💙မြောက်ဦး(သို့မဟုတ်)ရခိုင်တို့ရဲ့နှလုံးသားမြို့တော်💙 📖ရခိုင်ဘုရင်တွေရဲ့ ဘုန်းတန်းခိုးအာဏာထွန်းတောက်ခဲ့စဉ် ၁၅ ရာစု မှ ၁၈ရာစု အထိ ရခိုင်ပြည်ရဲ့ မြို့တော်လို့ပြောရတဲ့ မြောက်ဦးမြို့ကို ၁၄၃၀ခုနှစ်မှာ ဘုရင်မင်းစောနစ်က တည်ထောင်ခဲ့ပါတယ်။အထပ်ထပ်ကာရံထားတဲ့မြို့ရိုးတွေ၊ မြို့တံခါး၊ ဗိသုကာလက်ရာ၊ ကျုံး၊ရင်ပြင်အစရှိတဲ့ ရှေးအမွေအနှစ်တွေကို ယနေ့တိုင်မြင်တွေ့ခွင့်ရတာကိုကမြောက်ဦးမြို့ကိုရောက်လာခဲ့သူတို့အဖို့ကံကောင်းတယ်လို့ယူဆနိုင်ပါတယ်။မြို့ကလေးကျဉ်းပေမယ့်အရပ်လေးမျက်နှာကိုကြည့်လိုက်တိုင်းစေတီပုထိုးတွေ၊ရှေးဟောင်းအမွေအနှစ်တွေကတခမ်းတနားတည်ရှိနေတာပဲဖြစ်ပါတယ်။ 🍀ဒေသရဲ့ပူပြင်းလှတဲ့နွေရာသီနှင့်အားကောင်းလှတဲ့မိုးရာသီတို့ကြောင့်ဖြစ်လာတဲ့စိမ်းညိုရောင်ရေညှိတချို့ကစေတီပုထိုးတွေရဲ့ရင်ပြင်တလျှောက်နေရာယူထားပါတယ်။ဒါ့ကြောင့်တွေ့မြင်နေကျရွှေပိန်းချထားတဲ့ဘုရားပုထိုးများကဲ့သို့မဟုတ်ပဲအဆောင်အယောင်များမရှိကာခြုံနွယ်တချို့ပေါက်နေတဲ့အတွက်ရှေးခေတ်ကာလကိုပြန်ပြောင်းမှန်းဆမိစေရင်းခေတ်ဟောင်းရဲ့အငွေ့အသက်များကိုခံစားရစေမှာအမှန်ပဲဖြစ်ပါတယ်။ ✨✨ရှည်လျားလှတဲ့စိမ်းညှို့ညှို့ကျောက်လမ်းတစ်လျှောက်ခြေချရပ်မိလေတိုင်းရှေးကျလှတဲ့သမိုင်းပုံရိပ်တွေနဲ့အတူလွမ်းမောဖွယ်ခံစားချက်တွေက မြို့မြောက်ဦးရဲ့ အတိတ်ကို တဖန်ပြန်မြင်ယောင်မိစေနိုင်မှာ ပဲဖြစ်ပါတယ်။ […]