၿပီ ျဖစ္သည္။
ခ်င္းျပည္နယ္ အတြင္း စစ္အုပ္ခ်ဳပ္ေရး ေက်ညာထားသည့္ ထန္တလန္ ၿမိဳ႕ မ ရဲစခန္းအား ေတာ္လွန္ေရး တပ္ဖြဲ႕ မ်ားက ေအာင္ျမင္စြာ စီးနင္း တိုက္ခိုက္ႏိုင္ခဲ့ၿပီး ဒ႐ုန္းဖ်က္ လက္နက္မ်ား အပါအဝင္ လက္နက္မ်ိဳးစုံ အလက္ ၄၀ ကို သိမ္းဆည္း ရမိလိုက္သည္ဟု သတင္းမ်ားက ဆိုသည္။
အလားတူ ငဖဲ ၿမိဳ႕နယ္ ႏွင့္ သရက္ ၿမိဳ႕နယ္ မ်ား ရွိ စစ္လက္နက္ ပစၥည္း ထုတ္လုပ္သည့္ ယမ္းမႈန႔္ စက္႐ုံအား ျပည္သူ႔ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက ၁၀၇ မမ ဒုံးပစ္ေလာင္ခ်ာ ႏွင့္ အာပီဂ်ီ မ်ား သုံး၍ တိုက္ခိုက္ခဲ့ၾကရာ ပစ္မွတ္ကို တိုက္႐ိုက္ ထိမွန္သြားခဲ့သည္ဟု ေက်ညာခ်က္ ထုတ္ျပန္လာခဲ့သည္။
အသုံးျပဳခဲ့ေသာ လက္နက္မ်ား အတြက္ ကုန္က်စရိတ္သည္ က်ပ္ေငြ သိန္း ၂၅၀ ခန႔္ ရွိသည္ဟု ဆိုသည္။
မၾကာေသးမီက ျမန္မာအေရး တြင္ တက္ႂကြစြာ ပါဝင္ခဲ့သည့္ မေလးရွား ႏိုင္ငံျခားေရး ဝန္ႀကီးေဟာင္း ဆိုက္ဖူဒင္ အဗၺဒူလာ ႏွင့္ RFA ေတြ႕ဆုံ ေမးျမန္းခန္း တြင္ ျမန္မာျပည္သူတို႔၏ ႀကံ့ႀကံခံ ခုခံတြန္းလွန္ေနမႈကို မခ်ီးၾကဴးပဲ မေနႏိုင္ေၾကာင္း ႏွင့္ ၎တို႔၏ ေတာ္လွန္ေရး သည္ ေမွာင္မိုက္ေနေသာ ဥမင္ လႈိဏ္ေခါင္း တခု အတြင္း အလင္းေရာင္ေလး ျမင္လာရၿပီ ျဖစ္၍ အာဆီယံ အေနျဖင့္ အသင့္ျပင္ထားဖို႔ လိုေၾကာင္း ေျပာဆိုသြားခဲ့သည္။
လက္ရွိ မေလးရွား ဝန္ႀကီးခ်ဳပ္ အန္ဝါ အီဘရာဟင္သည္လည္း သူ၏ ပထမဆုံး အႀကိမ္ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာ႐ြတ္ ခ်န္ အို ခ်ာ ႏွင့္ ေတြ႕ဆုံရာတြင္ အာဏာသိမ္းမႈေၾကာင့္ ဒုကၡပင္လယ္ေဝေနရေသာ ျမန္မာျပည္ တည္ၿငိမ္မႈ ရရွိေရး အတြက္ ယခုထက္ ပို၍ ႀကီးမားေသာ အခန္းက႑မွ ပါဝင္ေပးရန္ ေတာင္းဆိုသြားခဲ့သည္။ ထိုင္းအစိုးရသည္ စစ္အာဏာသိမ္း အဖြဲ႕ ႏွင့္ ပုံမွန္ ဆက္ဆံေရး မ်ား ျပဳလုပ္ေန၍ ႏိုင္ငံတကာ၏ ေဝဖန္ ပစ္တင္မႈ မ်ား ခံေနရခ်ိန္လည္း ျဖစ္သည္။
စစ္အာဏာသိမ္း အဖြဲ႕ ႏွင့္ မည္သို႔ေသာ အေၾကာင္းႏွင့္ ျဖစ္ေစ ဆက္ဆံလိုသူ မွန္သမွ် သည္ အလကား ေတာ့ မရပဲ ၎တို႔ တိုင္းျပည္၏ ဂုဏ္သိကၡာ ကိုေတာ့ အရင္းအႏွီး အျဖစ္ အရင္ဦးဆုံး ေပးဆပ္ရစၿမဲပင္ ျဖစ္သည္။
ျပည္သူတို႔၏ ခုခံစစ္ မုခ်ေအာင္ရမည္!!!
crd
Hla Soe Wai
Unicode
BURMA ACT အသက်ဝင်လာပြီလော
ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက် နေ့ တွင် အမျိုးသား ညီညွတ်ရေး အစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ နှင့် အမေရိကန် အရှေ့အာရှ နှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဒန်နီယယ် ကရိုက်တင်ဘရင့် နှင့် သူ၏ လက်ထောက် ဖြစ်သူ မစ္စက် မယ်လီစာ ဘရောင်း တို့ ဝါရှင်တန် ရှိ NUG ရုံးတွင် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
အဓိက အားဖြင့် စစ်အာဏာသိမ်း အဖွဲ့အား ဖယ်ရှားရန် အချက် (၃) ချက် ကို ဆွေးနွေးခဲ့ကြကြောင်း နှင့် ထိုအချက်ထဲတွင် နည်းပညာ အသုံးပြုရေး ပါဝင်ပြီး အခြား အချက် နှစ်ချက် ကိုတော့ အချိန်တန်လျှင် အသိပေးသွားမည်ဟု ဝန်ကြီး ဦးထင်လင်းအောင်က ပြောပြခဲ့သည်၊ ဆက်လက်ပြီးလည်း ဆွေးနွေးသွားဖို့ ရှိသည်ဟု ၎င်းက ဆိုသည်။
ကရိုက်တင်ဘရင့်က မြန်မာပြည်ရှိ ဒီမိုကရေစီ လှုပ်ရှားမှု အား ထောက်ခံသွားရန် နှင့် အားလုံးပါဝင်နိုင်မည့် ဒီမိုကရေစီ စနစ် ဖေါ်ဆောင်နိုင်ရန် အကျိုးရှိစွာ ဆွေးနွေးခဲ့ကြသည်ဟုလည်း သူ၏ တွစ်တာ စာမျက်နှာ တွင် ရေးသားထားခဲ့သည်။
ဤသည်ကပင် Burma Act အပိုဒ် နှင့် ပတ်သက်ပြီး အမေရိကန်တို့ဖက်မှ အသေးစိတ် စတင် ပြင်ဆင်လာပြီ ဖြစ်ကြောင်း ဖေါ်ညွှန်းနေခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် အမေရိကန် ရေနံ ကုမ္ပဏီ ကြီး ဖြစ်သော ချေဗရွန်သည် ရတနာ သဘာဝ ဓါတ်ငွေ့တွင်းမှ တူးဖေါ် လုပ်ကိုင် နေသည့် ပိုင်ဆိုင်မှု ၄၁.၁ ရာနှုန်း အား ရောင်းချပြီး ထွက်ခွာသွားပြီ ဖြစ်သည်ဟု ကျေညာခဲ့သော်လည်း ထိုကုမ္ပဏီ ကြီးသည် စစ်အာဏာသိမ်း အဖွဲ့ထံ ငွေများ ဆက်လက် စီးဝင်နိုင်ခြင်း ကို အာမခံ နိုင်မည့် လက်လွှဲရောင်းချမှု မျိုးကိုသာ ပြုလုပ်သွားခြင်း ဖြစ်သည်ဟု Justice for Myanmar က ထုတ်ဖေါ်ပြောဆိုလိုက်သည်။
ချေဗရွန်သည် တကယ်တမ်းတွင် တိုတယ် ရေနံ ကုမ္ပဏီ မှ ၂၀၂၂ အတွင်း ထွက်ခွာခဲ့ခြင်းကြောင့် တိုး၍ ပိုင်ဆိုင်လာသည့် အစုရှယ်ယာများ ကို ကနေဒါ ရှိ MTI Energy သို့ ရောင်းချသွားခြင်းသာ ဖြစ်သည်။
တဖက်တွင်လည်း တော်လှန်ရေး ကို ပြည်တွင်းအား ဖြင့် ဆင်နွှဲသွားနိုင်ရန် မျက်ခြေမပြတ် လုံးပမ်းနေသော အမျိုးသား ညီညွတ်ရေး အစိုးရ၏ ယာယီ သမ္မတ ကြီး ဒူးဝါး လရှီလ မှ ရှမ်းပြည်တိုးတက်ရေး ပါတီ (ရှမ်းမြောက်) နှင့် မွန်ပြည်သစ် ပါတီ တို့မှ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တွင် လက်တွဲလာမည် ဆိုသည်ကို ကြိုဆိုကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့သည်။ ၎င်းတို့သည် စစ်အာဏာသိမ်း အဖွဲ့ နှင့် ငြိမ်းချမ်းရေး လက်မှတ် ထိုးထားသော်လည်း စစ်တပ်မှ အတုအယောင် ဆွေးနွေးမှု များသာ ပြုလုပ်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ ကို တင်းတင်းကျပ်ကျပ် စွဲကိုင်နေဆဲ ဖြစ်၍ စိတ်ပျက်လာနေကြပြီ ဖြစ်သည်။
အာဏာသိမ်း တပ် နှင့် ငြိမ်ူချမ်းရေး ရယူထားသော EAO ခုနှစ်ဖွဲ့တွင် အဆိုပါ နှစ်ဖွဲ့သည် အင်အား အတောင့်တင်းဆုံး လည်း ဖြစ်သည်။
ယခုအခါ NUG နှင့် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နေသော EAO တပ်ဖွဲ့များ၏ အင်အားသည် ၄၀,၀၀၀ ခန့် ရှိနေပြီဟု လည်း သိရသည်။
စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု ဖက်တွင် အားရဖွယ် ကောင်းသော်လည်း ယခုထိ တိုင်းရင်းသား လူနည်းစုများ အတွက် ကျေနပ်ဖွယ် ရာ တန်းတူညီမျှ မှု နှင့် ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် များ ပါရှိမည့် ကြားဖြတ် ဖွဲ့စည်းပုံ ကို ရေးဆွဲ နိုင်ခြင်း မရှိသေး၍ နိုင်ငံရေး ပူးပေါင်းမှု တွင် အားနည်းနေဆဲ ဖြစ်ကြောင်း ကေအင်ယူ ပြောခွင့်ရ ပဒို မန်းရှာက ဧရာဝတီကို ပြောပြခဲ့သည်။
ယခုအခါ အာဏာသိမ်း အဖွဲ့သည် နေစဉ် လိုလို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်များ၏ တိုက်ခိုက်ခြင်းကို ခံနေကြရပြီ ဖြစ်သည်။
ချင်းပြည်နယ် အတွင်း စစ်အုပ်ချုပ်ရေး ကျေညာထားသည့် ထန်တလန် မြို့ မ ရဲစခန်းအား တော်လှန်ရေး တပ်ဖွဲ့ များက အောင်မြင်စွာ စီးနင်း တိုက်ခိုက်နိုင်ခဲ့ပြီး ဒရုန်းဖျက် လက်နက်များ အပါအဝင် လက်နက်မျိုးစုံ အလက် ၄၀ ကို သိမ်းဆည်း ရမိလိုက်သည်ဟု သတင်းများက ဆိုသည်။
အလားတူ ငဖဲ မြို့နယ် နှင့် သရက် မြို့နယ် များ ရှိ စစ်လက်နက် ပစ္စည်း ထုတ်လုပ်သည့် ယမ်းမှုန့် စက်ရုံအား ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များက ၁၀၇ မမ ဒုံးပစ်လောင်ချာ နှင့် အာပီဂျီ များ သုံး၍ တိုက်ခိုက်ခဲ့ကြရာ ပစ်မှတ်ကို တိုက်ရိုက် ထိမှန်သွားခဲ့သည်ဟု ကျေညာချက် ထုတ်ပြန်လာခဲ့သည်။
အသုံးပြုခဲ့သော လက်နက်များ အတွက် ကုန်ကျစရိတ်သည် ကျပ်ငွေ သိန်း ၂၅၀ ခန့် ရှိသည်ဟု ဆိုသည်။
မကြာသေးမီက မြန်မာအရေး တွင် တက်ကြွစွာ ပါဝင်ခဲ့သည့် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဆိုက်ဖူဒင် အဗ္ဗဒူလာ နှင့် RFA တွေ့ဆုံ မေးမြန်းခန်း တွင် မြန်မာပြည်သူတို့၏ ကြံ့ကြံခံ ခုခံတွန်းလှန်နေမှုကို မချီးကြူးပဲ မနေနိုင်ကြောင်း နှင့် ၎င်းတို့၏ တော်လှန်ရေး သည် မှောင်မိုက်နေသော ဥမင် လှိုဏ်ခေါင်း တခု အတွင်း အလင်းရောင်လေး မြင်လာရပြီ ဖြစ်၍ အာဆီယံ အနေဖြင့် အသင့်ပြင်ထားဖို့ လိုကြောင်း ပြောဆိုသွားခဲ့သည်။
လက်ရှိ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်သည်လည်း သူ၏ ပထမဆုံး အကြိမ် ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန် အို ချာ နှင့် တွေ့ဆုံရာတွင် အာဏာသိမ်းမှုကြောင့် ဒုက္ခပင်လယ်ဝေနေရသော မြန်မာပြည် တည်ငြိမ်မှု ရရှိရေး အတွက် ယခုထက် ပို၍ ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ပေးရန် တောင်းဆိုသွားခဲ့သည်။ ထိုင်းအစိုးရသည် စစ်အာဏာသိမ်း အဖွဲ့ နှင့် ပုံမှန် ဆက်ဆံရေး များ ပြုလုပ်နေ၍ နိုင်ငံတကာ၏ ဝေဖန် ပစ်တင်မှု များ ခံနေရချိန်လည်း ဖြစ်သည်။
စစ်အာဏာသိမ်း အဖွဲ့ နှင့် မည်သို့သော အကြောင်းနှင့် ဖြစ်စေ ဆက်ဆံလိုသူ မှန်သမျှ သည် အလကား တော့ မရပဲ ၎င်းတို့ တိုင်းပြည်၏ ဂုဏ်သိက္ခာ ကိုတော့ အရင်းအနှီး အဖြစ် အရင်ဦးဆုံး ပေးဆပ်ရစမြဲပင် ဖြစ်သည်။
ပြည်သူတို့၏ ခုခံစစ် မုချအောင်ရမည်!!!
crd
Hla Soe Wai
Leave a Reply