
EV ကားသစ္ႀကီးဝယ္ၿပီး မီးမလာလို႔ အားမသြင္းရဘဲ ကရိန္းနဲ႔ဆြဲ ျပန္ပို႔လိုက္ရတဲ့ ေ႐ႊျမန္မာတစ္ဦးရဲ႕ ရင္ဖြင့္သံ
တစ္ေန႔က ငယ္သူငယ္ခ်င္းတစ္ေယာက္
EV ေလးတစ္စီးဝယ္ထားတာကို
မင္းကားေလး ငါ့ခဏဌားကြာ…
စီးၾကည့္ရေအာင္ဆိုၿပီး…
ဆတ္ေဆာ့မိတယ္…
သူငယ္ခ်င္းကလည္း
အေတာ္ပဲကြာ
ငါလည္း မင္းကို ေမာင္းစမ္းၾကည့္ေပးဖို႔…
ေျပာမလို႔ လုပ္ေနတာဆိုေတာ့…
ဆရာဒကာ ညီၫြတ္သြားၿပီမို႔
သူ႔ EV ကားေလး ယူစီးလာခဲ့လိုက္တယ္…
EV ကားေလးေမာင္းေနရင္း
အမယ္ ေတာ္ေတာ္ညက္သားဟ…
ICE ေတြလို စက္သံဆူတာေတြ
တုန္ခါမႈ႕ေတြ မရွိဘူးေပါ့နဲ႔…
ဆီလည္း မကုန္ဘူးဆိုၿပီး
သေဘာက်ေနတာ…
အိမ္ေရာက္ေတာ့…
တစ္ေနကုန္ မီးမလာေတာ့
အားမသြင္းရဘူး…
ညဖက္က်ေတာ့လည္း
အားသြင္းထားၿပီး မအိပ္ရဲဘူး…
မေတာ္တဆ မီးထေလာင္မွာလည္း
ေၾကာက္ရေသးတယ္ေလ…
ဆိုေတာ့ကာ…
မေန႔ကလည္း တစ္ေနကုန္မီးမလာ…
ဒီေန႔လည္း တစ္ေနကုန္မီးမလာဆိုေတာ့ကာ
ဘကၳရီအား ၂၀ ျပည့္ေအာင္ေတာင္
မက်န္ေတာ့တဲ့ကားနဲ႔လည္း
ကီလို ၄၅ ကီလိုေက်ာ္ကိုလည္း
ျပန္မေမာင္းရဲ…
EV ကားသစ္ႀကီး
အိမ္ေရွ႕ရပ္ထားေတာ့
အိမ္နီးနားခ်င္းေတြက
ၿပဳံးၿပဳံးနဲ႔ လာၾကည့္ၾက…
စပ္စုၾက ေမးၾကနဲ႔…
EV ကားေကာင္းလား
ဦးတိုးတဲ့…
မိတၱဗလဋီကာပါအတိုင္း
ကိုယ္က ငါးရွဥ့္ၿပဳံးေလးနဲ႔
ျပန္ေျဖရတာေပါ့…
ေကာင္းပါတယ္ေပါ့ေလ…
စိတ္ညစ္ဖို႔ ဆိုတဲ့
ေနာက္ဆုံး စကားလုံးကိုေတာ့
မခ်ိၿပဳံးေလးနဲ႔ ရင္ထဲမွာသာ
ထားလိုက္ပါတယ္…
ကိုယ့္ဝမ္းနာတာ
ကိုယ္သာသိတာ မဟုတ္လား…
EV ကားသစ္ႀကီး
အိမ္ေရွ႕ရပ္ထားတာ
ႏွစ္ရက္ရွိၿပီ…
ေန႔ပိုင္း မီးလာတိုင္း
ဆယ္မိနစ္ေတာင္
မေက်ာ္တာေၾကာင့္
အားမသြင္းရလို႔
ဘယ္မွ မသြားရဘူးဆိုတာ…
ကိုယ့္ဆီကားကမွ
ဘယ္အခ်ိန္ ဘယ္ေဒသကို
ထေမာင္းေမာင္း အဆင္ေျပေသးတယ္…
ဒီမွာ ၄၅ ကီလိုမီတာေက်ာ္ခရီးကို
မီးမလာလို႔ ငုတ္တုတ္ေမ့ေနတာ
ႏွစ္ရက္ရွိေနၿပီမို႔…
ကရိန္းဦးေက်ာ္ရဲ႕ သားျဖစ္သူ
ကိုဝင္းေဌးရဲ႕ ကရိန္းကားေတြကို
ဆက္သြယ္ရေတာ့တယ္…
ကားဆြဲတဲ့အခ်ိန္…
ကားေသာ့ဖြင့္ၿပီး ဆြဲသြားတာ…
သူငယ္ခ်င္းဆီေရာက္ေတာ့
ကိုယ္ေတာ္ေခ်ာ
ဘကၳရီကအျပည့္ျဖစ္ေနေရာ…
သူငယ္ခ်င္းကို ႏုတ္ဆက္
ကိုယ့္ဆီကားေလးေပၚတက္ၿပီး
စက္ႏိုးကာ ျပန္လာခဲ့လိုက္ေတာ့မွ
ဘယ္အခ်ိန္ ဘယ္သြားသြား
ဘယ္ေလာက္ေဝးေဝးဆိုတဲ့
အရင္တုန္းက မခံစားဖူးတဲ့…
စိတ္ခ်လုံၿခဳံမႈ႕ကို
ခံစားရေတာ့တယ္ဗ်ာ…
ကိုယ့္မွာေတာ့
EV ကားေလး ၄၅ ကီလိုမီတာေက်ာ္စီးၿပီး
ကားဆြဲခ တစ္သိန္းေက်ာ္ထြက္သြားတယ္…
ကိုယ့္ဆီကားနဲ႔ဆိုရင္
ဆယ့္ေလးငါးရက္ ေလာက္
စီးရမယ့္ ဆီဖိုးေပါ့ေလ…
ေၾသာ္…
ဒါနဲ႔ ေျပာဖို႔ေမ့ေနလို႔ဗ်ိဳ႕…
EV ကားအေရာင္းဆိုင္ေတြ
Customer ကလည္းကားလာယူ…
EV ကားဘကၳရီကလည္း
အားမရွိျဖစ္ေနလို႔…
အျမန္ဆုံး အားသြင္းခ်င္တယ္ဆိုရင္
ကိုဝင္းေဌးကရိန္းကိုေခၚကာ
ေသာ့ဖြင့္ၿပီး ရန္ကုန္ၿမိဳ႕ထဲသာ
ပတ္ဆြဲခိုင္းလိုက္ပါဗ်ာ…
နာရီဝက္ေက်ာ္ေလာက္နဲ႔
Full Charger ျဖစ္သြားေရာ…
EV ကားအသုံးျပဳသူမ်ား မီးမလာမွာကို
ဘာမွ မပူပါနဲ႔…
ကိုဝင္းေဌး ကရိန္းရွိရင္
အရာရာ အဆင္ေျပသြားပါမယ္ဗ်ာ…
ခ်စ္ျခင္းအားျဖင့္
အသက္သုံးရာဂု႐ုတိုး
crd
Unicode
EV ကားသစ်ကြီးဝယ်ပြီး မီးမလာလို့ အားမသွင်းရဘဲ ကရိန်းနဲ့ဆွဲ ပြန်ပို့လိုက်ရတဲ့ ရွှေမြန်မာတစ်ဦးရဲ့ ရင်ဖွင့်သံ
တစ်နေ့က ငယ်သူငယ်ချင်းတစ်ယောက်
EV လေးတစ်စီးဝယ်ထားတာကို
မင်းကားလေး ငါ့ခဏဌားကွာ…
စီးကြည့်ရအောင်ဆိုပြီး…
ဆတ်ဆော့မိတယ်…
သူငယ်ချင်းကလည်း
အတော်ပဲကွာ
ငါလည်း မင်းကို မောင်းစမ်းကြည့်ပေးဖို့…
ပြောမလို့ လုပ်နေတာဆိုတော့…
ဆရာဒကာ ညီညွတ်သွားပြီမို့
သူ့ EV ကားလေး ယူစီးလာခဲ့လိုက်တယ်…
EV ကားလေးမောင်းနေရင်း
အမယ် တော်တော်ညက်သားဟ…
ICE တွေလို စက်သံဆူတာတွေ
တုန်ခါမှု့တွေ မရှိဘူးပေါ့နဲ့…
ဆီလည်း မကုန်ဘူးဆိုပြီး
သဘောကျနေတာ…
အိမ်ရောက်တော့…
တစ်နေကုန် မီးမလာတော့
အားမသွင်းရဘူး…
ညဖက်ကျတော့လည်း
အားသွင်းထားပြီး မအိပ်ရဲဘူး…
မတော်တဆ မီးထလောင်မှာလည်း
ကြောက်ရသေးတယ်လေ…
ဆိုတော့ကာ…
မနေ့ကလည်း တစ်နေကုန်မီးမလာ…
ဒီနေ့လည်း တစ်နေကုန်မီးမလာဆိုတော့ကာ
ဘက္ထရီအား ၂၀ ပြည့်အောင်တောင်
မကျန်တော့တဲ့ကားနဲ့လည်း
ကီလို ၄၅ ကီလိုကျော်ကိုလည်း
ပြန်မမောင်းရဲ…
EV ကားသစ်ကြီး
အိမ်ရှေ့ရပ်ထားတော့
အိမ်နီးနားချင်းတွေက
ပြုံးပြုံးနဲ့ လာကြည့်ကြ…
စပ်စုကြ မေးကြနဲ့…
EV ကားကောင်းလား
ဦးတိုးတဲ့…
မိတ္တဗလဋီကာပါအတိုင်း
ကိုယ်က ငါးရှဉ့်ပြုံးလေးနဲ့
ပြန်ဖြေရတာပေါ့…
ကောင်းပါတယ်ပေါ့လေ…
စိတ်ညစ်ဖို့ ဆိုတဲ့
နောက်ဆုံး စကားလုံးကိုတော့
မချိပြုံးလေးနဲ့ ရင်ထဲမှာသာ
ထားလိုက်ပါတယ်…
ကိုယ့်ဝမ်းနာတာ
ကိုယ်သာသိတာ မဟုတ်လား…
EV ကားသစ်ကြီး
အိမ်ရှေ့ရပ်ထားတာ
နှစ်ရက်ရှိပြီ…
နေ့ပိုင်း မီးလာတိုင်း
ဆယ်မိနစ်တောင်
မကျော်တာကြောင့်
အားမသွင်းရလို့
ဘယ်မှ မသွားရဘူးဆိုတာ…
ကိုယ့်ဆီကားကမှ
ဘယ်အချိန် ဘယ်ဒေသကို
ထမောင်းမောင်း အဆင်ပြေသေးတယ်…
ဒီမှာ ၄၅ ကီလိုမီတာကျော်ခရီးကို
မီးမလာလို့ ငုတ်တုတ်မေ့နေတာ
နှစ်ရက်ရှိနေပြီမို့…
ကရိန်းဦးကျော်ရဲ့ သားဖြစ်သူ
ကိုဝင်းဌေးရဲ့ ကရိန်းကားတွေကို
ဆက်သွယ်ရတော့တယ်…
ကားဆွဲတဲ့အချိန်…
ကားသော့ဖွင့်ပြီး ဆွဲသွားတာ…
သူငယ်ချင်းဆီရောက်တော့
ကိုယ်တော်ချော
ဘက္ထရီကအပြည့်ဖြစ်နေရော…
သူငယ်ချင်းကို နုတ်ဆက်
ကိုယ့်ဆီကားလေးပေါ်တက်ပြီး
စက်နိုးကာ ပြန်လာခဲ့လိုက်တော့မှ
ဘယ်အချိန် ဘယ်သွားသွား
ဘယ်လောက်ဝေးဝေးဆိုတဲ့
အရင်တုန်းက မခံစားဖူးတဲ့…
စိတ်ချလုံခြုံမှု့ကို
ခံစားရတော့တယ်ဗျာ…
ကိုယ့်မှာတော့
EV ကားလေး ၄၅ ကီလိုမီတာကျော်စီးပြီး
ကားဆွဲခ တစ်သိန်းကျော်ထွက်သွားတယ်…
ကိုယ့်ဆီကားနဲ့ဆိုရင်
ဆယ့်လေးငါးရက် လောက်
စီးရမယ့် ဆီဖိုးပေါ့လေ…
သြော်…
ဒါနဲ့ ပြောဖို့မေ့နေလို့ဗျို့…
EV ကားအရောင်းဆိုင်တွေ
Customer ကလည်းကားလာယူ…
EV ကားဘက္ထရီကလည်း
အားမရှိဖြစ်နေလို့…
အမြန်ဆုံး အားသွင်းချင်တယ်ဆိုရင်
ကိုဝင်းဌေးကရိန်းကိုခေါ်ကာ
သော့ဖွင့်ပြီး ရန်ကုန်မြို့ထဲသာ
ပတ်ဆွဲခိုင်းလိုက်ပါဗျာ…
နာရီဝက်ကျော်လောက်နဲ့
Full Charger ဖြစ်သွားရော…
EV ကားအသုံးပြုသူများ မီးမလာမှာကို
ဘာမှ မပူပါနဲ့…
ကိုဝင်းဌေး ကရိန်းရှိရင်
အရာရာ အဆင်ပြေသွားပါမယ်ဗျာ…
ချစ်ခြင်းအားဖြင့်
အသက်သုံးရာဂုရုတိုး
crd
Leave a Reply