
ဥပဒေအကာအကွယ်မဲ့ပြီး ဖိနှိပ်ခံနေရဆဲဖြစ်တဲ့ ထိုင်းရောက် မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေရဲ့ မိအေးနှစ်ခါနာရတဲ့ဘဝ…
ဥပဒေအကာအကွယ်မဲ့ပြီး ဖိနှိပ်ခံနေရဆဲဖြစ်တဲ့ ထိုင်းရောက် မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေရဲ့ မိအေးနှစ်ခါနာရတဲ့ဘဝ… ပြည်တွင်းမှာအလုပ်အကိုင်တွေရှားပါးလာတာတွေကြောင့်မြန်မာရွှေ့ပြောင်းလုပ်သားအများစုဟာရေကြည်ရာမြက်နုရာဆိုသလိုဝမ်းရေးရှာဖွေစားသောက်နိုင်ဖို့နဲ့နေ့စဉ်လူမှုဘ၀အတွက်အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံအတွင်းသို့တရားဝင်လမ်းကြာင်းကရော၊တရားမဝင်နည်းလမ်းတွေကပါအလုပ် လုပ်ကိုင်နိုင်ဖို့အတွက်ရရာနည်းလမ်းပေါင်းစုံနဲ့သွားရောက်လို့နေကြပါတယ်။အဲ့ဒီလို ထိုင်းနိုင်ငံ အတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်လာကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာလူမှုဒုက္ခနဲ့အဆင် မပြေမှုများစွာကိုကြုံတွေ့နေရပြီးဥပဒေကြောင်းအရအကာအကွယ်ပေးမှုတွေကိုလည်းယနေ့အထိရရှိခံစားရခြင်းတော့မရှိသေးပါဘူး။မြန်မာ့ရွှေ့ ပြောင်းလုပ်သားအများစုဟာ လူခေါပွဲစားတွေရဲ့ ငွေကြေးလိမ်လည်မှုတွေလုပ်ခလစာအပေါ်မှာအလုပ်ရှင်တွေရဲ့ခေါင်းပုံဖြတ်မှုတွေသူများနိုင်ငံကို တရားမဝင်အောက်လမ်းကနေဝင်ရောက်တာတွေကြောင့်ထိုင်းရဲတွေရဲ့ဖမ်းဆီးထိန်းခံရတာတွေ လူ့ အခွင့်အရေးချိုးဖောက်ခံရတာတွေစတဲ့လူမှုဒုက္ခမျိုးစုံကိုလည်းကြုံတွေ့ရင်ဆိုင်နေကြရတာဖြစ် ပါတယ်။ ပြည်တွင်း၊ပြည်ပသတင်းဌာနေတွေကဖော်ပြထားတဲ့အချက်အလက်တွေအရထိုင်းနိုင်ငံသို့လာ ရောက်လိုတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးအတွက်ဆိုပါကတရားဝင်လမ်းကြောင်းကလမ်း ရောက်မယ်ဆိုရင်MOUလုပ်သားတစ်ဦရဲ့အေးဂျင့်ကုမ္ပဏီကိုပေးသွင်းရတဲ့အခကြေးငွေဟာငွေကျပ် ၂၂ သိန်းကနေ၊ကျပ်သိန်း ၃၀ […]